Related Posts Plugin for WordPress, Blogger...

October 27, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ခရမ်းချဉ်သီးစားကြပါ

Posted: 26 Oct 2015 11:09 PM PDT



သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ခရမ်းချဉ်သီးက စူပါစတားစာရင်းဝင်နေပါသတဲ့။ သူ့မှာပါ  ဝင်တဲ့ လိုင်ကိုပင်း Lycopene ဓာတ်က ကင်ဆာတိုက်ရာမှာ အတော်အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမားလို့ ပြောကြပါတယ်။ ချက်ထားတဲ့ ခရမ်းချဉ်သီးက အာဟာရဓာတ် ပိုများတယ်လို့ ဆိုပြီးခေါက်ဆွဲတွေ၊        စွပ်ပြုတ်တွေ၊ အသုပ်တွေမှာ သုံးကြပါတယ်။

ခရမ်းချဉ်သီးက ပန်းသီးလိုဘဲ ရင်ကျပ်ပန်းနာနဲ့ နာတာရှည် အဆုတ်ရောဂါတွေ လျော့ပါးစေတယ်လို့ ဆိုပါတယ်။ အဲ့ဒီအသီး ၂ မျိုးစလုံးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း Quercetin ကြောင့်ပါ။ သီတင်းတပတ်မှာ ခရမ်းချဉ်သီး ၅ လုံးလောက်တော့ စားသင့်ကြပါသတဲ့။

အမှန်တရားဆိုတာတခုပဲ ရှိတယ်ဆိုတဲ့ NLD အောင်နိုင်ရေးမှာ ပါဝင်သီဆိုပေးနေသော တေးသံရှင်နိုင်းဝမ်း

Posted: 26 Oct 2015 01:24 AM PDT


အဆိုတော် နိုင်းဝမ်း (ဓာတ်ပုံ - ဂျေပိုင်/ The Irrawaddy)

NLD ပါတီ အောင်နိုင်ရေးအတွက် အနုပညာရှင်များကလည်း မဲဆွယ်စည်းရုံးရေးအနေနဲ့ နေရာဒေသအနှံ့ သီဆိုဖျော်ဖြေမှုများမှာ ပါဝင်လာကြပါတယ်။ အဲဒီအထဲမှာ လူငယ်ရက်ပ်ပါ တေးသံရှင် နိုင်းဝမ်းကလည်း အပါအ၀င်ပါ။

နိုင်းဝမ်းက NLD  အောင်နိုင်ရေးအတွက် ဒလ၊ တွံ့တေးဘက်မှာပထမဆုံးအနေနဲ့ ပါဝင် သီဆိုဖျော်ဖြေပေးခဲ့တာဖြစ်ပြီး  သူ့ရဲ့ ပြိုင်ကားမှာလည်း NLD အလံကို အလှဆင်ထားတာ တွေ့ရပါတယ်။ NLD ပါတီအောင်နို င်ရေးမှာ ပါဝင် ဖျော်ဖြေပေးနေတဲ့ နိုင်းဝမ်းက ဘာကြောင့် ပါဝင်ဖြစ်သလဲလို့ဆိုတော့ "သူများတွေတော့မသိဘူး ကျနော်အနေနဲ့ဆိုရင် ကိုယ်ကျိုးစွန့်တယ်ဆိုတဲ့စကား ဒီပါတီမှာ ကိုယ့်မိသားစုကအစ အစစအရာရာ  ကိုယ်ကျိုးစွန့်ပြီးလုပ်ခဲ့ကြတဲ့သူတွေ အများကြီးရှိတယ်ဗျ၊ အဲဒါကို ကျနော်လေးစားမိတယ်။ ကျနော်ကိုယ်  တိုင်လည်း အဲလိုမျိုးလုပ်နိုင်တဲ့ အရည်အချင်း မရှိသေးဘူးလေ။ ကိုယ်လေးစားတဲ့သူတွေ ပုဂ္ဂိုလ်တွေ အ   တွက် တဖက်တလမ်းက ပါဝင်ကူညီတာပါ" လို့ပြောပြပါတယ်။

ကားမှာ NLD တံဆိပ်ကို ခြယ်မှုန်းထားတာနဲ့ ပတ်သတ်ပြီး အဆိုတော် နိုင်းဝမ်းက ကားကို ကပ်ထားတာက တော်တော်ကြာပြီ။ ကျနော် facebook မှာလည်း ဒီကားလေးနဲ့ ရိုက်ထားတာကို Cover Photo ချိန်းမယ်၊ အမေစုနဲ့ ရိုက်ထားတာကို Profile photo လေး ချိန်းမယ်ပေါ့။ ဒီလိုမျိုး NLD ပွဲတွေ လိုက်ဆိုဖြစ်မယ်လို့ မ ထင်ထားဘူးလေ။ အခုလိုက်ဆိုပြီး သွားရတဲ့အခါ ကျနော်ပရိသတ်ကိုလည်း အတတ်နိုင်ဆုံး စည်းရုံးချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ ဖြစ်သွားတာပါ" လို့ ပြောပြပါတယ်။

ဒါ့အပြင် နိုင်းဝမ်းက လာမယ့်ရွေးကောက်ပွဲ မဲပေးတဲ့အခါ ပြည်သူပရိသတ်များအနေနဲ့ အမှန်အမှား ကိုယ်  ပိုင်စဉ်းစားပြီး မဲထည့်စေချင်ကာ ဘယ်ပါတီကို မဲပေးလို့တော့ မပြောချင်ကြောင်းနဲ့ အမှန်တရားဆိုတာ   တခုပဲရှိတယ်လို့ ပြောပြခဲ့ပါတယ်။


ယုမွန်ကျော်

0 comments:

Post a Comment