The Irrawaddy's Blog |
| Posted: 13 Nov 2015 02:12 AM PST
ငြိမ်းချမ်းရေးဖော်ဆောင်တဲ့တေးသီချင်းများကို သီဆိုလေ့ရှိတဲ့ ရက်ဂေးအဆိုရှင်စောဖိုးခွားက ငြိမ်းချမ်းပါစေ…မြန်မာပြည် တေးဂီတပွဲကို နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီပွဲကိုလာရောက်ကြမယ့် ဂီတပရိသတ်များအနေနဲ့ လက်မှတ်ဝယ်စရာမလိုဘဲ အခမဲ့လာရောက်နားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အဓိက တယောက်နဲ့တယောက်နားလည်မှုကိုတည်ဆောက်ပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမှာ ဖြစ်ပြီး ရက်ဂေးဂီတတခုထဲနဲ့ ဒီပွဲကို ပုံဖော်သွားမှာ ဖြစ်ပါတယ်။ အဆိုပါဖျော်ဖြေပွဲတွင် One Love Band က ကူညီတီးခတ်အားဖြည့်ပေးမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မကြာခင်ပြောင်းလဲလာတော့မယ့် မြန်မာနိုင်ငံအရေးကို ငြိမ်းချမ်းရေးနဲ့ပုံဆောင်သွားနိုင်တယ်လို့ လည်း ရည်ရွယ်ကြောင်းသိရပါတယ်။ ဒီပွဲပြုလုပ်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ရက်ဂေးအဆိုရှင်စောဖိုးခွားက ဒီပွဲရဲ့ ရလဒ်ပေါ်ကို ဘယ် လိုမျှော်မှန်းထားလည်းဆိုတော့ "ကျနော်တို့ဟာ ငြိမ်းချမ်းရေးကိုပေးမယ့် ရက်ဂေး ဂီတကို ပေးမယ်။ ရက်ဂေး ဂီတပြန့်ပွားမှုက အတိုင်းအတာ တခုထိသွားမယ်လို့ထင်ပါတယ်။ တနေ့နေ့ တချိန်ချိန်ကျရင်တော့ ဒီ ဂီတဟာလည်း တခြား ဂီတတွေလိုပဲ မြန်မာနိုင်ငံမှာ နေရာရရှိလာလိမ့်မယ်လို့ ကျနော်မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံက အခုလည်း စပြောင်းလဲနေပြီ ပြောင်းလဲလာတဲ့ နိုင်ငံနဲ့အတူ ဒီပွဲကနေသွားတဲ့ ငြိမ်း ချမ်းရေးစကားတွေဟာ အထောက်အကူအနေနဲ့ သွားမယ်လို့ ထင်ပါတယ်" လို့ပြောပြပါတယ်။ ဒီပွဲမှာ ရက်ဂေးအဆိုရှင် စောဖိုးခွားက ရက်ဂေးသီချင်း အပုဒ် ၂၀ ကနေ ၂၅ ပုဒ်ကြား သီဆိုဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ အဆိုတော် အနဂ္ဂ ကလည်း အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ယုမွန်ကျော် | ||
| "မျှော်လင့်ချက်တစုံတရာ" သီချင်းနဲ့ အန်အယ်လ်ဒီကို ဂုဏ်ပြုလိုက်တဲ့ ဂျပန်အဆိုတော်မလေး Posted: 13 Nov 2015 12:29 AM PST မြန်မာဆိုတာကို ချစ်လို့ မြန်မာစာကိုသင်၊ မြန်မာသီချင်းကို ဆိုပြီး မြန်မာအစားအစာ နဲ့ မြန်မာ့ယဉ်ကျေးမှုကိုပါ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ဂျပန်အဆိုတော်မလေး ဆူဝါဂျွန်ဂိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က သူမရဲ့ Junko Suwa-Myanmar Page (ဖေ့ဘုတ်- မြန်မာပေ့ခ်ျ) မှာ တေးရေး ဆောင်းဦးလှိုင် ဖန်တီးရေးစပ်ထားပြီး အဆိုတော် နီနီခင်ဇော်ရဲ့ "မျှော်လင့်ချက်တစုံတရာ" တေးသီချင်းကို မြန်မာလို ပီပီသသ သီဆို ဂုဏ်ပြုထားတဲ့ ဗီဒီယိုဖိုင်ကို တင်ထားတာ တွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်တွင် "မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာပါပြီ" လို့လည်း မြန်မာလို မှတ်ချက်ပြုရေးသားထားပါသေးတယ်။ ဒီ"မျှော်လင့်ချက်တစုံတရာ" တေးသီချင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ရည်ရွယ်ရေးသားထားတဲ့သီချင်းဖြစ်တယ်လို့ တေးရေးဆရာ ဆောင်းဦးလှိုင်က ပြောဆိုခဲ့ဖူးပါတယ်။ ဂျပန်အဆိုတော်မလေး ဆူဝါဂျွန်ဂိုဟာ ဂီတအနုပညာကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲများစွာမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သလို ဆူဝါဂျွန်ကိုရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံတကာသွားပြီး သူ့ရဲ့ အနုပညာကို တင်ဆက်နိုင်ဖို့လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလတုန်းက ဆူဝါဂျွန်ကိုဟာ ရန်ကုန်မှာ မြန်မာသီချင်းကို သီဆိုခဲ့ပါသေးတယ်။ ကဲ ဂျပန်အဆိုတော်မလေး ဂုဏ်ပြုသီဆိုထားတဲ့ "မျှော်လင့်ချက်တစုံတရာ" ဗီဒီယိုဖိုင်ကို ဧရာဝတီ ပရိတ် သတ်တွေ ကြည့်ရှုနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။ ဆက်စပ်သတင်း။ ။ http://blog.irrawaddy.org/2015/06/blog-post_20.html |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |









0 comments:
Post a Comment