Related Posts Plugin for WordPress, Blogger...

October 6, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


♪ Facebook Version အသစ်ထွက်ပြီ - Facebook v50.0.0.0.52 Apk (30-Sept) ♫

Posted: 05 Oct 2015 07:25 PM PDT

Cover art

ဟိုတနေ့က (30-Sept) မှာအသစ်ထွက်လာတဲ့ Facebook Version တင်ပေးလိုက်ပါတယ်ဗျာ။ အခုအသစ် ထွက်လာတဲ့ Version ကတော့ အရင် Version အဟောင်းထက် သုံးရတာပိုပြီး ပေါ့ လာသလိုပဲဗျာ။ ကြည့် လို့လည်းပိုကောင်းလာပါတယ်။ Photo တွေ Video တွေလည်း ကွန်နရှင်သိပ် မကောင်း တာတောင် မြန်မြန်ပေါ်လာတာ ကိုတွေ့ရပါတယ်။ သူငယ်ချင်းတို့လည်းစမ်းသုံးကြည့်ကြပါဦး။အခုတင်ပေး လိုက်တဲ့ Facebook Apk ကိုတော့ Android OS 4.0 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ Facebook Apk မရှိသူများနဲ့ Version အသစ်အသုံးပြုချင်သူများအောက်က Link မှာဒေါင်းယူသွားနိုင်ပါ တယ်ဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ Root ဖောက်ထားတဲ့ဖုန်းများမှာရှိထားရမယ့် - Root Check Premium v2.4.1 Apk (3-Oct) ♫

Posted: 05 Oct 2015 06:28 PM PDT

Cover art

Root ဖောက်ထားတဲ့ဖုန်းတွေကို မိမိဖုန်းဟာအမှန်တကယ် Root Access ဖြစ်ရဲ့လားဆိုတာကိုစစ်ဆေး ကြည့်ဖို့အတွက် Root Check Premium လေးနဲ့စစ်ကြည့်နိုင်မှာဖြစ်ပါတယ်ဗျာ။ ဒါ့အပြင်ဖုန်းတစ်ခုလုံးရဲ့ Information အပြည့်အစုံကိုလည်းတိတိကျကျဖော်ပြပေးနိုင်မှာဖြစ်ပါတယ်ဗျာ။ အခြားသောပါဝင်တဲ့ Feature တွေကိုတော့အောက်မှာဆက်လက်လေ့လာသွားပါဗျာ။ Android OS 4.0 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


Features:
– Detects if your phone has Root access
– Device and Android Version along with the API Level
– Displays SuperUser Version
– Displays BusyBox and Su Versions
– User and Group Id
– SuperUser Location
– Su and Sudo Location
– Environment Variables
– Displays Phone's Build Information
Permissions requested:
– Internet – Google Analytics/Send Feedback
– SuperUser – Check for Root access



   Root Check- screenshot         Root Check- screenshot

   Root Check- screenshot         Root Check- screenshot

   Root Check- screenshot         Root Check- screenshot

   Root Check- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ဈေးနူန်းချို သာ အာမခံချက်အပြည့်ရှိပြီး ထူးခြားချက်ရှိသော NEWINGS Dual 3G Hanset(တစ်သိန်းအောက်ကောင်းကောင်းသုံးလိုသူများအတွက်)

Posted: 05 Oct 2015 06:49 AM PDT



မန်မာပြည်မှာစတင်ရောင်းချနေပြီဖြစ်တဲ့ NEWINGS ဖုန်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဈေးနူန်းကတော့ 6xxxx ,9xxxx ဖြစ်ပါတယ်။ ဒီဖုန်းဟာ ဈေးနူန်းလည်းချိုသာသလို အရည်အသွေးလည်းကောင်းမွန်ပြီးအာမခံချက်အပြည့်အ၀ရှိတဲ့ဖုန်းဖြစ်ပါတယ်။

 Screen Size က ၅လက်မ,၄လက်မနဲ့ လာတာဖြစ်ပြီး SIM Card ၂ကဒ်ထည့်သွင်းနိုင်ပါတယ်။Android Version ကို Jelly,Kitkat
ကိုအသုံးပြုထားပါတယ်။ 3Gonly Hanset ဖြစ်ပြီး Flash light,font&Back Camera ,facebook ,Youtube ,Google Service,Myanmar fontကို Built inအနေန့ ပါဝင်ပြီး ပါဝင်သောဖုန်းများဖြစ်ပါတယ်။ ကြိုက်သလောက် Runပြီး Screen ပေါ့တာကြိုက်သူတွေ နဲ့
Memory အတော့်အသင့်ပါဝင်တာ ကြိုက်သူတွေအတွက် လက်မလွှတ်သင့်ပါဘူး ။

ထပ်ပြောရရင်တော့ COC(Clash of Clan) ၀ါသနာရှင်တွေအတွက် အကောင့်ချိတ်ဖို့အဆင်သင့်ပါသည့်အတွက် လက်မလွှင့်ပါဘူး။ မိမိအနေနဲ့ တစ်သိန်းအောက်ဖြစ်ရမည် ဈေးနူန်းသက်သာရမည် ,
 အရေအသွေးကောင်းရမည်,ပြင်ဆင်မူပစွည်းရှိရမည် အာမခံချက်အပြည့်အ၀ရှိမယ်ဆိုရင် Newings ကိုမေ့လို့လုံးဝမရပါဘူး လက်ရှိ ဈေးကွက်မှာ ရောင်းအားကောင်းပြီး သုံးသူတိုင်း စိတ်ကျေနပ်မူအပြည့်အ၀ပေးနေတဲ့ Hanset တစ်လုံးဖြစ်ပါတယ်။အောက်တွင် Model တစ်ခု
ခြင်းဆီကို ရှင်းပြထားပါတယ် ဖတ်ကြည့်ပေးပါ။






W500 Model (Dual 3G)ဆိုလျှင်..,
Screen Size က 5 inches ရှိပြီး Flash မီးပါဝင်ပါတယ်။Android Version 4.4 ( Kitkat)ကိုသုံးထားပြီးCPU ကတော့ Quad-Core 1.3GHz သုံးထားပါတယ်။အဖြူ၊အမည်းနှစ်မျိုးလာပါတယ်။
Rom Memory 4GB ပါဝင်ပြီး SD Card အနေနဲ့တော့ 32GB ထိထပ်စိုက်နိုင်ပါတယ်။ ဖုန်းရဲ့ RAM ပမာဏကတော့ 512MB ပါ။Dual Sim Card စိုက်နိုင်ပြီး ကဒ်ပေါက်နှစ်ခုလုံးက 3G တွေဖြစ်ပါတယ် ။
GPS,Wifi,Bluetooth&FMပါဝင်ပါပြီး Video Call ,Motion & Gesture,Magic Thumb ပါဝင်တဲ့အတွက် အသုံးပြုသူတွေအတွက်ပိုနှစ်သက်စေမှာပါ။
မြန်မာဘာသာစကားBuilt in ပါဝင်ပြီး up to 39 languages ထိsupport လုပ်ပါတယ်။Camera အနေနဲ့ Back camera 5 Megapixel ဖြစ်ပြီး font camera ကတော့ 0.3MP ဖြစ်ပါတယ်။

COC နှစ်သက်သူများအတွက် Google Play Service built inပါဝင်တဲ့အတွက် updateလုပ်ရသက်သာပြီး အခက်အခဲမရှိလွယ်ကူစွာချိတ်ဆက်ကစားနိုင်ပါတယ်။
အခြားသော ဂိမ်းကစားသူများအတွက်လည်း CPU Quad-Core 1.3 GHz သုံးထားတဲ့အတွက် Touch အသွားအလာလျင်မြန်ပြီး စက်ဟမ်းခြင်းမှာကင်းဝေးပါတယ်။
Screen 5လက်မဖြစ်သဖြင့်စာဖတ်ဝါသနာပါသူတွေအတွက်လည်းအဆင်ပြေပြီး Screen size ကြီးတာကိုင်ချင်သူများအတွက်လည်းမငြင်းလောက်ပါဘူး။

ှSmart Motion များပါဝင်သည့်အတွက် လူတိုင်းသိပြီးဖြစ်ကြသလို Double Click ဆိုပါဝင်ပွင့်တာ, M လို့ရေးရင် music ပွင့်တာ ,W ဆိုလူတိုင်းသုံးတဲ့ WhatsApp ပွင့်တာ..အစသဖြင့်
 Motion များပါဝင်တဲ့အတွက်အလွယ်တကူအသုံးပြုနိုင်ပါတယ်ခင်ဗျာ။Notibar ကိုဆွဲချလိုက်ရင်လည်း Shortcut များစွာတွေ့ရမှာပါ Lock Screen Shortcut,Power off shortcut ,Flashမီး,Location..
အစသဖြင့် Easy Shortcut များပါဝင်ပါတယ်။ Individuality ထဲမှ font ထဲဝင်ပြီး မိမိနှစ်သက်ရာ Font Size ကိုများကို မူလပါတာလည်းသုံးလို့ရသလို User font အနေနဲ့လည်းသုံးလို့ရပါတယ်ခင်ဗျာ။

ပိုပြီးကောင်းတာကတော့ အာမခံတစ်နှစ်ပေးထားပြီး တစ်နှစ်တွင်း User Earror မဟုတ်ဘဲ System Earror ဆိုရင် Free Service ကိုအချိန်အနည်းငယ်တွင်း ပြန်လုပ်ပေးခြင်းဖြစ်ပါတယ်။
တစ်နှစ်ကျော်သွားပါကလည်း ပစွည်းမရှိမှာစိုးရိမ်စရာမလိုဘယ် နီးစပ်ရာ Newings Showroom ,Newings Service Center,မိမိဝယ်သည့်ဆိုင်များကို သွားရောက်ပြင်ဆင်နိုင်ပါတယ်။

Touch နဲ့ LCD သက်သက်ဖြစ်တာကြောင့် မိမိမှန်ကွဲရင်မှန်ပဲလဲရမှာပါ ,Lcd ကွဲရင် LCD ပါပဲ။ မိမိတို့ဖုန်းများပြင်ဆင်မူပိုင်းအတွက် စိုးရိမ်စိတ်မရှိအောင်လည်း Newings မှ MotherBoard ကအစရှိတာ
ကြောင့် Board လဲရမည့်အနေအထားမှာလည်း မိမိဟန်းဆက်ကိုပဲမခွဲမခွါ တူညီတဲ့တန်ဖိုးကုန်ကျခံကာ ပြင်ဆင်နိုင်ပါတယ်။ဈေးနူန်းကတော့ 6xxxx ဖြစ်ပါတယ်။

ကျန်သည့် Function များကျန်သေးသည့်အတွက်မိမိကိုယ်တိုင် ၀ယ်ယူပြီးမှ အသုံးပြုကြပါလို့တိုက်တွန်းပါတယ် ။ တစ်သိန်းအောက်ဟန်းဆက်လည်းဝယ်ချင် " ဈေးနူန်းချိုသာရမယ် , အရေအသွေးစိတ်ချ
ရမယ်၊အာမခံချက်အပြည့်ရှိရမယ် နဲနဲပေးပြီးများများသုံးမယ်ဆိုရင်တော့" ကျွန်တော်အကြံပြုချင်တောတော့ Newings Hanset ကိုသတိရလိုက်ပါခင်ဗျာ...

V840 Model ဆိုလျင်..,
CDMA/GSM နှစ်ကဒ်ထိုးဖြစ်ပါတယ် အခြားသော Brandများထက်ထူးခြားချက်အနေနဲ့ကတော့ Telenor ,Ooredoo ,MPT ,MEcTel လေးမျိုးလုံးအသုံးပြုနိုင်ပါတယ် Sim Slot (1)တွင် 3G Network ဖြင့်အသုံးပြုနိုင်ပါတယ် ooredoo နဲ့cdma(800MHz)အသုံးပြုချင်တဲ့သူတွေ
အတွက် ရွေးရမည့်ဖုန်းဖြစ်ပါတယ်။Screen Size ကတော့ 4.0 ဖြစ်ပြီး Flashမီးပါဝင်ပါတယ်။

Android Version 4.3 အသုံးပြုထားပြီး CPU 1.2GHz သုံးထားပါတယ် Rom Memory 4GB ပါဝင်ပြီး RAM အနေဲ့ 512 ပါဝင်ပါတယ်။Camera ကတော့ Back Camera 5.0MP ပါဝင်ပြီး font က 0.3MP ဖြစ်ပါတယ်။ Facebook ,Youtube,
Google Service,Myanar Font များကို Built in ပါဝင်ပြီး အသုံးပြုသူများအတွက် ပေးရသော တန်းကြေးထက် စိတ်ကျေနပ်မူကို ပိုပေးနိုင်မှာပါ ။ ဈေးနူန်းကတော့ 6xxxx ဖြစ်ပါတယ်။

WG 931 Model ဆိုလျှင်..,
Screen အားဖြင့် ၅ လက်မရှိပြီး Flash မီး ပါဝင်ပါတယ်။3G Support လုပ်သည့်အတွက် Telenor ,Ooredoo,MPT Sim card များကို 3G အသုံးပြုနိုင်မှာပါ။ CPU Quad-Cord 1.2GHz အသုံးပြုထားတဲ့အတွက်မြန်ဆန်မူအပိုင်းမှာ စိတ်ချရပါတယ်။Rom Memory 4GB သုံးထားပြီး
Ram ကတော့ 512 ပါ။ Camera ကို Back 8MPနဲ့ Font 2.0MP သုံးထားတဲ့အတွက် ရုပ်ထွက်ကြည်လင်ပြတ်သားစွာမြင်တွေ့ရမှာပါ။ Battery ကတော့ 2000 mAh ဖြစ်ပါတယ်။အခြားသော 3D Wallpaperများ Theme များ လည်းစိတ်ကြိုက်ရွှေးချယ်သုံးနိုင်ပြီး အခြားသော
ဒီမှာမရေးသေးသော Function များလည်းပါပါသေးတယ်။ ဈေးနူန်းကလည်း 9xxxx ဖြစ်သည့်အတွက် လူတိုင်းအလိုလို ၀ယ်ယူနိုင်ပါတယ်။

 ဘာသာစကားအနေနဲ့ မြန်မာ, အင်္ဂလိပ်, တရုတ် သုံးဘာသာနဲ့အသုံးပြုနိုင်ပါတယ်။ Google Service,Myanmar Font ပါတစ်ခါတည်းပါပြီး
ဖြစ်သည့်အတွက် မြန်မာဖောင့်ပျောက်ခြင်းမှလည်းကင်းဝေးပါတယ်။






Model 200 Hanset ဖြစ်ပါတယ်။ GSM ,WCDMA မှန်ကန်သော မြန်မာစာ စနစ်အသေပါဝင်ပြီး Rom 1GB နဲ့ Ram 256MB ဖြစ်ပါတယ်။Camera 0.08 MP ဖြစ်ပါတယ်။ Transfer လုပ်ငန်းစဉ်အတွက် Bluetooth ပါဝင်ပြီး FM လည်းSupport လုပ်ပါတယ်။Battery လည်း 1000m Ah ဖြစ်ပါတယ်။





Model C820&C850 ဖြစ်ပါတယ် CDMA 1x800 MHz ဖြစ်ပါတယ်။Camera ကတော့ 0.08 MPဖြစ်ပြီး Mp3 Support ပေးပါတယ်။မြန်မာစာစနစ် အသေပါဝင်ပြီး Battery ကတော့ 1000mAh ဖြစ်ပါတယ်။ အာမခံကတော့ 1 year ပေးထားပါတယ်။


Hanset အားလုံးကို ၁ နှစ်အာမခံပေးထားပြီး ဈေးနူန်းချိုသာစွာဖြင့် Brand အားလုံးထဲမှာထူးခြားသော Brand တစ်ခုအဖြစ်ရပ်တည်လျက်ရှိပါသည်။

*ဆက်သွယ်ရန်*
  ==> အမှတ်(၁၀၂၁-ခ)၊သုဓမာလမ်း၊(၂)ရပ်ကွက်၊မြောက်ဥကလာပ၊ရန်ကုန်မြို့ ။
ဖုန်း-01-655686၊09-420006923၊09-795872700

--------
* အထက်ပါ Hanset များကို ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)တွင် လာရောက်ဝယ်ရောက်ပြီးလည်းအားပေးနိုင်ပါတယ်ခင်ဗျာ။ဝယ်ယူသူများကို Facebook Accountတစ်ခု ၊ လိုအပ်သောAccountလိုအပ်သောAppsများ၊Music,Wallpaperများကိုအခမဲကထည့်သွင်းပေးပြီးဟန်းဆက်များကိုလည်းဈေးနူန်းချိုသာစွာဖြင့်
လာရောက်ဝယ်ယူအားပေးနိုင်ပြီး preorderမှာယူသောဆိုင်သမားများအတွက်လည်း မှာယူပါက လက်ခမယူဘဲ အထက်တွင်ဖော်ပြထားသော Softwareများကိုထည့်သွင်းပေးပြီး ရောင်းချဖို့အတွက်ပါ သင်ပေးပါမည်ခင်ဗျာ...
09-73151297

မှတ်ချက်။ ။ ယခုကြော်ငြာအား "Tele Lord Distribution" မှ ဖြန့်ဝေပါသည်။ ။
Settings ပိုင်းဆိုင်ရာများကိုလည်း အသေးစိတ်ဖော်ပြနိုင်ရန်ကြိုးစားပါအုံးမည်။ ။
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Hisense EG971,EG978,EG981 တို့ကို firmwareတင်ပြီး sim-1(mec-cdma) card မသိတော့တာကို ဖြေရှင်းမယ်

Posted: 05 Oct 2015 11:48 AM PDT



Hisense EG971လေး firmware ကျလို့ ပြန်တင်လိုက်တာ firmware တက်လာတော့
sim-1(mec-cdma) card ကမသိတော့ဘူး။
ဒါပေမယ့်  IMEI ကတော့ မပျောက်ဘူး ရှိနေပါတယ်
အဲလိုဖြစ်နေတာကို  ကိုငလူ ကိုပြကြည့်တော့လိုင်းတက်နေတဲ့ဖုန်း(အကောင်း) ထဲက
modem ကိုယူချိန်းနိုင်ရင် ရနိုင်လောက်တယ်ဆိုပြီး
စစမ်းဖြစ်သွားကြတာပါ.......
ကံဆိုးချင်တော့ EG971 အလုံးတူက အဲဒီအချိန်မှာ ကျတော်တို့မှာမရှိပါဘူး
EG971 က msm8610 ပါ။
ဒါကြောင့် အနားမှာ ရှိတဲ့ huawei y330-c00(msm8610) ကmodem နဲ့စမ်းကြည့်တယ် မရပါဘူး
(file size နဲ့ msm8610 ခြင်းကတူနေလို့ရမ်းကြည့်တာပါ)
နောက်နေ့ရောက်တော့ Hisense EG978 က modem နဲ့စမ်းကြည့်တယ်
EG978က msm8610 ဖြစ်ပြီး modem က block15(mmcblk0p15) ဖြစ်ပါတယ်။
EG971 ရဲ့ modem ကလည်း block15(mmcblk0p15)ပါပဲ။
EG978 ရဲ့ modem ကိုယူပြီး EG971 ရဲ့block15(/dev/block/mmcblk0p15) မှာရိုက်ပြီး
rebootချ ပြန်တက်လာတော့ sim-1(mec) လေးလိုင်းပြန်တက်လာပါတယ်။
အဆင်ပြေသွားပါပြီ။
နောက်ထပ် တစ်လုံးကတော့ Hisense EG981 ပါ။
firmware တင်ပါတယ် တက်လာတော့ sim-1(mec-cdma) လိုင်းမတက်တော့ဘူး။
အဲဒါနဲ့ EG978,EG971 မှာအဆင်ပြေတဲ့ modem နဲ့ချိန်းကြည့်လိုက်တယ်။
EG981 ကလည်း msm8610 ဖြစ်ပြီး modem ကလည်း block15(mmcblk0p15)ပါ။
reboot ချ ပြန်တက်လာတော့ sim-1(mec) လေးလိုင်းပြန်တက်လာပါတယ်။
အဆင်ပြေသွားပြန်ပါတယ်။
Hisense မှာ ဒီမော်ဒယ်သုံးမျိုး firmware တင်လိုက်ရင် ကျန်တာအကုန်အဆင်ပြေပြီး sim-1(mec) မသိတော့ရင်
အောက်မှာ ပေးထားတဲ့ modem လေးရိုက်ပေးလိုက်ရင် အဆင်ပြေတယ်။
 ဒီမော်ဒယ်သုံးမျိုးလုံး ဒီ block(modem) တစ်ခုထဲနဲ့ပြေပါတယ်။
စမ်းသပ်ပြီးဖြစ်ပါတယ်။
modem ဖိုင်ကို ဒီမှာဒေါင်းပါ >>>https://www.mediafire.com/?794pd9exn6uiqse
အသုံးပြုရမည့် adb command...
->adb push modem.img /sdcard/modem.img
->adb shell
->su
->cat /sdcard/modem.img > /dev/block/mmcblk0p15
->reboot
သေချာအောင် ကိုယ် ရိုက်မယ့် ဖုန်းမှာ modem block ဘယ်နေရာမှာ ရှိလည်း အရင်စစ်သင့်ပါတယ်။
သက်ပိုင်စိုး (ရပ်စောက်)
https://www.facebook.com/profile.php?id=100009594121897

ref: http://ngaluu.com/


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Flash Call Alert For Newings W500&other Models

Posted: 05 Oct 2015 06:48 AM PDT

ကျွန်တော်လည်း အလုပ်မအားတာနဲ့ပို့စ်တွေသိပ်တင်မဖြစ်ဘူးပါ စာမေးပွဲလည်း ရှိလို့ပါ အင်းပေါ့ စာမေးပွဲကြောင့်ပါ ၁၁လပိုင်းကုန်ခါနီးရင် exam ပြီးပါပြီ ပြီးရင် ပြန်Run ပါ့မယ် အခုလည်း Run ပါတယ် အနည်းအကျဉ်းပေါ့ ရောင်းချထားတဲ့ Newings W500 နဲ့အခြား Model တွေအတွက် Flash Alert လေးတစ်ခုတင်ပေးလိုက်ပါ့မယ် ဖုန်းခေါ်ရင်သူကလည်း Alert software တိုင်းနဲ့ရဘူးလေ အဆင်ပြေတဲ့ဟာ နဲ့မှပဲရတာ ကဲအောက်မှာဒေါင်းပြီး Install လုပ်ပြီး သုံးပါ အဆင်ပြေပါစေနော်...

Download

 

သီဟထိုက်
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



iOS 9 တွင် Passcode ကျော်၍ ဖုန်း Contact များအတွင်းသို့ ဝင်ရောက်ခြင်း

Posted: 05 Oct 2015 06:48 AM PDT

 
 
OS 9 အသုံးပြု ဖုန်းတွေမှာ ပြုလုပ်ထားတဲ့ Passcode Lock ကိုကျော်ပြီး ဖုန်းထဲမှာရှိတဲ့ Contact တွေထဲသို့ဝင်ရောက် အသုံးပြုနိုင်သော နည်းလမ်းဖြစ်သည်။ iOS 9 ၏အားနည်းချက် တစ်ခုဖြစ်ပြီး ယင်းလုပ်ဆောင်ချက်မှာ iOS 8 Device များတွင် ပြုလုပ်၍ရနိုင်မည် မဟုတ်ပါ။ ဒါ့အပြင် iOS 9 မှာဒီလိုမျိုး Passcode ကိုကျော်ပြီး ဝင်ရောက်နိုင်ဖို့အတွက် ဖုန်းမှာအင်တာနက် ဖွင့်ထားဖို့လိုအပ်မှာ ဖြစ်သလို  Siri  ကိုလည်း ဖွင့်ထားဖို့ လိုအပ်ပါတယ်။ Siri ကိုပိတ်ထားရင် Passcode ကိုယခုဖော်ပြမယ့် နည်းလမ်းနဲ့ကျော်လို့ မရနိုင်တဲ့အပြင် Siri ကို ဖွင့်ထားပေမယ့်လည်း အင်တာနက် ပိတ်ထားခဲ့မယ်ဆိုရင်လည်း ဝင်လို့မရနိုင်ပါဘူး။ ဒါကတော့ Passcode ကို အလွယ်တကူ ကျော်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဖုန်းမှာရှိနေတဲ့ Passcode နေရာမှ 9 လေးလုံး အရင်ရိုက်လိုက်ပါ။ Passcode မဟုတ်တဲ့အတွက် ပွင့်လာမှာ မဟုတ်သေးပါဘူး။

9 လေးလုံး ရိုက်ပြီးသွားတဲ့အခါမှာ 1 လေးလုံး ထပ်ရိုက်ပါ။

1 လေးလုံး ရိုက်ပြီးချိန်မှာ 3 လေးလုံး ထပ်ရိုက်ပါ။ 3 လေးလုံး ရိုက်ပြီးချိန်မှာ 1 လေးလုံးထပ်ရိုက် ပါ။ 1 လေးလုံး ရိုက်ပြီးရင်တော့ဒီ နေရာမှာ နောက်ထပ်ရိုက်မယ့် ဂဏန်းလေးလုံးဟာ အရေးကြီးပါ တယ်။ 6 ကိုနှစ်လုံးပဲရိုက်ပါ။ 6 နှစ်လုံးရိုက်ပြီးချိန်မှာ Home ခလုတ်ကိုနှိပ်ပြီး 4 နှစ်လုံးကို ဆက်တိုက်မြန်မြန် ရိုက်လိုက်ပါ။


ဒီလိုမျိုး ရိုက်လိုက်တဲ့အချိန်မှာ ခုလိုမျိုးမြင်ရပါလိမ့်မယ်။

ဒါဆိုရင်တော့ ဒါက Siri ပွင့်လာတာဖြစ်ပါတယ်။ Siri ပွင့်လာတဲ့အချိန်မှာ Time လို့ပြောလိုက်ပါ။ ဒါဆိုရင် အချိန်နေရာကို ရောက်ရှိပါလိမ့်မယ်။

အချိန်ဘားတန်းကို နှိပ်လိုက်ရင်ခုလိုမျိုး မြင်ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ အပေါင်းလက္ခဏာကို နှိပ်လိုက်ပါ။ ဒါဆိုရင်ခုလို ထပ်မံမြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ ဘားတန်းထဲမှာ q လို့ ရိုက်လိုက်ပြီး နှစ်ချက် Double Tap နှိပ်လိုက်ရင် Select All ပေါ်လာပါလိမ့်မယ်။

Select All ကိုလုပ်ပြီးနောက် တစ်ချက်နှိပ်လိုက်ရင် ခုလိုထပ်မြင်တွေ့ ရပါလိမ့်မယ်။

Share ကိုနှိပ်လိုက်ရင်တော့ ခုလိုမြင်ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့မြင်ကွင်းမှာ အသုံးပြုနိုင်မယ့် စနစ်တွေကို မြင်တွေ့ရပါလိမ့်မယ်။ Message ကိုရွေးချယ်ပြီး နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ Message စနစ်ထဲကို ရောက်ရှိသွားတာဖြစ်ပြီး ဒီထဲမှာ ကိုယ်မြင်ချင်တဲ့ Contact တွေကို ရွေးချယ်ရှာဖွေနိုင်ပြီ ဖြစ်ပါတယ်။
Contact အသစ် ထပ်မံမှတ်သားချင်တယ် ဆိုရင်လည်း ကိုယ်မှတ်သားချင်တဲ့ နံပါတ်ကိုဖြည့် စွက်ပြီး New Contact အနေနဲ့ မှတ်သားနိုင်ပါတယ်။ ဒီနေရာက Contact တွေကို ဝင်ရောက်ရှာဖွေနိုင်ပေမယ့် ဖုန်းတော့ခေါ်လို့မရ နိုင်ပါဘူး။ Contact တွေကို ရွေးချယ်ရှာဖွေနိုင်ပြီး အသစ်ဖြည့်စွက် ချင်တယ်ဆိုရင်လည်း ဖြည့်စွက်နိုင်ပါတယ်။ Contact အတွက် ဓာတ်ပုံတွေကို ဖြည့်စွက်ချင်ရင်လည်း Contact အသစ်မှာ ဖြည့်စွက်နိုင်ပါတယ်။


ဒါကတော့ iOS 9 မှာ ရှိနေတဲ့ အားနည်းချက်တစ်ခုလို့ ဆိုနိုင်ပေမယ့်လည်း ဒီအားနည်းချက်ဟာ အွန်လိုင်းစနစ်နဲ့ Siri စနစ်တို့ရဲ့ ပြည့်စုံမှုရှိနေမှသာ ပြုလုပ်နိုင်တဲ့ ပုံစံမျိုးရှိပါတယ်။ Siri ကနေတစ်ဆင့် ဝင်တာဖြစ်တဲ့အတွက် ဖုန်းရဲ့ပုံမှန် အခြေအနေမှာတင်ပဲ Lock အခြေအနေမှာ Home Key ကို ဖိနှိပ်ထားပြီး Siri ကိုခေါ်ပြီး ပြုလုပ်ရင်လည်း ရနိုင်မယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ Passcode တွေမနှိပ်ရင် Siri ကနေလည်း ဝင်လို့မရပါဘူး။ ဒါပေမယ့် ဒီအားနည်းချက်ကို Apple ကနေ ပြင်ဆင်လိုက်ပြီဆိုတဲ့ အချိန်ကျရင်တော့ ဒါကိုပြုလုပ်လို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။   
      
Ref:BGR
Credit  internetjournal

သီဟထိုက်
 My Facebook Account Click


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Township For Window Phone

Posted: 05 Oct 2015 06:47 AM PDT





Township ဆိုသည့် game app သည် မြို့တည်ထောင်ပြီး လယ်ယာလုပ်ကိုင်ကာ မိမိမြို့မှထွက်ရှိသည့် စားသောက်ကုန်များကို ရောင်းချရင်း ဂိမ်းကို Level တက်အောင် ကစားပေးရမည့် Windows Phone game အမျိုးအစားတစ်ခု ဖြစ်သည်။ အဆိုပါဂိမ်းကို ထည့်သွင်းကစားလိုသူများအနေဖြင့် Windows Store တွင်
အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 84.24 MB ခန့် ရှိမည်ဖြစ်သည်။

Windows Phone version 8 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် ဂိမ်းအမျိုးအစားတစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။


Credit internetjournal
သီဟထိုက်
My Facebook Account Click
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



SMS Scheduler For Android

Posted: 05 Oct 2015 06:47 AM PDT

 
SMS များကို အချိန်သတ်မှတ်ပြီး ပေးပို့လိုသူများအတွက် အသုံးဝင်သည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် မိမိပို့လိုသည့်အချိန်ကို ထည့်သွင်း သတ်မှတ်နိုင်သလို ပို့မည့် ခုနှစ်၊ လ၊ ရက် အစရှိသည်တို့ကိုလည်း ထည့်သွင်း၍ သတ်မှတ်ထားနိုင်မည် ဖြစ်သည်။

Download ပြုလုပ်လိုသူများအနေဖြင့် Play Store တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 3.86 MB ခန့် ရှိမည်ဖြစ်သည်။ Android version 4.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။


Credit internetjournal
သီဟထိုက်
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Interval Timer For Android

Posted: 05 Oct 2015 06:46 AM PDT





Interval Timer ဆိုသည့် App သည် နေ့စဉ်ပြုလုပ်သည့် Workout များကို အချိန်သတ်မှတ်ပေးနိုင်သည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် မိမိပြုလုပ်ရမည့် လေ့ကျင့်ခန်းများကို Timer ပြုလုပ်ပေး၍ စတင်ပြုလုပ်သည့်အကြိမ်၊ နားချိန်နှင့် ပြုလုပ်ရမည့် အကြိမ်အရေအတွက် အစရှိသည်တို့ကို သတ်မှတ်ပေးထားနိုင်မည် ဖြစ်သည်။

Interval Timer app ကို ယခင်က Play Store တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြု နိုင်မည်ဖြစ်ပြီး ယခုအခါတွင် အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ Android Version 4.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit  internetjournal

သီဟထိုက်
My Facebook Account Click
 (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Nexus 6P နှင့် 5X စမတ်ဖုန်းသစ်များကို Google မှထုတ်ဖော်မိတ်ဆက်

Posted: 05 Oct 2015 06:46 AM PDT





Google သည် Nexus 5X နှင့် 6P စမတ်ဖုန်းသစ်နှစ်မျိုးကို မိတ်ဆက်ပြသ သွားခဲ့သည်။ အဆိုပါ စမတ်ဖုန်းများ၏ ဒီဇိုင်းသည် အလွန်သပ်ရပ်ပြီး ခေတ်မီသလို အခြားထုတ်ကုန်များနှင့် ကွဲပြားခြားနားသည့် ထုတ်ကုန်များဖြစ်သည်။

Nexus 6P သည် ကုမ္ပဏီမှ ဖန်တီးသမျှ  Nexus  ဟန်းဆက်များအနက် အရည်အသွေး အမြင့်မားဆုံး ထုတ်ကုန်ဖြစ်ကြောင်း Google မှ ပြောဆိုခဲ့သည်။ Nexus 6P နှင့်အခြား Nexus စမတ်ဖုန်းအကြား ကွာခြားချက်မှာ သတ္တုကိုယ်ထည် အသုံးပြုထားခြင်းဖြစ်သည်။ Huawei နှင့် Google ပူးပေါင်းထုတ်လုပ်ထားသည့် Nexus 6P ၏ မျက်နှာပြင်အရွယ်အစားမှာ ၅.၇ လက်မဖြစ်ပြီး  ဘေးဘောင်ကို အလွန်သေးငယ်စေရန် ဖန်တီးထားသည်။ ထို့အပြင် Nexus 6P ၏အထူမှာ ယခင် Nexus 6 ထက်ပါးလွှာသည်။ LG မှထုတ်လုပ်ပေးထားသည့် Nexus 5X ၏မျက်နှာပြင် အရွယ်အစားမှာ ၅.၂ လက်မဖြစ်ပြီး မျက်နှာပြင်သေးငယ်သည့် ဖုန်းနှစ်သက်သူအတွက် သင့်တော်သည်။ Nexus 5X ၏ကိုယ်ထည်ကို ပိုလီကာဗွန်နိပ်ဖြင့် ဖန်တီးထားသည်။ Nexus 5X ၏ရုပ်ထွက်အရည်သွေးမှာ HD 1,920x1,080 display ဖြစ်သော်လည်း 6P မှာမူ WQHD 2,560x1,080 ဖြစ်သည်။

Nexus 5X နှင့် 6P တွင် လက်ဗွေဖတ်စနစ်အပြင် အားသွင်းမြန်ဆန်သည့် USB Type-C နှင့် ပုံထွက်ကောင်းမွန်သည့် ကင်မရာတို့ ပါဝင်သည်။ ၎င်း Nexus စမတ်ဖုန်း သစ်များတွင်ပါဝင်သော လက်ဗွေဖတ်စနစ်မှာ ကင်မရာအောက်နားတွင် တည်ရှိသည်။

 အဆိုပါ Nexus စမတ်ဖုန်းသစ်များ၏ ကျောဘက်ကင်မရာမှာ 12.3 megapixel ရှိပြီး Nexus 6 ထက် ကင်မရာတုံ့ပြန်မှုနှင့်  shutter မြန်နှုန်းမြင့်ပြီး အရည်အသွေး ကောင်းမွန်သည်။ ထို့အပြင် 4K ဗီဒီယိုထောက်ပံ့မှုနှင့်  slow motion video mode တို့ပါဝင်လာသည်။ Nexus 6P ၏ရှေ့ကင်မရာမှာ 8 megapixel ရှိပြီး 5X မှာမူ 5 megapixel ရှိသည်။ Nexus 6P ကို ကန်ဒေါ်လာ ၄၉၉ ဖြင့်စတင် ရောင်းချမည်ဖြစ်ပြီး 5X ကိုမူ ကန်ဒေါ်လာ ၃၇၉ ဖြင့်ရောင်းချ သွားမည်ဖြစ်သည်။

Ref: Mashable
Credit  internetjournal

သီဟထိုက်
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်များ စတင်လျှောက်ထားနိုင်

Posted: 05 Oct 2015 06:45 AM PDT




တက္ကသိုလ်ဝင် စာမေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများကို အောက်တိုဘာလ ၁ ရက်မှစတင်ကာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် သတ်မှတ်ထားသောနှုန်းထား များဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲ ဝင်ခွင့်လျှောက်လွှာ တင်သွင်းရာတွင် ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့် ဖြေဆိုမည့်သူများသည် အစိမ်းရောင် ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊ (၃)၊ (၄) များဖြင့် ဖြေဆိုမည့်သူများ အတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း တင်သွင်းရန် ခွဲခြား သတ်မှတ်ထားသည်။ ပြင်ပဖြေဆိုရန် လျှောက်လွှာ တင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးများတွင် စာမေးပွဲ ဝင်ကြေးအတွက် ကျသင့်ငွေ တံဆိပ်ခေါင်းများ ၀ယ်ယူကာ ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင် ကပ်၍ မိမိတို့ အမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အတွင်း တင်သွင်းရမည်ဖြစ်သည်။

အခြေခံပညာအထက်တန်း ကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာ တင်သွင်း မည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေး အတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ကျသင့်ငွေ တံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာ တစ်စောင်ချင်းတွင် ကပ်၍ စုပေါင်းကာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အတွင်း တင်သွင်းရမည်ဖြစ်သည်။

လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော်၊ ရုံးအမှတ် ၅၂၊ မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန (ရုံးချုပ်)၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်) နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ အမှတ် ၁၆၆၊ လသာလမ်း၊ ရန်ကုန်မြို့တို့တွင် ဝယ်ယူ နိုင်မည်ဖြစ်သည်။

Credit  internetjournal

သီဟထိုက်
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



သုံးနှစ်တာကာလ အတွင်း ITPEC စာမေးပွဲ ဖြေဆိုသူ နှစ်သောင်းခြောက်ထောင် ရှိရန် ရည်မှန်းထား

Posted: 05 Oct 2015 06:45 AM PDT





သုံးနှစ်တာကာလအတွင်း ITPEC စာမေးပွဲဖြေဆိုသူ နှစ်သောင်းခြောက်ထောင်ရှိရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက ပြောသည်။

အဆိုပါ စာမေးပွဲမှာ အိုင်တီအခြေခံဗဟုသုတရှိပြီး အိုင်တီဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်နေသူများအတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ IT ITPEC Qualification တွေဟာ IT Skill Standard ကို အခြေခံထားပြီးတော့ တည်ဆောက်ထားတဲ့ စာမေးပွဲတွေပါ။ အဲဒီစာမေးပွဲတွေဟာ သုံးနှစ်တာ ကာလ အတွင်းမှာ ဒေသတွင်းမှာ လူအများ လက်ခံတဲ့ စာမေးပွဲ Certificate တွေဖြစ်အောင် ကြိုးစားသွားမယ်ဆိုပြီး ကျွန်တော်တို့က ရည်ရွယ်ထားပါတယ်။ သုံးနှစ်တာ ကာလ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ အတွင်းမှာ စာမေးပွဲဖြေဆိုသူ အရေအတွက် နှစ်သောင်းခြောက်ထောင် ရှိရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လုပ်ပါတယ်။ နောက်ပြီးတော့ စာမေးပွဲအောင်မြင်သူ အရေအတွက်ပေါင်း ခြောက်ထောင်ကျော်လောက် မွေးထုတ်နိုင်ဖို့ရာ ရည်မှန်းပြီးတော့ ဆောင်ရွက်နေပါတယ်" ဟု ဦးရဲရင့်ဝင်းက ပြောသည်။

အဆိုပါ စာမေးပွဲများ ဝင်ရောက်ဖြေဆိုခြင်းအားဖြင့် လုပ်ငန်းခွင်တွင် အကျိုးရှိစေရန် မျှော်မှန်းထားသည် ဟု ဆိုသည်။

"ဒီစာမေးပွဲတွေဟာ ဖိလစ်ပိုင်ရယ်၊ ထိုင်းရယ်၊ ဗီယက်နမ်ရယ်မှာတော့ အတော်အတန် အောင်မြင်ပြီးတော့ကျတော့ ရေပန်းစားတဲ့ စာမေးပွဲတွေဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဆိုလို့ရှိရင် တစ်နှစ်ကို လူလေးသိန်းလောက် ဖြေနေတဲ့စာမေးပွဲများ ဖြစ်ပါတယ်။

ဒီစာမေးပွဲတွေ ဖြေခြင်းအားဖြင့် တက္ကသိုလ် ပညာရေးနဲ့ လက်တွေ့မှာလည်း ပိုမိုပြီးတော့ အကျိုး ရှိလိမ့်မယ်လို့ မျှော်မှန်းပါတယ်" ဟု ဆက်လက်ပြော ကြားသည်။

မြန်မာနိုင်ငံတွင် အိုင်စီတီကဏ္ဍအတွက် အသက်မွေးဝမ်းကျောင်းပြုသူများ လိုအပ်နေကြောင်း၊ အိုင်စီတီ အသက်မွေးဝမ်းကျောင်းပြုသူများ မွေးထုတ်လာနိုင်ရန် ရည်ရွယ်၍ အဆိုပါ စာမေးပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲများကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ကြီးမှူး၍ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
"ဗီယက်နမ်မှာမှာ အိုင်တီပညာရှင်အင်အား တစ်သိန်းလောက် လိုတယ်ဆိုတာပြောတယ်။ ကျွန်တော်တို့ဆီမှာ လက်ရှိအခြေအနေအရ တက္ကသိုလ်ကျောင်း ကနေ မွေးထုတ်နိုင်မယ့် လူတွေ တွက်ကြည့်မယ်ဆိုလို့ရှိရင် ဆယ်နှစ်ကျော်လောက်မွေးထုတ်မှ လူတစ်သိန်းလောက် ပြည့်မယ့်သဘော ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အများကြီးပဲ လိုအပ်လာမှာပါ။ ဒါကြောင့် Professional တွေ မွေးထုတ်လာနိုင်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ ကျင်းပရခြင်းဖြစ်ပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။

Thiha Htike(THT)
 My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Patreon ဝက်ဘ်ဆိုက်၏ အချက်အလက်များ အွန်လိုင်းတွင် ပေါက်ကြားခဲ့

Posted: 05 Oct 2015 06:44 AM PDT





အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Patreon ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရအပြီး 15 gigabytes ခန့်ရှိ အချက်အလက်များ ပေါက်ကြားခဲ့ကြောင်း သိရသည်။

Patreon သည် အနုပညာရှင်များက ၎င်းတို့ကိုယ်တိုင် ဖန်တီးထားသည့် အနုပညာလက်ရာ သို့မဟုတ် ပညာဖြင့် ရံပုံငွေရှာဖွေနိုင်သည့် ဝက်ဘ်ဆိုက်ဖြစ်သည်။ Patreon ကို တေးဂီတပညာရှင် ဂျက်ကွန်တီနှင့် developer ဆမ်ရမ်တို့က ပူးတွဲတည်ထောင်ခဲ့သည်။ Patreon ဝက်ဘ်ဆိုက်တွင် ငွေကြေးလှူဒါန်းသူ ၂,၃၃၀,၃၈၂ ၏ တစ်ကိုယ်ရေ အချက်အလက်များမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁ ရက်၌ အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း အကြွေးဝယ်ကတ် အသေးစိတ် အချက်အလက်များမှာ ခိုးယူခြင်းမခံခဲ့ရ ကြောင်း အမှုဆောင်အရာရှိချုပ် ဂျက်ကွန်တီက ပြောဆိုခဲ့သည်။

"ကျွန်တော်တို့ ဆာဗာမှာ အကြွေးဝယ်ကတ်နံပါတ် အပြည့်အစုံကို မသိမ်းဆည်းမထားပါဘူး။ ပေါက်ကြားခဲ့တဲ့ အချက်အလက်မှာ အကြွေးဝယ်ကတ်တွေ မပါဘူး။ ဒါ့အပြင် သုံးစွဲသူရဲ့ လူမှုလုံခြုံရေး နံပါတ်၊ အခွန်ဆောင်တဲ့ ပုံစံနဲ့ password အားလုံးကိုလည်း encrypt ပြုလုပ်ပြီး လုံလုံခြုံခြုံ ရှိနေပါတယ်" ဟု ကွန်တီက ပြောကြားခဲ့သည်။

Patreon ၏ password များကို encrypt မပြုလုပ်ခဲ့ဘဲ သိမ်းထားခဲ့ကြောင်း၊ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ကြိုတင်ကာကွယ်မှုအဖြစ် login အချက်အလက် အသေးစိတ်များ ပြောင်းလဲထားသင့်ကြောင်း ကွန်တီက တိုက်တွန်းခဲ့သည်။

၂၀၁၅ ခုနှစ် ဇွန်လအတွင်း Patreon ၏ ကိန်းဂဏန်း အချက်အလက်များအရ ဝက်ဘ်ဆိုက်ကို လစဉ်ဝင်ရောက် ကြည့်ရှုသူ ၁၆ သန်းရှိကြောင်း သိရသည်။ Patreon သည် ဝက်ဘ်ဆိုက် "debug" ဗားရှင်း သို့မဟုတ် စမ်းသပ်မှုတစ်ခုအတွင်း အချက်အလက်များ ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: BBC
Credit  internetjournal

Thiha Htike(THT)
 My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



အလိုအလျောက် မောင်းနှင်နိုင်သည့် ထရပ်ကားကို Daimler မှ ပထမဆုံးအကြိမ် စမ်းသပ်

Posted: 05 Oct 2015 06:44 AM PDT





မော်တော်ကားများ ထုတ်လုပ်သည့် Daimler ကုမ္ပဏီသည် အလိုအလျောက် မောင်းနှင်နိုင်သော Highway Pilot စနစ်သုံး Mercedes-Benz Actros လုပ်ငန်းသုံး ထရပ်ကားကို ဂျာမနီနိုင်ငံရှိ အများပြည်သူသုံး လမ်းမ Autobahn 8 တွင် ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပြခဲ့သည်။

ထိုသို့စမ်းသပ်ခဲ့ရာတွင် ၎င်းထရပ်ကားကို အန္တရာယ်မကျရောက်စေရန် အဖွဲ့သားများက စောင့်ကြည့်ခဲ့ရသည်။ အလိုအလျောက် မောင်းနှင်နိုင်သည့် Mercedes-Benz Actros ထရပ်ကားသည် ရေဒါအမျိုးမျိုး ပေါင်းစပ် အသုံးပြု၍ အဝေးပြေးလမ်းမပေါ်တွင် ကောင်းစွာ ထိန်းကျောင်း မောင်းနှင်နိုင်ခဲ့သည်။ ထို့အပြင် အဆိုပါထရပ်ကားတွင် စတူရီယိုကင်မရာများနှင့် အခြေအနေအမျိုးမျိုးတွင် လုံခြုံစွာ ထိန်းကျောင်းမောင်းနှင်နိုင်မည့် စနစ်များစွာလည်း ထည့်သွင်းထားသည်။

Daimler ၏ စမ်းသပ်မှုအရ ၎င်းနည်းပညာသည် ပြင်ပလောကအတွင်းရှိ မည်သည့်ယာဉ်နှင့်မဆို သဟဇာတဖြစ်ကြောင်း ဗီဒီယိုတွင် ပြသခဲ့သည်။

သို့သော်လည်း အလိုအလျောက် မောင်းနှင်နိုင်သည့် ထရပ်ကားများသည် မည်သည့်အခြေအနေမဆို ရင်ဆိုင်နိုင်ရန် စမ်းသပ်မှုများစွာ ပြုလုပ်ရဦးမည် ဖြစ်သည်။

Ref: Engadget
Credit to  internetjournal

Thiha Htike(THT)
My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



မုဆိုးနေရာကနေ သမင်တွေကိုပစ်ခက်ဖမ်းဆီးရမယ့်ဂိမ်းလေး - DEER HUNTER 2016 APK MOD Unlimited Money

Posted: 05 Oct 2015 05:19 AM PDT

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

♪ Myanmar Mobile View Journal - Vol-1 Issue-11 (5.10.15) ♫

Posted: 05 Oct 2015 05:03 AM PDT


Mobile View ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile View ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Mobile View ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile View Vol-1 Issue-10 ကို တင်ပေး လိုက်ပါတယ်ဗျာ။ 5-October ရက်နေ့ထွက်ပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှသူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

Credit to ==> https://www.facebook.com/myanmarmobileview



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ဓာတ်ပုံတွေမှာ အလင်းရောင် အမှုံလေးတွေထည့်ပေးနိုင်တဲ့ - XnLight Effect Bokeh & Leak

Posted: 05 Oct 2015 04:57 AM PDT

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

ဘရုပ်စလီ (ကွန်ဖူးဘုရင်) ဖိုက်တင်ဂိမ်းလေး - Bruce Lee King Of Kungfu 2015 APK MOD Unlimited Life + HP

Posted: 05 Oct 2015 04:46 AM PDT

Download
                             
                          Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

လေဆိပ်မြို့တော်တည်ဆောက်ရမယ့်ဂိမ်းလေး - Airport City APK V4.0.34 MOD Unlimited Money + Cash

Posted: 05 Oct 2015 03:21 AM PDT

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

Launcher အသစ်ထွက်ဒီဇိုင်းအလန်းလေး -Marshmallow Launcher Pro v101 Apk

Posted: 05 Oct 2015 03:13 AM PDT

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

ဖိုက်တင်ဇာတ်လမ်းရှည်ဂိမ်းကောင်းလေး - Order & Chaos 2: Redemption v1.0.2a Apk (ဖိုင် 10 ခု)

Posted: 05 Oct 2015 03:05 AM PDT





                              

                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

ကားပြိုင်ဂိမ်းကောင်းလေး - Drag Racing 3D v1.7.7 Apk

Posted: 05 Oct 2015 02:49 AM PDT

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

0 comments:

Post a Comment