မောင်ပေါက် ( Maung Pauk ) |
- ♪ လှပတဲ့ English စကားစုလေးများ (Ebook) စကားစုပေါင်း ၁၅၀ကျော် ♫
- ♪ ဖုန်းအသုံးပြုရာမှာပေါ့ပါးမြန်ဆန်စေနိုင်မယ့် - Cleaner – Master Booster Pro v2.2.2 Apk (13-Oct) ♫
- ♪ ဖုန်းထဲကနေ ဒေါင်းချင်ရာအားလုံးမြန်ဆန်စွာဒေါင်းယူနိုင်မယ့် - Advanced Download Manager Pro v5.0.4 APK (14-Oct) ♫
- ♪ NetGuide Journal Vol (4), Issue (6) (14.10.15) ♫
- ♪ အင်္ဂလိပ်စာ Grammar ကိုဖုန်းထဲမှာလေ့ကျင့်နိုင်မယ့် - English Grammar Test v1.65 Apk (10-Oct) ♫
- ဈေးနူန်းချို သာ အာမခံချက်အပြည့်ရှိပြီး ထူးခြားချက်ရှိသော NEWINGS Dual 3G Hanset(တစ်သိန်းအောက်ကောင်းကောင်းသုံးလိုသူများအတွက်)
- iOS 9.0.2 အား Jailbreak ပြုလုပ်ခြင်း
- Easy Selfie Free For Window Phone
- Music Player + For Android
- Candy Blast Mania For IOS
- Fitness for Weight Loss Pro For IOS
- မိသားစုလူနေမှု ဘဝကို ပိုင်ဆိုင်နိုင်ရန် အားပေးတိုက်တွန်းမည့် 3D လမ်းလျှောက်ပြိုင်ပွဲ ကျင်းပမည်
- ငါးရက်အတွင်း Microsoft Surface Book များ အကုန်ရောင်းချခဲ့ရ
- Samsung ၏ ဒုတိယမြောက် Tizen စမတ်ဖုန်းကို အိန္ဒိယတွင် ရောင်းချမည်
- BeeTalk ၏ Public Account အား လူတိုင်းအသုံးပြုနိုင်ရန် စတင်
- RAM နည်းတဲ့ ဖုန်းတွေမှာ ram လိုတဲ့ဂိမ်းတွေဆော့နိုင်မယ့် - 1 GB RAM Booster
- ဖုန်းဘက်ထရီအားအမြန်ဝင်စေတဲ့ - Battery HD Pro v1.63.06 Apk
- GO Launcher ဒီဇိုင်းအလန်းလေး - Crystal GO Launcher Theme
- Lock Screen အလန်းစားလေး - Go Lock Screen Apk
- ဖုန်းမှာလေးနေတာတွေရှင်းပေးနိုင်တဲ့ - Cleaner – Master Booster Pro v2.2.2 Apk
| ♪ လှပတဲ့ English စကားစုလေးများ (Ebook) စကားစုပေါင်း ၁၅၀ကျော် ♫ Posted: 15 Oct 2015 07:15 PM PDT ![]() English စာကိုလေ့လာနေတဲ့သူများအတွက် အသုံးတည့်စေမယ့် လှပတဲ့ English စကားစုလေးများကို Pdf File အဖြစ်တင်ပေးလိုက်ပါတယ်ဗျာ။ 60Kb လေးသာရှိတာမို့လွယ်ကူမြန်ဆန်စွာနဲ့ဒေါင်းယူနိုင်မှာဖြစ်ပါ တယ်ဗျာ။ English စကားစုပေါင်း ၁၅၀ ကျော်အထိပါဝင်တဲ့အတွက်တော့ Eng Knowledge များပိုမိုတိုးပွာ လာစေမှာဖြစ်ပါတယ်ဗျာ။ အောက်က Link မှာဒေါင်းယူသွားနိုင်ပါတယ်ဗျာ။ Facebook ကနေအဆင့်ဆင့် ပြန်လည် မျှဝေပေးတာဖြစ်တဲ့အတွက် မူရင်းရေးသားသူကို Credit ပေးပါတယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ ဖုန်းအသုံးပြုရာမှာပေါ့ပါးမြန်ဆန်စေနိုင်မယ့် - Cleaner – Master Booster Pro v2.2.2 Apk (13-Oct) ♫ Posted: 15 Oct 2015 06:58 PM PDT ဖုန်းတစ်လုံးမှာဆောင်ထားသင့်တဲ့ Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်။ Cleaner - Speed Booster Pro ဆိုတဲ့ Application လေးကတော့ ဖုန်းထဲမှာမလိုအပ်တော့တဲ့ Cache & Junk File များကိုရှင်းလင်းပေးခြင်းအားဖြင့် ဖုန်းတစ်ခုလုံးကိုပေါ့ပါးမြန်ဆန်လာစေမှာဖြစ်ပါတယ်ဗျာ။ Phone နဲ့ Game ကစားသူများအတွက်လည်း Game Speed Booster ဆိုတဲ့ Feature ပါဝင်တာကြောင့် Game ကစားတာများ လည်း Phone လေးလံသွားခြင်းမရှိစေပါဘူး။ Web Browser များအသုံးပြုရာမှာလည်းမိမိရဲ့ Personal History များမကျန်ခဲ့စေဖို့အတွက် History များကိုရှင်းလင်းပေး နိုင်ခြင်း ဖုန်းရဲ့နောက်ကွယ်မှာ မလိုအပ်ဘဲ Run နေတဲ့ Application များကိုပိတ်ပေးနိုင်တဲ့ Task Killer System ပါဝင်သောကြောင့် ဖုန်းကိုပေါ့ ပါးမြန်ဆန် လာစေမှာပါ။ ဒီထက်ပိုပြီး အသုံးတည့်မယ့် Feature ပေါင်းများစွာ ပါဝင်ပါတယ်။ Feature တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုအောက်မှာအသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။ Android OS 4.0.3 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ * FEATURES * 1. Memory Cleaner Clean up memory (RAM) and kills background processes / tasks that slows down your device, with one-tap "Optimizer" button. Using memory cleaner will cool down your phone when CPU overheating, boost your phone, and even save your phone from battery draining. 2. Junk Cleaner (System Cache) Remove old junk files such as system cache trash & residual files. Free up your storage space by deleting junk files & optimize your phone for better performance! 3. Game Booster Engine By Allocating system resource to your game, Game Booster will optimize your phone engine for best gameplay environment! Boost game speed by 20%+ when launching. Use this function when phone is lagging or freezes frequently upon playing game. 4. Call Log History & SMS History Cleaner Protect your privacy by removing any unwanted call log history & SMS / Text History one by one. By tapping "Select All", you can remove all private conversation logs in one-tap ! 5. Search & Browser History Eraser Secure your privacy by erasing Google play store search history & default browser search history. Includes Clipboard history eraser and download file manager as well! 6. App Manager Batch uninstall unused / unwanted apps to free up your storage space & Disable pre-installed apps to clean up your home screen! 7. Game Booster Widget Access your Game Optimizer function from Android home screen widget within one-tap! ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| Posted: 15 Oct 2015 06:52 PM PDT ဒီ Download Manager လေးကိုတော့ သူငယ်ချင်းများအားလုံးသိပြီးသားပါ။ အခု 14-Oct မှာအသစ် ထွက်လာ လို့ထပ်တင်ပေးလိုက်တာပါ။ မိမိလိုချင်တဲ့ Data များအားလုံးကို လွယ်ကူစွာမြန်ဆန်စွာနဲ့ဒေါင်း ယူပေးနိုင် မှာဖြစ်ပါတယ်ဗျာ။သူငယ်ချင်းတို့ဖုန်းထဲမှာဒါလေးကို install လုပ်ထားဖြင်းဖြင့် မည့်သည့် ဖိုင်ကိုမ ဆိုလွယ် ကူစွာ ဒေါင်းလော့စ်ပြုလုပ်နိုင်သည့်အပြင် Youtube,Facebook နှင့်ရုပ်ရှင်ဝက်ဆိုဒ်တွေပါမကျန် ဇာတ်ကား များကိုလျှင်မြန်သော Speed ဖြင့်ဒေါင်းလော့စ်ချပေးသော App လေးဖြစ်ပါတယ်။ Resume ပါရတဲ့အတွက် အချိန်မရွေး ပြန်လည်ဒေါင်းယူနိုင်ပါတယ်။ ဒေါင်းပြီးသားဖိုင်များကိုလည်း SD card ထဲသို့ တိုက်ရိုက် save လုပ်ပေးထားနိုင်ပါတယ်။ Android OS 4.0 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ NetGuide Journal Vol (4), Issue (6) (14.10.15) ♫ Posted: 15 Oct 2015 10:32 AM PDT ![]() NetGuite ဂျာနယ်ကို အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ NetGuite ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ NetGuide ဂျာနယ် ၀ယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ NetGuide Journal Vol(4), Issue (6) ကိုတင်ပေး လိုက်ပါတယ်ဗျာ။ 14-October ရက်နေ့ထွက်လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင်မပြေ သည့်နေရာဒေသမှသူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ အင်္ဂလိပ်စာ Grammar ကိုဖုန်းထဲမှာလေ့ကျင့်နိုင်မယ့် - English Grammar Test v1.65 Apk (10-Oct) ♫ Posted: 15 Oct 2015 10:08 AM PDT အခုတင်ပေးလိုက်တဲ့ Application ကတော့ အင်္ဂလိပ်စာလေ့လာလိုက်စားနေသူများအတွက် အသုံးတည့် မယ့် Application တစ်ခုဖြစ်ပါတယ်ဗျာ။ English Grammar နဲ့ပတ်သတ်တဲ့ သင်ခန်းစာပေါင်းများစွာ ကိုလေ့လာနိုင် လေ့ကျင့်ဖြေဆိုနိုင်မယ့် Application လေးပါ။ ပါဝင်တဲ့ Lessons များကိုတော့ အောက်မှာ အသေးစိတ်ရေးပြပေးထားပါတယ်ဗျာ။ ဖုန်းထဲမှာတင် English grammar questions 1000 လောက် အထိလေ့ကျင့်နိုင်မှာဖြစ်လို့ အတော်လေးကိုအသုံးတည့်စေမှာဖြစ်ပါတယ်ဗျာ။ Application ရဲ့နမူနာပုံစံ ကိုတော့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 3.2 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ - 1000 English grammar questions; - Bronze, Silver and Gold Medal achievements. Can you collect all Gold medals ?; - English Grammar lessons; - present simple; - present continuous; - past simple; - past continuous; - past perfect; - future; - test results at the end of every test; - Wrong Answer' list, so that you acknowledge your weak points; - keep track of your progress with Evolution Table; - the option of sharing on most important social network sites with just one click; - it's as simple as it gets due to it's easy user interface. You need only 2 clicks to start your test ! ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| Posted: 14 Oct 2015 11:48 PM PDT ![]() မန်မာပြည်မှာစတင်ရောင်းချနေပြီဖြစ်တဲ့ NEWINGS ဖုန်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဈေးနူန်းကတော့ 6xxxx ,9xxxx ဖြစ်ပါတယ်။ ဒီဖုန်းဟာ ဈေးနူန်းလည်းချိုသာသလို အရည်အသွေးလည်းကောင်းမွန်ပြီးအာမခံချက်အပြည့်အ၀ရှိတဲ့ဖုန်းဖြစ်ပါတယ်။ Screen Size က ၅လက်မ,၄လက်မနဲ့ လာတာဖြစ်ပြီး SIM Card ၂ကဒ်ထည့်သွင်းနိုင်ပါတယ်။Android Version ကို Jelly,Kitkat ကိုအသုံးပြုထားပါတယ်။ 3Gonly Hanset ဖြစ်ပြီး Flash light,font&Back Camera ,facebook ,Youtube ,Google Service,Myanmar fontကို Built inအနေန့ ပါဝင်ပြီး ပါဝင်သောဖုန်းများဖြစ်ပါတယ်။ ကြိုက်သလောက် Runပြီး Screen ပေါ့တာကြိုက်သူတွေ နဲ့ Memory အတော့်အသင့်ပါဝင်တာ ကြိုက်သူတွေအတွက် လက်မလွှတ်သင့်ပါဘူး ။ ထပ်ပြောရရင်တော့ COC(Clash of Clan) ၀ါသနာရှင်တွေအတွက် အကောင့်ချိတ်ဖို့အဆင်သင့်ပါသည့်အတွက် လက်မလွှင့်ပါဘူး။ မိမိအနေနဲ့ တစ်သိန်းအောက်ဖြစ်ရမည် ဈေးနူန်းသက်သာရမည် , အရေအသွေးကောင်းရမည်,ပြင်ဆင်မူပစွည်းရှိရမည် အာမခံချက်အပြည့်အ၀ရှိမယ်ဆိုရင် Newings ကိုမေ့လို့လုံးဝမရပါဘူး လက်ရှိ ဈေးကွက်မှာ ရောင်းအားကောင်းပြီး သုံးသူတိုင်း စိတ်ကျေနပ်မူအပြည့်အ၀ပေးနေတဲ့ Hanset တစ်လုံးဖြစ်ပါတယ်။အောက်တွင် Model တစ်ခု ခြင်းဆီကို ရှင်းပြထားပါတယ် ဖတ်ကြည့်ပေးပါ။ W500 Model (Dual 3G)ဆိုလျှင်.., Screen Size က 5 inches ရှိပြီး Flash မီးပါဝင်ပါတယ်။Android Version 4.4 ( Kitkat)ကိုသုံးထားပြီးCPU ကတော့ Quad-Core 1.3GHz သုံးထားပါတယ်။အဖြူ၊အမည်းနှစ်မျိုးလာပါတယ်။ Rom Memory 4GB ပါဝင်ပြီး SD Card အနေနဲ့တော့ 32GB ထိထပ်စိုက်နိုင်ပါတယ်။ ဖုန်းရဲ့ RAM ပမာဏကတော့ 512MB ပါ။Dual Sim Card စိုက်နိုင်ပြီး ကဒ်ပေါက်နှစ်ခုလုံးက 3G တွေဖြစ်ပါတယ် ။ GPS,Wifi,Bluetooth&FMပါဝင်ပါပြီး Video Call ,Motion & Gesture,Magic Thumb ပါဝင်တဲ့အတွက် အသုံးပြုသူတွေအတွက်ပိုနှစ်သက်စေမှာပါ။ မြန်မာဘာသာစကားBuilt in ပါဝင်ပြီး up to 39 languages ထိsupport လုပ်ပါတယ်။Camera အနေနဲ့ Back camera 5 Megapixel ဖြစ်ပြီး font camera ကတော့ 0.3MP ဖြစ်ပါတယ်။ COC နှစ်သက်သူများအတွက် Google Play Service built inပါဝင်တဲ့အတွက် updateလုပ်ရသက်သာပြီး အခက်အခဲမရှိလွယ်ကူစွာချိတ်ဆက်ကစားနိုင်ပါတယ်။ အခြားသော ဂိမ်းကစားသူများအတွက်လည်း CPU Quad-Core 1.3 GHz သုံးထားတဲ့အတွက် Touch အသွားအလာလျင်မြန်ပြီး စက်ဟမ်းခြင်းမှာကင်းဝေးပါတယ်။ Screen 5လက်မဖြစ်သဖြင့်စာဖတ်ဝါသနာပါသူတွေအတွက်လည်းအဆင်ပြေပြီး Screen size ကြီးတာကိုင်ချင်သူများအတွက်လည်းမငြင်းလောက်ပါဘူး။ှSmart Motion များပါဝင်သည့်အတွက် လူတိုင်းသိပြီးဖြစ်ကြသလို Double Click ဆိုပါဝင်ပွင့်တာ, M လို့ရေးရင် music ပွင့်တာ ,W ဆိုလူတိုင်းသုံးတဲ့ WhatsApp ပွင့်တာ..အစသဖြင့် Motion များပါဝင်တဲ့အတွက်အလွယ်တကူအသုံးပြုနိုင်ပါတယ်ခင်ဗျာ။Notibar ကိုဆွဲချလိုက်ရင်လည်း Shortcut များစွာတွေ့ရမှာပါ Lock Screen Shortcut,Power off shortcut ,Flashမီး,Location.. အစသဖြင့် Easy Shortcut များပါဝင်ပါတယ်။ Individuality ထဲမှ font ထဲဝင်ပြီး မိမိနှစ်သက်ရာ Font Size ကိုများကို မူလပါတာလည်းသုံးလို့ရသလို User font အနေနဲ့လည်းသုံးလို့ရပါတယ်ခင်ဗျာ။ ပိုပြီးကောင်းတာကတော့ အာမခံတစ်နှစ်ပေးထားပြီး တစ်နှစ်တွင်း User Earror မဟုတ်ဘဲ System Earror ဆိုရင် Free Service ကိုအချိန်အနည်းငယ်တွင်း ပြန်လုပ်ပေးခြင်းဖြစ်ပါတယ်။ တစ်နှစ်ကျော်သွားပါကလည်း ပစွည်းမရှိမှာစိုးရိမ်စရာမလိုဘယ် နီးစပ်ရာ Newings Showroom ,Newings Service Center,မိမိဝယ်သည့်ဆိုင်များကို သွားရောက်ပြင်ဆင်နိုင်ပါတယ်။ Touch နဲ့ LCD သက်သက်ဖြစ်တာကြောင့် မိမိမှန်ကွဲရင်မှန်ပဲလဲရမှာပါ ,Lcd ကွဲရင် LCD ပါပဲ။ မိမိတို့ဖုန်းများပြင်ဆင်မူပိုင်းအတွက် စိုးရိမ်စိတ်မရှိအောင်လည်း Newings မှ MotherBoard ကအစရှိတာ ကြောင့် Board လဲရမည့်အနေအထားမှာလည်း မိမိဟန်းဆက်ကိုပဲမခွဲမခွါ တူညီတဲ့တန်ဖိုးကုန်ကျခံကာ ပြင်ဆင်နိုင်ပါတယ်။ဈေးနူန်းကတော့ 6xxxx ဖြစ်ပါတယ်။ ကျန်သည့် Function များကျန်သေးသည့်အတွက်မိမိကိုယ်တိုင် ၀ယ်ယူပြီးမှ အသုံးပြုကြပါလို့တိုက်တွန်းပါတယ် ။ တစ်သိန်းအောက်ဟန်းဆက်လည်းဝယ်ချင် " ဈေးနူန်းချိုသာရမယ် , အရေအသွေးစိတ်ချ ရမယ်၊အာမခံချက်အပြည့်ရှိရမယ် နဲနဲပေးပြီးများများသုံးမယ်ဆိုရင်တော့" ကျွန်တော်အကြံပြုချင်တောတော့ Newings Hanset ကိုသတိရလိုက်ပါခင်ဗျာ... V840 Model ဆိုလျင်.., CDMA/GSM နှစ်ကဒ်ထိုးဖြစ်ပါတယ် အခြားသော Brandများထက်ထူးခြားချက်အနေနဲ့ကတော့ Telenor ,Ooredoo ,MPT ,MEcTel လေးမျိုးလုံးအသုံးပြုနိုင်ပါတယ် Sim Slot (1)တွင် 3G Network ဖြင့်အသုံးပြုနိုင်ပါတယ် ooredoo နဲ့cdma(800MHz)အသုံးပြုချင်တဲ့သူတွေ အတွက် ရွေးရမည့်ဖုန်းဖြစ်ပါတယ်။Screen Size ကတော့ 4.0 ဖြစ်ပြီး Flashမီးပါဝင်ပါတယ်။ Android Version 4.3 အသုံးပြုထားပြီး CPU 1.2GHz သုံးထားပါတယ် Rom Memory 4GB ပါဝင်ပြီး RAM အနေဲ့ 512 ပါဝင်ပါတယ်။Camera ကတော့ Back Camera 5.0MP ပါဝင်ပြီး font က 0.3MP ဖြစ်ပါတယ်။ Facebook ,Youtube, Google Service,Myanar Font များကို Built in ပါဝင်ပြီး အသုံးပြုသူများအတွက် ပေးရသော တန်းကြေးထက် စိတ်ကျေနပ်မူကို ပိုပေးနိုင်မှာပါ ။ ဈေးနူန်းကတော့ 6xxxx ဖြစ်ပါတယ်။ WG 931 Model ဆိုလျှင်.., Screen အားဖြင့် ၅ လက်မရှိပြီး Flash မီး ပါဝင်ပါတယ်။3G Support လုပ်သည့်အတွက် Telenor ,Ooredoo,MPT Sim card များကို 3G အသုံးပြုနိုင်မှာပါ။ CPU Quad-Cord 1.2GHz အသုံးပြုထားတဲ့အတွက်မြန်ဆန်မူအပိုင်းမှာ စိတ်ချရပါတယ်။Rom Memory 4GB သုံးထားပြီး Ram ကတော့ 512 ပါ။ Camera ကို Back 8MPနဲ့ Font 2.0MP သုံးထားတဲ့အတွက် ရုပ်ထွက်ကြည်လင်ပြတ်သားစွာမြင်တွေ့ရမှာပါ။ Battery ကတော့ 2000 mAh ဖြစ်ပါတယ်။အခြားသော 3D Wallpaperများ Theme များ လည်းစိတ်ကြိုက်ရွှေးချယ်သုံးနိုင်ပြီး အခြားသော ဒီမှာမရေးသေးသော Function များလည်းပါပါသေးတယ်။ ဈေးနူန်းကလည်း 9xxxx ဖြစ်သည့်အတွက် လူတိုင်းအလိုလို ၀ယ်ယူနိုင်ပါတယ်။ ဘာသာစကားအနေနဲ့ မြန်မာ, အင်္ဂလိပ်, တရုတ် သုံးဘာသာနဲ့အသုံးပြုနိုင်ပါတယ်။ Google Service,Myanmar Font ပါတစ်ခါတည်းပါပြီး ဖြစ်သည့်အတွက် မြန်မာဖောင့်ပျောက်ခြင်းမှလည်းကင်းဝေးပါတယ်။ Model 200 Hanset ဖြစ်ပါတယ်။ GSM ,WCDMA မှန်ကန်သော မြန်မာစာ စနစ်အသေပါဝင်ပြီး Rom 1GB နဲ့ Ram 256MB ဖြစ်ပါတယ်။Camera 0.08 MP ဖြစ်ပါတယ်။ Transfer လုပ်ငန်းစဉ်အတွက် Bluetooth ပါဝင်ပြီး FM လည်းSupport လုပ်ပါတယ်။Battery လည်း 1000m Ah ဖြစ်ပါတယ်။ Model C820&C850 ဖြစ်ပါတယ် CDMA 1x800 MHz ဖြစ်ပါတယ်။Camera ကတော့ 0.08 MPဖြစ်ပြီး Mp3 Support ပေးပါတယ်။မြန်မာစာစနစ် အသေပါဝင်ပြီး Battery ကတော့ 1000mAh ဖြစ်ပါတယ်။ အာမခံကတော့ 1 year ပေးထားပါတယ်။ Hanset အားလုံးကို ၁ နှစ်အာမခံပေးထားပြီး ဈေးနူန်းချိုသာစွာဖြင့် Brand အားလုံးထဲမှာထူးခြားသော Brand တစ်ခုအဖြစ်ရပ်တည်လျက်ရှိပါသည်။ *ဆက်သွယ်ရန်* ==> အမှတ်(၁၀၂၁-ခ)၊သုဓမာလမ်း၊(၂)ရပ်ကွက်၊မြောက်ဥကလာပ၊ရန်ကုန်မြို့ ။ ဖုန်း-01-655686၊09-420006923၊09-795872700 -------- * အထက်ပါ Hanset များကို ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)တွင် လာရောက်ဝယ်ရောက်ပြီးလည်းအားပေးနိုင်ပါတယ်ခင်ဗျာ။ဝယ်ယူသူများကို Facebook Accountတစ်ခု ၊ လိုအပ်သောAccount(Line,Tango,Viber,Beetalk,.)လိုအပ်သောAppsများ၊Music,Wallpaperများကိုအခမဲကထည့်သွင်းပေးပြီးဟန်းဆက်များကိုလည်းဈေးနူန်းချိုသာစွာဖြင့် လာရောက်ဝယ်ယူအားပေးနိုင်ပြီး preorderမှာယူသောဆိုင်သမားများ မှာယူသူများအတွက်လည်း မှာယူပါက လက်ခမယူဘဲ အထက်တွင်ဖော်ပြထားသော Softwareများကိုထည့်သွင်းပေးပြီး "တစ်လုံးတည်း "လည်းပို့ပေးပါသည် ... 09-73151297 မှတ်ချက်။ ။ ယခုကြော်ငြာအား "Tele Lord Distribution" မှ ဖြန့်ဝေပါသည်။ ။ Settings ပိုင်းဆိုင်ရာများကိုလည်း အသေးစိတ်ဖော်ပြနိုင်ရန်ကြိုးစားပါအုံးမည်။ ။ အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| iOS 9.0.2 အား Jailbreak ပြုလုပ်ခြင်း Posted: 14 Oct 2015 11:13 PM PDT iOS 9.0.2 ကို Jailbreak ပြုလုပ်နိုင်မယ့် Jailbreak tool ကို Pangu မှ ၂၀၁၅ အောက်တိုဘာ ၁၄ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ iPhone 4S မှ 6S , iPad mini 4,3,2,1 နှင့် iPad Air 2,1 တို့အပြင် iPod Touch 5,6 တို့မှာ အသုံးပြုနိုင်ဖို့ စီစဉ်ပေးထားတဲ့ Jailbreak tool တစ်ခုဖြစ်ပါတယ်။ အဆိုပါ jailbreak tool ကို အသုံးပြုမယ်ဆိုရင် iDevice တွေမှာ Find My iPhone နဲ့ iCloud တို့ကို disable ပြုလုပ်ထားရပါမယ်။ Disable ပြုလုပ်ဖို့အတွက် Settings > iCloud > Find My iPhone နေရာမှာ toggle ကို Off ပြုလုပ်ထားရပါမယ်။ နောက်တစ်ဆင့်ကတော့ Touch ID နဲ့ Passcode ကို Disable ပြုလုပ်ထားရမှာ ဖြစ်တဲ့အတွက် Settings > Touch ID & Passcode ကို သွားပါ။ ပြီးသွားရင် Turn passcode off ဆိုတာကို နှိပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် Ari Plane Mode ကို ပြောင်းပေးထားရပါမယ်။ အဆိုပါ အဆင့်တွေအားလုံး ပြီးဆုံးသွားပြီဆိုရင် http://goo.gl/hf15fO ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားပြီး Jailbreak tool ကို download လုပ်ယူလိုက်ပါ။ အခုထွက်ရှိတဲ့ Jailbreak ဟာ Windows Opeartings System အတွက်သာ ထုတ်လုပ်ဖြန့်ချိပေး ထားခြင်းဖြစ်ပါတယ်။ Jailbreak tool ကို download ပြုလုပ်ပြီးရင် ကွန်ပျူတာပေါ်မှာ Run လိုက်ပါ။ အဲ့ဒီနောက် Jailbreak ပြုလုပ်မယ့် device ကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။ ချိတ်ဆက်ပြီးသွားရင် Already Backup ဆိုတာကို အမှန်ခြစ်ထည့်ပြီး Start buttonကို ကလစ်နှိပ်ပါ။ Start button ကို နှိပ်ပြီးရင် Reboot ပြုလုပ်သွားမှာဖြစ်ပြီး Airplane Mode ကို ပြန်လည်ဖွင့်ပေးရပါမယ်။ ဒါဆိုရင် Jailbreak လုပ်ငန်းစဉ်ကို ရှေ့ဆက်လုပ်ဆောင် သွားပါလိမ့်မယ်။ Jailbreak လုပ်ဆောင် နေစဉ်အချိန်မှာ iPhone ရဲ့ Home Screen မှာ Pangu app ကို ဖွင့်ဖို့အတွက် တောင်းဆိုပါလိမ့်မယ်။ ဖွင့်ပေးလိုက်ပါ။ Pangu app ကို Run နေတဲ့အချိန်မှာ Photo Library ကို အသုံးပြုခွင့်အတွက် တောင်းခံပါလိမ့်မယ်။ accept ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ accept ကို နှိပ်လိုက်ရင် Pangu ဟာ ရှေ့ဆက် အလုပ်လုပ်ဆောင်သွားမှာဖြစ်ပြီး pop-up box တက်လာတဲ့အခါမှာ ok button ကို နှိပ်ပေးလိုက်ပါ။ အထက်ပါ အဆင့်တွေ ပြီးသွားရင် jailbreak ပြုလုပ်ထားတဲ့ device ဟာ နောက်တစ်ခါ reboot ထပ်ဖြစ်သွားမှာ ဖြစ်ပါတယ်။ boot ပြန်တက်လာတဲ့အခါမှာ Airplane Mode ကို disable တစ်ခါ ပြန်လည်ပြုလုပ်ပြီး Cydia app ကို run လိုက်ရင် Jailbreak ပြုလုပ်တဲ့အဆင့် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ Ref: idownloadblog Credit internetjournal သီဟထိုက် My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Easy Selfie Free For Window Phone Posted: 14 Oct 2015 11:13 PM PDT Easy Selfie Free app သည် Windows Phone အသုံးပြုသူများအတွက် Selfie ရိုက်ကူးရာတွင် အလွယ်တကူနှင့် Selfie ပုံများကို ရိုက်ကူးနိုင်ရန်အတွက် စီစဉ် ဖန်တီးပေးထားသည့် app တစ်ခုဖြစ်သည်။ Countdown, Sound activated trigger အစရှိသည်တို့ကို အသုံးပြု၍ Selfie ရိုက်ကူးနိုင်ရန်အတွက် စီစဉ် ဖန်တီးပေးထားသည့် app တစ်ခုလည်းဖြစ်သည်။ Download ပြုလုပ်လိုသူများအနေနှင့် Windows Store တွင် download လုပ်ယူနိုင်မည် ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 3.53 MB ခန့်သာ ရှိမည် ဖြစ်သည်။ Windows Phone version 8 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခုဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit internetjournal သီဟထိုက် My Facebook Account Click (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 14 Oct 2015 11:12 PM PDT Music Player + app သည် သီချင်းဖိုင်များကို အလျင်အမြန် ရှာဖွေနိုင်ပြီး Equalizer ပိုင်းကိုလည်း ကောင်းမွန်အောင် ပြုလုပ်ပေးထားသည့် app တစ်ခု ဖြစ်သည်။ ထို့ပြင် သုံးစွဲသူများ မျက်စိအမြင် အေးစေရန်အတွက် Background Skin များကိုလည်း ပြောင်းလဲပေးနိုင်ရန် စီစဉ်ပေးထားသည့် app တစ်ခုလည်း ဖြစ်သည်။ အဆိုပါ app ကို အခမဲ့ download ပြုလုပ်နိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 9.2 MB ခန့်သာ ရှိမည်ဖြစ်သည်။ ထို့ပြင် Widget လည်း ထည့်သွင်းပေးထားသည့် Music Player app တစ်ခုလည်း ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit internetjournal သီဟထိုက် My Facebook Account Click (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ..မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 14 Oct 2015 11:12 PM PDT မကြာခင်ရောက်ရှိမည့် Halloween အတွက် ထုတ်လုပ်ဖြန့်ချိပေးလိုက်သည့် Puzzle game တစ်ခု ဖြစ်သည်။ အရောင်အမျိုးအစား တူညီသည့် candie များကို ရွှေ့ပြောင်း၍ ကစားပေးရမည့် ဂိမ်းအမျိုးအစားဖြစ်ပြီး Level 500 ခန့် ပါဝင်မည်ဖြစ်သည်။ Download ပြုလုပ်လိုသူများအနေဖြင့် iTunes တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 62.9 MB ခန့် ရှိမည်ဖြစ်သည်။ iOS version 5.1.1 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit internetjournal သီဟထိုက် My Facebook Account Click (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Fitness for Weight Loss Pro For IOS Posted: 14 Oct 2015 11:12 PM PDT Fitness for Weight Loss Pro app သည် Workout လုပ်လိုသည့်သူများအတွက် လေ့ကျင့်ခန်းများကို Video နှင့် Audio များဖြင့် လေ့ကျင့်နိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app တွင် လေ့ကျင့်ခန်း ၇၄ ခုခန့် ပါဝင်မည်ဖြစ်ပြီး လေ့ကျင့်ခန်းများကို Level အလိုက်ပြုလုပ်ရန် ဖော်ပြပေးထားသည်။ Fitness for Weight Loss Pro app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၃.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 7.0 နှင့် အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit internetjournal သီဟထိုက် My Facebook Account Click (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| မိသားစုလူနေမှု ဘဝကို ပိုင်ဆိုင်နိုင်ရန် အားပေးတိုက်တွန်းမည့် 3D လမ်းလျှောက်ပြိုင်ပွဲ ကျင်းပမည် Posted: 14 Oct 2015 11:11 PM PDT မန်မာနိုင်ငံမှ Modern Retail Market တွင် ထိပ်တန်းကုမ္ပဏီဖြစ်သည့် City Mart Holdings Co., Ltd. (CMHL) နှင့် F & N ကုမ္ပဏီတို့ ပူးပေါင်းကာ Active Family Day Out Event ဖြစ်သည့် မိသားစုလူနေမှုဘဝကို ပိုင်ဆိုင်နိုင်ရန် အားပေးတိုက်တွန်းမည့် 3D လမ်းလျှောက်ပြိုင်ပွဲကြီးအား ဒီဇင်ဘာလ ၆ ရက်၊ နံနက် ၆ နာရီမှ ၁၁ နာရီအထိ ပြည်သူ့ ဥယျာဉ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ ပွဲတွင် မိမိ၏ ချစ်သူခင်သူများ၊ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုများနှင့်အတူ တစ်နေ့တာလုံး ပျော်ရွှင်စရာကောင်းသော Activity ပေါင်း မြောက်မြားစွာ ပါဝင်မည်ဖြစ်ပြီး လမ်းလျှောက်သူများ အနေဖြင့် စွန့်စားခန်းသွားရသကဲ့သို့ ပုံပုံပြင်ဆန်ဆန် ခရီးတိုလေးများကို ဖြတ်သန်းရမည်ဖြစ်ပြီး အခြား အစီအစဉ်းများဖြစ်သည့် ဂိမ်းအစီအစဉ်၊ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် ပြိုင်ပွဲများလည်း ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲတွင် အသက်အပိုင်းအခြား အကန့်အသတ်မရှိသော်လည်း လူဦးရေ ၂,၅၀၀ အထိသာ ကန့်သတ်ထားပြီး ပါဝင်လိုသူများအနေဖြင့် City Mart ဆိုင်များဖြစ်သော Golden Valley, Junction Thamine, Junction Maw Tin တို့တွင် နိုဝင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။ Credit internetjournal သီဟထိုက် My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ငါးရက်အတွင်း Microsoft Surface Book များ အကုန်ရောင်းချခဲ့ရ Posted: 14 Oct 2015 11:10 PM PDT အောက်တိုဘာလ ၇ ရက်မှစတင်ကာ ကြိုတင်မှာယူများ လက်ခံခဲ့ပြီးနောက် Surface Book လက်တော့ပ်များ အကုန်ရောင်းချခဲ့ရကြောင်း Microsoft မှ ပြောကြားသည်။ လက်တော့ပ်တွင် ပါဝင်သော ကီးဘုတ်ကိုဖြုတ်၍ tablet အသွင်ဖြင့် သုံးနိုင်သည့် Windows 10 ထုတ်ကုန်ကို အောက်တိုဘာလ ၂၆ ရက်တွင် သုံးစွဲသူများထံ တင်ပို့ရောင်းချမည် ဖြစ်သည်။ "Surface Book အတွက် များပြားလှတဲ့ ဝယ်လိုအားကို ကျွန်တော်တို့ တွေ့မြင်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၆ ရက်မှာ ရရှိနိုင်ဖို့အတွက် ကြိုတင်မှာယူနိုင်မယ့် အရေအတွက်အားလုံး ရောင်းကုန်သွားပါပြီ။ အောက်တိုဘာလ ၂၆ ရက်ကျရင် စတိုးဆိုင်တွေမှာ Surface Book ကို နည်းပါးတဲ့ အရေအတွက်နဲ့သာ ရနိုင်ပါမယ်။ အွန်လိုင်းမှာ ထပ်မံ မှာယူနိုင်မယ့်အချိန်နဲ့ တင်ပို့ရောင်းချမယ့်အချိန်ကို ထပ်မံကြေညာသွားပါမယ်" ဟု Microsoft ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ Microsoft သည် Surface Book ကို အောက်တိုဘာလ ၆ ရက်တွင် ပွဲထုတ်မိတ်ဆက်ပေးခဲ့ပြီး ၎င်းသည် ဖန်တီးခဲ့သမျှ ကွန်ပျူတာများတွင် အပါးလွှာဆုံးနှင့် စွမ်းဆောင်ရည်အမြင့်ဆုံး ဖြစ်ကြောင်း ဆိုခဲ့သည်။ Surface Book သည် ဈေးနှုန်းမြင့်မားပြီး တန်ဖိုးမှာ ၁,၄၉၉ ဒေါ်လာမှ ၂,၆၉၉ ဒေါ်လာအထိ ကျသင့်မည် ဖြစ်သည်။ ၎င်းတွင် ၁၃.၅ လက် 3,000 x 2,000 pixel display နှင့် နောက်ဆုံးပေါ် Intel Core processor အသုံးပြုထားပြီး ဘက်ထရီကို ၁၂ နာရီအထိ အသုံးပြုနိုင်မည် ဖြစ်သည်။ Ref: CNET Credit internetjournal သီဟထိုက် Credit internetjournal |
| Samsung ၏ ဒုတိယမြောက် Tizen စမတ်ဖုန်းကို အိန္ဒိယတွင် ရောင်းချမည် Posted: 14 Oct 2015 11:09 PM PDT ဇန်နဝါရီလက Z1 ကို မိတ်ဆက်ပေးခဲ့သော Samsung သည် ကုမ္ပဏီပိုင် Tizen ဆော့ဖ်ဝဲ အသုံးပြုထားသော ဒုတိယမြောက် စမတ်ဖုန်းကို ဗုဒ္ဓဟူးနေ့က ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ စမတ်ဖုန်းကို Samsung Z3 ဟု ခေါ်ဆိုပြီး ၎င်းကို အောက်တိုဘာလ ၂၁ ရက်တွင် ရူပီး ၈,၄၉၀ (၁၃၁ ဒေါ်လာ) ဖြင့်ရောင်းချမည်ဖြစ်သည်။ Samsung သည် နာမည်ကျော်ကြားပြီး အောင်မြင်မှုရရှိသော ဖုန်းများတွင် Google Maps, Gmail နှင့် Google Search ကဲ့သို့သော Google ဝန်ဆောင်မှုများပါဝင်သည့် Android operating system အသုံးပြုထားသည်။ သို့သော်လည်း Z3 နှင့် Z1 ကို ဖွံ့ဖြိုးစဈေးကွက်များအတွက် တန်ဖိုးနည်း ဖုန်းများအဖြစ် ရည်ရွယ်ထုတ်လုပ်ထားသောကြောင့် Tizen ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ Z3 တွင် ၅ လက်မ HD Super AMOLED display, 1.3GHz quad-core processor နှင့် 8-megapixel ကင်မရာတို့ ပါဝင်သည်။ ဖုန်းတွင် 1GB memory ကို အသုံးပြုထားပြီး သိုလှောင်မှုပမာဏက 8GB ဖြစ်သော်လည်း microSD card slot မှတစ်ဆင့် 128GB အထိ တိုးမြှင့်သိမ်းဆည်းနိုင်သည်။ ဘက်ထရီက 2,600mAh ဖြစ်သည်။ ဖုန်း၏ ကိုယ်ထည်မှာ ပါးလွှာပြီး သတ္တုကိုယ်ထည်ကို အသုံးပြုထားသည်။ အခြားဒေသများ၌ Z3 စမတ်ဖုန်း ရောင်းချမည့်အချိန်ကို Samsung မှ ပြောကြားခဲ့ခြင်း မရှိပေ။ Ref: CNET Credit internetjournal သီဟထိုက် My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| BeeTalk ၏ Public Account အား လူတိုင်းအသုံးပြုနိုင်ရန် စတင် Posted: 14 Oct 2015 11:07 PM PDT BeeTalk ၏ Public Account အား လူတိုင်းအသုံးပြုနိုင်ရန် စတင်ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။ BeeTalk Chatting App မှ မြန်မာနိုင်ငံရှိ အသုံးပြုသူများအတွက် BeeTalk Public Account Admin Platform ကို လူတိုင်းအသုံးပြုနိုင်ရန် စတင်လိုက်ခြင်း ဖြစ်သည်။ "အခု BeeTalk မှာ ဖွင့်ထားတဲ့ Public Account ၇၀ ရှိပြီ။ အဲ့ဒီ့အထဲမှာ အားကစား၊ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ မီဒီယာ အစရှိတာတွေ ပါဝင်ပါတယ်။ Public Account တွေ အများကြီးဖြစ်လာတဲ့ အတွက် သတင်းအချက်အလက်တွေကို ရှာဖွေနေစရာမလိုဘဲ ဖုန်းထဲကို အမြဲတမ်းရောက်ရှိနေမှာပါ" ဟု BeeTalk မြန်မာ၏ Marketing Manager မနန်းမိုက ပြောသည်။ Public Account တစ်ခုပြုလုပ်ရန်အတွက် အီးမေးလ်၊ ကိုယ်ရေးအချက်အလက်များနှင့် မျက်နှာထင်ရှားစွာမြင်ရသော ဓာတ်ပုံတစ်ပုံ လိုအပ်မည်ဖြစ်သည်။ BeeTalk တွင် Public Account မှတ်ပုံတင်ခြင်း ပြုလုပ်မည်ဆိုပါက သတ်မှတ်ထားသော မှတ်ပုံတင်ရန် နေရာသို့ဝင်ရောက်ပြီး (၁) Basic Information (၂) Email activation (၃) User Information (၄) Account Information တို့ကို အဆင့်ဆင့် ဖြည့်စွက်ရမည်ဖြစ်သည်။ မှတ်ပုံတင်ပြီးပါက BeeTalk မှ ယင်းအချက်အလက်များကို စစ်ဆေး၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ စတင် အသုံးပြုနိုင်ရန် စာတိုပို့ပေးမည်ဖြစ်ကြောင်း၊ ယင်းနောက် အကောင့် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ BeeTalk မိုဘိုင်း application မှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ၌ စတင်ခဲ့ခြင်းဖြစ်ပြီး ကိုယ်ပိုင် အကောင့်မှ တစ်ဆင့် followers များ အကန့်အသတ် မရှိ စုဆောင်းခြင်း၊ သတင်း အချက်အလက်များ ပျံ့နှံ့ရောက်ရှိစေခြင်း၊ Digital Marketing များ ပြုလုပ်နိုင်ခြင်း စသည်တို့ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ BeeTalk ၏ Public Account အား လူတိုင်း အသုံးပြုနိုင်ရန် စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်က နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ Credit internetjournal သီဟထိုက် My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| RAM နည်းတဲ့ ဖုန်းတွေမှာ ram လိုတဲ့ဂိမ်းတွေဆော့နိုင်မယ့် - 1 GB RAM Booster Posted: 14 Oct 2015 10:50 PM PDT |
| ဖုန်းဘက်ထရီအားအမြန်ဝင်စေတဲ့ - Battery HD Pro v1.63.06 Apk Posted: 14 Oct 2015 10:36 PM PDT |
| GO Launcher ဒီဇိုင်းအလန်းလေး - Crystal GO Launcher Theme Posted: 14 Oct 2015 10:27 PM PDT |
| Lock Screen အလန်းစားလေး - Go Lock Screen Apk Posted: 14 Oct 2015 10:14 PM PDT |
| ဖုန်းမှာလေးနေတာတွေရှင်းပေးနိုင်တဲ့ - Cleaner – Master Booster Pro v2.2.2 Apk Posted: 14 Oct 2015 10:06 PM PDT |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |

















0 comments:
Post a Comment