The Irrawaddy's Blog |
| အခါတော်ပေးဖို့ဝတ်စုံတွေ ရွေးတော့မယ့်အချိန် Posted: 08 Nov 2015 09:48 PM PST သီတင်းလဲကျွတ်ပြီဆိုတော့ ထိမ်းမြားမင်္ဂလာပြုလုပ်ကြမယ့် ချစ်သူစုံတွဲများလည်း ပြင်ဆင်နေလောက်ပါပြီ။ မိဘများကလည်း "ထိမ်းမြားခြင်း"လျှင်ဆိုတဲ့ စကားလို မိဘတို့ဝတ္တရားရှိသည့်အတိုင်း သားသမီးတို့ကို လက်ထပ်မင်္ဂလာ ပြုလုပ်ကျင်းပပေးဖို့ရာ ကြိုးပမ်းလို့နေလောက်ပါပြီ။ ခုနောက်ပိုင်းမှာ မြန်မာရိုးရာမင်္ဂလာဝတ်စုံတွေအပြင် အနောက်တိုင်းဝတ်စုံတွေကိုပါ ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။ မြန်မာဆန်တဲ့ မင်္ဂလာပွဲတွေမှာ ညပိုင်းဧည့်ခံပွဲတွေပါ တွဲပြီးကျင်းပလာကြပြီ ဖြစ်ပါတယ်။ ဘယ်သူမဆို တသက်မှာတခါသာ ဆောင်နှင်းတဲ့မင်္ဂလာပွဲမှာအလှဆုံးအဆန်းဆုံး ဖြစ်ချင်ကြမှာအမှန်ပါ။ မင်္ဂလာဝတ်စုံမှာလည်း မြန်မာထိုင်မသိမ်းဝတ်စုံဆိုရင် ရွှေရောင်၊ ပန်းရောင်ကို အများဆုံးရွေးချယ်တာကို တွေ့ရပြီး အနောက်တိုင်းဝတ်စုံဆိုရင်တော့ အဖြူရောင်နဲ့ ပွဲအနေအထားပေါ် မူတည်ပြီးအရောင်ရွေးချယ် ဝတ်ဆင်လေ့ရှိပါတယ်။ ဒါ့အပြင် မင်္ဂလာဆောင်မယ့် သတို့သား၊ သတို့သမီးရဲ့ အသားအရေပေါ် မူတည်ပြီး အရောင်ကို ရွေးချယ်ကြတာလည်း ရှိပါတယ်။ အရောင်တောက်တောက် များကိုတော့ အသားဖြူတဲ့ အသားလတ်တဲ့ သူများအနေနဲ့ ရွေးချယ်ရာမှာ လိုက်ဖက်မှုရှိပြီးအသားညိုတဲ့ သူတွေကတော့ အရောင်ဆန်းတွေကိုရွေးချယ်ဖို့ အဆင်မပြေလှပါဘူး။ မြန်မာဝတ်စုံဆိုရင်တော့ အကောင်းဆုံးက ဝတ်စုံချုပ်မယ့် ဒီဇိုင်နာနဲ့ တိုင်ပင်ပြီးအရောင်နဲ့ ဒီဇိုင်းရွေးချယ်သင့်ပါတယ်။ ဒီနေရာမှာ မင်္ဂလာသတို့သားလောင်း၊ သတို့သမီးလောင်းများအတွက် လှပသင့်တော်မယ့် မင်္ဂလာဝတ်စုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ထက်ဦးဝေ |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |










0 comments:
Post a Comment