မောင်ပေါက် ( Maung Pauk ) |
- USB Drive ထဲ ကို Virus မ၀င်အောင် ဘယ်လိုလုပ်မလဲ ???..
- Apple ID ကို မိမိတို့ရဲ့ iPhone/iPad ပေါ်မှာ အလွယ်တကူ ပြုလုပ်နည်း (မသိသေးတဲ့သူများအတွက်သာ)
- virus အကြမ်းဖျဉ်းဖယ်ရှားနည်း
- How to root Samsung Galaxy J7 (J700F) ????
- ♪ OfficeSuite 8 + PDF Editor Premium v8.4.4436 Apk (12-Nov) ♫
- ♪ “Android အတွက်အကောင်းဆုံးဓာတ်ပုံတည်းဖြတ် ဆော့ဖ်ဝဲလ်များ” ♫
| USB Drive ထဲ ကို Virus မ၀င်အောင် ဘယ်လိုလုပ်မလဲ ???.. Posted: 14 Nov 2015 08:44 PM PST ဒီနေ့တော့ ကျနော် USB Drive တွေမှာ အဖြစ်များတတ်တဲ့ Virus ၀င်နေတဲ့ ပြသနာကို ဘယ်လိုမ၀င်အောင်တားမလဲ ဘယ်လိုလုပ်ရမလဲလို့ လာလာမေးနေတဲ့ ညီအကိုများအတွက် ကျနော် တင်ပေးလိုက်ပါတယ် .. နည်းကတော့ လွယ်လွယ်လေးပါ .... ကဲပထမဦးဆုံး ကိုယ့်ရဲ့ USB Drive က data တွေ ကွန်ပျူတာထဲ ကူးထည့်ထားပါ.. ပီးရင် USB ကို Format ရိုက်ပါ.... Format ရိုက်လို့ ပီးသွားရင် Window+R နှိပ်ပီး Run box ကနေ CMD ထဲဝင်ပါ... ပီးရင် CMD ကနေ ကျနော်ပြထားတဲ့ Code အတိုင်းရိုက်ပါ.. (convert e: /fs:ntfs) ဒီနေရာမှာ e ဆိုတာလေးကတော့ Drive ရဲ့ Name နောက်က ဟာလေးပါ. . i ဆို i , d ဆို d အစားထိုးပီးရေးပေးပါ. ပီးရင် Enter ခေါက်ပါ... သူ့ဘာသူ NTFS System ပြောင်းနေပါလိမ့်မယ် ပီးတဲ့အထိ စောင့်ပါ.. ပီးသွားရင် ကိုယ်ထည့်မယ့် ဖိုင်တွေ ကူးထည့်လို့ ရပါပီ... ပြီးရင်My computerထဲမှာToolsထဲကFolder Optionကိုဖွင့်ပါ။ ပီးရင် View Tap ရဲ့ အောက်ဆုံးက Use simple file sharing ကို အမှန်ခြစ်ဖြုတ်ပေးပါ.. ပြီးရင်Apply ,OKပေါ့။ ပြီးရင်My computerထဲကကိုယ်ရဲPen Driveပေါ်မှာညာဘက်ကလစ်လုပ်ပြီးPropertiesထဲကို ၀င်ပါ.. security Tab ထဲမှာပုံမှန်အားဖြင့်တော့ Full control ဖြစ်နေလိမ့်မယ်။ Edit ထဲဝင်ပါ... အဲဒီမှာFull Controlဆိုတာရယ်၊Modifyဆိုတာရယ်၊writeဆိုတာရယ် ကိုအမှန်ခြစ်ဖြုတ်ပေးရပါမယ်။ ပြီးရင်Apply , Okပေါ့ ဒီလိုပုံစံအတိုင်းဖြစ်ရင်တော့ ရပါပီ... ကိုယ်ကFull Controlပြန်မလုပ်သရွေ.ဖိုင်တွေထပ်ထည့်လိုမရတော့ပါဘူး။အထဲကဖိုင်တွေက တောပုံမှန်ယူသုံးလို့ရနေမှာပါ။ကိုယ်ကFull Controlပြန်မလုပ်သရွေ.ဗိုင်းရပ်တွေကလည်း ကျွန်တော်တို. USBa Driveထဲက၀င်လာနိုင်စရာမရတော့ဘူးပေါ့အဆင်ပြေပါစေ... တစ်ခုခု အကြံပေးလိုပါကMy FB Acc >> Min Oke Kar << FB My Reader App Min Oke Kar (နည်းပညာ).apk Download (1) Download (2) ကျနော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလိုပါက Min Oke Kar ဘီးလူးကျွန်းသားလေး နည်းပညာ page ကို Like လုပ်ထားပေးပါ.. https://www.facebook.com/minoke.kar123 Min Oke Kar (ဘီလူးကျွန်းသားလေး) နည်းပညာ |
| Apple ID ကို မိမိတို့ရဲ့ iPhone/iPad ပေါ်မှာ အလွယ်တကူ ပြုလုပ်နည်း (မသိသေးတဲ့သူများအတွက်သာ) Posted: 14 Nov 2015 08:57 AM PST ![]() 1. အရင်ဆုံး Gmail or Email တခုကို Setting > Mails,Contacts, Calendars မှာ Sign in လုပ်ပါ။ (အချို့ Email ဆိုရင် Browser မှာပဲ Sign in လို့ ရပါတယ်) ![]() 2. Sign in ၀င်ပီးလျှင် Mail ကို On ပါ။ ![]() 3. အကောင့် မလုပ်ခင် အရင်ဝင်ထားတဲ့ အကောင့်ကို Sign Out လုပ်ပေးပါ။ (Setting > iTunes & AppStore > Apple ID > Sign Out) ဒါမှလည်း AppStore ထဲဝင်ပြီး ဖွင့်တဲ့အခါ Box ကျလာမှာပါ။ ![]() 4. Sign Out လုပ်ပြီးလျှင် AppStore ထဲဝင်ပါ။ Free App တခုခုကို Download လုပ်လိုက်ပါ။ ![]() 5. Box တခု ကျလာပါမယ်။ Create New Apple ID ကို ရွေးပါ။ ![]() 6. ပြီးလျှင် Store ကို ကိုယ်ကြိုက်တဲ့ Country ထားပါ။ (ကျွန်တော်ကတော့ US Store နဲ့ ရှင်းပြသွားပါမယ်) ရွေးပြီးရင် Next ပါ။ ![]() 7. ထပ်ပီး Agree ကို နှိပ်ပါ။ ![]() 8. ဒီနေရာမှာ Email နဲ့ Password ကိုရေးပေးရမှာပါ။ a) Email မှာ ကိုယ်ပြုလုပ်မယ့် Email ကိုဖြည့်ပါ။ b) Password ပေးရင် ရှေ့ဆုံးမှာ အနည်းဆုံး Capital Letter တလုံးနဲ့ နောက်ဆုံးမှာ ကိန်းဂဏန်းတခုခု ပါဝင်ရပါမယ်။ (Eg : Password12345) c) Security Questions တွေထည့်တဲ့ အခါမှာ ကိုယ်မှတ်မိမယ့်ဟာကိုပဲ ထည့်စေချင်ပါတယ်။ အလွယ်ထည့်ပါ။ (ဥပမာ - What was the name of your first pet? ဆိုရင် အဖြေမှာ pet ပေါ့ What was the model of your Car? ဆိုရင် အဖြေမှာ car ပေါ့ What was the first name of your Boss ဆိုရင် အဖြေမှာ boss ပေါ့) d) နောက်ပီး Email တခုရှိသေးတယ်ဆိုရင်တော့ Recuse Mail ပါ ထည့်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် e) ပြီးရင် Birthday ဖြည့်ပါ။ အားလုံးပီးရင်တော့ Next ပေါ့။ ![]() 9. ဒီအဆင့်မှာ ကိုယ့်ရဲ့ Billing Information နဲ့ ပါတ်သက်တာတွေ ဖြည့်ပေးရမှာဖြစ်ပြီး အမှန်တကယ် Bank Card သုံးစွဲသူတွေဆိုပါက သေသေချာချာ စီစစ်ရန်လိုအပ်ပါတယ်။ ကျွန်တော်ကတော့ Free Account တခုဖွင့်နည်းပဲပြောပြပါမယ်။ a) None ကိုရွေးပါ။ b) Code နေရာမှာ လောလောဆယ် ဘာမှ မထည့်ပါနဲ့ c) အောက်ဆက်သွားရင် ကိုယ့်ရဲ့ လိပ်စာတွေ ဖြည့်ပေးရမှာဖြစ်ပါတယ်။ Address 1 မှာ ကြိုက်တဲ့ No ပေးပါ။ (eg : 200) Address 2 မှာ ကြိုက်တာဖြည့်ပါ။ (eg : Tatkone) City မှာလည်း ကြိုက်တာဖြည့်ပါ။ (eg : Mandalay) State နဲ့ Zipcode မှာတော့ အရေးကြီးပါတယ်။ မှားလို့မရပါဘူး။ အောက်မှာ State နဲ့ Zipcode တွေ ဖော်ပြသွားပါမယ်။ ခုတော့ ဆက်လိုက်ဦးမယ်။ ဖုန်းနာပါတ်နေရမှာ ရှေ့ ၃ လုံး၊ နောက် ၇ လုံး ကြိုက်ရာဖြည့်ပါ။ (eg : 123-456-7890) အားလုံးပြီးရင် Next ![]() 10. ပုံ ၁၀ အတိုင်း Verify Your Account ဆိုရင်တောင် အောင်မြင်လုနီးပါး ဖြစ်နေပါပြီ။ (ထိုအဆင့်ပီးလို့ Apple ID မှ Password တောင်းလျှင် Cancel ကိုနှိပ်ပါ) ![]() 11. Verify လုပ်ဖို့အတွက် Mail ထဲဝင်လိုက်ပါ။ ![]() 12. Apple က ပို့ထားတဲ့ Mail တဆောင်ရှိပါလိမ့်မယ်။ ၀င်လိုက်ပါ။ ![]() 13. Verify Now ကိုနှိပ်လိုက်ပါ။ ![]() 14. Apple ID နဲ့ Password ရေးပြီး Verify Address ကိုနှိပ်ပေးလိုက်ပါ။ ![]() 15. ပုံ ၁၅ လိုပြရင် Verify လုပ်တာ အောင်မြင်ပါပြီ။ ![]() 16. ပိုပြီး သေချာသွားအောင် AppStore က Free App တခုကို Download လုပ်ကြည့်ပါ။ ![]() 17. သင်ဟာ ကိုယ်ပိုင် Apple ID တခုကို ပိုင်ဆိုင်သွားပီပဲဖြစ်ပါတယ ![]() ref:IT Knowledge Sharer အဆင်ပြေပါစေ.. ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 14 Nov 2015 08:46 AM PST ![]() သင့် android ဖုန်း သို့ tablet ကထူးဆန်းစွာပြုမူနေပြီဆိုရင ၁) ကိုယ့် ဖုန်း/ ၂) Setting ထဲကိုဝင် Apps ထဲကိုသွား…အဲ့ထဲမှာ download tab ထဲက app list ကိုကြည့်ရှုမွှေနှောက်ပါ.. ဒုက္ခပေးနေတဲ့ malware နာမည်ကိုမသိဘူးဆိုရင် ကိုယ်မမြင်ဖူးမသွင်းဖူးတဲ့ app ကိုအဓိက ထားရှာပေါ့.. ၃) ကိုယ်ရှင်းချင်တဲ့ app ကို ဖိ/နှိပ်/ထိ/ရွေး ..ဆောရီး tap လိုက်ပါ (တစ်ခါတစ်လေ နည်းပညာဝေါဟာရတွေ ဘယ်လိုပြောရမလဲမသိဘူး frown emoticon ) ..အဲ့ခါမှာ App info page ကိုရောက်သွားပါလိမ့်မယ်..ပြ ၄) အဲသလိုအတင်းလုပ်ယူထားတဲ့ဟာေ ၅) ဖယ်ချင်တဲ့ကောင်တွေရှင်းချင အဆင်ပြေပါစေ.. ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| How to root Samsung Galaxy J7 (J700F) ???? Posted: 14 Nov 2015 06:28 AM PST Rooting With TWRP Recovery + Super SU 1. Download Odin V 3.10.7 Odin V3.10.7 >>> Download 2. Download Samsung Ph Driver USB >>> Download Kies >>> Download 3, ကဲ မင်းသားလာပီ J 7 TWRP >>> Download 4. Root File >> Super SU >> Download ကဲ အားလုံးပြည့်စုံပီဆိုရင်တော့ အရင်ဆုံး TWRP install လုပ်ပါ့မယ်.. ခုနက ဒေါင်းထားတဲ့ TWRP ဖိုင် ဖြည်ချလိုက်ပါ.. ကဲ ဒေါင်းထားတဲ့ Odin ကို ဖွင့်ပါ.... AP နေရာမှာ ခုနက ဖြည်ချထားတဲ့ TWRP (.tar)ဖိုင်ကို ထည့်ပါ... ခဏလေးစောင့်ပါ...OK ပီးရင် ဖုန်းကို ပါဝါ ပိတ်ပါ..Download Mode ၀င်ပါ.. (Vol Down+Home+Power) နှိပ်ပါ.... Vol Up နောက်တစ်ချက်ထပ်နှိပ်ပါ.. ဒီနေရာမှာ တစ်ခုကြိုပီး သတိပေးချင်တာ .. Recovery မတင်ခင် ဖုန်းInterna. Memory ထဲမှာ ရှိတဲ့ User Data တွေ Backup ယူထားဖို့ ပါ..(ပျက်မှာမို့ပါ) ကဲဖုန်းကို Download Mod ခေါ်ပီးရင်တော့ PC နဲ့ ကြိုးထိုးပါ.. Odin ရဲ့ ID: Colum မှာ အရောင်တက်လာရင်တော့ Start ကို နှိပ်ပီး တင်လို့ ရပါပီ.. Pass လို့ ပြရင်တော့ ပီးဆုံးပါပီ... ကဲ Root လုပ်ပါ့မယ်.. ခုနက ဒေါင်းထားတဲ့ Super SU ဖိုင်ကို SD ကဒ်အလွတ်ထဲ ထည့်ထားပါ.. ပီးရင် SD ကဒ်ကို ဖုန်းထဲထည့်ပါ.. ဖုန်းကို ပါဝါပိတ်ပါ...Recovery Mode ထဲဝင်ပါ.. (Vol Up+Home+Power) Never show this screen during boot again တက်လာရင် ဒီလောက်လေးကို အမှန်ခြစ်ထားပေးပါNever show this screen during boot again ကဲ ခုနက SD ကဒ်မှာ ထည့်ထားတဲ့ Super SU File ကို Install လုပ်ပါ.. ပီးရင်တော့ Root ရပါပီ... အဆင်ပြေပါစေ..... တစ်ခုခု အကြံပေးလိုပါကMy FB Acc >> Min Oke Kar << FB My Reader App Min Oke Kar (နည်းပညာ).apk Download (1) Download (2) ကျနော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလိုပါက Min Oke Kar ဘီးလူးကျွန်းသားလေး နည်းပညာ page ကို Like လုပ်ထားပေးပါ.. https://www.facebook.com/minoke.kar123 Min Oke Kar (ဘီလူးကျွန်းသားလေး) နည်းပညာ |
| ♪ OfficeSuite 8 + PDF Editor Premium v8.4.4436 Apk (12-Nov) ♫ Posted: 13 Nov 2015 11:03 PM PST OfficeSuite လေးကိုတော့ သူငယ်ချင်းများအားလုံး သိပြီးသားဖြစ်မှာပါ။ ကွန်ပြူတာမှာအသုံးပြုထားတဲ့ Microsoft Office , Word , Excel , Power Point စတာတွေအားလုံးကို Phone ထဲမှာ ကြည့်နိုင်မှာဖြစ်ပါ တယ်ဗျာ။ လူတိုင်းအသုံးမတည့်နိုင်ပေမယ့် ရုံးလုပ်ငန်းလုပ်သူတွေအတွက်တော့ အသုံးတည့်စေမှာပါ။ သူ့မှာပါဝင်တဲ့ Tools တွေကတော့ view, create, edit, print ပြုလုပ်နိုင်သည့်အပြင် Word, Excel and PowerPoint files တွေကိုလည်း share ပြုလုပ်နိုင်ပါတယ်။ DOC, DOCX, DOCM, XLS, XLSX, XLSM, PPT, PPTX, PPS, PPSX, PPTM, PPSM. စသည့် Text format တွေအပြင် PDF, EML, ZIP အပါအ၀င်အခြားသော format တွေလည်း အသုံးပြုနိုင်ပါတယ်။ အခုအသစ်ထွက်လာတဲ့ Version မှာတော့ PDF Converter ဆိုတဲ့ Feature တစ်ခု ထပ်မံပါဝင်လာပါတယ်ဗျာ။ ဖိုင်ဆိုဒ်က 39Mb ရှိပြီး Android: 4.0 နှင့်အထက်ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ “Android အတွက်အကောင်းဆုံးဓာတ်ပုံတည်းဖြတ် ဆော့ဖ်ဝဲလ်များ” ♫ Posted: 13 Nov 2015 09:27 PM PST ![]() ယခုခေတ်တွင်စမတ်ဖုန်းဖြင့်ဓာတ်ပုံမရိုက်သူအလွန်ရှားပါသည်။ iPhone ၌ ကင်မရာကလည်းကောင်း၊ ဓာတ်ပုံဆော့ဖ်ဝဲလ်ကလည်းကောင်းဓာတ်ပုံတည်းဖြတ်ဆော့ဖ်ဝဲလ်ဟူ၍သီးသန့်မလိုသလောက် ဖြစ်ပါသည်။ Android ဘက်ခြမ်း၌မူစမတ်ဖုန်းတို့အကြားကင်မရာအရည်အသွေးကွာဟချက်ကြီးမားသောကြောင့်ဓာတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲလ်ကောင်းကောင်းလိုပါသည်။ Android စမတ်ဖုန်းများအတွက်ရနိုင်သော အကောင်းဆုံးအခမဲ့ ဓာတ်ပုံ တည်းဖြတ်ဆော့ဖ်ဝဲလ်များကိုအောက်ပါအတိုင်းတွေ့ရပါမည်။ <Snapseed> www.bil.ly/snapseed30 မှနေ၍ Download ချပြီးအသုံးပြုနိုင်ပါသည်။ လောလောဆယ်တွင်Android အတွက်ပထမနေရာတွင်ရှိသောအခမဲ့ဓာတ်ပုံတည်းဖြတ်ဆော့ဖ်ဝဲလ်ဖြစ်ပါသည်။Snapseedသည်ဖွဲ့စည်း ပုံရိုးရှင်းသည်။ ကြော်ငြာကင်းစင်သောinterface ပါဝင်သည်။အစွမ်းထက်သောTool ကလည်းအမြောက် အမြား။မိုဘိုင်းဖုန်းဖြင့်ရိုက်သောဓာတ်ပုံများကိုတည်းဖြတ်ရန် ပြည့်စုံမှုရှိနေပါသည်။သို့သော်အသုံးပြုပုံသည် ယခုထက်ပိုပြီး ရိုးရှင်း လွယ်ကူဖို့ကောင်းသည်။ဓာတ်ပုံတစ်ပုံကို ဆော့ဖ်ဝဲလ်မှခေါ်၍ဖွင့်ပြီးTune Image ကိုတစ်ချက်ထောက်ပါ။ Brightness, Contrast, Saturation တို့ကို ချိန်ညှိရန်Screen တွင်ထက်အောက် ပွတ်ဆွဲ၍ရွေးချယ်ပါ။ မိမိ ရွေးချယ်လိုက် သောTool တွင်အနိမ့်အမြင့်ချိန်ညှိခြင်းကို ဘယ်ညာပွတ်ရွှေ့ ပြီး ပြုလုပ်နိုင်ပါ သည်။အခြားသောTool အားလုံးအတွက်လည်းဤအတိုင်း ဖြစ်ပါသည်။ အလုပ်အလွန်များ၍Tool တစ်ခုချင်းရွှေ့ပြီးချိန်ညှိမှုမပြုနိုင်ဟုဆိုပါက Auto-enhence button ကိုနှိပ်ပြီးရွေး ချယ်နိုင်သည်။ယင်းက မိမိ၏ ဓာတ်ပုံ အတွက်အသင့်တော်ဆုံးဖြစ်မည်ဟု ထင်သောအနေအထားတစ်ခု သို့ရောက် အောင်အလုံးစုံချိန်ညှိမှုပြုလုပ်ပေးပါမည်။လက်ဖြင့်ပွတ်ဆွဲပြီးဓာတ်ပုံ တည်းဖြတ်ခြင်းကိုကြိုက်စရာ ရှိသော်လည်းMenu များအကြားတွင် ရှုပ်ထွေး မှုများရှိခြင်းနှင့်ရွေးချယ်စရာButton နည်းပါးခြင်းတို့က စိတ်တိုင်း မကျစရာ ဖြစ်နေပါသည်။ Cropping, Straightening, rotatingစသည်တို့အတွက်Snapseedတွင် ရိုးရိုး ရှင်းရှင်း အသုံးပြုနိုင်သောTool များရှိသလိုဓာတ်ပုံများအားအနုစိတ်ချိန်ညှိနိုင် စေမည့်Advanced Feature ကလည်း အများအပြားပါဝင်ပါသည်။ ယင်းတို့ ထဲတွင်Selective Correction မှာသဘောကျစရာ အကောင်းဆုံးဖြစ် သည်။ ဓာတ်ပုံထဲရှိသက်ဆိုင်ရာနေရာတစ်ခုအားကွက်ပြီးသိမ်မွေ့သောအလှည့် အပြောင်းများလုပ်ခွင့်ပြု သည့်အတွက်အကောင်းဆုံးအဆင့်တစ်ခုတွင်ရှိနေပါသည်။အခြားသောချိန်ညှိTool များထဲတွင် Brush ပါဝင်သည်။ယင်းကို သုံး၍ Exposure, Temperature, Saturation, Highlighted Area, Repair, Sport Repair တို့ကို ပြုပြင်နိုင်သည်။အဆီအငေါ်မတည့်သော နေရာများကို ဖျက်နိုင်သည်။မည်သည့်Tool ကိုသုံး၍ပြုပြင်သည်ဖြစ်စေ၊မပြုပြင်မီပုံနှင့် ပြုပြင်ပြီးပုံတို့ကိုနှိုင်းယှဉ်ကြည့်နိုင်သည်။ထိုသို့ယှဉ်ကြည့်ပြီးစိတ်တိုင်းကျမှ အပြီးသတ်အတည်ပြုရန်ဖြစ်ပါသည်။Snapseedထဲတွင် အကောင်းဆုံး အတန်းအစားဝင်Filter အချို့လည်း ပါသည်။ယင်းတို့ကိုသုံး၍ လည်းပုံတစ်ပုံ ကိုမိမိစိတ်တိုင်းကျအနေအထားသို့ရောက်အောင်ဖန်တီးနိုင်သည်။ အခြားဓာတ်ပုံတည်းဖြတ်ဆော့ဖ်ဝဲလ်များထက်သာသည့်အချက်မှာ Save Button ဘေးဘက်တစ်လျှောက် တွင် ပြသပေးထားသောIcon ဖြစ်သည်။ ယင်းကိုနှိပ်၍မိမိပြုပြင်တည်းဖြတ်မှုရာဇ၀င်နောက်ကြောင်းတစ်ခု လုံးကို ပြန်ကြည့်နိုင်သည်။အခြားသော ပြုပြင်တည်းဖြတ်မှု (သို့မဟုတ်) ဖျက်ပစ်မှု တစ်ခုခုအားမထိပါးစေ ဘဲသက်ဆိုင်ရာအဆင့်သို့ ပြန်ဝင်ကြည့်နိုင်သည်မှာ နှစ်သက်စရာအကောင်းဆုံးပင်။Snapseedနှင့်ပတ်သက် ၍ ဝေဖန်လောက် သည့်အပြစ်အနာအဆာများမရှိပါ။ Red eye removal tool မပါဝင်ခြင်း နှင့် Advanced Tool များအားကျွမ်းကျင်အောင်အချိန်ယူရခြင်းတို့သာရှိပါသည်။ Snapseedသည်နေ့စဉ်သုံးဓာတ်ပုံ တည်းဖြတ်မှုများကိုလျင်မြန်ပြည့်စုံစွာ ပြုလုပ်နိုင်သည့်Appတစ်ခုဖြစ်သည်။ပွတ်ဆွဲမှုကိုအခြေခံသောControl များကမိမိဘာသာလေ့လာသင်ယူရလွယ်ပါသည်။အထင်ကြီးလောက်သောစွမ်းဆောင်ရည်နှင့်အသုံးစုံလင်မှု တို့လည်းရှိပါသည်။ရိုးရှင်းသောUser Interface ကSnapseedအားAndroid စနစ်အတွက်အကောင်းဆုံး ဓာတ်ပုံ တည်းဖြတ်ဆော့ဖ်ဝဲလ်နေရာသို့ပို့ပေးခဲ့ပါသည်။ <Photo Director> Download Android စနစ်အတွက်ဒုတိယအကောင်းဆုံးဓာတ်ပုံတည်းဖြတ် ဆော့ဖ်ဝဲလ် ဖြစ်သည်။နေ့စဉ်သုံးဓာတ်ပုံ တည်းဖြတ်မှုအတွက်သာလွန်ကောင်းမွန်အဆင့်တွင်ရှိပါသည်။ မိမိပြုပြင်တည်းဖြတ်လိုသောဓာတ်ပုံ ကိုရွေး လိုက်ပြီးသည့် အခါဓာတ်ပုံ၏အောက်ဘက်တွင်အဓိကဓာတ်ပုံတည်းဖြတ်Tool များအား အုပ်စု လိုက်သေသပ်စွာစီစဉ်နေ ရာချထားပေးသည်ကိုတွေ့ရပါမည်။Basic edit buttionကိုရွေးလျှင်Crop, Straighten rotate, Flip စသည့်လုပ်ငန်းစဉ် များကိုလုပ်ဆောင်နိုင်ပါမည်။Adjust button ကိုရွေးချယ်လျှင် White balance, Exposure, Contrast, Saturation နှင့်အခြားသောချိန်ညှိမှုများကို ပြုလုပ်နိုင်ပါမည်။ ဤဆော့ဖ်ဝဲလ်ထဲတွင် လည်းSnapseedမှာကဲ့သို့ပင်Auto-Entence Tool ပါဝင်သည်။ ခလုတ်တစ် ချက်နှိပ်ရုံဖြင့် ပြုပြင်ဖွယ်ရှိသည့် အရာအားလုံးကို ဆော့ဖ်ဝဲလ်ကအလိုအလျောက် ပြုပြင်ပေးသွားပါမည်။ မိမိ၏ ပြုပြင်မှုကိုအတည်မပြုမီတွင်မပြောင်းလဲမီပုံနှင့် ပြောင်းလဲပြီးပုံတို့ကို နှိုင်းယှဉ်ကြည့်နိုင်ခြင်းမှာလည်း Snapseedနှင့်အလားသဏ္ဌာန်တူပါသည်။ အခြားသောအထင်ကြီးစရာTool တစ်ခုမှာSaturation Tool ဖြစ်သည်။ ယင်းထဲတွင် မိမိနှစ်သက်ရာအရောင်တစ်ရောင်ကိုသီးခြားရွေးချယ်ပြီး ပြုပြင်နိုင် သည်။Curve Tool များPhotoshop နှင့်ဆင်သည်။Graph ထဲတွင် Point များရွေးချယ်ပြီးRed, Green, Blue အရောင်တို့၏အနေအထားကို ပြောင်းလဲနိုင်သည်။Portrait များကို ပြုပြင်ရန်အတွက် Photo Director သည်Red-eye removal နှင့်Blenish removal ကဲ့သို့သောTool များကို အထောက်အပံ့ပေးထား ပါသည်။ ထို့အပြင်ဓာတ်ပုံပြုပြင်ရန်ပေးထားသော Filter တို့၏အနေအထားမှာအတန်ပင်လုံလောက်သည်။ Layer များကို ထပ်ယူပြီးအားကောင်းအောင်ပြုပြင်သောOverlay Effect မှာPhotoshop မှာကဲ့သို့ ပင်ကောင်းမွန်ပါသည်။Tool အသစ်တစ်ခုကိုအသုံးပြုရန် ရွေးချယ် လိုက်လျှင်ယင်းအား မည်သို့မည်ပုံ အသုံးပြုရမည်ဟု ပြသပေးသော ညွှန်ကြား ချက်မှာလည်းသဘောကျဖို့ကောင်းပါသည်။ Photo Director သည်undo နှင့်redo အဆင့်ပေါင်းများစွာကို ပြုလုပ်ခွင့် ပေးထားသော်လည်း ဓာတ်ပုံ တည်းဖြတ်မှု History တစ်ခုလုံးကို ပြန်ကြည့်၍ မရသည့်ပြင်တည်းဖြတ်မှုအဆင့်တစ်ဆင့်သို့ ပြန် သွား၍လည်းမရပါ။ အရွယ် အစားသေးသောစမတ်ဖုန်းဖြစ်လျှင် ဆော့ဖ်ဝဲလ်ထဲမှTool များကြောင့် ဓာတ်ပုံ တည်းဖြတ်ဧရိယာသေးကွေးသွားသည့်အားနည်းချက်လည်းရှိသည်။ Snapseed ဖြင့်စွမ်းဆောင်မှုချင်းတန်းတူအနေအထားတွင်ရှိသော်လည်း History State နောက်ကြောင်း မပြန်နိုင်ခြင်းကြောင့်ဒုတိယနေရာသို့ရောက် သွားခဲ့ပါသည်။ <Pixlr> www.bit.ly/pixlr380 မှDownload ဆွဲချပြီးအသုံးပြုနိုင်သည်။ ဆော့ဖ်ဝဲလ် ထဲတွင် built-in camera ပါဝင်ခြင်းနှင့်Collage Creator ပါဝင်ခြင်းမှာ အခြားဆာ့ဖ်ဝဲလ်ထက်အားသာချက်ဟုဆိုနိုင်သည်။ ဓာတ်ပုံတည်းဖြတ်သည့်အဓိကTool များသည်Adjustment Menu အောက်တွင်ရှိနေသည်။ယင်းTool များထဲတွင်Crop နှင့်Rotate တို့ကဲ့သို့ရိုးရှင်းသောTool များသာမကColor, Contrast, Brightness, Vibrancy တို့ကို ပြုပြင်ရန်အဆင့်မြင့် Tool များလည်း ပါဝင်သည်။အချိန်မပေးနိုင်သူများကAuto Fix, Auto Contrast စသောTool များကိုသုံးနိုင်သည်။ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ပြုပြင်ပေးသောTool များဖြစ်သည်။ ဓာတ်ပုံများကိုမပြုပြင်မီအခြေအနေနှင့် ပြုပြင်ပြီးအခြေအနေတို့ကိုနှိုင်းယှဉ်ပြသပေးနိုင်သည်။ undo နှင့် redo အဆင့်ပေါင်းများစွာ လုပ်နိုင်သည်။Double ExposureမှာLayer များထပ်ပြီးမိမိနှစ်သက်သော effect များပြုလုပ်နိုင်သဖြင့်သဘောကျစရာကောင်းသည်။ Splash Tool မှာနှစ်သက်ရာအရောင်ကိုကွက်ပြီး အလင်းတင်ခြင်း၊အရောင်စိုရွှန်းမှုတင်ခြင်းတို့ကိုပြုလုပ်နိုင်သည်။ကြော်ငြာများထိုးခြင်း၊ Menuများပြွတ်သိပ် ရှုပ်ထွေးခြင်းတို့ကြောင့်ဤဆော့ဖ်ဝဲလ်သည်ကောင်းပင်ကောင်းသော်ငြားလည်းတတိယ နေရာသို့ရောက် သွားခဲ့ပါသည်။ ဧဧသက်(ဖြိုးဓနဒစ်၈ျစ်တယ်ဓါတ်ပုံ) Mobile Guide Journal (Every Monday) https://www.facebook.com/officialmobileguidejournal |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |





































0 comments:
Post a Comment