The Irrawaddy's Blog |
- ဈေးနှုန်းသင့်တဲ့ Samsung Galaxy J2
- မျက်မမြင်အဖိုးအိုကို ၃၁ နှစ်တာလုံး စေတနာနဲ့ ပြုစုပေးခဲ့တဲ့ အသက် ၆၀ အမျိုးသမီးကြီး
- ဘာဘီစုံတွဲနဲ့ တူဖို့ ပေါင် ၂ သိန်းအကုန်အကျခံ ခွဲစိပ်တဲ့ ပြင်သစ်စုံတွဲ
- ၁၂၅ နိုင်ငံမှ လက်ပတ်နာရီနှင့် ကျောက်မျက်ရတနာ တံဆိပ်များပါဝင် ပြသမယ့်ပွဲ မလေးရှားတွင် ကျင်းပမည်
| ဈေးနှုန်းသင့်တဲ့ Samsung Galaxy J2 Posted: 22 Oct 2015 09:24 PM PDT Samsung ရဲ့နောက်ဆုံးပေါ် Samsung Galaxy J2 ကို မြန်မာနိုင်ငံမှာ ထပ်မံမိတ်ဆက်လိုက်ပါပြီ။ Samsung Myanmar ဟာ Galaxy J Series တွေထဲက သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ အလယ်အလတ်တန်းဝင် နောက်ဆုံးပေါ်အဆင့်မြင့် စမတ်ဖုန်းအသစ်တလုံးကို စတင် မိတ်ဆက်ခဲ့ပါတယ်။ အဆင့်မြင့် စမတ်ဖုန်း တလုံးဖြစ်တဲ့ Samsung Galaxy J2 ဟာ မြန်မာသုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အထူးအလေးထားပြီး ထုတ်လုပ်ထားတဲ့ ဖုန်းတလုံးဖြစ်တယ်လို့ သိရပါတယ်။ "ကျနော်တို့အနေနဲ့ Samsung စမတ်ဖုန်းတွေကို သုံးစွဲရလွယ်ကူစေရုံသာမက လူတိုင်းအတွက် အသုံးဝင် အကျိုးရှိစေချင်ပါတယ်။ Galaxy J2 မှာဆိုရင် မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် အဓိကလိုအပ်ချက် သုံး ခုဖြစ်တဲ့ အရောင်အသွေးစုံလင်ပြတ်သားပြီး ကြည်လင်တောက်ပတဲ့ မျက်နှာပြင်၊ 3G အင်တာနက် သုံးစွဲရာမှာ အကုန်အကျ သက်သာစေဖို့ နဲ့ စွမ်းဆောင်ရည်တွေ ထပ်မံတိုးမြှင့်ဖြည့်စွက်ပံ့ပိုးထားတဲ့ စမတ်ဖုန်းတလုံး ဖြစ်ကြောင်းကို ကျနော်တို့ အာမခံပါတယ်" လို့ Samsung Myanmar ရဲ့ Head of IT and Mobile Business ကိုဇာနည်ဝင်းထက်က ပြောပါတယ်။ Galaxy J1 က စွမ်းဆောင်ရည်တချို့ကို ထပ်မံတိုးမြှင့်ထားတာဖြစ်တဲ့အတွက် Samsung Galaxy J2 (SM-J200G) မှာ ၄.၇ လက်မ အရွယ်အစားရှိတဲ့ Quad HD display ပါဝင်မှာဖြစ်ပါတယ်။ ဖုန်းအတွင်းပိုင်းတွင် 1GB RAM အရွယ်အစားရှိ 1.3 GHz 32-bit Quad-Core Exynos 3475 CPU processor လည်း ထည့် သွင်းထားပါတယ်။ Galaxy J2 မှာ Built-in storage space အနေနဲ့ 8GB ပါဝင်ပြီး micro SD cards ထည့်သွင်းပြီး ထပ်မံ ဖြည့်စွက်အသုံးပြုနိုင်ရုံသာမက ဆင်းမ်ကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ Galaxy J2 မှာ 5MP ရှိအနောက်ကင်မရာ နဲ့ 2MP ရှိ အရှေ့ကင်မရာတို့ ပါဝင်ပါတယ်။ အရွယ်အစားအနေနဲ့ 136.5x69x8.4 mm ရှိပြီး 2000 mAh အရွယ်အစားရှိတဲ့ ဘက်ထရီပါဝင်ပါတယ်။ ၎င်း စမတ်ဖုန်းမှာ နောက်ဆုံးထွက်ရှိထားတဲ့ Android 5.1 Lollipop ကိုလည်း ထည့်သွင်းထားပါတယ်။ ဈေးနှုန်းအနေနဲ့ ၁၅၂၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး Samsung Galaxy J2 စမတ်ဖုန်းကို ၂၀၁၅ အောက်တိုဘာ ၂၁ ရက် မှာဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ထက်ဦးဝေ | ||
| မျက်မမြင်အဖိုးအိုကို ၃၁ နှစ်တာလုံး စေတနာနဲ့ ပြုစုပေးခဲ့တဲ့ အသက် ၆၀ အမျိုးသမီးကြီး Posted: 22 Oct 2015 04:11 AM PDT "ခင်ရာဆွေမျိုး၊ မိန်ရာဟင်းကောင်း"ဆိုတဲ့ မြန်မာစကားပုံတခုလို သွေးတော်သားစပ်မှ ဆွေးမျိုးဖြစ်ရတယ် မဟုတ်ပါဘူး။ သွေးမတော်သားမစပ်ဘဲနဲ့လည်း ရှေးရေစက် သံယောဇဉ်တွေကြောင့် မခွဲမခွာ အတူနေထိုင် ကြ ချစ်ခင်စုံမက်ကြရတယ်ဆိုတာ တရုတ်ပြည် Chongqing ကျေးလက်ဒေသရှိ ရွာလေးတရွာက မိသားစုမရှိဘဲ နေထိုင်နေရတဲ့ မျက်မမြင်အဘိုးအိုတဦးရဲ့ အဖြစ်က သက်သေပြနေပါတော့တယ်။ အဖြစ်က ဒီလိုပါ။ လွန်ခဲ့တဲ့ ၃၁ နှစ်ကတည်းက အသက် ၂၉ နှစ်အရွယ် တရွာတည်းနေ ဂျန်ဖန်မင်းဆိုသူ အမျိုးသမီးနဲ့ သူ့ခင်ပွန်းတို့ဟာ အဆိုပါ မျက်မမြင် အဖိုးအိုကို ပြုစုစောင့်ရှောက်ဖို့အတွက် သူတို့ရဲ့ မိသားစုထဲသို့ ခေါ်ဆောင်လာခဲ့ပါတော့တယ်။ "ဖန်မင်းဟာ ကျနော့ သမီးအရင်းထက်ကို ပိုကောင်းပါတယ်။ သူ ကျနော့ကိုသာ မစောင့်ရှောက်ခဲ့ဘူးဆိုရင် ကျနော် ဒီနေ့ထက်ထိ အသက်ရှင်နေထိုင်နိုင်မှာမဟုတ်ပါဘူး။ သူသာ ကျနော့ကို ပြုစုခဲ့မယ်ဆိုရင် အသက် ၁၀၀ အထိ နေနိုင်မှာပါ" လို့ အဖိုးအိုက BTV သတင်းဌာနမှ သတင်းထောက်ကို ပြောပါတယ်။ အဆိုပါ လင်မယားနှစ်ဦးဟာ သူတို့ရဲ့ ကလေးငယ် သုံးဦးကိုလည်း ပြုစုပျိုးထောင်ရင်း အဖိုးအိုကိုလည်း ကျွေးမွေးစောင့်ရှောက်ခဲ့ကြတာပါ။ ဇန်အမျိုးသမီးဟာ အဖိုးအိုအား လုအဖေလို့ စခေါ်ပြီဆိုကတည်းက သူတို့ရဲ့ သားသမီးတွေကလည်း အဖိုးလို့လိုက်ခေါ်ကြပြီး မိသားစုတခုလို နွေးထွေးမှုကို ခံစားလာရကာ လုအဖိုးအို အတွက် စိုးရိမ်ကြောင့်ကြမှုတွေပါ ကွယ်ပျောက်ခဲ့ရတာပါ။ ကြင်နာသနားတတ်တဲ့ လင်မယားနှစ်ဦးဟာ လွန်ခဲ့တဲ့ ၃၁ နှစ်ကတည်းက အဖိုးအိုရဲ့ ဝေယျာဝစ္စ ကိစ္စမှန်သမျှ အပြင် အောက်ခြေသိမ်းအလုပ်မှန်သမျှကိုပါ မညဉ်းမညူ စတမ်းလုပ်ကိုင်လာခဲ့ပေးတာပါ။ အဆိုပါ လင်မယားနှစ်ဦးရဲ့ ဆင်းရဲနွမ်းပါးတဲ့ ငွေးကြေး၏အခြေအနေကြောင့် ဇန်ဖန်မင်းရဲ့ အမျိုးသားဖြစ်သူဟာ မြို့တက်ပြီး တနှစ်ပတ်လုံး အလုပ်သွားရောက်လုပ်ကိုင်နေရတာပါ။ ဒါ့ကြောင့် ဇန်အမျိုးသမီးကသာ လုအဖိုးအိုကို ဒီနှစ်ပိုင်းတွေမှာ တောက်လျှောက် ပြုစုလုပ်ကိုင်ပေးခဲ့ရပါတယ်။ "ကျမ အမျိုးသားနဲ့အတူ ကျမအလုပ်လုပ်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လုအဖေကို ထားခဲ့ရမယ်ဆိုရင် သူ့ကို ပြုစုပေးမယ့်သူ ရှိမှာမဟုတ်ဘူး။ သူ့ကို တယောက်တည်း မထားခဲ့ရက်ပါဘူးရှင်" လို့ ဇန်အမျိုးသမိးက ဆိုပါတယ်။ "သူ့ဘ၀တလျှောက်လုံးကို ပြုစုကျွေးမွေးဖို့ ကျမတို့တွေ ကတိပေးခဲ့ပါတယ်။ ဒီကတိကို အမြဲ ထိန်းသိမ်း ထားမှာပါ" လို့ ယခုဆိုရင် အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ ဇန်ဖန်မင်းက BTV သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ Ref: CCTVnews | ||
| ဘာဘီစုံတွဲနဲ့ တူဖို့ ပေါင် ၂ သိန်းအကုန်အကျခံ ခွဲစိပ်တဲ့ ပြင်သစ်စုံတွဲ Posted: 22 Oct 2015 02:59 AM PDT ပြင်သစ်စုံတွဲနှစ်ဦးဟာ စတာလင်ပေါင် ၂ သိန်း အကုန်အကျခံကာ သူတို့တွေရဲ့အသည်းစွဲ ကလေးကြိုက် ဇာတ်ကောင်လေးတွေဖြစ်တဲ့ ဘာဘီ နှင့် သူ့ချစ်သူ ခန်မ်တို့နဲ့ ဆင်တူအောင် ခွဲစိပ်ပြုပြင်ခဲ့ကြပါတယ်။ အသက် ၂၀ အရွယ် Anastasia Reskoss နဲ့ ၂၃ နှစ်အရွယ် Quentin Dehar တို့ဟာ ငယ်စဉ်ကတည်းက ဒီအရုပ်ကလေးတွေကို စွဲလန်းခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူတို့နှစ်ဦးလက်ထပ်ခဲ့ကြပြီး နောက် နည်းလမ်းအမြောက်အများကို ကျော်ဖြတ်ကာ အခုလို ခွဲစိပ်ပြုပြင်ဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်တယ်လို့ Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ခွဲစိပ်ပြုပြင်မှုရဲ့ နောက်ဆက်တွဲ အစီအစဉ်တရပ်အနေနဲ့ သူတို့ရဲ့ နာမည်တွေကိုပါ Doll နဲ့ Ken လို့ ပြောင်းလဲချင်တယ်လို့ သိရပါတယ်။ Ref:Global Times | ||
| ၁၂၅ နိုင်ငံမှ လက်ပတ်နာရီနှင့် ကျောက်မျက်ရတနာ တံဆိပ်များပါဝင် ပြသမယ့်ပွဲ မလေးရှားတွင် ကျင်းပမည် Posted: 22 Oct 2015 12:01 AM PDT မလေးရှားနိုင်ငံရဲ့ နောက်ဆုံးပေါ်ဖက်ရှင်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ အနုပညာနှင့် အရည်အသွေးကောင်း လူနေမှု အတွက်လိုအပ်သော အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဆိုင်များကို တနေရာထဲတွင် ရရှိနိုင်သော Starhill Gallery မှ A Journey Through Time (အချိန်ကာလတစ်လျှောက် ခရီးနှင်ခြင်း) အမည်ဖြင့် ကိုးကြိမ်မြောက်ပြုလုပ် သွားမည့် အာရှ၏အရည်အသွေးပြည့်မှီသော လက်ပတ်နာရီများနှင့် ကျောက်မျက်ရတနာပစ္စည်းများ ပြပွဲကို လက်ခံ ကျင်းပသွားမည်ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းခေတ်မှီအတွေ့အကြုံများကို တွေ့ကြုံ ခံစားနိုင်ရန်အတွက် နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျဖြစ်သော အဲ့ဒီပြပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်မှ (၂၇) ရက်နေ့အထိ Starhill Gallary တွင်ခင်းကျင်းပြသသွားမှာဖြစ်ပြီး နိုင်ငံပေါင်း (၁၂၅)နိုင်ငံမှ လက်ပတ်နာရီနှင့် ကျောက်မျက်ရတနာ တံဆိပ်များရဲ့ဆက်လက်တီထွင် ဆန်းသစ် သွားမယ့်ပုံစံများကို ယခုနှစ်တွင် ကြိုတင်လေ့လာကြည့်ရှုကြရမှာဖြစ်ပါတယ်။
ပြပွဲမှာ လက်ပတ်နာရီနှင့် ကျောက်မျက်ရတနာများကို စိတ်ပါဝင်စားသူများ၊ နာရီနှင့် လက်ဝတ်ရတနာ စုဆောင်းမှု အတွေ့အကြုံနုသူများ (သို့) စတင်စုဆောင်းလိုသူများအပြင် ဝါရင့်စုဆောင်းသူများအတွက် ယခင်က တခါမျှ မမြင်တွေ့ဖူးတဲ့ ဆင့်ကဲပြောင်းလဲလာမှု ဒီဇိုင်းပုံစံများနှင့် ရွေးချယ်စရာပုံစံ အမျိုးစုံကို လှည့်လည်ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းနာရီနှင့် ကျောက်မျက်ရတနာ ကုန်ပစ္စည်း တံဆိပ်များမှ ရှားပါး သီးသန့်စုဆောင်း ထားမှုများ၊ ဈေးကွက်တွင် ပထမဆုံးမိတ်ဆက်ထုတ်လုပ်ခဲ့သော ဒီဇိုင်းပစ္စည်းများနှင့် လက်ရာမြောက်ပုံစံများကို ခင်းကျင်းပြသထားမှာပါ။ ဒါ့အပြင် ဇိမ်ခံနာရီများတွင် ကျွမ်းကျင်သူပညာရှင်များ၊ လက်ပတ်နာရီပြုလုပ်သည့် Eric Ong ကဲ့သို့ပညာရှင်များ၊ Dr. Bernard Chong ကဲ့သို့စုဆောင်းသူများက ဦးစီ၍ အလုပ်ရုံဆွေးနွေးပွဲများကိုလဲ ပြပွဲကာလတစ်လျှောက် တွင်ပြုလုပ်ပေးသွားမှာဖြစ်ကာ အဲ့ဒီဆွေးနွေးပွဲများတွင် ဝါသနာဖြင့်စုဆောင်းသည့် ဝါနု-ဝါရင့်သူများ၊ စတင် စုဆောင်း လိုသူများအတွက် လက်ပတ်နာရီနှင့် ပတ်သက်သောအကြောင်းအရာများ၊ အဆင့်မြင့်နာရြီ ပုလုပ်သည့် အနုပညာရပ် များကိုလဲ လေ့လာလိုသူများအတွက် ဟောပြောကြမှာ ဖြစ်ပါတယ်။ ယခုနှစ် A Journey Through Time ပြပွဲတွင် Bedat & Co, Breguet, Cecil Purnell, Hermès, HYT, Jaeger-LeCoultre, Maîtres Du Temps, Moritz Grossmann, Mühle-Glashütte, Omega, Speake-Marin နှင့် Zeitwinkel အစရှိတဲ့ နိုင်ငံတကာလက်ပတ်နာရီ တံဆိပ်များ၊ Ceres, Emperor's Fine Jewels နှင့် Gübelin စတဲ့ လက်ရာမြောက် ကျောက်မျက်ရတနာတံဆိပ်များမှ ပါဝင်ပြသကြမယ်လို့ သိရပါတယ်။ A Journey Through Time ပြပွဲ ပိတ်ပွဲအခမ်းအနားတွင် ဂုဏ်သရေရှိ ဒိုင်အဖွဲ့က အဆိုပြုတင်သွင်းထားသော နာရီ ပြုလုပ်သူများနှင့် ကျောက်မျက်ရတနာပညာရှင်များအား ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး Starhill Gallery's Watch of the Yearနှင့် အခြားသောဆုအမျိုးအစားများကို ချီးမြှင့်သွားမှာပါ။ YTL ဟိုတယ်အဖွဲ့အစည်းနှင့် Starhill Gallery တို့ပူးပေါင်း၍ စွဲဆောင်မှုရှိသော ဟိုတယ်အခန်း package များကို ရောင်းချပေးသွားမည်ဖြစ်ကာ ထိုဟိုတယ်စာရင်းများတွင် JW Marriott Kuala Lumpur, Ritz-Carlton Kuala Lumpur နှင့် Majestic Hotel Kuala Lumpur တို့အပြင် မလေးရှားနိုင်ငံတစ်ဝှမ်းလုံးရှိ ကြယ်ငါးပွင့် အဆင့် အပန်းဖြေဟိုတယ်များ Pangkor Laut Estates, Pangkor Laut Resort, Tanjong Jara Resort, Cameron Highlands Resort နှင့် The Majestic Malacca Hotel တို့ပါဝင်တယ်လို့ သိရပါ တယ်။ သီဟတိုး |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |























0 comments:
Post a Comment