Related Posts Plugin for WordPress, Blogger...

October 15, 2015

The Irrawaddy's Blog

The Irrawaddy's Blog


နေကြာစေ့ရဲ့ အံ့မခန်းအစွမ်း

Posted: 14 Oct 2015 10:36 PM PDT




ကောက်ပဲသီးနှံတွေနဲ့ပဲရောစားစား၊ အသီးအရွက်အသုပ်တွေအပေါ်မှာပဲဖြူးစားစား၊ ပေါင်မုန့်နဲ့ပဲတွဲစားစား၊ အစေ့ ချည်းသက်သက်အရသာခံစားစား နေကြာစေ့ကို နည်းလမ်းများစွာနဲ့ ပျော်ရွှင်စွာသုံးဆောင်နိုင်ပါတယ်။ နေကြာစေ့ဟာ သေးငယ်သော အစေ့ဖြစ်သော်လည်း သူ့မှာဗိုက်တာမင်၊ သတ္တုဓါတ်၊ ရနံ့အဆီနဲ့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများ အပြည့်အ၀ပါဝင်ပါတယ်။ လက်တစ်ဆုပ်စာမျှ နေကြာစေ့ပမာဏကို စားသုံးတာနဲ့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူးများကို ရရှိစေပါတယ်။

နှလုံးသွေးကြောများကိုအကာအကွယ်ပေးခြင်း

နေကြာစေ့မှ ဗိုက်တာမင်အီး အများအပြားပါဝင်ပြီး အဆီမှာ အလွယ်တကူ ပျော်ဝင်နိုင်တဲ့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းလည်းပါရှိပါတယ်။ ဗိုက်တာမင်အီးဟာ ခန္ခာကိုယ်တွင်းရှိ ဓါတ်မပြည့်တဲ့ မော်လီကျူးများကို ထိန်းညှိုပေးတဲ့အပြင် အောက်ဆီဂျင်ဓါတ်လျော့ခြင်းကိုလည်း တားမြစ်ပေးပါတယ်။ ဓါတ်ပြယ်သွားသော သွေးတွင်းအဆီများဟာ သွေးကြောတစ်လျှောက်မှာ ကပ်ညိနေတတ်ပြီး သွေးကြောအဆီပိတ်ခြင်းကို စတင်ဖြစ်ပေါ်စေပါတယ်။ ထိုမှတဆင့် သွေးကြောများပိတ်ခြင်း၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကိုပါ ဖြစ်ပေါ်နိုင်ပါတယ်။

သွေးတွင်းအဆီများကိုလျှော့ချပေးခြင်း

နေကြာစေ့မှာပါရှိတဲ့ ကယ်လိုရီများဟာ ဟိုက်ဒရိုကာဗွန်များပါဝင်တဲ့ ဖက်တီးအက်ဆစ်နဲ့ ဖွဲ့စည်းထားပြီး လင်နိုလစ်အက်ဆစ်မှာလည်း ဖက်တီးအက်ဆစ် (၅၀%)ပါဝင်ပါတယ်။ တချိန်တည်းမှာပဲ နေကြာစေ့မှာ ကာဗွန်အက်တန်တစ်လုံးသာ ပါဝင်သော လင်နိုလစ်အက်ဆစ်ပါဝင်တာမို့ ခန္ခာကိုယ်အတွက် မလိုအပ်သော အဆီများကိုလျော့ချပေးပြီး ခန္ခာကိုယ်ကိုအကျိုးပြုသော အဆီပမာဏကို မြှင့်တင်ပေးပါတယ်။

အရိုး၊အာရုံကြောနဲ့ ကြွက်သားများအား အကျိုးကျေးဇူးပေးခြင်း

နေကြာစေ့ဟာ မဂ္ဂနီစီယမ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအသောက်ဖြစ်တာမို့ ခန္ခာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်နဲ့ ကျန်းမာသန်စွမ်းတဲ့အရိုးများကို ပိုင်ဆိုင်ဖို့ကူညီပေးပါတယ်။ ခွက်တစ်ခွက်ထဲမှာ လေးပုံတစ်ပုံမျှရှိနေတဲ့ နေကြာစေ့ပမာဏဟာ နေ့တနေ့တာအတွက် လိုအပ်တဲ့ မဂ္ဂနီစီယမ်ဓါတ်ကို ဖြည့်ဆည်းပေးနိုင်ပါ တယ်။

နေကြာစေ့ဟာ သင့်ရဲ့အမောအပန်းများကိုလည်း ပြေစေပါတယ်။ အာရုံကြောများရဲ့ ထုတ်လွှင့်မှုလုပ်ငန်းများ ကောင်းမွန်စေရန်အတွက် အာရုံကြောဆဲလ်များဟာ ကယ်လ်စီယမ်ဓါတ်အပေါ်မှီခိုလျက်ရှိပါတယ်။ မဂ္ဂနီစီယမ်ဟာ အာရုံကြောဆဲလ်အတွင်း ကယ်လ်စီယမ်ဝင်ရောက်လာမှုကို ထိန်းညှိပေးပါတယ်။ ထိုကဲ့သို့ ထိန်းညှိပေးခြင်းအားဖြင့် အာရုံကြောဆဲလ်များဟာ လိုအပ်သည်ထက်ပို၍ တက်ကြွနေခြင်းကို ကာကွယ်ပေး   ပြီး သွေးကြောနဲ့ကြွက်သားများကို ပြေလျော့စေပါတယ်။

ကင်ဆာဆန့်ကျင်ပစ္စည်းအဖြစ် ကာကွယ်ပေးခြင်း

သေးငယ်လှတဲ့နေကြာစေ့တွေမှာ ဆလင်နီယမ်သတ္တုဓါတ်၊ ကြွယ်ဝစွာပါဝင်ပြီး အဲဒီဓါတ်ဟာ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့အရာများစွာနဲ့ ဆက်နွယ်လျက်ရှိပါတယ်။ ရှာဖွေလေ့လာချက်များအရ ဆလင်နီယမ်ဟာ ဗီဇဆဲလ်များကို ပြန်လည်ပြုပြင်ပေးခြင်းကို ပံ့ပိုးပေးပြီး ကင်ဆာဆဲလ်ပြန့်နှံ့ခြင်းကို ရပ်တန့်စေရန် ကူညီပေးတာမို့ ကင်ဆာဆဲလ်များ ၄င်းတို့အလိုအလျောက် ပြန်လည်ချေဖျက်ခြင်းကိုဖြစ်ပေါ်စေပါတယ်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများဖြင့်ကာကွယ်ပေးခြင်း

နေကြာစေ့ဟာ ကျူးနစ်အက်ဆစ်၊ ကလိုရဂျန်းနစ်အက်ဆစ်၊ ကဖီးက်အက်ဆစ်ကဲ့သို့သော ပိုလီဖီနောများကို ကြွယ်ဝစွာဖြည့်ဆည်းပေးနိုင်သော အစားအစာလည်းဖြစ်ပါတယ်။ အဲဒီဒြပ်ပေါင်းများဟာ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းအဖြစ်ဆောင်ရွက်ပေးပြီး ဆဲလ်များကို ဓါတ်မပြည့်ခြင်းမှသော်လည်းကောင်း၊ ဓါတ်ပြယ် ခြင်းကြောင့်ြ ဖစ်ပေါ်လာစေတဲ့စိတ်ဖိစီးမှုများမှသော်လည်းကောင်း ကွယ်ကာပေးပါတယ်။ ဤကဲ့သို့ စိတ်ဖိစီးမှုများဟာ အချိန်မတန်မီ အိုမင်းရင့်ရော်ခြင်းနဲ့ နာတာရှည်ရောဂါများကို ဖြစ်ပွားစေနိုင်ပါတယ်။



ခင်အေးမြလွင် 

ကိုးကားသတင်း။ ။ http://www.healthdigezt.com/5-wonderful-benefits-of-sunflower-seeds/

စာရေးဆရာမ ရွှေရေးထင်ထင်ရဲ့ ပထမဆုံးလုံးချင်းဝတ္ထုသစ် ထွက်ပြီ

Posted: 14 Oct 2015 10:04 PM PDT


စာရေးဆရာမ ရွှေရေးထင်ထင်(ဓာတ်ပုံ - မျိုးမင်းစိုး/ ဧရာဝတီ)

မကြာသေးခင်ကာလလောက်က ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာ်မှာ ခပ်မိုက်မိုက် ခပ်လန်းလန်းဒီဇိုင်းနဲ့ စာရေးဆရာမ တဦးရဲ့ ဓာတ်ပုံတွေပျံ့နှံ့ခဲ့ပြီး အတော်လေး နာမည်ကြီးခေတ်စားခဲ့တာ မှတ်မိကြဦးမှာပါ။ အခု အဲ့ဒီ စာရေးဆရာမရဲ့ ပထမဆုံးလုံးချင်း ၀တ္ထုသစ် ထွက်ရှိလို့လာပါပြီ။ စာရေးဆရာမ အမည်ကတော့ ရွှေရေးထင်ထင်ပါ။

သူ့ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုသစ်ကတော့ ရွှေကြာဖူးသစ် လို့ အမည်ရပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာ စတင်ဖြန့်ချိလိုက်တာပါ။ အဲ့ဒီ လုံးချင်းဝတ္ထုသစ်ကို မြန်မာမီဒီယာအုပ်စု မှ ထုတ်ဝေ ဖြန့်ချိ ပေးထား တာဖြစ်ပြီး စာမျက်နှာလေးရာခန့်ပါကာ အချစ်၊ စုံထောက် နဲ့ ဟာသဆန်ဆန် ရသသုံးမျိုးကို ဇာတ်လမ်းရှည်  ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။


ရွှေကြာဖူးသစ် မျက်နှာဖုံးမှာလည်း ရွှေရေးထင်ထင်နဲ့အတူ မော်ဒယ်သရုပ်ဆောင်နှစ်ဦးက ပါဝင် သရုပ်ဆောင်ပေးထားတာဖြစ်ပြီး ၀တ္ထုနဲ့ ပတ်သက်လို့ ဆရာမ ရွှေရေးထင်ထင်က "၀တ္ထုက ပထမဆုံး ၀တ္ထုဆိုပေမယ့် နည်းနည်းရှည်သွားတယ်။ အဲဒီအတွက်ကိုလည်း ထုတ်ဝေသူက အများကြီး ထုတ်ပေးရတယ်။  ပရိသတ်တွေ အနေနဲ့လည်း ၀တ္ထုရှည်သွားတဲ့အတွက် နည်းနည်း အချိန်ပေးပြီးတော့ ဖတ်ပေးရမှာပါ။ ဖတ်လည်းဖတ်ကြည့်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ နောက်တခုက ရွှေရေး ၀တ္ထုက လူငယ်ကြိုက်မယ့် ဖန်စီပုံစံဝတ္ထုလေး ဖြစ်ပါတယ်။ ဖတ်ပြီးရင်တော့ ဘ၀အမောပြေမယ်လို့လည်း မျှော်လင့်ပါတယ်"  လို့ ဧရာဝတီကို ပြောပြပါတယ်။



ရွှေကြာဖူးသစ် ၀တ္ထုကို ရောင်းဈေး ၄၅၀၀ ကျပ်နဲ့ ဖြန့်ချိရောင်းချပေးမှာဖြစ်ပြီး ရွှေရေးထင်ထင်အနေနဲ့ နောက်ထပ် စာအုပ်များအနေနဲ့ စိတ်ကူးချိုချို စာပေတိုက်မှ ကလေးပုံပြင်စာအုပ်များနဲ့ ဒုတိယ လုံးချင်း ၀တ္ထုသစ်လည်း ဆက်တိုက်ထွက်ရှိလာဖို့ရှိကြောင်းသိရပါတယ်။


ယုမွန်ကျော်

Insight ပုံစံနဲ့ ပွဲထွက်လာတဲ့ Honda Civic Type R

Posted: 14 Oct 2015 02:29 AM PDT


photo-autocar.com

ကျနော်တို့ ပြည်တွင်းမှာဆိုရင် လမ်းကြောင်းနေရာတော်တော်များများမှာ Honda Civic တွေကို မြင်နိုင်၊ တွေ့နိုင်ပေမယ့် သေချာတာကတော့ Hatchback ပုံစံCivic ကတော့ ရှိဖို့မလွယ်ပါဘူး။ တကယ်လို့ Hatchback အနေနဲ့ဆိုရင်တော့ Fastback တန်းဝင် တည်ဆောက်ပုံချင်းဆင်တဲ့ Honda Insight တွေပဲများတာပေါ့နော်။ ဒီမှာ Honda ကနေ ထူးခြားတဲ့ ဖန်တီးမှုတခုခုလုပ်ဆောင်ပြီး မော်ဒယ်သစ် တခုမျိုး ဖန်တီးလာတာကို တွေ့ရတယ်လေ။ ဘယ်လိုမျိုးလဲဆိုတော့ Civic ရဲ့ လက်ရှိစွမ်းဆောင်ရည်ထက် ပိုမိုကောင်း    မွန်အောင် Type R တန်းဝင်အောင် မော်ဒယ်ကိုဖန်တီးတယ်၊ ဒါပေမယ့် ကိုယ်ထည်ပိုင်း တည်ဆောက်မှုမှာတော့ Insight လိုပဲ Hatchback တန်းဝင်အောင် ဖန်တီးလာတာမျိုးပါ။ မော်ဒယ်ကို ပုံမှန်လမ်းကြောင်းမှာ  မြန်နှုန်းမြင့် မောင်းနှင်နိုင်မှုအပြင် လမ်းကြောင်းစုံမောင်းနှင်နိုင်အောင် ဖန်တီးထားတာတချက်ကတော့  သဘောကျစရာပါ။ ပတ်လမ်းမှာလည်း ဖြစ်တယ်၊ လမ်းကြမ်းလည်းသင့်တယ်၊ ပုံမှန်လမ်းမှာလည်း ကွက်တိပါပဲ။ ဒါပေမယ့် Sport မော်ဒယ် မဟုတ်လို့ ပတ်လမ်းမှာတော့ ဆရာမကျပါဘူး။ ဒါပေမယ့် ပတ်လမ်းပိုင်း စွမ်းဆောင်ရည်ကလည်း တော်တော်လေး သဘောကျစရာပါ။ ဟုတ်ပါပြီ၊ ကျနော်တို့ Type R အကြောင်း ဆက်  ကြည့်ရအောင်ပါနော်။

အားသာချက်

မော်ဒယ်ရဲ့ အားသာချက်က စွမ်းဆောင်ရည် အထူးမြင့်မားအောင် ဖန်တီးထားနိုင်မှုပဲ ဖြစ်ပါတယ်။ ဇိမ်ခံတန်းဝင် မော်ဒယ်တွေအတွက်လောက်ပဲ မြင်းကောင်ရေ ၃၀၀အားလောက်ထိအောင် စွမ်းဆောင်ရည် မြှင့်ထားတတ်တဲ့ အနေအထားမှာ မော်ဒယ်က မြင်းကောင်ရေ ၃၀၆ကောင်အားထိအောင် အသုံးပြု မောင်းနှင်နိုင်အောင် ဖန်တီးထားတာတွေ့ရပါတယ်။ နောက်တချက်ကတော့ Chassis ပိုင်းအထိုင်ကျမှု ဖြစ်ပါတယ်၊ ပုံမှန် အိမ်စီးမော်ဒယ်ကနေ အင်ဂျင်ပိုင်းစွမ်းရည်မြင့် တပ်ဆင်လိုက်ပေမယ့် မော်ဒယ်ကို လမ်းကြောင်းပိုင်းတည်ငြိမ်မှု အပြည့်ရှိအောင် ခံထားပေးတဲ့ အထိုင်စနစ်ကို အကောင်းဆုံးဖန်တီးထားနိုင်တာ တွေ့ရပါတယ်။ နောက်ဆုံးပြောချင်တဲ့ တချက်ကတော့ လေခွင်းစနစ်ဖြစ်ပြီး မြန်နှုန်းမြှင့်တင်မှုအတွက်တင် မဟုတ်ပဲ မြေဆွဲအားလျော့နည်းစေမှုအတွက်ပါ ကူညီပေးနိုင်တာပဲ ဖြစ်ပါတယ်။


အားနည်းချက် …

မော်ဒယ်အနေနဲ့ လက်ကိုင်ပိုင်းမှာ ဒီလောက်ကြီးစိတ်ကြိုက် မတွေ့မိတဲ့ တချက်က မြန်နှုန်းမြင့် မော်ဒယ် တခုခုအတွက် သိပ်မဟုတ်လှတဲ့ အချက်ပါ။ လေးချင်တာလည်းမဟုတ်ပါဘူး၊ လားရာစိတ်ကြိုက် ပြောင်းလဲ မောင်းနှင်နိုင်မှု မရှိတာလည်း မဟုတ်ပဲ မောင်းနှင်နေရသူအနေနဲ့ စိတ်ကျေနပ်မှုအပြည့် မပေးနိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ နောက်တချက်ကတော့ +R Mode ကိုထည့်သွင်းထားတာတွေ့ရပေမယ့် အဆိုပါစနစ်နဲ့ မောင်းနှင် တဲ့ အချိန်မှာ မော်ဒယ်ကသိသာတဲ့၊ ကွဲပြားတဲ့ စွမ်းဆောင်ရည် ပြသနိုင်ရမှာ ဖြစ်ပေမယ့် ဒီလောက်   ကြီး ကောင်းမလာတာ တချက်ကိုတော့ မကြိုက်မိပြန်ပါဘူး။

ထူးခြားလာမှု …

မော်ဒယ်ရဲ့ အတွင်းခန်းမှာ Honda ရဲ့ နောက်ဆုံးဖျော်ဖြေရေးနဲ့ အချက်အလက်ပြစနစ် i-MID စနစ်ကို ထည့်သွင်းထားတာတွေ့ရပြီး သူကလက်ရှိ Civic မော်ဒယ်တွေက စနစ်ထက် ပိုမြန်သလို ပိုကောင်းပါတယ်။  နောက်တခုက Timer စနစ်ကိုထည့်ထားပြီး ပတ်လမ်းမောင်းနှင်ချိန်အတွက်ရောတခု နာရီမိုင် ၆၀နှုန်း မြှင့်တင်မှု အတွက်ပါ အချိန်တွေကို မှတ်ထားပေးနိုင်တာဖြစ်ပါတယ်။ ပြီးတော့ ထိုင်ခုံပိုင်းမှာ ထည့်သွင်း       တည်ဆောက်ထားမှုမှာ Sport ထိုင်ခုံစနစ်တွေကို ထည့်ထားတာတွေ့ရပြီး မောင်းနှင်ရမှုအတွက်ရော လိုက်ပါ စီး နင်းရမှုအတွက်ပါ အဆင်ပြေစေပါတယ်၊ ဒါပေမယ့် ထိုင်ခုံဘောင်တွေ နည်းနည်းထူချင်နေတာတချက် ကတော့ အမြင်ပိုင်းဆိုးချင်သလိုပါ။ နောက်ဖက် Exhaust စနစ်ကို နှစ်ပေါက်စနစ်နဲ့ ဖန်တီးထားပြီး အင်ဂျင်သံတည်ငြိမ်မှု ပိုကောင်းအောင် လုပ်ဆောင်ထားတာလည်း တွေ့ရပါတယ်။

အင်ဂျင်ပိုင်း …

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို ကြည့်မယ်ဆိုရင် ၂.၀ လီတာသုံး VTEC အင်ဂျင်စနစ်ကို တပ်ဆင်ထားတာတွေ့ရပြီး ဓါတ်ဆီစနစ်နဲ့ဖြစ်ကာ လေးလုံးထိုးတန်းဝင် ဖြစ်ပါတယ်။ အင်ဂျင်က အခြေခံလည်ပတ်အားတခု မိနစ်အပတ်ရေ ၂၅၀၀-၄၅၀၀မှာ ရုန်းအား ၂၉၅ ပေါင်-ပေထိအောင် ရှိမှာ ဖြစ်ပြီးစွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၀၆ ကောင်အား ထိအောင်ရှိနေတာပါ။ အင်ဂျင်က တမိနစ် အတွက် အမြင့်ဆုံးအပတ်ရေ ၆၅၀၀ ထိအောင် လည်ပတ်နိုင်မှာဖြစ်ပေမယ့် တကယ်တမ်း မောင်းမယ် ဆိုရင် တော့ အပတ်ရေ ၇၀၀၀ အရောက်မှာ မီးနီကို ရောက်ပါလိမ့်မယ်။ ကားရဲ့အလေးချိန် တတန်အတွက် စွမ်းအင် သက်ရောက်မှုက မြင်းကောင်ရေ ၂၂၂ ကောင်အား ဆိုတာကတော့ သူ့နဲ့ ဈေးနှုန်းတူ မော်ဒယ်တွေထဲမှာ မရှိ   သလောက်ရှားတဲ့ စွမ်းဆောင်ရည်လည်း ဖြစ်နေပါတယ်။



စွမ်းဆောင်ရည် …

မော်ဒယ်အနေနဲ့က ဂီယာချက် ၆ချက်ကို သုံးပြီး Manual စနစ်နဲ့ မောင်းနှင်နိုင်မှာ ဖြစ်ကာ တကယ်တမ်းဆိုရင်တော့ ဂီယာချက် ၇ ချက်လောက်ထိအောင် သုံးနိုင်သင့်တယ်လို့ထင်မိပါတယ်။ ဒါပေမယ့် Manual အတွက်တော့ အခုလောက် ဂီယာချက်က အဆင်ပြေပေမယ့် Auto နဲ့ဆိုရင်တော့ အခုထက်များဖို့ ကောင်းပါလိမ့်မယ်။ ရှေ့ဘီးယက်စနစ်နဲ့ ဖြစ်တာကြောင့် မြန်နှုန်းမြှင့်တင်နိုင်မှုအပိုင်းမှာ သင့်ပေမယ့် လမ်းကြောင်းပေါ်မှာ တည်ငြိမ်မှုအတွက်တော့ နောက်ဘီးယက်စနစ်နဲ့ဆိုရင် ပိုပြီးကောင်းမယ်လို့ ထင်မိပါတယ်။ မော်ဒယ်ရဲ့ အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်မှုကတော့ တနာရီမိုင် ၆၀နှုန်းအတွက် အချိန် ၅.၅ စက္ကန့်ပဲ ဖြစ်ပြီး တနာရီမိုင် ၁၄၀နှုန်းအတွက်ဆိုရင် အချိန် ၃၀.၃ စက္ကန့်တည်းနဲ့ ရောက်ရှိမှာဖြစ်လို့ အရမ်းကိုကောင်းတဲ့ စွမ်းဆောင်ရည်လို့ ဆိုရမှာပါ။

သိထားသင့်တာလေးတွေ …

မော်ဒယ်အနေနဲ့ အင်ဂျင်စနစ် အလယ်အလတ်ဖြစ်ပေမယ့် Turbo စနစ်ထည့်ထားတာကြောင့် စွမ်းဆောင်ရည် ကောင်းမွန်တာဖြစ်ပြီး ရှေ့ဘီးယက်စနစ်လည်းဖြစ်၊ Manual လည်းဖြစ်၊ လည်ပတ်အားလည်းနည်းတာကြောင့် ဆီစားလည်းမဆိုးတာ တွေ့ရပါတယ်။ ပျမ်းမျှအနေနဲ့ ဆီတဂါလံကို ၃၁.၈ မိုင်ထိအောင် စမ်းသပ် မောင်းနှင်မှုမှာ တွေ့ရပြီးတော့ Honda ကတော့ ၃၈ မိုင်လောက်ထိအောင် မောင်းနှင်နိုင်မယ်လို့ ဆိုထားတာပါ။ Suspension စနစ်မှာမော်ဒယ်ကို လမ်းကြမ်းဒဏ် ပိုပြီးခံနိုင်အောင် ဖန်တီးထားတဲ့အနေနဲ့ MacPherson ကို Dual အနေနဲ့ ထိုင်ထားတာတွေ့ရသလို Anti-Roll Bar တွေလည်းထိုင်ထားပါတယ်။ လုံ ခြုံစိတ်ချရမှုအတွက်ကတော့ အရွယ်ရောက် ခရီးသည်တွေအတွက် ၉၄ ရာခိုင်နှုန်း၊ ကလေးငယ်တွေအတွက် ၈၃ ရာခိုင်နှုန်း၊ သက်ကြီးပိုင်းတွေအတွက် ၆၉ ရာခိုင်နှုန်းနဲ့ အကူစနစ်တွေရဲ့စိတ်ချရမှု  ၈၆ ရာခိုင်နှုန်းရှိတာတွေ့ရပြီး ကျနော်တို့ အတွက်တော့ ဈေးနည်းနည်းနဲ့ ရနိုင်မယ့် စွမ်းဆောင်ရည်မြင့် မော်ဒယ်တခုခု ဈေးကွက်ထဲရောက်လာတာ ကျေနပ်စရာ ဖြစ်နေပါပြီနော်။


လင်းထက်(IA)

ဇီဝဗေဒဆရာမတဦးရဲ့ ထူးခြားတဲ့ သင်ထောက်ကူဝတ်စုံ

Posted: 14 Oct 2015 01:23 AM PDT



နယ်သာလန်နိုင်ငံက ဇီဝဗေဒဆရာမတဦးဟာ လူသားတဦးမှာ ရှိလေ့ရှိထဖြစ်သော ခန္ဓာဗေဒဆိုင်ရာ       ပုံသဏ္ဌာန်မျိုးပြုလုပ်ထားတဲ့ ၀တ်စုံကို ကိုယ်တိုင်ဝတ်ဆင်ပြီး စာသင်ကြားခြင်းမှာ အထောက်အကူအဖြစ်  အသုံးပြုခဲ့ပါတယ်။

Groene Hart Rijnwoude ဆိုတဲ့ကျောင်းမှ န၀မတန်းကျောင်းသားတွေဟာ သူတို့ရဲ့ဆရာမက စာသင်နေရင်း ရုတ်တရတ် အပေါ်ဝတ်ကို ချွတ်ချလိုက်ပြီး သူ့ကိုယ်မှာ ၀တ်ဆင်ထားတဲ့ အဲ့ဒီခန္ဓာဗေဒပုံစံ ၀တ်စုံကို     မြင်တွေ့လိုက်ချိန်မှာ အံ့အားသင့်ခဲ့ကြပါတော့တယ်။


ကျောင်းသားတွေဟာ သူတို့ဆရာမက အဲ့ဒီဝတ်စုံကို တဖြည်းဖြည်း လှစ်ဟပြလိုက်ချိန်မှာ တခစ်ခစ်နဲ့ ရယ်သံတွေ ပေါ်ထွက်လာခဲ့ပေမယ့် သူတို့ဆရာမရဲ့လုပ်ရပ်ကို နောက်ပိုင်းမှာ နားလည်သဘောပေါက်ခဲ့ကြပါတယ်။ အဲ့ဒီလို စာသင်ခန်းထဲက အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ ဖေ့ဘုတ်လှုမှုကွန်ရက်မှာ စိတ်ဝင်တစားနဲ့ ကြည့်ရှုသူပေါင်း ၁သိန်း ၃သောင်းကျော် ရှိခဲ့ပါတယ်။


အဆိုပါ ဇီဝဗေဒဆရာမ ၀တ်ဆင်ခဲ့တဲ့ ခန္ဓာဗေဒပုံစံ ၀တ်စုံဟာ အလွှာပေါင်း ၁ လွှာထက်မကပါရှိတဲ့ ၀တ်စုံ လို့ပြောလို့ရပါတယ်။ အဲ့ဒီဝတ်စုံရဲ့ အောက်ဘက်မှာ ကြွက်သားပုံသဏ္ဌာန်၊ အခြားသော ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း ပြသထားတဲ့ ပုံသဏ္ဌာန် အပြင် အရိုင်းပိုင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံတွေကို ပြသထားတဲ့ ပုံသဏ္ဌာန်စတဲ့ အသွင်အပြင်တွေပါဝင်ပါတယ်။

ဆရာမအတွေ့အကြုံ ၇ နှစ် တာရှိပြီဖြစ်တဲ့ အဲ့ဒီဆရာမဟာ ကျောင်းသားတွေကို စာသင်ကြားတဲ့အခါ စိတ်ပါဝင်စားအောင်ဆွဲဆောင်ပြီး သင်ကြားပြသဖို့လိုတယ်လို့ သူ့အနေနဲ့ ခံစားမိကြောင်း ပြောပါတယ်။


သူစာသင်ကြားပြသနေတဲ့ ဓာတ်ပုံများဟာ တရုတ်လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါဆရာမရဲ့ သင်ကြားပြသမှုဟာ ကျောင်းသားတွေကို ဗဟုသုတအနေနဲ့ မှတ်သားရာမှာ ပိုမိုသတိတရ မှတ်သားနိုင်အောင် ကူညီထောက်ပံ့ပေးနိုင်တဲ့အတွက် အဆိုပါ ဆရာမရဲ့စိတ်ကူးကို သဘောကျ နှစ်သက်မိ  တယ်လို့ ပြောဆိုနေကြပါတယ်။


Ref : CCTVnews


0 comments:

Post a Comment