Related Posts Plugin for WordPress, Blogger...

November 9, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


♪ ဖုန်းအသုံးပြုရပိုမိုမြန်ဆန်လာစေမယ့် - DU Speed Booster Cache Cleaner v2.7.8 Apk (5-Nov)♫

Posted: 08 Nov 2015 09:05 PM PST

   DU Speed Booster Cache Cleaner- screenshot


Android ဖုန်းတွေအတွက်ရှိသမျအမိုက်တွေကိုရှင်းပေးနိုင်တဲ့ DU Speed Booster (Cleaner) Version: v2.7.8 Apk လေးရဲ့ update လေးထွက်လာလို့တင်းပေးလိုက်ပါတယ် ။ ကျွန်တော်တို့ဖုန်းကိုအသုံးပြုပြီး ဂိမ်းတွေဆော့လိုက် ဟိုအကောင်လုပ်လိုက်ဒီအကောင်ကိုကလိလိုက်နဲ့ ဖုန်းထဲမှာမလိုလားအပ်တဲ့ အမိုက်တွေကျန်နေတတ်ပါတယ်။ နည်းနည်းလေးက ဘာမှမပြောလောက်ပေမယ် များလာတာနှင့်အမျှ Software တွေက အလုပ်မလုပ်ချင်တော့ပဲကြောင်ပြီးတော့ မိမိလိုချင်တဲ့နေရာတွေကိုမရောက်နိုင်ပဲ ကြန့်ကြာပြီးဖုန်းကိုအသုံး ပြုရတာစိတ်ညစ်စရာတွေကြုံတွေ့ဖူးကြမှာပါ ဒီကောင်လေးကတော့ အဲတာတွေ အားလုံးကိုအလွယ်တကူပဲ ဖြေရှင်းနိုင်ပြီးအဓိကအရာတွေဖြစ်တဲ့ Junk file တွေကအစ မိမိဖုန်းမှာ အသုံးမလိုလို့ပိုနေတဲ့အရာမှန်သမျ ရှင်းပေးနိုင်တဲ့အပြင် Booster တွေရဲ့ Speed တွေကိုလဲမြင့် တင်ပေးနိုင်တာကြောင့်သုံးရတာပေါ့ပါးမြန်ဆန် မူတွေကိုအကောင်းဆုံးပေးစွမ်းနိုင် တာမို့ ဖုန်းတိုင်းဆောင် ထားသင့်တဲ့ apk လေးပါပဲ ။ file size က 8.8MB ရှိပြီး Android: 2.1 နှင့်အထက်ဖုန်းတွေမှာအသုံးပြုနိုင် ပါတယ် ။


DU Speed Booster (Cleaning Optimizer & Security Master) Features:
► GAME BOOSTER: Improve your gaming speed and experience.
Smart recognition and manual adding of installed game (s) or apps.
Concentrates system resources to support game operation, and smoothes game play and boost s FPS.
► SPEED ACCELERATOR: Makes Android apps and games faster than ever before!
One-touch system speed diagnosis and acceleration: Click the "Optimization" button or use the home screen widget.
Clean background processes, kill tasks and disable auto-start apps (rooted devices only) to cleanup memory and boost the speed of your system.
Freeze unwanted apps to increase memory.
► TRASH CLEANER: Cleanup your Android phone and SD card junk files and cache for a speed boost!
Clean residual files left over after uninstalling apps to free up storage space.
Cleanup your phone cache with a single touch to boost your Android system speed.
► ADVANCED APPS MANAGER: Master your apps to keep your storage space clean and organized!
Batch install/uninstall manager keeps your Android clean and boost its top speed.
Manage apps on your phone 's internal storage and SD card to free up space.
Move apps and files between your phone and your SD card (App2SD) to free up phone memory.
► DU SECURITY: Antivirus scanner, permission manager.
Quickly scan apps and files on your phone to protect your device from virus (es) and Trojan (s).
Check the permissions requested by each installed app, or review apps according to categorized permissions.
► SUPPORTED LANGUAGES:
Supports Deutsch, Español, English, Française, Português, Português do Brasil, Pусский, Türk, Bahasa Indonesia, Italiano, العربية, ภาษาไทย, Tiếng Việt, 日本語, 한국의, 中文(简体), 中文(繁體).



   DU Speed Booster Cache Cleaner- screenshot         DU Speed Booster Cache Cleaner- screenshot

   DU Speed Booster Cache Cleaner- screenshot         DU Speed Booster Cache Cleaner- screenshot

   DU Speed Booster Cache Cleaner- screenshot         DU Speed Booster Cache Cleaner- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

EQ နဲ့ IQ အကြောင်း

Posted: 08 Nov 2015 10:27 AM PST



ကျနော်တို့ ငယ်ငယ်က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စားတာ မှတ်မိသေးတယ်။
I.Q ဆိုတာ Intelligent Quotient ဥာဏ်ရည်ကို တိုင်းတာတဲ့ အညွှန်းကိန်းပေါ့။
I.Q မြင့်ရင် ဥာဏ်ကောင်းတယ်ပေါ့ .. စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူဆို ရင် I.Q မြင့်တယ်တယ်လို့ ပြောကြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်။ ၁၅ နှစ် လောက်ကစပြီး E.Q ဆိုတာ ခေတ်စားလာတယ်။ E.Q ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ်ရင့်ကျက်မှု အညွန်းကိန်းပေါ့။ ဘာလို့လဲဆိုတော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊ E.Q ရော တိုင်းကြည့်တဲ့ အခါ I.Q မြင့်တဲ့သူတွေထက် E.Q မြင့်တဲ့သူတွေဟာ ဘ၀မှာ ပို အောင်မြင်တာ တွေ့ရတယ်။
ဆိုလိုတာက ဘ၀မှာ အောင်မြင်ဖို့ဆိုရင် ဥာဏ်ကောင်းဖို့ ထက် စိတ်ဓါတ် ရင့်ကျက်၊ ခိုင်မာမှုက ပိုအရေး ကြီးတယ်ဆိုတဲ့ သဘောပေါ့ ။

လွန်ခဲ့တဲ့ တစ်ပါတ်က Harvard Business Review စာအုပ်ထဲက Daniel Goleman ရေးတဲ့ What makes a Leader? (ဘယ်အရာက ခေါင်းဆောင် ဖြစ်စေသလဲ) ဆိုတဲ့ ဆောင်းပါး ဖတ်ရတော့ E.Q အကြောင်းရေးထားတာ တော်တော် သဘောကျတယ်။ သူက E.Q ဆိုတာ ဘာလဲလို့ ပြောရုံတင် မကဘူး။ E.Q မြင့်အောင် ဘယ်လို လေ့ကျင့်နိုင်တယ်ဆိုတာ ပြေပြထားတာ။ အကျဉ်းချုပ်ကို အောက်မှာ ဖတ်ကြည့်ပါ... "အဖွဲ့ အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေနဲ့ သာမန် ခေါင်းဆောင်တွေကို ကွဲပြားစေတဲ့အရာက technical skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။ တကယ်တော့ E.Q လို့ ခေါ်တဲ့  မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ်ရင့်ကျက်မှုပါ..တဲ့ ။ E.Q မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ အဖွဲ့ အစည်းတစ်ခုဟာ တနှစ်ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။ E.Q/E.I (Emotional Intelligence) စိတ် ဓါတ် ရင့် ကျက်မှု အညွန်းကိန်းမှာ ပါ တဲ့ ..စွမ်းရည်တွေကတော့ .. (၁) Self-awareness; (မိမိ ကိုယ်ကို သိတာ)မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေ။မိမိ က အပြောအဆို။ အပြုအမူတွေ က သူတပါး အပေါ် ဘယ်လို သက်ရောက်မယ်ဆို တာ ကို သိတာ.. (၂) Self-regulation(မိမိကိုယ် ကို ထိန်းသိမ်းနိုင်တာ) (စိတ်ဆိုး၊စိတ် ညစ်၊ဒေါသ ထွက်စရာ တွေရှိ ရင်) မိမိ ကိုယ် ကို ထိန်း ချုပ် နိုင်တာ။ဒါမှ မဟုတ်.အာရုံပြောင်း နို်င်တာ) (၃) Motivation: စိတ်ပျော်ရွှင်မှု။ စိတ် တက်ကြွ မှု ကို ထိန်းသိမ်းနိုင်တာ. (၄) Empathy: သူတပါးရဲ့ စိတ် ခံစား ချက် ကို နားလည်တာ. (၅) Social skill: အခြားသူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်၊ယုံကြည် မှု တည်ဆောက်ပြီး ကိုယ် လို ချင်တဲ့ ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။ ကျနော် တို့ အားလုံးမှာ..အဲဒီ စွမ်းရည် ၅ ခု က
မွေး ကတဲ က ရှိ ကြပါတယ်..တဲ့။အချို့ စွမ်းရည် တွေမှာ အားနည်း နေတာ၊အချို့ စွမ်း ရည် တွေမှာ မြင့်နေတာ တော့ ရှိ တတ်ပါတယ်..တဲ့။ အဲ ဒီ စွမ်းရည်တွေကို ပိုမို အားကောင်းအောင် လေ့ကျင့် လို့ ရပါတယ်။ လေ့ကျင့်ဖို့ နည်းတွေကတော့ ...ဇွဲ ရှိရှိနဲ့ လ့ကျင့်တာ၊ မိတ်ဆွေတွေ၊ လေ့ကျင့်ပေးတဲ့ ဆရာတွေဆီက ဝေဖန်၊ အကြံပေးမှုတွေ တောင်းခံတာပါ ပဲ..တဲ့။ "

ကျနော် ကိုယ့်ကိုယ်ကို ဆန်းစစ်တဲ့ နည်းကတော့ စွမ်းရည်တစ်ခုမှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့်တာ။ နံပါတ် (၁) စွမ်းရည်မှာ အမှတ် ၄၀ လောက်ပဲ ရနိုင်တယ်ထင်တယ်။ နံပါတ်(၂) ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။ အမှတ် (၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည့် ထားတယ်။ အမှတ် (၃)နဲ့ (၅) ကတော့  ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။ ကျနော်ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ ၂ ခု self-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။ တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့် ကြမလဲ။

E.Q ကောင်းအောင်......

ကျနော် E.Q အကြောင်း ရေးတဲ့ စာ ပေါ်မှာ comment တစ်ခုရေးထားတာ ဖတ် ရတယ်။ ဘာရေးထားသလဲ ဆိုတော့ .." သဘောကတော့ E.Q ပဲကျင့်လို့ ရတယ်။ I.Q နိမ့်ရင်တော့ ဘာမှလုပ်လို့ မရဘူးပေါ့နော်"..တဲ့ ။ စိတ်ဝင်စားစရာ ကောင်းတဲ့  comment လေးဗျ ။ သူပြောမှ I.Q အကြောင်း ဆက်တွေးမိလို့ ရေးထားတာပါ... ကျနော်တို့ က I.Q လို့ ဆို ရင် ကျောင်းမှာ စာတော်တာ၊ ကျောင်းသင် ဘာသာရပ် မှာ ထူးချွန်တာ နဲ့ ပဲ ဆက်စပ်တွေးလေ့ရှိကြတယ်။ I.Q ကောင်းတဲ့ သူလို့ ပြောလိုက်ရင် ကျနော် စမြင်တဲ့ သူက အိုင်းစတိုင်း ပေါ့။ ဥာဏ် ကြီးရှင် ကြီးပေါ့ ။ ဘောလုံး မှာ အင်မတန် ထူးချွန် တဲ့ပီလီ တို့ ၊အခု ခေတ် ဆို မက်ဆီ တို့ ။ ဂီတ မှာ ကမ္ဘာကျော်တဲ့  မိုက်ကယ်ဂျက်ဆင်တို့ ၊ မက်ဒေါနားတို့  ကို I.Q နဲ့ ဆက်စပ်ပြီး မတွေးဖြစ်ဘူး။ တကယ်တော့ သူတို့ လဲ I.Q မြင့့်  တဲ့သူတွေပဲ။ ဘာလို့ လဲ ဆိုတော့  Intelligence ဥာဏ်ကောင်းတယ်၊တနည်း စွမ်းဆောင်ရည် ကောင်းတယ် ဆို တာ ခွဲ ခြမ်း စိတ် ဖြာနိုင်တဲ့ ဥာဏ် စွမ်းရည်(Analytical Intelligence) တခု ထဲ မဟုတ်ဘူးတဲ့။ Intelligence ဥာဏ် စွမ်းရည် မှာ အနဲ ဆုံး ၇ မျိုးလောက်တောင် ရှိသတဲ့။ ဆရာ ကို တာ ရေးတဲ့  "ဖြန့် ထွက်တွေးခြင်း နဲ့ အခြားစာတန်းများ " စာအုပ်ထဲ က Howard Gardner ရဲ့ Theory of multiple Intelligence ကို ကိုးကားပြီး ရေးထားတဲ့ စာပုဒ်ကို ဖတ် ကြည့် စေချင်တယ်..

"ဟိုးဝဒ်ဂါဒနာ ဟူသော ဟားဘတ် ပညာကျောင်းမှ ပါမောက္ခ ကြီးက တိုင်းတာလို့ ရသော ဥာဏ်စွမ်းရည် (၇) မျိုး ရှိသည်ဟု ပြောကြားကြောင်း

ထို ခုနှစ်မျိုးမှာ......

၁။ ပထမ တစ်မျိုးမှာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရည် (Analytical Intelligence) ဖြစ်ပြီး စာမေးပွဲများ၊အိုင်ကျူများနှုင့် တိုင်းတာကြောင်း

၂။ဒုတိယ တစ်မျိုးမှာ ပုံဖော်နိုင်စွမ်းရည် (Pattern Intelligence) ဖြစ်ပြီး အရာဝထ္တုများ၏ သဏ္ဍန်ကိုသိခြင်း၊ပုံသဏ္ဍန်ကို တီထွင်နိုင်ခြင်းများဖြစ်ကြောင်း။ သချာင်္ပညာရှင်များ၊ ကွန်ပျုတာပရိုဂရမ်များ၊အနုပညာရှင်များ ရှိသော စွမ်းရည်မျိုးဖြစ်ကြောင်း။သူတို့မှာ ပုံဖော်စွမ်းအင်၌ စွမ်းရည်မြင့်မားလှသော်လည်း သာမန်အတန်းတင် စာမေးပွဲများ၌ ကျနိုင်ကြောင်း၊

၃။တတိယ တစ်မျိုးမှာ ကာယစွမ်းရည် (physical intelligence) ဖြစ်ပြီး ဘောလုံးသမားများ ၊ရေကုးသမားများ၊ဂေါက်သမားတို့တွင် ရှိတတ်၍ သူတို့တွင် အခြားစွမ်းရည် ရှိချင်မှ ရှိမှာ ဖြစ်ကြောင်း။

၎။ (Musical intelligence)-ဂီတ အနုပညာစွမ်းရည်..

၅။ပဉ္စမ တစ်မျိုးမှာ လက်တွေ့စွမ်းရည် (Practical Intelligence) ဖြစ်ပြီး တီဗွီတစ်လုံးကို လမ်းညွှန်လွှာ မပါပဲ ဖြုတ်၍ ပြန်တပ်နိုင်သော စွမ်းရည်တစ်မျိုး ဖြစ်ကြောင်း၊ အစိတ်အပိုင်းနာမည်ကို ခေါ်တတ်ချင်မှ ခေါ်တတ်မှာ ဖြစ်ကြောင်း။

၆။ဆဌမ တစ်မျိုးမှာ ခံစားသိနိုင်စွမ်းရည် (Intrapersonal Intelligence) ဖြစ်ပြီး ငြိမ်ငြိမ် သက်သက် နေတတ်၊မျှဝေခံစားတတ်၍ ကဗျာဆရာများ၊အတိုင်ပင်ခံ (Counsellors) များ ဖြစ်လာတတ်ကြောင်း။

၇။သတ္တမ တစ်မျိုးမှာ သဟာယ စွမ်းရည် (Interpersonal Intelligence) ဖြစ်ပြီး အများနှင့်လုပ်တတ်၊နေတတ်၊ကိစ္စပြီးမြောက်အောင် ဆောင်ရွက်တတ်သော မန်နေဂျာများတွင် ရှိရမည့် စွမ်းရည်မျိုးဖြစ်ကြောင်း။"

ဆရာ ကိုတာရဲ့ စာအုပ်ထဲမှာ ပဲ ဆက်ရေးထားတာ က.." ချားလ်စ်ဟန်ဒီ က ၂၁ ရာစုမှာ ကျောင်းသားတွေ ရဲ့ စွမ်းရည် ကို ခွဲခြမ်း နိုင်တဲ့ စွမ်းရည် (Analytical Intelligence) တစ်ခု ထဲ (စာမေးပွဲ တစ်ခု တည်း) နဲ့  ဆန်ကာချ နေတဲ့ ကိစ္စ ကတော့  တယ် မနိပ်လှ ဘူး ဟု ပြောပါ သည် " တဲ့ ။

အဲဒီ စာကနေ ကျနော် ဆက် တွေး ကြည့် မိတယ်။ ...ကိုစိုးသူတို့ ၊ ဖြူဖြူကျော်သိန်း တို့ ၊ ဆရာမ ဂျူး ၊ဆရာ ဖေမြင့်တို့ ဆရာ ၀န် တွေ ပေမယ့် သူတို့ ရဲ့ Intelligence က အနုပညာ ဖန်တီး တဲ့ ဘက်မှာ အားသန်တော့  အဲဒီ ဘက်မှာ မြှုပ်နှံ လုပ်ကြတော့ နိုင်ငံကျော် အနုပညာရှင် တွေ။ စာပေ ပညာရှင်တွေ အဖြစ် အောင်မြင် ထူးချွန် နေကြတာနေမှာ ..လို့ ။ ဆရာ မောင်စိန်ဝင်း(ပုတီကုန်း)၊ ဆရာ အော်ပီကျယ်တို့  ဆိုရင် အင်ဂျင်နီယာတွေပါပဲ။ သူတို အားသန် တဲ့  စွမ်းဆောင် ရည် Intelligence ကို ရှာတွေ့  ပြီး အဲဒါကို ဖွံ့ ဖြိုး အောင် လုပ်ခဲ့ ကြလို့သာ အောင်မြင်ကြတာ..လို့ ။

တကယ်တော့ ကျနော် တို့ မှာ မွေးကတည်းက ကိုယ်အားသန်တဲ့ Intelligence ဥာဏ် စွမ်းဆောင်ရည် လို့ ခေါ်တဲ့  " ဇ "လေးတွေ ပါလာပုံရတယ်။ ကိုယ်ရဲ့ Intelligence က ဘာလဲ ဆိုတာ မြင်အောင် ကြည့် ပြီး ဖွံ့ ဖြိုး အောင် လေ့ကျင့် နိုင် ရင် ထူးချွန် အောင်မြင်သူတွေ ဖြစ် လာမှာပဲ။ ကျနော့ မိတ်ဆွေ၊သူငယ်ချင်းတို့ ရော ..ဥာဏ်စွမ်းရည် (၇) မျိုး ထဲက ကိုယ်ရဲ့ တကယ့် စွမ်း ရည် ဟာ ဘယ်ဟာဖြစ် မယ်ထင်သလဲ။ ကိုယ့် ညီ၊ညီမတွေ။ သား၊သမီးတွေမှာလည်း သူတို့ ရဲ့  Intelligence က ဘာဖြစ်မယ်ထင် သလဲ။ အဲဒီ Intelligence ကို ဖွံ့ ဖြိုး အောင် လုပ် ပေး ဖို့  က ထူးချွန် အောင် မြင် ဖို့ အတွက် အရေးကြီးတယ် မဟုတ်လား ဗျာ...

ဒေါက်တာ အောင်မျိုး
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



COC Myanmar Font UI Changer version 2.0 for andriod

Posted: 08 Nov 2015 10:25 AM PST

ကတိအတိုင်း တင်ပေးလိုက်ပါတယ
Version 2.0 မှာ ဘော်ဒါတို့တောင်းဆိုထားတဲ့အတိုင်း
- မြန်မာလိုဘဲ ဖြစ်နေလို့ english ပြန်ပြောင်းသုံးချင်တဲ့သူတွေအဆင်ပြေအောင်
language setting မှာ မြန်မာလို့ရော english လို့ပါ change သုံးနိုင်အောင် ပြင်ပေးထားပါတယ်
- Version 1.0 တုန်းက အချိန် တွေမပေါတဲ့ error ကို အတတ်နိုင်ဆုံး ပေါအောင် ပြန်ပြင်ပေးထားပါတယ်
- တစ်ချို့က confirm box မှာ confirm ရိုက်ရတာ ကြိုက်တာရှိသလို မရိုက်ရတာကြိုက်တဲ့သူလည်းရှိပါတယ် ဒါပေမယ် မူရင်းအတိုင်းဖြစ်အောင် confirm ရိုက်လို့ရအောင်ပြန်ပြင်ပေးထားပါတယ်
အဓိကပြောချင်တာကတော့
ဘာသာပြန်စရာ တော်တော်များပါတယ်
တစ်ယောက်တည်း ထိုင်ပြင်ရတဲ့အတွက်
ပြည့်စုံခြင်းမရှိသေးပါဘူး နောက် Version မှာ
ထပ်ပြီးပြည့်စုံအောင် ကြိုးစားပေးပါမယ
ကျေးဇူးအထူးပါ
ဆရာပေးသောအတတ်ပညာဖြင့် အတတ်နိုင်ဆုံးကြိုးစားရေးထားတာပ
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဦးထိပ်ထားလျှက်
Download link
ref Sai Maung
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



English Grammar Book apk for Android Phone

Posted: 08 Nov 2015 09:41 AM PST





အင်္ဂလိပ်စာ လေ့လာနေသူများအတွက် အထူးရည်ရွယ်ပြီးတင်ပေးလိုက်ပါတတဲ့ Grammar Book APK ဖြစ်ပါတယ်...အင်္ဂလိပ်စာလေ့လာသူတွေ လွယ်ကူစွာ..လေ့လာနိုင်အောင်..Model verbs ..Adverbs စသည်တို့ကို..သူ့အခန်းနဲ့သူခွဲထားပါတယ်.....
ဒေါင်းလုပ်ဆွဲရန်မှာလည်း 1mb လောက်သာရှိတဲ့အတွက် အရမ်းကိုလွယ်ကူစေမှာပါ.....
အင်္ဂလိပ်စာလေ့လာသူတွေ..အထူးဆောင်ထားသင့်တဲ့ app တစ်ခုပါနော်...

အားလုံးအဆင်ပြေကြပါစေဗျာ..မပြေတာလေးတွေ ရှိခဲ့ရင်လည်း....ကော်မန့်ဖြင့်ပေးထားခဲ့ပါ....

3D Chess Game ကို မိမိဖုန်းမှာကစားလိုသူများအတွက် -3D Chess Game v2.2.6.0 APK

Posted: 08 Nov 2015 09:37 AM PST


Chessကစားခြင်းဟာလူတွေရဲ့ဥာဏ်ရည်ဥာဏ်သွေားကိုထက်မြက်စေပါတယ်....
အထူးသဖြင့်ကတော့သင့်ရဲ့ အကြောင်းကျိုးဆက်ဆပ်တွေးခေါ်ဥာဏ် Logical Thinking ကိုကေါင်းစေပါတယ်...အမြဲတမ်းကစားစရာတော့မလိုဘူးပေါ့...ကိုယ်ကအားရင် အားသလိုကစားလို့ရပါတယ်.....ဒီဂိမ်းရဲ့အချက်လက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်....

*အခြေခံကနေ အဆင့်မြင့်ထိကစားနိုင်ခြင်း
*ကေါင်းမွန်သော 3D ပုံထွက်များ
*ကစားပြီးတိုင်...ပြန်လည်သုံးသပ်နိုင်ခြင်း
*Level များစားကစားနိုင်ခြင်း
*တစ်ခါမှ မကစားဖူးသူအတွက် လမ်းညွှန်ပါဝင်ခြင်း နှင့်တစ်ခြားသော Features များစွာပါဝင်တယ်ခင်ဗျာ။
..............................
ဂိမ်းနှင့်ပတ်သက်သည့်အချက်လက်များ
File size:7.56MB
Verson: ဖုန်းပေါ်မူတည်ပြီးပြောင်းနိုင်သည်။ Android OS 4.0.3 အထက်ရှိဖုန်းများအသုံးပြုနိုင်ပါတယ်။


  Download Here

Gmail Account တွေကို 2 Step ခံနည်းလေးပါ...

Posted: 07 Nov 2015 11:57 PM PST

ပထဦးဆုံး account ကို  login ၀င်ပါ...
ပီးရင် ပုံမှာ ပြထားတဲ့အတိုင်း အပေါ်ဆုံးထောင့်နားက Account ထဲဝင်ပါ..


ပီးရင် Singing in ကို ၀င်ပါ..


2-step verification section ဆိုတာလေးကို နှိပ်ပါ..



တစ်ဆက်တည်းမှာပဲ ပုံပါအတိုင်း Start Steup ဆိုတာလေးဆီ
သွားလိုက်ပါ...








ပီးရင် အလံနေရာမှာ မြန်မာကို ရွေးပေးပါ...(+95)ပါ.
ဘေးနားကအကွက်ထဲမှာတော့ မိမိ ဖုန်းနံပါတ် ဖြည့်ပေးပါ..
(အကြုံပြုချက် .. MPT က ကုတ်ပြန်ပို့တာ ပိုမြန်ပါတယ်)
ပီးရင် Text sms ကို နှိပ်ပီး Send Code ဆိုတာလေးနှိပ်ပေးပါ...


နောက်တကွက်ပြောင်းသွားပါလိမ့်မယ်..ကျလာတဲ့အကွက်ထဲမှာ
မိမိ ဖုန်းထဲကို ပို့လာတဲ့ ကုတ်ကို ရိုက်ထည့်ပေးပါ..
ပီးရင် Verify ပါ...


Trust This Computor ကို အမှန်ခြစ်ပေးပီး Next ပါ..

နောက်ဆုံးအကွက်ကတော့ Continue ဆိုတာလေးပေးပီးရင် 
ပီးပါပီ....

2 step ခံထားရင်တော့ မိမိ gmail ကို ၀င်တိုင်း ဖုန်းနံပါတ်ကို 
code ပို့မှာ ဖြစ်ပါတယ်.
ပို့လာတဲ့ code နဲ့မှာ login ၀င်ရမှာဖြစ်ပါတယ်...

အဆင်ပြေပါစေ....
မှတ်ချက်။ ယခုလို ပြုလုပ်ထားပုံသည် ကွန်ပျူတာမှ ပြုလုပ်ထားခြင်းဖြစ်ပါသည်.။။။
android နှင့်ပြုလုပ်ပါက အနည်းငယ် ကွဲလွဲမှု ရှိနိုင်ပါသည်။


လင့်သေသွားသည်ဖြစ်စေ.
ကျနော်တင်သော Post နှင့်ပတ်သပ်ပီး
အခက်အခဲတစ်စုံတစ်ရာရှိပါက
My FB Acc >> Min Oke Kar chat box မှ
လာရောက်အကြံပေးစေပါတယ်ခင်ဗျာ.

ကျနော်တင်သမျှ နည်းပညာသတင်းများကို
Reader ပေါ်တွင် သပ်သပ်ဖတ်ရှုချင်ပါက
အောက်ပါ apk လေးကို Download
ဆွဲနိုင်ပါတယ်ခင်ဗျာ....
Min Oke Kar (နည်းပညာ) >> Download (1)
                                               Download (2)

Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ

0 comments:

Post a Comment