Related Posts Plugin for WordPress, Blogger...

October 28, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုEffect ကောင်းကောင်းနဲ့လုပ်မယ် - Photo Grid - Collage Maker Premium v5.111 APK

Posted: 27 Oct 2015 08:19 PM PDT


ဖုန်းကိုင်ဆောင်ထားသောဘော်ဒါတို့ အတွက်ဓာတ်ပုံတွေကို မိုက်မိုက်စားစားEffect ကောင်းကောင်းလည်းနှင့်လုပ်မယ်ဆိုရင်တော့ ဒီ Photo Grid updated လေးကိုသုံးလိုက်ပါ။ဒီကောင်းလေးကတော့ ဘော်ဒါတို့အတွက်  Background , Sticker , Effect , Frame , Template အပြင်အခြားသော Feature တွေအများကြီးပါဝင်လို့ပါ။ Feature အပြည့်အစုံ ကိုအောက်မှာ အသေးစိတ်ရေးပြထားပါတယ်ဗျာ။ ဒီကောင်လေး၏ အသုံးဝင်းပုံ (ပုံစံ) တွေတော့အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ဒီကောင်လေးကတော့ ဘော်ဒါတို့အတွက်  android os 2.3 အထက်ရှိဖုန်းများသုံးနိုင်ပြီး ဖိုင်းလေးကတော့19.57MB ဖြစ်ပါတယ်။




Download Here  

ကြိုးတပ်စရာမလို့ပဲ အားသွင်းလို့ရမယ့် uBeam

Posted: 27 Oct 2015 06:00 PM PDT




uBeam လို့ အမည်ပေးထားတဲ့ ကြိုးတပ်စရမလိုပဲ အားသွင်းလို့ရတဲ့ နည်းပဘာကို အသက် ၂၅ နှစ်အရွယ်ရှိ astrobiology graduate တစ်ဦးဖြစ်တဲ့ Meredith Perry မှ တီထွင်ဖန်တီးခဲ့ပါတယ်။ ယင်း နည်းပညာအရ စွမ်းအင် လွတ်နေတဲ့ ပလိပ်ပြားတစ်ခုရှိပြီး ယင်း ပလိပ်ပြားနဲ့အကွာအဝေး တစ်ခုမှာ ဖုန်းကို ထားရင် အားဝင်မယ့် နည်းပညာ ဖြစ်ပါတယ်။ 

Wireless အားသွင်းတဲ့ နည်းပညာ တစ်ခုဖြစ်ပေမယ့် သူ့ရဲ့ Wi-Fi နဲ့မတူတဲ့ အချက်တစ်ခုကတော့ နံရံကာနေရင် အားမဝင်ပါဘူး။ အားသွင်းရန် အားဖြန့်ချိသူနဲ့ အားလက်ခံသူ စမတ်ဖုန်းတို့ ကြားထဲမှာ အပိတ်အဆို့များ ရှိမနေဖို့ လိုအပ် ပါတယ်။ ယင်းအတွက် စမတ်ဖုန်း အချို့ကို receiver အလွှာတစ်ခုတပ်ဆင်ပြီး စမ်းသပ်ရာမျာ အောင်မြင်ခဲ့ ပါတယ်။ ယင်း နည်းပညာကို ကော်ဖီဆိုင် နဲ့ စားသောက်ဆိုင် အချို့မှာ အသုံးပြုဖို့အတွက် သူမနဲ့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။

သူမ အနေနဲ့ ယင်းနည်းပညာကို ဆက်လက် အဆင့်မြင့်တင်နေပြီး ဘယ်စမတ်ဖုန်း မဆို ဘာ ပစ္စည်းမှ ထပ်ဖြည့်စရာ မလိုပဲ ကြိုးမဲ့ အားသွင်းနိုင်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)
‪#‎aungkham_mma‬
http://www.myanmarmobileapp.com/?p=62535
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



သင့်ဖုန်းအတွက် အလုံခြုံ ဆုံး Virus Security ဆော့ဝဲ-360 Security 360 Security - Antivirus Boost v3.3.8 APK

Posted: 27 Oct 2015 06:50 AM PDT

နာမည်ကြီး ဆော့ဝဲတွေထဲမှာ360 ဆို ကင်မရာဖြစ်ဖြစ် တစ်ခြား 360 Antivirus ဆိုရင်လည်းဖုန်းအတွက် မြန်ဆန်မှုကို အထောက်အကူပြုပြီး Virus တို့၏ရန်မှ လုံးဝအကာအကွယ်ပေးနိုင်တဲ့ ဆော့ဝဲ ဆိုတာကိုအားလုံးလည်း သိပြီးသားဖြစ်ကြမှာပါ။ဗားရှင်းအသစ်လေးထပ်တက်လာလို့ Update အကြိုက်ဘော်ဒါတွေအတွက် တင်ပေးလိုက်ပါတယ်။အခုဗားရှင်းမှာဆိုရင်တော့ Feature တွေထပ်တိုးလာတဲ့အပြင်Antivirus Engine, Junk File, Memory Booster,Power Saver, App Manager, Anti-theft,Privacy, Real time protection ဆိုင်ရာအားလုံးကိုစပါယ်ဖန်တီးထားတဲ့ အပြင် ဘက်ထရီးအားကိုလည်းလိုအပ်တာထက်မကုန်အောင် ထိမ်းသိမ်းပေးထားပြီးmemory space, junk,(cache) files များစွာကိုတစ်ချက်တည်းနဲ့ ရှင်းလင်းပေးနိုင်ပါတယ်။အထူးစိတ်ဝင်စားစရာတစ်ခုကတော့ ဒီဆော့ဝဲဟာဖုန်းအတွက် သီးသန့် Protection and Speed Booster ကိုအထူးပြု ရေးဆွဲထားတာမို့ အများသူငှါ ကြောက်လန့်နေကြရတဲ့malware, vulnerabilities, adware and Trojans ပတ်သက်လာရင်အားလုံးထဲကတစ်ခုအဖြစ် နာမည်ကြီး Antivirus Security ဆော့ဝဲကောင်းဖြစ်ပါတယ်၊ အသုံးလိုတဲ့ဘော်ဒါတွေကတော့အောက်ကလင့်တွေမှာ ရယူအသုံးပြု နိုင်ပါပြီ။

 http://www.winhlaing.org/






  Download Here

ဖုန်းရဲ့ Memory RAM ကိုစိတ်တိုင်းကျ Manages လုပ်ပေးနိုင်မယ့်-RAM Manager Pro v8.0.0 APK

Posted: 27 Oct 2015 06:46 AM PDT


မိမိတို့Android ဖုန်းရဲ့ Memory RAM ကိုစိတ်တိုင်းကျ Manages လုပ်ပေးနိုင်မယ့်RAM Manager PRO vPro v8.0.0APK ဆိုတဲ့ နောက်ဆုံးထွက် Full Version Apk လေးကိုတင်ပေးလိုက်ပါပြီRam ပိုင်းဆိုင်ရာကို စီမံခန့်ခွဲလုပ်ဆောင်ပေးနိုင်တဲ့ application ကောင်းတစ်ခုဖြစ်ပါတယ်။ပြီးတော့ Custom Rom တင်ထားတဲ့ဖုန်းမျိုးဆိုရင် Ram ကို ထပ်မံတိုးမြှင့်ယူလို့ရစေတာဟာ ဒီ app ရဲ့ အထူးကောင်းမွန်တဲ့စွမ်းဆောင်နိုင်ရည်တစ်ခုလို့ဆိုရမှာပါ။Full Version Pro လေးဖြစ်တာကြောင့်Features တော်တော်များများကိုစုံလင်စွာနဲ့အသုံးပြုခွင့်ရစေမှာပါ။apk file size ကလည်း 1.02MB သာသာလေးပဲရှိပါတယ်။ဒီ ​apk ကိုအသုံးပြုဖို့အတွက် မိမိဖုန်းဟာRootဖြစ်​ထားဖို့​တော့လိုပါမယ်​- Android OS Version 2.1နှင့်အထက်ရှိထားသောဖုန်းများမှာထည်သွင်းအသုံးပြုနိုင်ပါတယ်အောက်​ကlink​ မှာ​ဒေါင်းလုပ်​ရယူနိုင်​ပါပြီ။

http://www.winhlaing.org/


http://www.winhlaing.org/


 Download Here

သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့

Posted: 27 Oct 2015 05:55 AM PDT



မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး (၇)၀ါမြောက်တွင်၊ ၀ါဆိုဖို့ရန် အချိန်ရောက်လာသောအခါ၊ အဘိဓမ္မာတရားဟောကြားရန် တာဝတိံသာ နတ်ပြည်သို့ ကြွသွားပြီး၊ ပင်လယ်ကသစ်ပင်အရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ သီတင်းသုံးနေတော်မူပါသည်။ ထိုအခါ၊ တစ်သောင်းသော စကြ၀ဠာတိုက်မှ အဘိဓမ္မာတရား နာကြားဖို့ရာ ရောက်ရှိလာကြသော နတ် ဗြဟ္မာတို့အား၊
မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါသည်။

အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူသည့်အခါမှာ၊ အဘိဓမ္မာဒေသနာတော်သည်၊ အလွန်များပြားသည့်အတွက်ကြောင့်၊ တောင်ကျချောင်းမှရေများ၊ အလျင်အမြန်စီးကျနေသကဲ့သို့၊ ဘုရားရှင်၏ နှုတ်တော်မှ အလျင်အမြန်ထွက်ပေါ်ကာ၊ နေ့ရောညပါ အဆက်မပြတ် ဟောကြားတော်မူသည်။

ထိုသို့ ဟောကြားနေစဉ်၊ ဆွမ်းခံကြွရန်အချိန်ရောက်လာသောအခါ၊ မြတ်စွာဘုရားနှင့် ပုံသဏ္ဍာန်အလုံးစုံတူသော နိမ္မိတရုပ်ပွား ဘုရားတစ်ဆူကို ဖန်ဆင်းတော်မူပါသည်။ ဖန်ဆင်းပြီးသောအခါ၊ "နိမ္မိတရုပ်ပွားဘုရားသည်၊ ဤအဘိဓမ္မာဒေသနာတော်မှ၊ ဤအဘိဓမ္မာဒေသနာတော်တိုင်၊ ဟောကြားစေသည်း"ဟု အဓိဋ္ဌာန်ပြုကာ၊ ဘုရားရှင်သည် လူ့ပြည်ရှိ အနောတတ်ရေအိုင်သို့ ကြွတော်မူပါသည်။ နိမ္မိတရုပ်ပွားဘုရားသည်၊ သဗ္ဗညုတမြတ်ဘုရားနှင့်၊ ရောင်ခြည်တော်(၆)သွယ် နှင့်တကွ၊ အသွင်အပြင် အမူအရာတို့သည်၊ တစ်ထပ်တည်း တူတော်မူ၏။ နိမ္မိတရုပ်ပွားဘုရား၊ အဘိဓမ္မာတရား ဟောကြားနေသည်ကို၊ တန်ခိုးနည်းသည့် နတ်ဗြဟ္မာများက မသိကြဘဲ၊ တန်ခိုးများသည့် နတ်ဗြဟ္မာများသာ 
"ယခု ဟောကြားနေတာ၊ နိမ္မိတရုပ်ပွားဖြစ်သည်၊ ဗ္ဗညုမြတ်စွာဘုရားကတော့ ဆွမ်းကိစ္စအတွက် လူ့ပြည်သို့ ကြွသွားပြီ"ဟု သိကြပေသည်။

မြတ်စွာဘုရားသည်၊ အနောတတ်ရေအိုင်၌ ရေသပ္ပါယ်ပြီး၊ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပါသည်။ ဆွမ်းခံရာမှ ပြန်ကြွလာသောအခါ၊ အနောတတ် ရေအိုင်မှာပင် ဆွမ်းဘုဉ်းပေးတော်မူပါသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ စန္ဒကူးတောသို့ ကြွ၍၊ နေ့သန့်စင်တော်မူပါသည်။ 
ထိုအခါ၊ အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံ လာရောက်၍၊ ၀တ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးပါသည်။ ဤသို့ အရှင်သာရိပုတ္တရာက လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ ဘုရားရှင်က 
"ချစ်သား သာရိပုတ္တရာ - တာဝတိံသာနတ်ပြည်၌ ဟောကြားနေသော အဘိဓမ္မာဒေသနာတော်သည်၊ ဤဒေသနာတော်မှစ၍၊ ဤဒေသနာတော်တိုင်အောင် ဟောကြား၍ ပြီးဆုံးသွားလေပြီ"ဟု နည်းပေးသောအားဖြင့်၊ အရှင်သာရိပုတ္တရာအား၊ ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည်၊ ပညာအရာတွင် အတော်ဆုံးဧတဒဂ်ရာထူးကို ရထားသောပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာဒေသနာတော်များကို၊ နည်းပေါင်းစုံလင်စွာ အားလုံးသိရှိတတ်မြောက်သွားပါသည်

ဘုရားရှင်၊ စန္ဒကူးတောတွင် နေ့သန့်စင်သီတင်းသုံးနေတော်မူသော အချိန်တွင်၊ နေ့စဉ်နေ့တိုင်း အရှင်သာရိပုတ္တရာလာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာတရားတော်များကို၊ ဘုရားရှင်က၊ အရှင်သာရိပုတ္တရာအား၊ အကျဉ်းချုပ် ဟောတော်မူပါသည်။ အရှင်သာရိပုတ္တရာက၊ အကျယ်တတ်မြောက်သွားပါသည်။ တတ်မြောက်ပြီးသော အဘိဓမ္မာ ဒေသနာတော်များကို၊ လင်းနို့ငယ်ဖြစ်စဉ်ဘ၀က အဘိဓမ္မာဓာတ်ခံ ပါလာကြသော၊ တပည့်ရဟန်းငါးရာကို တစ်ဆင့်သင်ကြားပို့ချပေးပါသည်။ တပည့်ရဟန်းငါးရာတို့သည် ကဿပမြတ်စွာဘုရား လက်ထက်တော် အခါက၊ အဘိဓမ္မာဓာတ်ခံ ပါလာကြသောကြောင့်၊ လျှင်မြန်စွာ တတ်မြောက် သွားကြပေသည်။ ဘုရားရှင်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ပြီးဆုံးခြင်းနှင့်၊ ထိုရဟန်းငါးရာတို့၏ အဘိဓမ္မာ(၇)ကျမ်းကို သင်ယူပြီးဆုံးခြင်းတို့သည်၊ မရှေးမနှောင်း တစ်ပြိုင်နက်လိုလိုပင် ဖြစ်ကြပေသည်။ 

ဤကဲ့သို့ ၀ါတွင်းသုံးလကာလပတ်လုံး ဟောကြား၍၊ သီတင်းကျွတ် လပြည့်နေ့မှာ ပြီးဆုံးသွားသောအခါ၊ ကုဋေ(၈)သောင်းမျှသော နတ်ဗြဟ္မာအပေါင်းတို့၊ ကျွတ်တမ်းဝင်သွားကြပေသည်။ မြတ်စွာဘုရား၏ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည်လည်း၊ သောတာပန် ဖြစ်သွားရပေသည်။

ဘုရားရှင်သည်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ ပြီးဆုံးသွား သောအခါ၊ လူ့ပြည်သို့ ပြန်ကြွတော်မူမည့်အကြောင်း၊ သိကြားမင်းကို မိန့်ကြားတော်မူရာ၊ သိကြားမင်းက မြတ်စွာဘုရား၊ လူ့ပြည်သို့ ကြွဆင်းရန်၊ မြင်းမိုရ်တောင်ထိပ်မှ သင်္ကဿနဂိုရ်မြို့တံခါးသို့ စောင်းတန်းသုံးသွယ် ဖန်ဆင်းပါသည်။ လက်ယာဘက်မှ ရွှေစောင်းတန်း၊ လက်ဝဲဘက်မှ ငွေစောင်းတန်း၊ အလယ်မှ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပါသည်။

မြတ်စွာဘုရားသည်၊ ကိုယ်တော်မှ ရောင်ခြည်တော်(၆)သွယ်တို့ကို၊ ထွက်ပေါ်စေလျက်၊ မြင်းမိုရ်တောင်ထိပ် အလယ်ပတ္တမြားစောင်းတန်းမှ လူ့ပြည် သင်္ကဿနဂိုရ်မြို့တံခါးဝသို့၊ ကြွဆင်းတော်မူပါသည်။ လက်ယာဘက် ရွှေစောင်းတန်းမှ၊ နတ်ပရိသတ်များက ဘုရားရှင်ကို ယပ်လေခတ်ပေးခြင်း၊ နတ်တို့၏ တူရိယာအမျိုးမျိုးတို့ကို တီးမှုတ်ခြင်းတို့ဖြင့်၊ ပူဇော်ကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။ လက်ဝဲဘက် ငွေစောင်းတန်းမှ၊ ဗြဟ္မာကြီးများက၊ ဘုရားရှင်ကို ထီးဖြူများဖြင့် ဆောင်းမိုးကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။

မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့်၊ အထက်သို့ အတနိဋ္ဌဗြဟ္မာပြည် တိုင်အောင်၊ အောက်သို့ အ၀ီစိငရဲတိုင်အောင်၊ အရှေ့, အနောက်, တောင်, မြောက်, အထောင့်အရပ်လေးခုဟူသော၊ အရပ်ရှစ်မျက်နှာ စကြ၀ဠာတိုက် ထောင်ပေါင်းများစွာတိုင်အောင်၊ အပိတ်အပင် အတားအဆီးမရှိဘဲ၊ ဟင်းလင်းပွင့်ကာ တွေ့မြင်ကြရပေသည်။
လူတို့သည်၊ နတ်ဗြဟ္မာတို့၏ ဘုံဗိမာန်များနှင့် နတ်ဗြဟ္မာတို့ကို တွေ့မြင်ကြရသလို၊ နတ်ဗြဟ္မာတို့ကလည်း၊ ဘုရားရှင်အား သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည့် သိန်းသန်းကုဋေမက များပြားလှသော လူတို့ကို တွေ့မြင်ကြရပေသည်။ ဤသို့၊ မကြုံစဖူး ကြည်ညိုဖွယ်ရာများကို တွေ့မြင်ကြရသောကြောင့်၊ (၃၆)ယူဇနာအတွင်း၌ ရှိနေကြသော လူအပေါင်းတို့သည်၊ ဘုရားဆုကို မပန်သောသူဟူ၍ မရှိကြပေ။ ဘုရားရှင် ကြွဆင်းလာသည်ကို၊ လူတို့က မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြသည်။ ထိုဖြစ်ရပ်ကို အစွဲပြု၍၊ နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင်၊ မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြသည်။ ထို့ပြင်၊ သီတင်းကျွတ်လပြည့်နေ့ကိုလည်း၊ အဘိဓမ္မာအခါတော်နေ့ဟူ၍ သတ်မှတ်ကျင်းပလာခဲ့ကြပေသည်။

( သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး )

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



♪ Halloween Night ပုံစံလေးနဲ့အမြင်ဆန်းသစ်ပြီးကစားရမယ့် - Clash of Clans Halloween Night v7.200.19 Apk ♫

Posted: 27 Oct 2015 04:15 AM PDT

Clash-of-Clans-Trick-or-Treat-Halloween-Update-2014-

Clash of Clans ပရိတ်သတ်များအတွက် Halloween Night အတွက်ထုတ်ပေးလိုက်တဲ့ Application လေး ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ Theme တွေ Feature တွေ ပြောင်းလဲပေးထားတာဖြစ်တာကြောင့် စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ ကဲ Download ရယူချင်တယ်ဆိုရင်တော့အောက်ကလင့်လေးကနေ ၀င်ရောက်ရယူလိုက်ပါ ခင်ဗျာ။

Credit to ==> Ko Htoo ( MMAS )


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ Techspace Journal Vol (4), Issue (29) (27.10.15) ♫

Posted: 27 Oct 2015 04:14 AM PDT


Techspace ဂျာနယ်ကို အပတ်စဉ်အင်္ဂါ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Techspace ဂျာနယ်ကို ဖတ်ချင်သူများအတွက် မူရင်းဆိုဒ်ကနေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Techspace ဂျာနယ် ၀ယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Techspace Journal Vol(4), Issue (29) ကိုတင်ပေး လိုက်ပါတယ်ဗျာ။ 27-Oct ရက်နေ့ထွက်လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင်မပြေသောနေ ရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။





**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ မိုဘိုင်းလောကမှသင်တန်းမျိုးစုံရှိပါတယ် ဒါပေမယ့်မှန်ကန်သောရွေးချယ်မှုတစ်ခုဖြစ်စေချင်ပါတယ် ♫

Posted: 27 Oct 2015 02:11 AM PDT


ယနေ့ခေတ် အနေအထားရဲ့ အကောင်းဆုံး လိုအပ်ချက် တစ်ခု ဖြစ်တဲ့ မိုဘိုင်းဖုန်း ပြုပြင်ခြင်း ဆိုင်ရာ နည်းပညာရပ်များ ကို သင်ကြား တတ်မြောက်ထားခြင်း အားဖြင့် 
လိုအပ်ချက် ပေါ်မူတည်ြ့ပီး အကောင်းဆုံး လုပ်ငန်းထူထောင်နိုင်မှု ( ဖုန်းဆိုင်ဖွင့်ခြင်း)
အကောင်းဆုံး အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု ( service technician တစ်ယောက် အဖြစ် ရပ်တည်ခြင်း )
တစ်ပိုင်တစ်နိုင် ကိုယ်တတ်မြောက်ထားသော ပညာရပ်ဖြင့် ၀င်ငွေ ရှာဖွေနိုင်ခြင်း ( မိတ်ဆွေ ၊ အပေါင်းအသင်း ၊ သူငယ်ချင်း ဖုန်းများ Service လုပ်ပေးခြင်း )
အစရှိတဲ့ .. ပုံစံ အမျိုးမျိုးနဲ့ Service ပြန်လည် လုပ်ကိုင်လို့ ရစေမှာ ဖြစ်ပါတယ် …. ။
ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တဲ့ ပညာရပ်ဖြစ်လို့ ရည်ရွယ်ချက်ကြီးစွာ ထားရှိကြတဲ့ လူငယ်တိုင်း ၊ လက်ရှိ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေသူတိုင်း ၊ ကိုယ်ပိုင် စီးပွားရေး တစ်ခုကို ထူထောင်လိုသူတိုင်း ၊ ယောင်္ကျား ၊ မိန်းမ မရွေး တတ်မြောက်ထား သင့်တဲ့ ပညာရပ် တစ်ခု လည်း ဖြစ်ပါတယ် ။
ပညာလို အိုသည် မရှိ ဆိုတဲ့ စကားအတိုင်း ဒီပညာရပ်ဟာ အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခု ဖြစ်တာကြောင့် အသက်အရွယ်ကြီးလား ၊ ငယ်လား ၊ ပညာအရည်အချင်း ရှိလား ၊ မရှိလား စတာတွေကို ထည့်တွက်စရာ မလိုပဲ မည်သူမဆို လွတ်လပ်စွာ သင်ကြားနိုင်တဲ့ ပညာရပ် တစ်ခုလည်း ဖြစ်ပါတယ် ။


အဲ့ဒါကြောင့် ဒီပညာရပ်ကို သင်ယူဖို့ ဆုံးဖြတ်လိုက်ပြီ ၊ ဒီပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုတော့မယ် ၊ ဒီပညာရပ်နဲ့ စီးပွားရှာတော့မယ် ဆိုရင်တော့ …. ကျွန်တော်တို့ The Last Mobile Service & Training Centre မှ တာဝန်ယူပါရစေ ခင်ဗျာ …. ။
ကျွန်တော်တို့ သင်တန်းမှာ အဓိကအားဖြင့် အပိုင်း ၂ ပိုင်း ( Software ပိုင်း ၊ Hardware ပိုင်း ) ခွဲထားပါတယ် ။
၂ ပိုင်းလုံး တစ်ခါတည်း တက်ရောက်လို့ ရသလို ၊ ကိုယ်ကြိုက်နှစ်သက်ရာ အပိုင်း ကို လည်း ရွေးချယ် တက်ရောက်လို့ ရပါတယ် ။
Software ပိုင်း သင်ကြားမှု အပိုင်းကို အရင် မိတ်ဆက်ပေးပါမယ် ။
တန်းခွဲ တစ်ခုမှာ သင်တန်းသား (၈) ဦး သင်ကြားပေးပါတယ် ။ သင်ကြားပေးတဲ့ Course တွေက …
- Computer အခြေခံ စတင် သင်ကြားခြင်း
- ရေပန်းစား လူကြိုက်အများဆုံး OS နှစ်ခု ဖြစ်တဲ့ Android , iOS ၂ မျိုးလုံး ကျွမ်းကျင် တတ်မြောက်အောင် သင်ကြားပေခြင်း
- Android OS သမိုင်းကြောင်းနှင့် လက်ရှိ ထွက်ခဲ့ပြီးသော Version History များအကြောင်း ရှင်းလင်း နားလည်စေခြင်း
- Android ဖုန်း တစ်လုံး အတွင်းရှိ Settings များကို သိရှိ နားလည်စေခြင်း
- Third Party PC Suite Software များ အသုံးပြုပြီး Application , Game , Contact , Message , Photo , Video  install လုပ်ခြင်း (ထည့်ခြင်း) , backup လုပ်ခြင်း (ထုတ်ခြင်း)
- Samsung , Sony , HTC , Huawei စသော Branded ဖုန်းများ အပြင် ယခု နောက်ပိုင်း ရေပန်းစားလာသော Coolpad , Oppo , Vivo , Xaiomi , Gionee , G-Five , Hisense အစရှိသော ဖုန်းများ နဲ့ နယ်သမားများ စိတ်ကြိုက် ဖြစ်စေမဲ့ တန်ဖိုးနည်း China Clone ဖုန်းများ ၊ Samsung Clone , Sony Clone , X-Bo , Hello စတဲ့ ဖုန်းတွေ အထိ
-  Official Firmware , Custom Firmware , Version Upgrade , Downgrade လုပ်ခြင်း
- မြန်မာဖောင့်ထည့်ခြင်း , Pattern , Password Lock ဖြည်ခြင်း
-  imei ပြန်ရေးခြင်း အစရှိတာတွေ အကုန်လုံး စနစ်တကျနဲ့ သင်ကြား တတ်မြောက်စေပါတယ် ။
- အဆိုပါ ဖုန်း အားလုံး အတွက် One Click Root များ ၊ CWM file များ ၊ Root ဖောက်ရာမှာ လိုအပ်တဲ့ Bootloader Unlock လုပ်ခြင်း အစရှိတဲ့ နည်းပညာရပ်များ


- Root ဖောက်ရန် ခက်ခဲသော Huawei ဖုန်းများ insecure boot ကိုယ်တိုင် တည်ဆောက်ခြင်း
- နောက်ဆုံးထွက် Miracle Box ဖြင့် MTK Chipset အသုံးပြုထားသော ဖုန်းများ Pattern , Password ဖြည်ခြင်း ၊ Firmware Backup ထုတ်ခြင်း
- MTK DroidTools အသုံးပြုပြီး imei restore , firmware backup ယူခြင်း
- Root Explorer အသုံးပြုပြီး ဖုန်းအား စိတ်ကြိုက် ပြင်ဆင်နည်းများ
- ADB Command အသုံးပြုပြီး Pattern , Password ဖြည်ခြင်း ၊ Bat file ကိုယ်တိုင်ရေးသားခြင်း
- Octopus , Miracle , SPT Box အမျိုးမျိး အသုံးပြု သင်ကြားခြင်း
စတဲ့ Android ပိုင်းနဲ့ ပတ်သောသော Software Error အမျိုးမျိုး အပြင်
- iOS သုံး Apple ဖုန်းများ အတွက် နောက်ဆုံးပေါ် iPhone 6s , 6s Plus တွေ အသုံးပြုပြီး
- iOS အကြောင်း ၊ Apple အကြောင်း နားလည်စေခြင်း ၊ Settings များအကြောင်း ရှင်းလင်း သင်ကြားခြင်း
- itune Software အကြောင်းနာလည် စေခြင်း ၊ third party pc suite များ အကြောင်း ရှင်းလင်းခြင်း
- Firmware Restore ပြုလုပ်ခြင်း , Firmware Restore ပြုလုပ်ရာမှာ ဖြစ်တတ်တဲ့ Error များ
- Jailbreak လုပ်ခြင်း ၊ မြန်မာဖောင့်ထည့်ခြင်း ၊ Cydia Tweak များ အသုံးပြုခြင်း
- Apple ID ပြုလုပ်ခြင်းး စတဲ့ iOS နဲ့ ပတ်သတ်တဲ့ နည်းပညာရပ်များ
 အစရှိတဲ့ Software ပိုင်းနဲ့ သက်ဆိုင်တဲ့ မိုဘိုင်းဖုန်း Error အမျိုးမျိုး အပြင်
- ဖုန်းဆိုင် တစ်ဆိုင် အတွက် လိုအပ်တဲ့ Facebook Acccount ဖွင့်နည်း များ ၊ Lock ဖြည်နည်းများ ၊ Gmail , Skype , Viber , Tango , WeChat အစရှိတဲ့ Account ဖွင့်နည်းများ
Software ပိုင်းနဲ့ ပတ်သတ်ပြီး လက်ခ တောင်းယူပုံ တောင်းယူနည်းက အစ ၊ $ ရရှိစေနိုင်သော နည်းလမ်းများ အားလုံးကို သင်ကြားပေးပါတယ် ။
Hardware ပိုင်းနဲ့ ပတ်သတ်ပြီး
တန်းခွဲ တစ်ခုမှာ အနည်းဆုံး (၁၀) ဦး သင်ကြားပေးပါတယ် ။
- သင်တန်းသား တစ်ယောက်စီ တိုင်းအတွက် Electronics အခြေခံ မှ စတင်ပြီး နားလည် တတ်မြောက်စေခြင်း
- Hardware ပြုပြင်ရန် အတွက် လိုအပ်ချက် ဖြစ်တဲ့ Power Supply , Air Gun , ခဲဂေါက် အစရှိတဲ့ ပစ္စည်းများအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် ရှင်းလင်းသင်ကြားခြင်း
- မိုဘိုင်းဖုန်း အမျိုးမျိုး ၊ Tablet မျိုးမျိုး တို့ အတွက် ဖြုတ်နည်း ၊ တပ်နည်းများ ကိုယ်တိုင် လုပ်ဆောင်စေပြီး ပြင်ဆင် စေခြင်း
- လျှော့ကျနေသော အစိတ်အပိုင်းအား ရှာဖွေ ၊ ပြုပြင် ၊ လဲလှယ် နည်းများ ကိုယ်တိုင် လုပ်ဆောင်စေခြင်း
-  ဖုန်းအများစု တွင် ဖြစ်တတ်သော EMMC Error , Power IC Error တို့ကို ပြုပြင်ရန်အတွက် ခဲရှင်းခြင်း ၊ ခဲလောင်းခြင်း
- MultiMeter , Digital Meter အသုံးပြုနည်းများ
- Touch , LCD , Mic , Earpiece , Speaker အားလုံး ကို ကိုယ်တိုင် လဲလှယ်တတ်စေရန် သင်ကြားခြင်း
- board ပိုင်းဆိုင်ရာ ပစ်ချက်များ အတွက် လမ်းကြောင်းလိုက်နည်း အခြေခံ
အစရှိတဲ့ Hardware ပိုင်းနဲ့ ပတ်သတ်တဲ့ Error များ အားလုံးကို အချိန်တို အတွင်း တိကျစွာဖြင့် ရှင်းလင်း သင်ကြားပေးခြင်း ။
အထက်ပါ သင်ကြားနည်း ပုံစံ အမျိုးမျိုးကို သင်တန်း ပို့ချ နေခြင်းမျိုး မဟုတ်ပဲ Service ဆိုင် တစ်ဆိုင်မှာ ကိုယ်တိုင် ၀င်ရောက် လုပ်ကိုင်  နေသလို ပုံစံ မျိုးနဲ့ သင်ကြားပို့ချ ပေးတာကြောင့် အချိန်တို အတွင်း service technician တစ်ယောက် အဖြစ် ရပ်တည် စေနိုင်ပါတယ် ။
- Customer တစ်ယောက် ဖုန်းလာအပ်တိုင်း ကိုယ်တိုင် Service လက်ခံရမှာ ဖြစ်ပြီး ကိုယ် လက်ခံထားတဲ့ ဖုန်း တွက် ပြင်ဆင်မှု ကိုလည်း မိမိကိုယ်တိုင် လုပ်ဆောင်ရမှာပါ ။
- ပြင်ဆင်ဖို့ အတွက် လိုအပ်တဲ့ touch , lcd , ear piece , mic က အစ မိမိ ကိုယ်တိုင် Spare Parts ဆိုင်ကို သွားရောက် ၀ယ်ယူပြီး service ပြုလုပ်ရမှာပါ ။
- ပြုပြင်ပြီးဖုန်းများ အတွက် Customer ကို ကိုယ်တိုင် အပ်နှံပြီး ဖြစ်ပေါ်လာသော Error များ အကြောင်း ကို ကိုယ်တိုင် ရှင်းပြပေးရမှာပါ ။
- သင်တန်းပြီးမြောက်သွားပြီးနောက် ထပ်မံ အတွေ့အကြုံ ယူချင်သေးတဲ့ သင်တန်းသားများ အတွက်လည်း သင်တန်းမှာပဲ ထပ်မံ ပြီး အတွေ့အကြုံကောင်းများ ယူနိုင်ရန်လည်း စီစဉ်ပေးထားပါသေးတယ် … ။
အဲ့ဒါကြောင့် ယနေ့ခေတ်ရဲ့ အကောင်းဆုံး လိုအပ်ချက် တစ်ခု ဖြစ်တဲ့ မိုဘိုင်းဖုန်း ပြုပြင်နည်း နည်းပညာရပ်တွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုချင်တယ်ဆိုရင်တော့ …… ကျွန်တော်တို့ The Last Mobile ကို အခုပဲ ဆက်သွယ်လိုက်ပါ ခင်ဗျာ ….. ။
သင်တန်းကြေးတွေ အနေနဲ့ Software ၂ သိန်း ၊ Hardware ၃ သိန်း ၊ ၂ မျိုးပေါင်း ၅ သိန်းပါ ခင်ဗျာ ။ ( အရစ်ကျလည်း ပေးသွင်းနိုင်ပါတယ် ။ )
၅.၁၁.၂၀၁၅ ရက်နေ့မှာ အပတ်စဉ် (၉) တန်းခွဲ စမှာ ဖြစ်ပါတယ် ။
The Last Mobile
Service & Training Centre
တိုက်(၁) ၊ အခန်း (၀၀၃) ၊ ပါရမီ အိမ်ရာ ၊ (၁၆) ရပ်ကွက် ၊ ရန်ကုန် - အင်းစိန်လမ်း နှင့် ပါရမီ လမ်းထောင့် (ဘုရားလမ်း မီးပွိုင့်အနီး ) လှိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။
၀၉-၃၃၈၀၅၅၈၁ ၊ ၀၉-၃၃၈၀၅၅၉၁



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download

♪ USA မှထုတ်လွင့်နေသောရုပ်သံလိုင်းများကို ဖုန်းထဲကနေတိုက်ရိုက်ကြည့်ရှုနိုင်မယ့် - USTV Pro v3.9 Apk ♫

Posted: 27 Oct 2015 01:18 AM PDT


ကျွန်တော်တို့ရဲ့ Android Phone ထဲကနေပြီး USA မှထုတ်လွင့်နေသော ရုပ်သံလိုင်းပေါင်းများစွာကို တိုက်ရိုက်ကြည့်ရှုနိုင်မယ့် Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ဘောပွဲတွေ နဲ့ အားကစားပွဲ အစုံအလင်တွေ နာမည်ကြီး အင်္ဂလိပ်ဇတ်လမ်းတွေ သတင်းတွေ အစရှိတာတွေအားလုံးကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်ဗျာ။ ဖုန်းထဲမှာ အင်တာနက်ကွန်နရှင်ရှိထားဖို့တော့ လိုအပ်ပါတယ်ဗျာ။ Android OS 4.1 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


– Support popular USA television channels including: CNN US, CNN International, BBC UK, BBC News…and many more channels being updated daily. We also support famous international channels.
> – Automatically update new channels.
– Add user channel manually.
– Manage favorite channels.
– EXCLUSIVE FEATURE: RECORD YOUR FAVORITE SHOWS IN REALTIME WITHOUT ANY QUALITY LOSS !
– Sharing with Facebook friends.
– Does not require Flash player.
– Fine-tuned skin, much cooler and high-tech looking.
– Fully hardware accelerated on android 4.1 and onward, this allows you to watch tv for hours before having to recharge.
– Add filter to enhance image quality.
– Possibility to upgrade to Pro version with promotion code.









**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

0 comments:

Post a Comment