The Irrawaddy's Blog |
- ခေတ်စားနေတဲ့ ခွပ်ဒေါင်းဖက်ရှင်
- အွန်လိုင်းတွင် နာမည်ကြီးနေတဲ့ ဗီယက်နမ်အလှမယ် မြန်မာနိုင်ငံမှာ ရုပ်ရှင်လာရိုက်မည်
- တွယ်အပ်ခေါင်းဆောင်း ဖက်ရှင်
| ခေတ်စားနေတဲ့ ခွပ်ဒေါင်းဖက်ရှင် Posted: 15 Oct 2015 11:35 PM PDT နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် ပါတီစုံက အောင်နိုင်ရေးတွေ အပြိုင်အဆိုင် လုပ်လာကြသလို၊ အလွှာပေါင်းစုံက လူပေါင်းစုံဟာလည်း မိမိတို့နှစ်သက်ရာပါတီတွေကို ထောက်ခံတဲ့အနေနဲ့ ပါတီကိုယ်စားပြုအမှတ်တံဆိပ်တွေ၊ ရင်ထိုး၊ ဦးထုပ်၊ စတစ်ကာ၊ အင်္ကျီ အစရှိသဖြင့် ဆင်မြန်းကြတာ တွေ့ရ ပါတယ်။ အဲဒီအထဲကမှ လူငယ်တွေအကြား တော်တော်လေး ခေတ်စားနေတာကတော့ အနီရောင်ပေါ်က အဝါရောင်ခွပ်ဒေါင်းနဲ့ ကြယ်ဖြူတလုံးပါတဲ့ အမျိုးသားဒီမိုကရေစီ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ဆိုရရင် ခွပ်ဒေါင်းဖက်ရှင်ပေါ့။ ခွပ်ဒေါင်းတံဆိပ်ကို လက်သည်းအလှပြင်လာကြသလို၊ မြန်မာအမျိုးသမီးဝတ်စုံလေးတွေမှာလည်း ဖက်ရှင်ကျကျ တီထွင် ထည့်သွင်းချုပ်လုပ်လာကြတာတွေ့ရပါတယ်။ ခွပ်ဒေါင်းဖက်ရှင် မြန်မာအမျိုးသမီးဝတ်စုံ တွေကို နိုင်ငံရေးနဲ့ ဘာမှမပတ်သတ်ဘဲ သူ့စိတ်ကူးထဲပေါ်လာတဲ့အတိုင်း တီထွင်လိုက်ခြင်းဖြစ်တယ်လို့ ရွှေမဒီအမရပူရပိုးထည်၊ ချည်ထည်တိုက်က တာဝန်ရှိသူက ပြောခဲ့ပါတယ်။ အင်္ကျီရဲ့ ရင်ဘတ်နေရာမှာ ခွပ်ဒေါင်းပုံနဲ့ ထဘီဒူးနားချိတ်လေးတွေကလည်း မြန်မာရိုးရာဝတ်စားဆင်ယင်မှုနဲ့ ကိုက်ညီမှုရှိတာမို့ မိန်းကလေး အများစုသဘောကျကြတာ တွေ့ရပါတယ်။ ခုဆိုရင် ခွပ်ဒေါင်းတံဆိပ်ပါတဲ့ အနီ၊ အပြာ၊ အဝါစတဲ့ ချစ်စရာကောင်းတဲ့ အရောင်စုံ မီးပုံးလေးတွေကိုပါ ဟိုမှာဒီမှာတွေ့နေရပါပြီ။ အရောင်ခံပေါ်မှာ အနီရောင်ခွပ်ဒေါင်းပုံနဲ့ ပလတ်စတစ်မီးပုံးလေးတွေကလည်း ဒီနှစ် သီတင်းကျွတ်အတွက် ခေတ်ရေစီးတခုအဖြစ် မြင်ရဦးမှာပါ။ ထက်ဦးဝေ | ||||
| အွန်လိုင်းတွင် နာမည်ကြီးနေတဲ့ ဗီယက်နမ်အလှမယ် မြန်မာနိုင်ငံမှာ ရုပ်ရှင်လာရိုက်မည် Posted: 15 Oct 2015 12:34 AM PDT
ဗီယမ်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေ ကို မြန်မာနိုင်ငံရှိ Myanmar media 7 က မြန်မာနိုင်ငံမှာ အနု ပညာလှုပ်ရှားမှုများလုပ်ကိုင်ဖို့အတွက် စာချုပ်ချုပ်ဆိုပြီးဖြစ်ကာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။
ဗီယမ်နမ်အလှမယ်နဲ့စာချုပ်ချုပ်ဆိုရခြင်းမှာ Myanmar media 7 အနေနဲ့ ယခင်က ထိုင်းနိုင်ငံရှိ မင်းသမီး ကရာဗီနဲ့ စာချုပ်ချုပ်ဆိုပြီး "ဘယ်လိုအချစ်မျိုးလဲ" ရုပ်ရှင်ကားမှာအောင်မြင်မှုရခဲ့ပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းရိုက်ကူးမှုများလည်း ရှိလာခဲ့ပါတယ်။ နောက်ထပ်လည်း မြန်မာနဲ့ ဗီယမ်နမ် ပူးပေါင်းပြီး ရိုက်ကူးမှုများ ပြုလုပ်လိုတဲ့အတွက် မြန်မာနိုင်ငံရှိ ပရိသတ်များ အွန်လိုင်းမှာ သိရှိပြီးလည်းဖြစ်တဲ့ ဗီယမ်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေကို ရွေးချယ်ပြီး စာချုပ်ချုပ်ဖြစ်တာလို့ Myanmar media 7 က တာဝန်ရှိသူ ကိုဝေမင်းမောင်က ပြောပါတယ်။ ဗီယမ်နမ်အလှမယ်ကို ချိတ်ဆက်မှုနဲ့ ပတ်သက်လို့ ကိုဝေမင်းမောင်က "ကျနော်က ဗီယမ်နမ် မြန်မာ ချစ် ကြည်ရေး ကော်မတီအဖွဲ့အစည်းရဲ့ ဥက္ကဌကနေ တဆင့် သူကို ချိတ်ဆက်ခဲ့တာပါ။ သူတို့ကလည်း ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရေးလုပ်တဲ့အခါ လူသိအများဆုံးက အနုပညာပဲလေ ၊ အနုပညာနဲ့ မီဒီယာဆိုတာက အများဆုံး စိတ်ဝင်စားတယ်လို့ပြောလို့ရတယ်။ ဒါကြောင့် အဲဒီအဖွဲ့အစည်း ဥက္ကဌရဲ့ တိုက်တွန်းမှုတွေနဲ့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ခဲ့တယ်။ အလှမယ်ကလည်း ညှိနှိုင်းမှုမှာ လိုတာထက်ပို ပြီး ခက်ခဲခဲ့တာတွေ မရှိခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူလည်း မြန်မာနိုင်ငံကို စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ အနုပညာလှုပ်ရှားမှုကိုလည်း သူ့အနေနဲ့ ကြိုက်သလိုလုပ်နိုင်တယ် ၊ကျနော်တို့က ကြားခံအနေနဲ့ အတိုင်ပင်ခံ ကုမ္ပဏီအနေနဲ့ ရပ်တည်တာပါ"လို့ ဧရာဝတီကို ပြောပြပါတယ်။ ဒါအပြင့် Myanmar media 7 အနေနဲ့ တနှစ်ကို ရုပ်ရှင်ကားကြီးတကားရိုက်ကူးမှာဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဗီယမ်နမ်အလှမယ်လည်းပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဗီယမ်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေ ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၀ ရက်နေ့ ည ရန်ကုန်ကို ရောက်ရှိမှာဖြစ်ပြီး ၁၁ ရက်နေ့မနက်မှာ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်ကာ နေ့လည်မှာ မြန်မာမီဒီယာများနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ ညပိုင်းမှာ ဗီယမ်နမ်နိုင်ငံကို ပြန်သွားမှာဖြစ်ပါတယ်။ ယုမွန်ကျော် | ||||
| Posted: 15 Oct 2015 12:13 AM PDT ပုံမှာမြင်ရတဲ့ တွယ်အပ်တွေနဲ့ ဖန်တီးထားတဲ့ ခေါင်းဆောင်းကို မြင်ရတဲ့သူအဖို့ တော်တော်တော့ ရူးကြောင်ကြောင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒါကလည်း ဖက်ရှင်ပေကိုး။ ဖက်ရှင်ဆိုမှတော့ သူမတူတဲ့ ဒီ ဇိုင်းတွေနဲ့ ဆန်းသစ်တီထွင်မှသာ ဖက်ရှင်ပီသမှာလေ။ အခု တွယ်အပ်ခေါင်းဆောင်းဖက်ရှင်ကတော့ ရက်သတ္တပတ် ဂျပန်ဖက်ရှင်ပြပွဲမှာ မြင်တွေ့ရတဲ့ နောက်ဆုံးပေါ် ဒီဇိုင်းလို့ ဆိုရမှာပါ။ ဂျပန်ဒီဇိုင်နာ ခဲအိစုခဲ့ အီမဇာခိ ဖန်တီးထားတဲ့ ဒီဖက်ရှင်အသုံးအဆောင်များဟာ ၂၀၁၆ ခုနှစ် နွေဦးရာသီနဲ့ နွေရာသီတို့အတွက် ရွေးချယ်ပြသခဲ့တဲ့ ဒီဇိုင်းများဖြစ်ပြီး မော်ဒယ်လ်များမှ အင်္ဂါနေ့က ၀တ်ဆင်ပြသခဲ့တာပါ။ စတိုင်ကျနလှတဲ့ တွယ်အပ်ခေါင်းဆောင်းဟာ ရာနဲ့ချီတဲ့ တွယ်အပ်တွေကို ချိတ်ဆက်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တွယ်အပ်တွေအကြားမှာ ပြုံးရယ်နေတဲ့ မျက်နှာပုံလေးတွေ၊ ငြိမ်းချမ်းရေး သင်္ကေတ အမှတ်တံဆိပ်ပုံတွေ၊ နောက် အင်္ဂလိပ် Rock ဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Rolling Stones အဖွဲ့ရဲ့ အမှတ်တံဆိပ်ဖြစ်သော လျှာပုံစံ၊ နှုတ်ခမ်းပုံစံ အမှတ်အသားပုံလေးတွေကိုပါ တွယ်အပ်တွေနဲ့အတူ ချိတ်ဆက်ထားတာကို တွေ့ရပါတယ်။ ဒီဖက်ရှင်ပြပွဲမှာ တွယ်အပ်ခေါင်းဆောင်းတခုတည်းကိုသာ အဓိက ပြသသွားတာမဟုတ်ပါဘူး။ ဒီဇိုင်နာရဲ့ တီထွင် ဆန်းသစ်ထားတဲ့ အရောင်တောက်တောက် လည်ပတ်ပ၀ါကြီးတွေ မျက်နှာအပြင်အဆင်တွေကိုပါ ထည့်သွင်း ပြသသွားခဲ့တာပါ။ Ref: CCTVnews |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |





















0 comments:
Post a Comment