Related Posts Plugin for WordPress, Blogger...

October 23, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Add 100 သတင်းစုံ 2.2 Download

Posted: 21 Oct 2015 10:13 PM PDT


ဘာတွေထပ်ပေါင်းထည့်ထားလဲဆိုရင်
Job Master အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်း (အလုပ်အကိုင်ရှာဖွေရေး)
Mobile Age (ဖုန်းနည်းပညာ)
MS Mobile Store  (ဖုန်းဈေးနှုန်းများ)
My Food Myanmar (အချက်အပြုတ်)
News Watch (စောင့်ကြည့်သတင်းဂျာနယ်)  
Shwe Myanmar Media (သတင်း)
The Voice Weekly (သတင်း)
ထူးထူး - နည်းပညာ (နည်းပညာ)
မြ၀တီ သတင်းဌာန  (သတင်း)
အောက်ကလင့်ခ်တို့မှာ အခမဲ့ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ :D









အဆင်ပြေပါစေ..



မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Android Device တွေကို ပေါ့ပါးစေတဲ့-BusyBox Pro v29 APK

Posted: 22 Oct 2015 08:23 PM PDT


Android ဖုန်း, Tablet ကိုင်းဆောင်းသူများအတွက် အထူးရေးကြီးလွန်း apk တစ်ခုကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်းလေးကတော့ ဘော်ဒါတို့ အနေ့နဲ့Android Device ဖုန်းကို Root လုပ်ပြီးရင် မြန်မာ Font တွေသွင်းမယ်ဆိုရင် Busy box ကို တောင်းလေ့ရှိပါတယ်။ Busy box ရဲ့ အာနီသင်တွေထဲမှာ Android Device တွေကို ပေါ့ပါးစေတဲ့ အာနီသင်လဲပါပါတယ်။ ယခု Busy Box Pro v29က Android Device System တွေကို မြန်အောင်လုပ်ပေးတဲ့ အာနီသင်က ပြောစရာမလို လောက်ရှိပါတယ်။ဒီကောင်လေး၏ အသုံးဝင်းပုံ (ပုံစံ) အသုံးပြုပုံ တွေကိုတော့အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ဖိုင်းလေးဆိုဒ်လေးကတော့2.16MB ဖြစ်ပြီးAndiod OS အားလုံးမှာသုံးနိုင်ပါတယ်ဗျာ။





  Download Here

Facebook မှာ Auto Play Video များကို ပိတ်နည်း

Posted: 22 Oct 2015 08:22 AM PDT



Facebook က News Feed မှာ အလိုအလျှောက် ဗီဒီယိုများ ဖွင့်ပေးထားတဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားတာကြာပြီဖြစ်ပြီး အနောက်နိုင်ငံနဲ့ အခြားနိုင်ငံများမှာ အရင်ဆုံး မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာလည်း Auto Play Video များကို မိတ်ဆက်လိုက်ပါပြီ။ ဗီဒီယိုများဟာ သင့်ရဲ့ မိုဘိုင်းဒေတာကို ကုန်ကျစေတဲ့ အတွက် အလိုအလျှောက် ဖွင့်ပေးခြင်းဟာလည်း မလိုလားအပ်တဲ့ အချက်ဖြစ်လာပါတယ်။ ဒါပေမယ့် Facebook က ဗီဒီယိုများ အလိုအလျှောက် ဖွင့်ပေးတာကို မနှစ်သက်သူများအတွက် ရွေးချယ်ခွင့်ကို ပေးထားပါတယ်။

ပီစီ
---
ပီစီမှာ ဆိုရင် Facebook Home Page ရဲ့ ညာဘက်အပေါ်ထောင့်မှ Drop-Down Arrow ကို နှိပ်ပါ။ Settings ထဲသွားပါ။
ဘယ်ဘက်အောက်မှ Videos လင့်ထဲသွားပါ။
Auto-play Videos ရဲ့ ညာဘက်မှ Default ခလုတ်ကို နှိပ်ပြီး Off ကို ပြောင်းပေးပါ။


မိုဘိုင်း
---------
မိုဘိုင်းဖုန်းမှာ ဆိုရင်တော့ ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။ အောက်ကို ဆင်းပြီး App Settings ထဲသွားပါ။ Videos play automatically ကို နှိပ်ပါ။
နောက်အဆင့်မှာ Off ကို ရွေးပေးပါ။ WiFi Only ကို ရွေးရင်တော့ ၀ိုင်ဖိုင်ချိတ်ဆက်မိတဲ့ အချိန်မှသာ ဗီဒီယိုများကို အလိုအလျှောက် ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် သင့်ရဲ့ မိုဘိုင်းဒေတာ ကုန်ကျမှာကို မစိုးရိမ်ရပါဘူး။
အဆင်ပြေပါစေ..

ref:Myanmar Digital Life Journal
မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



စမတ်ဖုန်း၊တက်ဘလက်များဖြင့် သုတရတနာသိုက်များကိုတူးဆွကြမယ်

Posted: 22 Oct 2015 08:03 AM PDT


===============================================
ယနေ့အခါ စမတ်ဖုန်းတွေတက်ဘလက်တွေကိုလူတိုင်းလိုလိုကိုင်ဆောင်အသုံးပြုနေကြပါတယ်။ဖုန်းတွေဆက်ကြမယ်၊ဂိမ်းတွေဆော့ကြမယ်၊ facebook သုံးကြမယ် ၊ chatting လုပ်ကြမယ်၊ စသဖြင့်ပေါ့။ အင်တာနက်လိုင်းလည်းရရှိနေခြင်းက မိမိတို့လေ့လာသိရှိချင်သည်များကိုးလွယ်လင့်တကူရှာဖွေလေ့လာနိုင်တာကလည်း အခွင့်အလမ်းကောင်းတစ်ရပ်ပါပဲ။တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့ဟာ လွယ်လင့်တကူရရှိနေသော အရာများကို တန်ဖိုးထားလေ့မရှိတတ်ကြပါဘူး။ကျွန်တော် နယ်မှာနေစဉ် အငယ်တုန်းက စာတော်တော်ဖတ်ဖြစ်ပါတယ်။ နယ်မှာဆိုတာက ထွေထွေထူးထူး အာရုံလည်းမများလှတဲ့အတွက် စာဖတ်ရမယ့် အလုပ်ကလွဲပြီး ကျန်တာသိပ်မရှိဘူး။ ပျင်းရိဖွယ်အချိန်တွေက စာအုပ်တွေရဲ့ ကယ်တင်မှုကြောင့် ပျော်ရွှင်ဖွယ်အချိန်တွေဖြစ်ခဲ့ရတယ်ပေါ့။ နှစ်ဆိုင်သုံးဆိုင်လောက်သာရှိတဲ့ စာအုပ်ဆိုင်လေးတွေမှာ တင်သမျှအကုန်ဖတ်၊ ဖတ်စရာမရှိတော့ရင် သိုင်းဝတ္ထုလိုမျိုး၊ ဂမ္ဘီရလိုမျိုးစာအုပ်တွေဖတ်၊ လဆန်းရောက်တာနဲ့ ထွက်ရှိလာတဲ့ မဂ္ဂဇင်းအသစ်တွေကို သူများထက်ဦးအောင်ငှားပြီးဖတ်ရတာတွေက တော်တော်အရသာရှိတာ။ကုန်စုံဆိုင်လုပ်တာဆိုတော့ ဈေးထုတ်ဖို့ ဝယ်ထားတဲ့ သတင်းစာတွေလည်းဖတ်ပေါ့။ အဲဒိတုန်းက ဂျာနယ်တွေကလည်း တံခွန်၊အင်အားလိုမျိုး အားကစားဂျာနယ်တွေပဲရှိပြီး ပရီးမီးယားလိဂ်ကလည်း မြန်မာ့ရုပ်မြင်သံကြားကနေ စနေ၊တနင်္ဂနွေလိုမျိုးနေ့တွေမှာ highlight လောက်ပဲပြသခဲ့တာပေါ့။ အဲဒိ highlight ကိုကြည့်ပြီး အားကစားဂျာနယ်တွေဖတ်ရတာလည်း တော်တော်အရသာရှိတာ။
မဂ္ဂဇင်းတွေဖတ်တော့ စာရေးဆရာတွေရေးရေးနေတဲ့ ပန်းဆိုးတန်းလမ်းတို့၊ ၃၇လမ်းစာအုပ်အဟောင်းတန်းတို့၊လေထန်ကုန်းလက်ဖက်ရည်ဆိုင်တို့ ဆိုတာတွေက ကျွန်တော်တို့လို တောကစာသမားတွေအတွက် စိတ်ကူးယဉ်အိပ်မက်ကြီးတွေပေါ့။ရန်ကုန်မြို့ကြီးကိုလည်းညညအိမ်မက်ထဲ ခဏခဏမက်ပေါ့။
အမျိုးသားစာကြည့်တိုက်မှာလည်း မှတ်ပုံတင်ပါရင် အခမဲ့ဖတ်ရတယ်လို့သိခဲ့ရသလို ရွှေတိဂုံ ဘုရားအနောက်ဖက် ပြခန်းအောက်ထပ်က စာကြည့်တိုက်တို့၊ British Council, USIS တို့၊ စာပေဗိမာန်စာကြည့်တိုက်တို့မှာလည်းစာဖတ်လို့ရတယ်ဆိုတာက တောကလူငယ်တစ်ယောက်အတွက် ရန်ကုန်ဆိုတာကြီးက နတ်ဘုံနတ်နန်းကြီးသဖွယ်ပဲပေါ့။
ယခုခေတ်တော့ အရာရာပြောင်းလဲခဲ့ပါပြီး တောကနေ ရန်ကုန်ထိအောင်လာစရာမလိုဘဲ မိမိတို့ရဲ့ စမတ်ဖုန်းတွေ၊တက်ဘလက်တွေနဲ့ စာတွေဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။ အင်္ဂလိပ်စာအုပ်တွေကို ဈေးကြီးပေးဝယ်စရာမလိုဘဲ အခမဲ့ဖတ်ရှုလို့ရနိုင်မယ့် site တွေများစွာရှိနေသလို မြန်မာစာအုပ်တွေကိုလည်း ဝယ်ယူဖတ်ရှုနိုင်မယ့် apps တွေလည်းရှိနေပြီဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်စာအုပ်များစွာကိုလည်း လွယ်လင့်တကူ download ချပြီးဖတ်ရှုနိုင်မယ့် Dhamma Download ,Dhamma Library လိုမျိုး site တွေလည်းရှိနေပါပြီ။တစ်ခုရှိတာက မြန်မာစာအုပ်များအနေဖြင့် ebook ဗားရှင်းနဲ့ရောင်းချတာအလွန်အားနည်းနေသေးတာက အားမရစရာပါပဲ။Amazon လိုမျိုး site တွေမှာ မြန်မာစာအုပ်တွေတင်ရောင်းတာမရှိပါဘူး။ လစဉ်ထွက်မဂ္ဂဇင်းတွေကိုလည်း နိုင်ငံတကာမှာလို ebooks အဖြစ်တင်ရောင်းတာမရှိကြသေးပါဘူး။နေ့စဉ်ထွက်သတင်းစာတွေ၊ အပတ်စဉ်ထွက် ဂျာနယ်တွေမှာဆိုရင်လည်း အချို့သော သတင်းစာဂျာနယ်များက pdf ဖိုင်ကို အခမဲ့တင်ပေးနေပေမယ့် အများစုကတော့ ဒီလိုတင်ပေးကြတာမရှိသေးပါဘူး။ PDF ဖိုင်ကို ရောင်းချတဲ့ဂျာနယ်ဆိုတာလည်း ခပ်ရှားရှားပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခါမှာတော့ တော်တော်များများက digital ဖက်ကိုကူးပြောင်းဖို့ ကြိုးစားနေကြပါတယ်။သို့သော်လည်း သိပ်အားရစရာ အခြေအနေတွေမရှိသေးပါဘူး။
မည်သို့ပင်ဖြစ်စေကာမူ လက်ရှိအနေအထားအရ ရနိုင်တဲ့နေရာတွေကပဲ ရနိုင်တဲ့စာအုပ်တွေကို ဖတ်ရှုနိုင်ဖို့ ဒီဆောင်းပါးမှာစုစည်းဖော်ပြပေးလိုက်ပါတယ်။ အားလုံးအတွက် အဆင်ပြေမယ်လို့ထင်ပါတယ်။ Kindle Fire လို၊ iPad လိုမျိုး တက်ဘလက်တွေနဲ့ဆိုရင်တော့ ဇိမ်ပဲပေါ့။ တောကမိမိတို့ရဲ့ အိမ်ခြံဝန်းထဲက သစ်ပင်အောက်မှာ ပက်လက်ကုလားထိုင်လေးနဲ့ စာဖတ်ရတဲ့စည်းစိမ်ကိုမြင်ယောင်မှန်းဆကြည့်ပါ။ ဘယ်လောက်ထိ အေးချမ်းသလဲလို့။
သန်း ၂၀ ကျော်သော ebooks များကို free ဖတ်နိုင်မယ့် Wattpad
===========================================
ကမ္ဘာကျော်စာရေးဆရာကြီးများရဲ့ ဂန္ထဝင်မြောက်စာအုပ်များစွာကို ဒီ apps မှ တဆင့်ရယူဖတ်ရှုနိုင်မှာဖြစ်ပါတယ်။မိမိတို့ကြိုက်နှစ်သက်ရာစာအုပ်များကိုလည်း library မှာ သိမ်းဆည်းထားနိုင်မှာဖြစ်သလို မိမိကိုယ်တိုင်ရေးသားထားသော stories များကိုလည်း Wattpad community မှာ မျှဝေနိုင်မှာလည်းဖြစ်ပါတယ်။ Download လုပ်ပြီး offline ဖတ်ရှုနိုင်သလို မိမိတို့ရဲ့ account နဲ့ sync လုပ်ပြီး ဖုန်း၊တက်ဘလက်၊ကွန်ပျူတာအားလုံးမှာဖတ်ရှုနိုင်မှာလည်းဖြစ်ပါတယ်။ စာအုပ်မျိုးအစားပေါင်းစုံကို romance, non-fiction, mystery , fantasy ,si-fi, short stories စသဖြင့် ခွဲခြားပေးထားပါတယ်။ Alice in Wonderland, Sherlock Holmes ,Romeo & Juliet , Pride & Prejudice အစရှိသော ဂန္ထဝင်စာအုပ်မြောက်မြားစွာကို ဖတ်ရှုနိုင်ခြင်းက အင်္ဂလိပ်စာလေ့လာလိုသူများအတွက် များစွာအသုံးတည့်မှာဖြစ်ပါတယ်။Wattpad ကို download လုပ်ဖို့ အောက်ပါ link များမှာ download လုပ်နိုင်မှာဖြစ်ပါတယ်။
Android
https://play.google.com/store/apps/details?id=wp.wattpad
iOS
https://goo.gl/0u1KAH
Wattpad ရဲ့ website ဖြစ်သော https://www.wattpad.com မှာလည်းဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။
Project Gutenberg
===============
www.gutenberg.org
စာပုံနှိပ်စက်ကိုစတင်တီထွင်သူ ဂူတင်ဘတ်ကို ချီးမြှောက်တဲ့အနေနဲ့ Project Gutenberg ဆိုတဲ့အမည်ပေးထားသော www.gutenberg.org မှာ အခမဲ့ရရှိနိုင်သော စာအုပ်ပေါင်း ငါးသောင်းကျော်ရှိပါတယ်။ စာအုပ်များကို format အမျိုးမျိုး၊ size အမျိုးမျိုးနဲ့ download လုပ်ကာရယူနိုင်မှာဖြစ်ပါတယ်။ Browser မှာဖတ်ဖို့ HTML နဲ့ ဖတ်ရှုနိုင်သလို EPUB,Kindle တို့အတွက် ပုံပါတာ၊ပုံမပါတာတို့နဲ့ခွဲခြားတင်ပေးထားပြီး ဖိုင်အရွယ်အစားသေးသေးနဲ့ဖတ်ရှုနိုင်ရန် Notepad မှာ plain text UTF-8 နဲ့ ဖတ်ရှုနိုင်ဖို့လည်းတင်ထားပေးပါတယ်။ထို့ပြင် စာအုပ်များကို download မလုပ်ချင်သေးပါကလည်း မိမိတို့ရဲ့ Dropbox, OneDrive,Google Drive တို့မှာ လည်းသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ ဒီ Site ကိုတည်ထောင်သူ Michael Stern Hart ဟာ သူ့အသက် ၆၄ နှစ်ဖြစ်တဲ့ ၂၀၁၁ စက်တင်ဘာလ ၆ ရက်နေ့မှာကွယ်လွန်သွားခဲ့ပါပြီ။သူဟာ 1971 ခုနှစ်က eBooks တွေကိုစတင်တီထွင်ခဲ့သူအဖြစ်လည်းလူသိများပါတယ်။ Digitization ကို ကနဦးစတင်ခဲ့သူတွေထဲမှာအပါအဝင်ဖြစ်ပြီး နှစ်ပေါင်း ၄၀ အတောအတွင်း စာအုပ်စာပေများကို digitization လုပ်တာ၊ distribution လုပ်တာတွေအတွက် တစိုက်မတ်မတ်လုပ်ကိုင်ခဲ့ပါတယ်။
Internet Archive
============
https://archive.org
Internet Archive ဆိုတဲ့အတိုင်း တကယ့်ကိုရှားပါးလှတဲ့ သုတရတနာမော်ကွန်းတိုက်ကြီးတစ်ခုပါပဲ။ အခမဲ့ရရှိနိုင်သော စာအုပ်များ၊ဗီဒီယိုဖိုင်များ၊ဆော့ဖ်ဝဲများ၊ သီချင်းများစွာကို သိုလှောင်ပေးထားပါတယ်။ စာအုပ်ပေါင်း ၈.၃ သန်းကျော်၊ ဗီဒီယိုဖိုင်ပေါင်း ၂.၃သန်းကျော်၊ အသံဖိုင်ပေါင်း ၂.၆ သန်းကျော်၊ ဆော့ဖ်ဝဲပေါင်း ၁၁၁၀၀၀ ကျော်၊ ဓာတ်ပုံပေါင်း တစ်သန်းကျော်၊ Concerts ပေါင်း ၁၅၆၀၀၀ကျော် ကိုစုစည်းပေးထားပါတယ်။ ကမ္ဘာကျော်တက္ကသိုလ်ကြီးများမှာရှိသော စာအုပ်စာတမ်းများစွာကို သက်ဆိုင်ရာတက္ကသိုလ်အလိုက်စုစည်းပေးထားပါတယ်။ ရှေးခေတ်ဟောင်းရေဒီယိုသီချင်းတွေ၊အစီအစဉ်တွေ၊ ရုပ်ရှင်တွေ၊ ရုပ်သံ အစီအစဉ်တွေ၊ မှတ်တမ်းဗီဒီယိုဖိုင်တွေကိုလည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။သီချင်းတွေအနေနဲ့ တကယ့်ကို ဂန္ထဝင်မြောက်တဲ့ တေးဂီတတွေများစွာကို နားဆင်နိုင်မှာဖြစ်ပါတယ်။ အရည်အသွေးကျဆင်းလာတဲ့မြန်မာ့ဂီတလောကကိုစိတ်ကုန်နေတယ်ဆိုလျှင်တော့ တကယ့်အနုပညာတွေကို ခံစားနိုင်စေဖို့ ဒီမှာရှာဖွေနိုင်မှာဖြစ်ပါတယ်။ စာအုပ်များကို ဖတ်ရှုရာမှာ browser ပေါ်မှာ တကယ့်စာအုပ်ပုံစံ လှန်လှောဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ စာရေးသူအဖို့ကတော့ ဒီ Internet Archive ကိုတွေ့ရှိခဲ့တာရွှေထုပ်ကြီးကောက်ရသလိုပါပဲ။ အသေးစိတ်ကို archive.org မှာဝင်ရောက်တူးဆွကြပါလို့ တိုက်တွန်းလိုပါတယ်။
OPEN CULTURE
=============
http://www.openculture.com/
ဒီ SITE မှာတော့ iPad, Kindle နှင့် အခြားသော devices တွေမှာ download ချပြီးဖတ်ရှုနိုင်ဖို့ ebooks ပေါင်း ၇၀၀ကိုတင်ပေးထားပါတယ်။စာအုပ်နည်းပါးသည်ဆိုသော်လည်း တကယ့်အကောင်းဆုံးသော စာအုပ်များကို စုစည်းပေးထားတာဖြစ်တာကြောင့် သိပ်ရွေးချယ်စရာမလိုဘဲ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ Textbooks ပေါင်း 200,Movies ပေါင်း 725,Audio Books ပေါင်း 700ကိုတင်ပေးထားပါတယ်။ ထိပ်တန်းတက္ကသိုလ်ကြီးများ၏ Online Course ပေါင်း ၁၁၅၀၊ Certificate ရနိုင်သော MOOC သင်ခန်းစာများစွာကို ချိတ်ဆက်ပေးထားပါတယ်။ ဒီ site မှာ အခြားသော link တွေကိုစုစည်းပေးထားတာဖြစ်တာကြောင့် ဒီ site နာမည်တစ်ခုပဲမှတ်ထားပြီး ဒီကနေမှတဆင့် ဆက်လက်ဝင်ရောက်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အခမဲ့သင်ယူနိုင်သော online course များစွာကို ချိတ်ဆက်ပေးထားသလို အခမဲ့ရနိုင်သော movies, audios, ebooks, textbooks ,language lessons စတာတွေကို သိရှိနိုင်ဖို့ ဒီ site မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကမ္ဘာကျော်ပညာရှင်များရဲ့ သင်ကြားပို့ချက်တွေကိုလည်း ဒီကနေတစ်ဆင့်ဝင်ရောက်ကာ လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။
မြန်မာစာအုပ်တွေကို ebooks အဖြစ် ဝယ်ယူဖတ်ရှုလိုသူများအတွက် အဆင်ပြေစေမယ့် site ဖြစ်ပါတယ်။ Android နှင့် iOS တို့အတွက်လည်း Apps များကို download လုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စာအုပ်များဝယ်ယူရာမှာလည်းလွယ်လွယ်ကူကူဝယ်ယူနိုင်အောင်လုပ်ဆောင်ပေးထားပါတယ်။ MPT ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးကာ ၅၀၀ကျပ်၊ ၁၀၀၀ကျပ်၊၃၀၀၀ကျပ်စသဖြင့် ရွေးချယ်ပြီး code ကိုရယူနိုင်ပါတယ်။ အဆိုပါ code အားအသုံးပြုချိန်မှစ၍ ရွေးချယ်ထားသော ငွေကြေးပမာဏ ကို Phone Bill မှ ဖြတ်တောက်သွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံအဖို့ True Move ဖုန်းလိုင်းမှလည်းဝယ်ယူနိုင်မှာဖြစ်ကာ ဝယ်ယူပုံကို site ထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ VISA/MASTER Card များဖြင့်လည်းဝယ်ယူလို့ရပါတယ်။ စာအုပ်များကို စာရေးဆရာအလိုက် ၊စာအုပ်အမျိုးအစားလိုက်ခွဲခြားပေးထားပါတယ်။ အခမဲ့စာအုပ်များကိုလည်းရယူဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ လစဉ်ထွက်မဂ္ဂဇင်းပေါင်း ၃၇မျိုးကို လည်းဝယ်ယူဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အတွေးအမြင်၊ Living Color, အပျိုစင်၊မဟေသီ၊ကလျာ ဓမ္မဒူတ၊ရွှေအမြုတေ၊ The Faces ၊ The Best အစရှိသော မဂ္ဂဇင်းများစွာကိုဝယ်ယူဖတ်ရှုနိုင်မှာပါ။ကူပွန်များကို ဖုန်းဆိုများမှာဝယ်ယူနိုင်ပြီး ဝယ်ယူနိုင်သည့်ဆိုင်စာရင်းကိုလည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Nyein Chan(BE-IT)

အဆင်ပြေပါစေ..


မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



OPPO မြန်မာ Color OS Downloader.bat

Posted: 22 Oct 2015 03:28 AM PDT



မင်္ဂလာပါ . . .
OPPO Color OS Firmware Download Links တွေကတော့ Oppo Myanmar Website မှယူထားတာပါခင်ဗျ ။Batch Script Touch Mode Frame ကတော့ MPPG က Ko Phyo Nyi Nyi ရှယ်ထားတာပါ... ကြာခဲ့ပါပြီ .....။ ပုံမှန်အားဖြင့် ဒီအပိုဆိုတဲ့ကောင်လေးတွေ ဖန်လုံးသိပ်ခိုင်တာဗျား ... ဒါပေမယ့် ယခုကာလပေါ်
မျောက်ကုတ်...ဖင်နီကိုက်....Time..ဘာဖြစ်ဆိုလား တွေပေါ်လာတော့ ကျွန်တော်တို့ Virus တွေသတ်ကြတယ်....ကျွန်တော်လုပ်တာတော့ သတ်တာ Virus ...သေသွားတာက Android Phone ဖြစ်ရော...။ Firmware ပြန်တင်တဲ့အခါ Region မတူရင်...Fatal error လေးတွေတွေ့ရတတ်ပါတယ်...။ယခုဖန်လုံးတွေကတော့ မြန်မာစာပါပြီး Myanmar Region တွေပါ။ ဒေါင်းချင်တဲ့ဖုန်း ကလစ်...One Click နဲ့ အားလုံး
သော ကိစ္စံ နိတ္ထိတံ ပါလိမ့်မည်။

DOWNLOAD LINK >>> http://d-h.st/LCJF

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org







Driver Backup and Restore.exe for Window 7 / 8 and 10

Posted: 22 Oct 2015 02:04 AM PDT


မင်္ဂလာပါ . . .
ယခုတင်ထားတဲ့ Double Driver Backup.exe software လေးက မိတ်ဆွေတို့ရဲ့ Window Computer
ထဲက အဘိုးတန် Driver များကို Backup / Restore လုပ်ပေးနိုင်ပါတယ်ခင်ဗျ . . .။ 
အကြောင်းအမျိုးမျိုးကြောင့် Window ပြန်တင်ရတဲ့ အခါ Driver Backup ရှိထားရင် လွယ်ကူအဆင်ပြေစေမှာပါ။ Please, back your precious drivers in the other disk location: i.e - not in C: where the window OS runs. Enjoy it !

Download Link >>> http://d-h.st/M88P



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org






7298D တွေ FIRMWARE ရေးပြီးသွားရင် FACTORY MODE ထဲရောက်သွားပြီးတက်မလာဘူးဆိုရင်

Posted: 21 Oct 2015 10:04 PM PDT




7298D တွေ firmware ရေးပြီးသွားရင် factory mode ထဲရောက်သွားပြီး black screen နဲ့ up down ဆိုတဲ့ စာသားရယ် အပြာကွက်လေးနဲ့ modem ဆိုတဲ့ စာသားလေးပဲ တက်လာပြီး ရပ်နေတတ်ပါတယ်...factory mode မှာ adb သိတဲ့အတွက် pc နဲ့ချိတ်ပြီး
adb shell
su
fctd -b normal
ဆိုတာလေး ရိုက်ပေးလိုက်ပါ...အိုကေ သွားပါမယ်...��������������
မသိသေးတဲ့အမျိုးဒေလာလာမေးနေကြလို့ဘာ....
ဆျာသမားဒေတော့ကျော်သွားဘာ.......
ဒနေ့တော့ စောစောအိပ်ပီဗျို့ ဂွတ်မောနီးးးးးး.......



























ref: Mobile Teach
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



0 comments:

Post a Comment