မောင်ပေါက် ( Maung Pauk ) |
- နိုင်ငံတ၀န်း အမေရိကန်ဒေါ်လာ ၅၆ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ မီးရှို့ဖျက်ဆီး
- ချစ်သူနှစ်ဦးအား ကိုယ်လုံးတီး သစ်ပင်တွင် ချည်နှောင်ခဲ့သည့် ရွာသားများ ဖမ်းဆီးခံရ။
- မြန်မာ့ပိုင်နက် ပင်လယ်နှင့်ပင်လယ်ဇုန်များ ဥပဒေကြမ်းသည် ရေပိုင်နက်ဆက်စပ် နိုင်ငံများကြား အငြင်းပွားမှုလျော့နည်းနိုင်
- My Sassy Girl ဇာတ်လမ်းတွဲမှာ ဂျူဝမ်နဲ့ သရုပ်ဆောင်မယ့် ကင်ဂျူဟွန်း
- စစ်ကိုင်းမြို့နယ်တွင် မူးမြစ်ကမ်းပါးပြိုကျမှုကြောင့် ဒေသခံများ စိုးရိမ်နေ...
- ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပယ်ဖျက်...
- အမျိုးသမီး ဓားစာခံ တစ်ဦးကို ဖိလစ်ပိုင် အဘူဆေယက်ဖ် စစ်သွေးကြွများ ပြန်လွှတ်ပေး
- အမျိုးသား ၁၀၀,၀၀၀ ပြည့်အောင် စပ်ယှက်မည့် လိင်မာရသွန်ခရီးအတွက် ပိုလန်သူက ပြည်ပသို့ခရီးဆန့်လို...
- သိမှတ်ဖွယ်ရာ ကမ္ဘာကျော် မြန်မာလမ်းမကြီးများ...
- FBI အနေနဲ့ ကွန်ပျူတာတွေကို ဝရမ်းမလိုပဲ Hack လုပ်ခွင့်ရှိ
- Samsung Galaxy Core Prime SM-G360F, SM-G360M, SM-G360G Stock Firmwares - by CHAN LAY (MCMM)
- Data Usage Clear... by CHAN LAY (MCMM)
- AD Ware virus တွေကိုရှင်းလင်းပေးမယ့် AdwCleaner
| နိုင်ငံတ၀န်း အမေရိကန်ဒေါ်လာ ၅၆ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ မီးရှို့ဖျက်ဆီး Posted: 26 Jun 2016 02:17 PM PDT ![]() အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲ သုံးစားမှုနဲ့ တရားမ၀င် aရာင်းဝယ်မှု တိုက်ဖျက်ရေး aန့မှာ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အမေရိကန် aဒ်ါလာ ၅၆.၃၁ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါး aတွကို မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီး တာကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ တပြိုက်နက်တည်း ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ ၁၉.၇၀ သန်းကျော်ဖိုး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ အရေအတွက်က အရင်နှစ်တွေထက် စံချိန်တင်များပြားခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်း ဘိန်းဖြူ ၀.၄၉၅၇ ကီလို၊ စိတ်ကြွဆေး ၄ သန်း ၁ သိန်း ၁ သောင်း ၂ ထောင်၊ အိုက်စ်က ၁၄၃ ကီလို၊ ဆေးခြောက်က ၅၃ ကီလို၊ ဘိန်းစာမှုန့်က ၂၁၃ ကီလို၊ ဘိန်းစာရည် ၉၀ မီလီလီတာ၊ စိတ်ငြိမ်ဆေးပြား ၂၇ ပြားနဲ့ မူးယစ်ဆက်စပ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို လှိုင်သာယာမြို့နယ်မှာရှိတဲ့ ကုန်တင်ယာဉ်ရပ်နားကွင်းမှာပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ ထူးခြားဖြစ်စဉ်အဖြစ် ရှာတွေ့ခဲ့တဲ့ ဇေကမ္ဘာဝင်းအတွင်းတွေ့ရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမဝင်တိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးတဲ့အထဲမှာ ပါဝင်ခြင်းမရှိဘူးလို့ တိုင်းရဲမှူးကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် အရှိန်အဟုန်မြှင့် ဖမ်းဆီးရာမှာ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ၇၁၈ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ ထူးခြားဖြစ်စဉ်အဖြစ် ၂၀၁၅ ခုနှစ်အတွင်း မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွရူးသွပ်ဆေး ၂၆.၇ သန်းကျော်ကို ဖမ်းဆီးမိရာကနေ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ သာကေတ မြို့နယ်တွေအတွင်းမှာ စိတ်ကြွရူးသွပ်ဆေး စုစုပေါင်း ၃၄.၆သန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ ၂၀၁၆ မတ်လအတွင်းမှာလည်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေက အမှုမပြီးပြတ်သေးတဲ့အတွက် ထည့်သွင်းမီးရှို့ခဲ့ခြင်းမပြုလုပ်ဘူးလို့သိရပါတယ်။ အစိုးရသစ်ရဲ့ ရက် ၁၀၀ အတွင်း ဒဂုံစီမံချက်နဲ့ မူးယစ်ဆေးဝါးအမှု ၂၄၃ မှုကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ Originally published at - http://burmese.dvb.no/archives/156506 ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| ချစ်သူနှစ်ဦးအား ကိုယ်လုံးတီး သစ်ပင်တွင် ချည်နှောင်ခဲ့သည့် ရွာသားများ ဖမ်းဆီးခံရ။ Posted: 26 Jun 2016 02:13 PM PDT ![]() အိန္ဒိယနိုင်ငံ၊ ရာဂျာစ်သန် ပြည်နယ် ထဲက ကျေးရွာ တရွာမှာ မျိုးနွယ်စု ဓလေ့ ထုံးစံတွေကို ဖောက်ဖျက် ခဲ့တဲ့ စုံတွဲ တတွဲကို ဓားစာခံ အဖြစ် ပြန်ပေးဆွဲကာ ကိုယ်လုံးတီးနဲ့ သစ်ပင်မှာ နှစ်ရက်ကြာ ချည်နှောင် ထားခဲ့တဲ့ ရွာသား ၁၃ ဦးကို ဖမ်းဆီး ခဲ့တယ်လို့ နယူး ဒေလီ ရုပ်မြင် သံကြား သတင်းမှာ ဇွန်လ ၂၅ ရက်နေ့က ဖော်ပြပါတယ်။ ရဲတွေရဲ့အဆိုအရ ဖမ်းဆီးခံ ရတဲ့ အမျိုးသမီးဟာ လင်ယောက်ျားဖြစ်သူကို ထားခဲ့ပြီး တခြား အမျိုးသားတဦးနဲ့ မရှင်းလင်းတဲ့ အခြေအနေ တခုနဲ့ နေထိုင် ခဲ့ရာကနေ သတင်းတွေ ပျံ့နှံ့ ခဲ့ရာကနေ ခုလိုဖြစ် ခဲ့တာလို့ ပြောပါတယ်။ ဒေသထုံးစံအရ အမျိုးသားကို ငွေကြေးဆိုင်ရာလျော်ကြေးမပေးခဲ့ပဲ ခုလိုဖြစ်ခဲ့တဲ့အပေါ် မကျေနပ်ကြတဲ့ ရွာသားတွေက သူတို့စုံတွဲကို ဓားစာခံ အဖြစ် ခေါ်ဆောင် သွားခဲ့ကြတာပါ။ ရွာသားတွေဟာ သူတို့စုံတွဲကို ကိုယ်လုံးတီးနဲ့ လမ်းလျှောက်စေပြီး သစ်ပင်မှာ ၂ ရက်ကြာချည်နှောင်ထားခဲ့တာပါ။ အမျိုးသမီးရဲ့ အစ်ကိုဖြစ်သူနဲ့ မိသားစုတွေဟာ သူတို့ကို ကယ်တင်ဖို့ သွားရောက်ခဲ့ချိန်မှာ သူတို့ကိုလည်း တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ "ကျနော့် ညီမကို သူတို့က ဓားစားခံခေါ်ပြီး နှိပ်စက်ခဲ့ကြတယ်။ ၂ ရက်လောက် ကြာတော့ ကျနော်ကယ်ဖို့သွားခဲ့ချိန်မှာ သူတို့က တိုက်ခိုက်ခဲ့ကြပါတယ်။" အဲဒီအမျိုးသမီးကို မိသားစုက ရူပီးငွေ ၈ သောင်းပေးပြီး ရွေးယူခဲ့ကြရကာ အမှုမှာ ပါဝင်ခဲ့သူတွေကို ရဲတွေဆီမှာ ထွက်ဆိုခဲ့ကြတာပါ။ အမျိုးသမီးရဲ့ လင်ယောက်ျားဖြစ်သူနဲ့ အမျိုးသမီး ၃ ဦးအပါအ၀င် ရွာသား ၁၃ ဦး ဖမ်းဆီးခံခဲ့ရကာ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ရဲအရာရှိတဦးက ပြောပါတယ် Video ကြည့်ရန်...ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| Posted: 26 Jun 2016 01:55 PM PDT မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံများနှင့် ပင်လယ်ပြင်ကို ဂြိုဟ်တုဓာတ်ပုံမှ တွေ့ရစဉ်။ မြန်မာ့ပိုင်နက် ပင်လယ် နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်း သည် ရေပိုင်နက်ချင်း ဆက်စပ် နေသော နိုင်ငံအချင်းချင်းကြား အငြင်းပွားမှု လျော့နည်းနိုင်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ဒုညွှန်မှူး ဒေါက်တာထွန်းသိန်းက ပြောသည်။ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံများနှင့် ဆက်စပ်နေ သော မြန်မာ့ပင်လယ်ရေပြင်ကို တိကျစွာ ဖော်ပြထားသည့် အဆို ပါ ဥပဒေကြမ်းကို ဇွန်လ ၁၉ ရက် က မြန်မာနိုင်ငံ ပြန်တမ်းအဖြစ် အများပြည်သူ ဖတ်ရှုနိုင်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ''နိုင်ငံတကာက အသိအ မှတ်ပြုတဲ့ ရေပိုင်နက်တွေ ဖော် ပြထားတဲ့ဥပဒေပါ။ နဂိုကတည်း ကလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရေပိုင်နက် သတ်မှတ်ချက် ရှိပေ မယ့် အခုကတော့ ဥပဒေနဲ့ အတိ အကျသတ်မှတ်လိုက်တော့ ရေ လုပ်ငန်းနဲ့ နယ်စပ်ဖြတ်ကျော် ပြဿနာတွေ လျော့နည်းသွားနိုင် တယ်''ဟု ဒေါက်တာထွန်းသိန်းက ပြောသည်။ မြန်မာ့ရေပိုင်နက်ကို ပြင် ဆင်သတ်မှတ်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး ကုလသမဂ္ဂသို့ တင်ပြခဲ့ရာ အသိအမှတ်ပြုခံရသဖြင့် ယခုအခါ ဥပဒေ အဖြစ် ပြဋ္ဌာန်းနိုင်ရန် စီစဉ်ခြင်းဖြစ် ကြောင်း ရေပြင်ဧရိယာရေးဆွဲရေးတွင် ပါဝင်ခဲ့သော ဦးမြသန်းထွန်းက ပြောသည်။ ''၁၉၈၉ ခုနှစ်က ငါးဖမ်းကွက် တွေ ဆွဲပေးခဲ့တုန်းက ၁၄၄ ကွက်ပဲရှိတယ်။ အခု ရေပိုင်နက် သတ်မှတ်ချက်က ရေပြင်ဧရိယာ ပိုကျယ်လာတော့ ငါးလုပ်ငန်း အတွက် ငါးဖမ်းကွက် ပိုထွက်လာ တယ်''ဟု ရေလုပ်ငန်းပညာရှင် ဦးမြသန်းထွန်းက ဆက်လက်ပြောကြားသည်။ အထက်ပါ ဥပဒေကြမ်းတွင် အခန်း (၈)ခန်းနှင့် ပုဒ်မ ၄၃ ခုပါ ဝင်ပြီး နောက်ဆက်တွဲများအဖြစ် ရခိုင်ကမ်းရိုးတန်း၊ မုတ္တမပင်လယ်ကွေ့၊ တနင်္သာရီကမ်းရိုးတန်း၊ ပရီပဲရစ်ကျွန်းအုပ်စု၊ ကိုကိုးကျွန်း အုပ်စု၊ မြန်မာ-အိန္ဒိယနှင့် မြန်မာ -ထိုင်း ပင်လယ်ပြင်နယ်နိမိတ် များကို မြေပုံများဖြင့် အတိအကျ ဖော်ပြထားသည်။ From ===> 7day daily ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| My Sassy Girl ဇာတ်လမ်းတွဲမှာ ဂျူဝမ်နဲ့ သရုပ်ဆောင်မယ့် ကင်ဂျူဟွန်း Posted: 26 Jun 2016 01:50 PM PDT တောင်ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲ My Sassy Girl ၌ သရုပ်ဆောင်မင်းသား ဂျူဝမ်၏ ချစ်သူအဖြစ် ပါဝင်ရမည့် မိန်းက လေးကို ရွေးချယ်လိုက်ပြီဖြစ် သည်။ နာမည်ကျော် ရုပ်ရှင်ဇာတ် ကား My Sassy Girl ကို ဒရာမာ ဇာတ်လမ်းတွဲအဖြစ် ဖန်တီးတင် ဆက်မှု၌ ခေါင်းဆောင်မင်းသမီး အဖြစ် သရုပ်ဆောင်ခွင့်ရသူမှာ ကင်ဂျူဟွန်းဖြစ်သည်ဟု ဇွန်လ ၂၄ ရက်တွင် ဇာတ်လမ်းတွဲ တာဝန်ရှိသူများက ကြေညာခဲ့ သည်။ My Sassy Girl ဒရာမာ ဇာတ်လမ်းတွဲ ခေါင်းဆောင် မင်းသမီးဇာတ်ရုပ်အတွက် သရုပ် ဆောင်ရွေးချယ်မှုတွင် လူ ၁,၈၀၀ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ယင်းယှဉ်ပြိုင် သူများစွာအနက် သရုပ်ဆောင် ကောင်းပြီး ရုပ်ရည်ချောမော သော ကင်ဂျူဟွန်းသည် အကဲ ဖြတ်ဒိုင်များ၏ အာရုံကို ဖမ်းစား နိုင်ခဲ့သကဲ့သို့ လူအများ၏ မေတ္တာလည်း ရရှိကာ ရွေးချယ်ခံရသည်။ ယင်းဇာတ်လမ်းတွဲကို လာ မည့် သြဂုတ်လတွင် စတင်ရိုက် ကူးမည်ဖြစ်ပြီး ၂၀၁၇ နှစ်ဆန်း တွင် ထုတ်လွှင့်ပြသမည်ဖြစ် သည်။ အဆိုပါဇာတ်လမ်းတွဲကို တရုတ်နှင့်ဂျပန်နိုင်ငံများ၌လည်း ထုတ်လွှင့်ပြသမည်ဖြစ်သည်။ Ref ===> Soompi New Source From ===> 7day daily ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| စစ်ကိုင်းမြို့နယ်တွင် မူးမြစ်ကမ်းပါးပြိုကျမှုကြောင့် ဒေသခံများ စိုးရိမ်နေ... Posted: 26 Jun 2016 01:48 PM PDT စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာတွင် မူးမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေ အိမ်၊ မြေများနှင့် စိုက်ပျိုးမြေများ ဆုံးရှုံးနေ၍ စိုးရိမ်နေကြောင်း ညောင်ပင်ဝန်းကျေးရွာ ဒေသခံများက ပြောသည်။ ညောင်ပင်ဝန်းကျေးရွာ မြောက်ပိုင်းရှိ မူးမြစ်ကမ်းပါးတစ် လျှောက် ပေသုံးထောင်ခန့် မကြာ ခဏ ပြိုကျခဲ့၍ဘုန်းကြီးကျောင်း ဝင်းများ၊ လူနေအိမ်ဝင်းများ၊ စိုက်ပျိုးမြေများ ဆုံးရှုံးခဲ့သည်။ ထို့အပြင် မန္တလေး-မုံရွာ လမ်းမှာလည်း ပြိုကျသည့်အထဲ ပါသွားခဲ့သည့်အတွက် လမ်းသစ်ဖောက် လုပ်ခဲ့ရကြောင်း၊ ၂၀၀၆- ၂၀၀၇ နောက်ပိုင်း ကမ်းပါးပြိုကျမှု ပိုမိုဆိုးရွားလာခဲ့ကြောင်း ညောင်ပင်ဝန်းကျေးရွာ ဒေသခံများက ပြော သည်။ မြစ်ကမ်းပါးပြိုကျ၍ အိမ်နှစ်ခါရွှေ့ရပြီး ယခုအခါ အိမ်နှင့် ကမ်းပါး ဆယ်ပေခန့်သာကွာ တော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရသူ ဦးစန်းလွင်က ''ကျွန်တော်တို့ကတော့ ခိုင်ခိုင်ခန့်ခန့် လုပ်ပေးစေချင်တာ ပါ။ ရေလာလို့ရှိရင် ကျွန်တော်တို့မှာနေ့မအိပ်ရ ညမအိပ်ရနဲ့''ဟု ပြောသည်။ ညောင်ပင်ဝန်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က နိုင်ငံတော်မှ ကျပ် သိန်း ၁,၃၅၀ အကုန်အကျခံကာ မျောတိုင်၊ ကျောက်၊ သဲအိတ်၊ ဝါးထရံများဖြင့် ဆောင်ရွက်ခဲ့ သော်လည်း ထိရောက်မှုအား နည်းခဲ့ပြီး ယခုနှစ်တွင် ကျပ်သိန်း ၁,၃၅၀ ထပ်မံသုံးစွဲကာ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများ မေလ လယ်မှ စတင်ဆောင်ရွက်နေ ကြောင်း ညောင်ပင်ဝန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောသည်။ ''လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးကိုလည်း တင်ပြထား တယ်။ ဒီနေရာက ပြောရမယ်ဆို နိုင်ငံတကာလမ်းမကြီး စီမံကိန်း ပေါ်မှာလည်းရှိတယ်။ မုံရွာ-မန္တ လေး မီးရထားလမ်းနဲ့လည်း နီး တယ်။ ဒါကြောင့် ကမ်းပြိုကာ ကွယ်ရေးကို ခိုင်ခိုင်ခန့်ခန့်လေး လုပ်ပေးစေချင်တယ်''ဟု ညောင် ပင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောသည်။ မူးမြစ်ကမ်းပါးပြိုကျမှုမှာ ရေကြီးကာလအပြင် သာမန် အချိန်နှင့် မိုးရွာချိန်၌ ရွာအတွင်းမှ ရေများ မြစ်အတွင်းစီးသည့်အချိန် ၌လည်း ပြိုကျမှုများ ဖြစ်ပေါ်လာသည်။ လက်ရှိတွင် အိမ် ၁၀ အိမ်ခန့်မှာ ကမ်းပါးနှင့်အနီးဆုံးတွင် တည်ရှိနေပြီးငါးအိမ်ခန့်မှာ ပြောင်း ရွှေ့ရမည့်အနေအထား ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း ကျေးရွာအပြင် ထိန်ကုန်း၊လက်ပန်သာ ကျေးရွာနှင့် မြင်းမူမြို့နယ် မူးဝရွာထောင်ကျေးရွာ၊မဓုရကျေးရွာတို့တွင်လည်း မူးမြစ်ကမ်းပါးပြိုကျမှုဖြစ် ပေါ်နေ ကြောင်း ဒေသခံများကပြော သည်။ Source From ===> 7 Day Daily ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပယ်ဖျက်... Posted: 26 Jun 2016 01:44 PM PDT တက္ကသိုလ်ဝင်စာမေးပွဲ အမှတ် ၃၆၀ နှင့် အထက် ရရှိသူများ လျှောက်ထားနိုင်ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ် ၂၀၁၆-၂၀၁၇ ၀င်ခွင့်အတွက် ၀င်ခွင့်စာမေးပွဲ စစ်ဆေးမှုကို ပယ်ဖျက်လိုက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် အ မှတ်ပေါင်း ၃၆၀ နှင့် အထက် ရရှိ သူများ လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေ ဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.A gr.Sc) ငါးနှစ်သင်တန်းအတွက် ၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲအောင် မြင်သူများထဲမှ အမှတ်ပေါင်း ၃၆၀နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်သည်။ အဆိုပါဝင်ခွင့်လျှောက် ထားရာတွင် အမျိုးသား ၂၀၀ ဦး နှင့် အမျိုးသမီး ၂၀၀ ဦး ခေါ်ယူ မည်ဖြစ်သည်။ ''အမှတ် ၃၆၀ တိုက်ရိုက် လျှောက်ရမယ်။ ၀င်ခွင့်မရှိတော့ ဘူး။ စာမေးပွဲမရှိတော့ဘဲနဲ့ တိုက် ရိုက်လျှောက်လို့ ရသွားမှာပေါ့။ အခုဟာက ၀န်ကြီး၊ ဒုဝန်ကြီးတွေ ရဲ့ တိုက်ရိုက်ပေါ်လစီလေ''ဟု ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးကြွယ် က ပြောကြားသည်။ ရေဆင်းစိုက်ပျိုးရေးတက္က သိုလ်သည် ယခင်က ၀င်ခွင့်အ ရည်အချင်းစစ် စာမေးပွဲဖြင့် စိစစ် ရွေးချယ်လက်ခံခဲ့ခြင်းဖြစ်သည်။ ၀င်ခွင့်လျှောက်ထားသူများ အနေဖြင့် တက္ကသိုလ်ဝင်ခွင့်စာ မေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝ ဗေဒ ဘာသာတွဲဖြင့် အောင်မြင် သူဖြစ်ရန်လိုအပ်သည်။ ပထမနှစ်ဝင်ခွင့်လျှောက် လွှာပုံစံကို မိမိအစီအစဉ်ဖြင့် (A4-Size) ကွန်ပျူတာရိုက်၍ လျှောက်ထားရမည်ဖြစ်ပြီး ပူးတွဲ အထောက်အထားများအဖြစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် မြင်ကြောင်း သက်ဆိုင်ရာကျောင်း အုပ်ကြီး၏ ထောက်ခံချက်(မူရင်း)၊ လျှောက်ထားသူ မိဘနှစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်၊ ရဲစခန်းထောက်ခံချက် (မူရင်း)၊ လိုင်စင်ဓာတ်ပုံ သုံးပုံ လို အပ်မည်ဖြစ်ကြောင်း ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်က ထုတ် ပြန်ကြေညာထားသည်။ လျှောက်လွှာများကို ကျောင်း သားရေးရာဌာန၊ ရေဆင်း စိုက်ပျိုး ရေးတက္ကသိုလ်၊ ရေဆင်းသို့ လိပ် မူ၍ ၂၀၁၆ သြဂုတ် ၁၉ ရက် နောက်ဆုံးထားပေးပို့ရမည် ဖြစ် သည်။ From 7 Day Daily ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| အမျိုးသမီး ဓားစာခံ တစ်ဦးကို ဖိလစ်ပိုင် အဘူဆေယက်ဖ် စစ်သွေးကြွများ ပြန်လွှတ်ပေး Posted: 26 Jun 2016 01:38 PM PDT ကနေဒါ ဓားစာခံ နှစ်ဦးကို ပြီးခဲ့သည့် လပိုင်းများအတွင်း ခေါင်းဖြတ် ကွပ်မျက်ခဲ့သည့် ဖိလစ်ပိုင် စစ်သွေးကြွအဖွဲ့ အဘူဆေယက်ဖ်က အမျိုးသမီး ဓားစာခံ တစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ မာရီတက်စ်ဖလောသည် စက်တင်ဘာလက မိတ်ဆွေများနှင့်အတူ ဒါဗာအိုမြို့အနီးတွင် အဘူဆာယက်ဖ်တို့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ ဖလော၏ ကနေဒါနိုင်ငံသား မိတ်ဆွေ ဂျွန်ရစ္စဒဲလ်နှင့် သူမ၏ ချစ်သူ ကနေဒါနိုင်ငံသား ရောဘတ်ဟောလ်တို့မှာမူ ပြန်ပေးငွေ တောင်းခံသည့် သတ်မှတ်နေ့ရက် ကုန်ဆုံးသွားချိန်တွင် သုတ်သင်ခံခဲ့ရသည်။ အဘူဆေယက်ဖ်တို့ အနေဖြင့် ဖလောကို အဘယ်ကြောင့် ပြန်လွှတ်ပေးခဲ့ကြောင်း သဲသဲကွဲကွဲ မသိရသေးချေ။ ကောလာဟလ အချို့က ဖိလစ်ပိုင် အစိုးရသည် ဖလောအတွက် အဘူဆေယက်ဖ်တို့ တောင်းခံသည့် ပြန်ပေးငွေကို ပေးချေခဲ့၍ ဖြစ်နိုင်ကြောင်း ဖော်ပြနေသော်လည်း ဖိလစ်ပိုင် အစိုးရ ကိုယ်တိုင်ကမူ အကြမ်းဖက် အုပ်စုများနှင့် ညှိနှိုင်းရေး မူဝါဒကို တရားဝင် ငြင်းဆိုထားသည်။ လတ်တလောတွင် အဘူဆေယက်ဖ်တို့ လက်ထဲ၌ နော်ဝေးနိုင်ငံသား ဂျာတန်းဆက်ကင်စတက်ဒ်မှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ အဘူဆေယက်ဖ်မှာ အဖွဲ့ခွဲ အများအပြားရှိသည့် စစ်သွေးကြွ အုပ်စုတစ်ခုဖြစ်ပြီး ယင်းတို့အနက် အချို့သည် အိုင်အက်စ်တို့ထံ သစ္စာခံထားကြသည်။ မကြာသေးမီက အဘူဆေယက်ဖ်တို့သည် ၎င်းတို့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အစ်နီလွန် ဟာပီလွန်ကို အရှေ့တောင်အာရှရှိ မွတ်ဆလင်များအားလုံး ထောက်ခံကြပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် ဂျီဟတ်စစ်ပွဲများ ဆင်နွှဲရန် တိုက်တွန်းထားသည့် ဗီဒီယိုကို အွန်လိုင်းတွင် လွှင့်တင်ခဲ့သေးသည်။ အဘူဆေယက်ဖ်တို့သည် ၁၉၉၁ ခုနှစ်တွင် အင်အားကြီး ဖိလစ်ပိုင် သူပုန်အဖွဲ့ မိုရို အမျိုးသား လွတ်မြောက်ရေး တပ်ဦးထံမှ ခွဲထွက်လာခဲ့ပြီး ပိုမိုအစွန်းရောက် ကြမ်းတမ်းသည့် အကြမ်းဖက်ဝါဒမျိုးဖြင့် ရပ်တည်လာခဲ့သည်။ Ref ===> BBC Credit To... (7 Day Daily) ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| အမျိုးသား ၁၀၀,၀၀၀ ပြည့်အောင် စပ်ယှက်မည့် လိင်မာရသွန်ခရီးအတွက် ပိုလန်သူက ပြည်ပသို့ခရီးဆန့်လို... Posted: 26 Jun 2016 01:26 PM PDT အင်နီယာလိုင်စကူစကာအင်နီယာလိုင်စကူစကာ အမျိုးသား ၁၀၀,၀၀၀ ဦးပြည့်အောင် ကာမစပ်ယှက်လိုသည့် အသက် ၂၁ နှစ်အရွယ် ပိုလန်သူက ၎င်း၏အစီအစဉ်အတွက် ဥရောပနိုင်ငံများ အပါအ၀င် ကမ္ဘာတစ်ဝှန်းသို့ ခရီးဆက်လိုကြောင်း အော် စတေလီယန်တိုင်း သတင်းစာနှင့် တွေ့ဆုံစဉ် စက်တင်ဘာလ ၅ ရက်နေ့က ပြော ကြားခဲ့သည်။ အင်နီယာလိုင်စကူစကာ အမည်ရှိ အဆိုပါပိုလန်သူသည် ၎င်း၏ လိင်မာရသွန်ကို ယခုနှစ် ဇူလိုင် လတွင် ပိုလန်နိုင်ငံ၌စတင်ခဲ့ပြီး အမျိုးသား ၂၈၄ ဦးနှင့်ကာမစပ်ယှက်ပြီး ဖြစ်သော်လည်း ပိုလန်နိုင် ငံတွင် မိမိ၏ လိင်အလိုဆန္ဒကို မိမိစိတ်ကြိုက် ပြည့်ဝအောင်လုပ်ခြင်းကို ဖေါက်ပြန် သည့် အပြု အမူဟု ယူဆဆဲဖြစ်သဖြင့် ၎င်း၏အစီအစဉ်အောင်မြင်အောင် လိင်ဆက်ဆံဖေါ်များ သတ်မှတ် ကာလအတွင်း စဉ်ဆက်မပြတ် ရရှိနိုင်ရန် ပြည်ပသို့ ခရီးထွက်လိုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ အမျိုးသား ၁၀၀,၀၀၀ ဦးနှင့်ကာမစပ်ယှက်ရာတွင် စုစုပေါင်း ကြာ မြင့်ချိန်ကို ၃၃,၀၀၀ နာရီနှင့် ပြီးစီးအောင် ရည်မှန်းထားပြီး အမျိုးသား တစ်ဦးနှင့် စပ်ယှက်ချိန်မှာ ၂၀ မိနစ်ခန့်ဟု လိုင်စကူ စကာက သတ်မှတ် ထားသည်။ "ကျွန်မပျော်ပျော်နေရတာ၊လိင်မှုကိစ္စနဲ့ အမျိုးသားတွေကို မြတ်နိုး တယ်။ ပိုလန်၊ဥရောပနဲ့ တစ်ကမ္ဘာလုံးက အမျိုးသားတွေကို ဒီကိစ္စ အတွက် အလိုရှိပါတယ်"ဟု လိုင်စကူစကာက ပြောသည်။ လိုင်စကူစကာက ၎င်း၏အစီအစဉ်ကို စနေနှင့်တနင်္ဂနွေနေ့များတွင် သာ အကောင်အထည်ဖေါ်ပြီး ထိုနှစ်ရက်တွင် အနည်းဆုံးအမျိုး သား ၁၄ ဦးနှင့် ကာမစပ်ကြောင်း သို့ရာတွင် ပိုလန်နိုင်ငံသူ အမျိုး သမီးတို့၏ သက်တမ်းမှာ ပျှမ်းမျှ ၈၁ နှစ်ဖြစ်သောကြောင့် ၎င်း၏ ရည်မှန်းချက် ပြည့်ရန် တစ်ပတ် လျှင် အနည်းဆုံး အမျိုးသား ၃၂ ဦးနှင့် စပ်ယှက်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ လိုင်စကူစကာသည် ၎င်းအသက် ၈၁ နှစ်အထိ အသက်ရှည်နိုင်မည် ဆိုပါက နှစ် ၆၀ ခန့် နေရဦး မည်ဖြစ်၍ ၎င်း၏ ရည်မှန်းချက် ပြည့်ဝရန် တစ်နှစ်တာကာလ ၃၆၅ ရက်အတွင်း အမျိုးသား ၁,၆၆၆ ဦးနှင့် ကာမစပ်ယှက်မည်ဟု ခန့်မှန်းထားသည်။ From ===> Austin Credit To... (http://www.mmdailystar.com/2014/11/blog-post_99.html) ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| သိမှတ်ဖွယ်ရာ ကမ္ဘာကျော် မြန်မာလမ်းမကြီးများ... Posted: 26 Jun 2016 12:06 PM PDT ![]() ![]() ![]() ![]() ဒုတိကမ္ဘာစစ်ကြီးအတွင်း လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ခဲ့သော လမ်းမကြီးနှစ်ခုသည် ကမ္ဘာကျော် စစ်သုံးအဝေးပြေး လမ်းမကြီးများအဖြစ် ယနေ့တိုင်ထင်ရှားစွာ ရပ်တည်လျက်ရှိပေသည်။ တစ်ခုသော လမ်းမှာ မြန်မာလမ်းမကြီးဟု ထင်ရှားကျော်ကြားသည့် (Burma Road) အဝေးပြေးလမ်းမကြီးဖြစ်ပြီး ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတို့ကို သွယ်တန်းလျက် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ကူမင်းနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်လားရှိုးမြို့တို့ကို ဆက်သွယ်ထားသည်။ ယင်းလမ်းမကြီးကို မြန်မာနိုင်ငံအား ဂျပန်တို့သိမ်းပိုက်ထားခဲ့စဉ်အချိန်က ဖောက်လုပ်ခဲ့သည်။ ဒုတိယလမ်းမှာ လီဒိုလမ်းမကြီးဟု ထင်ရှားပြီး အိန္ဒိယနိုင်ငံ အာသံပြည်နယ်နှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်တို့ကို မြန်မာနိုင်ငံ ကချင်ပြည်နယ် ရှင်ဘွေယန်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များကို ဖြတ်သန်းဖောက်လုပ်ထားသည်။ အဆိုပါ လမ်းမကြီးများကို ယခုအခါတွင် အသုံးပြုခြင်း မရှိတော့သော်လည်း ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော ဗျူဟာမြောက် လမ်းမကြီးများအဖြစ် သမိုင်းတွင်ရစ်ခဲ့ပေသည်။ မြန်မာလမ်းမ (Burma Road) သည် ၇၁၇ မိုင်ခန့်ရှည်လျားကာ ကြမ်းတမ်းသော တောင်စွယ်တောင်တန်းများကို ဖြတ်သန်းဖောက်လုပ်ထားသည်။ကူမင်းနှင့် မြန်မာနိုင်ငံနယ်စပ် လမ်းဖြတ်ပိုင်းကို ဒုတိယ တရုတ် ဂျပန်စစ်ပွဲ ကာလအတွင်း ၁၉၃၇ ခုနှစ်တွင် ၊မြန်မာ၊ တရုတ် လုပ်သားအင်အား နှစ်သိန်းကျော်ဖြင့် စတင်ဖောက်လုပ်ခဲ့ကာ ၁၉၃၈ ခုနှစ်တွင်ပြီးစီးခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိသျှတို့က တရုတ်နိုင်ငံသို့ စစ်ဘက်ထောက်ပံ့ရေးပစ္စည်းများကို ပို့ရာတွင် အဓိက အသုံးပြုခဲ့သည့် လမ်း တစ်ခုဖြစ်သည်။ ဂျပန်နှင့် ဗြိတိသျှတို့ စစ်မဖြစ်မီက ဗြိတိသျှတို့သည် မြန်မာလမ်းမကြီးကို အသုံးပြုကာတရုတ်နိုင်ငံသို့ ထောက်ပံ့ ရေးပစ္စည်းများ ပေးပို့ခဲ့ ရာတွင် ရန်ကုန်မှ လားရှိုးသို့ ထောက်ပံ့ရေးပစ္စည်းများကို ရထားဖြင့် သယ်ယူခဲ့ပြီး မြန်မာ လမ်းမကြီးမှ တစ်ဆင့် တရုတ်သို့ ပို့ဆောင်ပေးခဲ့သည်။ မဟာမိတ်တပ်များက ဂျပန်ကို ခုခံတိုက်ခိုက်နေသော ကူမင်တန် တရုတ်တပ်များ ထံသို့ မြန်မာလမ်းမကြီးကို အသုံးပြုကာ လက်နက် များ၊ ရိက္ခာများပေးပို့ခဲ့ခြင်းဖြစ်ပြီး၁၉၄၂ ခုနှစ် တွင် ဂျပန် တို့က မြန်မာ ပြည် ကို သိမ်းပိုက် လိုက်သောအခါတွင် လားရှိုး မြို့ မှ ကူမင်းမြို့အထိဖောက်လုပ်ထားသော မြန်မာလမ်းမ ကို ဂျပန်တို့က မဟာ မိတ်တပ်များဆက်လက် အသုံးမပြုနိုင်ရန် ဖြတ်တောက် လိုက်ကြသည်။ မြန်မာလမ်းမ လမ်းကြောင်း ပိတ်သွားချိန်တွင် မဟာမိတ်တို့အနေဖြင့်ကူမင်တန် တပ်များထံ အထောက် အပံ့များ ဆက်လက် ပေးပို့နိုင်ရန် လမ်းကြောင်းအသစ် တစ်ခု အလျင်အမြန်လိုအပ်လာခဲ့ပေသည်။ လမ်းအသစ်မရရှိသေးမီ ဗြိတိသျှ တို့သည် အမေရိကန် လေယာဉ် များဖြင့် အိန္ဒိယ မှတစ်ဆင့် ကချင် ပြည်နယ် မြောက်ဖျားပိုင်း ဒေသ၊ဆွမ်ဘရာဘွမ် အထက် ပိုင်း ကို ဖြတ်သန်း ကာ ကူမင်း သို့ စစ်လက်နက် ၊ ရိက္ခာများကို ဆက်လက် ပေးပို့ခဲ့ရသည်။ မြင့်မားသော ဟိမ၀န္တာ တောင်တန်းများ၏ ကြမ်းတမ်းသော ရာသီဥတု များကြောင့် အိန္ဒိယ မြန်မာ တရုတ် လေယာဉ် လမ်းကြောင်းသည် အလွန် အန္တရာယ် ကြီးမားခဲ့ ပြီး ပိုင်းလော့ များက The Hump ဟု ခေါ်ခဲ့ကြသည်။ ၁၉၄၂ – ၄၅ ခုနှစ် အတွင်း အမေရိကန် လေယာဉ် (၄၆) စင်း ပျက်ကျ ခဲ့ပြီး၊ စစ်သား (၇၉၂) ဦး အသက် ဆုံးရှုံး ခဲ့ရသည်။ထို့ကြောင့်ဗြိတိသျှတို့ သည် အမေရိကန်တို့ အကြံပြုသည့်အတိုင်း လီဒို လမ်းမကြီးကိုဖောက်လုပ်ခဲ့ခြင်းဖြစ်ပေသည်။လီဒို လမ်းမကြီးသည် အာသံပြည်နယ် လီဒိုနှင့် မြန်မာနိုင်ငံ မြစ်ကြီးနား ကို ဆက်သွယ်ကာ မြန်မာလမ်းမကြီးနှင့် ၀မ်ဒင်ဇမ် တွင် ပေါင်းဆုံထားသည်။ ၁၉၄၅ ခုနှစ် မေ (၂၀) ရက်နေ့ တွင် လီဒို လမ်းကို တရားဝင် ဖွင့်လှစ် ခဲ့သည်။လီဒိုလမ်းမကြီးပေါ်မှ ပထမဆုံး ဖြတ်သန်း မောင်းနှင်လာသော ထရပ်ကားသည် တရုတ် ရှေ့တန်းနယ်မြေသို့ ၁၉၄၅ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ရောက်ရှိ ခဲ့သည်။ လီဒို လမ်းပြီးစီးပြီး နောက် ပထမ ဆုံး ထောက်ပံ့ ယာဉ်တန်း (၁၁၃) စင်းသည် လီဒို မြို့မှ ၁၉၄၅ ခုနှစ် ဇန်န၀ါရီ (၁၂) ရက် က စတင် ထွက်ခွာ လာခဲ့ကာတရုတ် ပြည် ကူမင်း မြို့သို့ဖေဖေါ်ဝါရီ (၄) ရက်နေ့တွင် ရောက်ရှိခဲ့ကြသည်။ လီဒို လမ်းမ ကြီး ကို ဖောက် လုပ်နိုင်ခဲ့သည့်အတွက် အနောက်ဘက် မဟာမိတ်နိုင်ငံများသည် တရုတ်ပြည်သို့ ထောက်ပံ့ရေး ပစ္စည်းများကိုပေးပို့ နိုင်ခဲ့ရာ လီဒိုလမ်း ကို အသုံးပြု ပြီး (၆) လ အတွင်း အထောက်ပံ့နှင့်ရိက္ခာ တန်ချိန် (၇၁၀၀၀) ကို တရုတ်ပြည် သို့ ပို့ဆောင် နိုင်ခဲ့ သည်။ ၁၉၄၅ ခုနှစ်တွင် တရုတ်ခေါင်းဆောင် ချန်ကေရှိတ်၏ တောင်းဆိုချက်အတိုင်း လီဒိုလမ်းမကြီး ကို ဦးစီးဖောက်လုပ် ခဲ့သူ အမေရိကန် ကြည်းတပ်ဗိုလ်ချုပ်ကြီး စတီးဝဲလ်ကို ဂုဏ်ပြုသော အားဖြင့် စတီးဝဲလ် လမ်းဟု အမည် ပြောင်းလဲ ခဲ့သည်။ မဟာဗျုဟာကျသော လီဒိုလမ်းမကြီးကို ဒုတိယ ကမ္ဘာစစ်အတွင်း တည်ဆောက်ခဲ့ရာတွင်လူပေါင်း ၆၃၀၀၀ နှင့် ငွေကြေး အမေရိကန်ဒေါ်လာ ၁၄၈ သန်း သုံးစွဲခဲ့သည်။ လမ်းမကြီး ကိုဖောက်လုပ်ခဲ့သောအမေရိကန်အင် ဂျင်နီယာများသည် သားရဲ တိရိစ္ဆာန် များ၊ ငှက်ဖျားရောဂါ၊ ရွံ့နွံအိုင်များပြည့်နှက်နေသောတောနက်ကြီးများကို ရင်ဆိုင် ကျော်လွှားခဲ့ရသည်။ အင်ဂျင်နီယာ များက အိန္ဒိယနိုင်ငံနယ် စပ်အနီး လီဒိုမြို့မှ ဟူးကောင်းတောင်ကြားမှ ပန်ဆောင်တောင်ကြားကို ဖြတ်ကာဗန်းမော်မှ တစ်ဆင့် တရုတ်နိုင်ငံဝမ်တိန်နှင့် ကူမင်းသို့ဖောက်လုပ်ခဲ့ကြသည်။အမေရိကန်တို့သည် အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံသား များနှင့် မြန်မာ နိုင်ငံမှ နာဂ၊ ကချင်၊ ရှမ်းတိုင်းရင်းသားများ၊ တရုတ်အလုပ် သမားများ စုစုပေါင်း အင်အား ၂၅ဝဝဝ ဖြင့် မိုင်တစ်ထောင်ကျော် အရှည် ရှိသော လမ်းမကြီးကို၂နှစ်ကြာ ဖောက်လုပ်ခဲ့ရသည်။ ၁၉၄၃ ခုနှစ်မှ အစပြုဖောက်လုပ်ခဲ့သော ထိုလမ်းမကြီးမှာ ၁၉၄၅ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။ လီဒိုလမ်းမကြီးကိုတရုတ်၊အိန္ဒိယ၊ဗြိတိသျှ တပ်များ စစ်လက်နက်၊ရိက္ခာသယ်ယူပို့  ဆောင်ရေးအတွက် အသုံးပြုခဲ့ကြပြီး လီဒိုလမ်းမ တည်ဆောက်စဉ်အမေရိကန်စစ်သား ၁၁၀၀ကျော် နှင့် ထောင်ပေါင်းများစွာသော ဒေသခံတို့သေဆုံးခဲ့ကြသည်။ မဟာမိတ်တို့ ၏ စစ်ဗျုဟာအရ ဖောက်ခဲ့သောလမ်းဖြစ်သောကြောင့် ဗိုလ်ချုပ်ကြီး စတီးဝဲလ်နှင့် စစ်အင်ဂျင်နီယာများ ခက်ခက် ခဲခဲ ဖောက်ခဲ့ကြရသည်။စစ်တိုက်ရင်း ခက်ခဲစွာ ဖောက်ခဲ့ရသောလမ်းဖြစ်သောကြောင့် လီဒိုလမ်းမကြီးကို စစ်တိုက်ရင်းလမ်းဖောက်၊ လမ်းဖောက်ရင်းစစ်တိုက်ဖြင့် တစ်နေ့ ၁ မိုင်မျှပြီးစီးရန်အထူး ကြိုးပမ်းဖောက်လုပ်ခဲ့ကြရသည်။ ဖျားနာ ရင်းသေကြ၊ စစ်တိုက်ရင်း ကျဆုံးကြ ဖြင့် တော တောင်ထူထပ်ပြီး မတ်စောက်သော တောင်တန်းနှင့် ချောက်ကမ်းပါးတို့ အကြား အသက်သွေးချွေးများရင်း ကာ ဖောက်ခဲ့ရသဖြင့် လီဒိုလမ်းမကြီးသည် သမိုင်းတွင် ထင်ရှားခဲ့သည်။ လီဒိုလမ်းမကြီးကို အချို့နေရာများတွင် ချောင်းရိုးတစ်လျှောက် တောင်နံရံဘေးတွင် ဖြတ်ဖောက်ထားသဖြင့် စစ်ယာဉ် တန်းများ ရေဖြည့်ရန် လွယ်ကူ၏။ ယခင်က လမ်းတစ်လျှောက်တွင် အရေးပေါ်စက်သုံးဆီ အလွယ်တကူဖြည့်ရန် သံပိုက်လိုင်းများ တောက်လျှောက်သွယ်တန်းခဲ့သည်။ နောက်ပိုင်း တွင် အဆိုပါ သံပိုက်လုံးများပျက်စီး ကုန်သော်လည်း နာဂရိုးရာအိမ်အချို့ တွင် အိမ်တိုင်ပြုလုပ်ထားသည်ကိုလည်း တွေနိုင်ပါသည်။ လီဒို လမ်းမကိုဖောက်လုပ်ခဲ့သော နေရာများသည် အမြဲစိမ့်အေးနေပြီး အဖိုးတန်သစ် ပေါက်ရောက်ခြင်းမရှိသောကြိုးပြင်သစ်တောများလည်းဖြစ်ပေသည်။ ကချင်ပြည်နယ် တနိုင်းမှရှင်ဘွေယန် အထိ ကားလမ်းသည် အတက်အဆင်းအချို့ နှင့်ချောင်းအချို့ ရှိသော်လည်း လမ်းမှာ လွန်စွာဖြောင့်ဖြူးနေသည်။ မဟာမိတ်များက လေယာဉ်ဖြင့် လမ်းအူကြောင်းရှာရာတွင်လေယာဉ်ပေါ်မှ လောင်စာဆီများသွန်ချပြီး မီးရှို့ လိုက်ခြင်းဖြင့် အူကြောင်းဖော်ခဲ့ကြသည်။ထိုနေရာသည် ကြိမ်ဝါးများသာ အများဆုံးပေါက်ရှိနေသဖြင့်လမ်းက ဖြူးနေပေသည်။ လီဒိုလမ်းမ၏ မတ်စောက်သောအတက်လမ်းသည် ကချင်ပြည်နယ် တနိုင်းမြို့ နယ် ရှင်ဘွေယန်မှ စတင်သည်။ရှင်ဘွေယန်မှ (၁၈) မိုင် စခန်း အထိ အတက်ချည်းသာ ဖြစ်သဖြင့် ကုန်တင်ယာဉ်၊ရိက္ခာပို့ ယာဉ်တန်းများ ငယ်သံပါအောင် အသံမြည်ကာ တက်ကြ ရသည်။ ထိုအချိန်သည် ဂျပန်တို့အင်အား ကောင်း နေပြီး မြန်မာ ပြည် မှ ဗြိတိသျှ တို့ဆုတ်ခွာ နေရချိန် ဖြစ်သောကြောင့် ထောက်ပံ့ ရေး လမ်းကြောင်း တစ်ခုတည်ဆောက် ရန် အမေရိကန် ဗိုလ်ချုပ် ကြီး General Joseph Stilwell ဦးဆောင်မှုဖြင့် SOS (Service of Supply) အဖွဲ့ ဖွဲ့စည်းပြီး အိန္ဒိယ နိုင်ငံ လီဒို မြို့မှမြန်မာ ပြည်မြောက်ပိုင်း ကို ကျော်ဖြတ် ကာ တရုတ် ပြည် ကူမင်း အထိ လမ်းတစ်ခု ဖောက်လုပ်ရန်စီစဉ် ခဲ့ကြသည်။ လီဒို မြို့ကို ရွှေးချယ် ရခြင်းမှာ လီဒို မြို့သည် ကာလကတ္တား မှလာသော မြောက်ဘက် ရထား လမ်းဆုံး မြို့နှင့် နီးစပ် နေပြီး မြန်မာ ပြည် မြောက်ဖျား ပိုင်းမှ တောင်ပတ် လမ်း တစ်ခု၏အဆုံး နှင့်လည်း နီးကပ် နေခြင်းကြောင့် ဖြစ်ပေသည်။ အိန္ဒိယ နိုင်ငံ မြောက်ပိုင်း အာသံ ပြည်နယ် လီဒို မြို့လေးမှ စတင် ဖောက်လုပ် ထားခြင်းကြောင့် "လီဒို လမ်း" ခေါ်ဝေါ် ခဲ့ကြသည်။ လီဒို လမ်း သည်(၁၀၇၉) မိုင် ရှည်လျား ပြီး မြန်မာတရုတ် နယ်စပ် အနီး မုံးယု နှင့်မြန်မာနိုင်ငံ မူဆယ်အနီး တွင် မြန်မာလမ်းမကြီး နှင့် ပြန်ဆုံမိကြသည်။လီဒို လမ်း သည်အိန္ဒိယ ပြည် အတွင်း လီဒို၊ နှင့် နမ်ပေါင်း မြို့များ ကို ဖြတ်သန်း ပြီး၊ ကချင် ပြည်နယ် မှာ ရှင်ဘွေယန်၊ နမ္မတီး၊ မြစ်ကြီးနား၊ ဗန်းမော် နှင့် ရှမ်း ပြည်နယ်မှ နမ်းခမ်း နှင့်မုံးယု မြို့များကို ဖြတ်သွားသည်။ လီဒိုလမ်း ကို ၁၉၄၂ ခုနှစ် ဒီဇင်ဘာ (၁၆) ရက်တွင် စတင် ဖောက်လုပ်ပြီး ၁၉၄၅ ခုနှစ် ဇန်န၀ါရီ လတွင် ပြီးဆုံး ခဲ့သည်။လီဒို လမ်း ကို ဗိုလ်ချုပ်ကြီးစတီးဝဲလ် နှင့် စစ်အင်ဂျင်နီယာ ဗိုလ်မှုးကြီး လူးဝစ်စ် အေ ပစ် တို့က ဦးစီးကြီးကြပ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပေသည်။ ဒုတိယ ကမ္ဘာစစ် အတွင်း စစ် အင်ဂျင်နီယာ တပ်ကို ပေးအပ် ခဲ့သော အခက်ခဲ ဆုံးသော တာဝန် တစ်ရပ်ဟု ဗိုလ်မှူးကြီး ပစ် က မှတ်ချက်ချ ခဲ့သည်။ အမေရိကန် အင်ဂျင်နီယာ တပ်သား များက လီဒို လမ်း ကို "Pick's Pike" ဟုခေါ် ခဲ့ကြသည်။ ပထမဆုံး လမ်းပိုင်း (၁၀၃) မိုင် အရှည်ကို အိန္ဒိယ ပြည် လီဒို မြို့မှ စတင် ခဲ့ပြီး အိန္ဒိယ ကချင် ပြည်နယ် နယ်စပ် မှ တောတောင် ထူထပ် ပြီး ကြမ်းတမ်း မြင့်မား သောပန်ဆောင် တောင်ကြား ကို ဖြတ်ကျော် ခဲ့ရာ အချို့ နေရာ များသည် အမြင့်ပေ (၄၆၀၀) အထိ ရှိသည်။အူရောင်ငန်းဖျား၊ တုပ်ကွေး၊ ဌက်ဖျား ရောဂါများ ထူထပ် ပြီး မိုးရေချိန်များသည့် ပန်ဆောင် တောင်ကြား သည် ခက်ခဲ ကြမ်းတမ်း လွန်းသည့် အတွက် စစ် အတွင်းက "Hell Pass" ဟုပင်နာမည် တွင် ခဲ့သည်။ လမ်းဖောက်လုပ်ရန် ရှင်ဘွေယန် မြို့သို့ ပထမ ဆုံး မြေတူး စက် ရောက်ရှိခဲ့သောနေ့သည် ၁၉၄၂ ခု ဒီဇင်ဘာ (၂၇) ရက် ဖြစ် သည်။ ထိုလမ်းပိုင်းသည် အင်အား ကြီး မားသောအမှတ် (၁၈) ဂျပန် တပ်ကို ခုခံ တိုက်ခိုက် နေသည့် ချန်ကေရှိတ် တရုတ် စစ်သားများ အတွက် ထောက်ပံ့ ပစ္စည်းများပေး ပို့ရန်အသုံးဝင် ခဲ့သည်။ ဂျပန် တပ်များတောင်ဖက် သို့ ဆုတ်ခွာ သွားချိန်တွင် ရှင်ဘွေယန် တွင်လီဒိုလမ်း ကို ဆက်လက် ဖောက်လုပ် ရန် လွယ်ကူ သွားခဲ့သည်။ ဂျပန်များဖောက်ထားသည့် လမ်းကြောင်း ကို လိုက်ပြီး ဆက်လက် ဖောက်လုပ် ခဲ့ကာ ထောက်ပံ့ ယာဉ်များ သုံးရန် (၄) လက်မ ပတ်လည်ရှိ ဓာတ်ဆီ ပိုက်လိုင်း နှစ်လိုင်းမှ လေးလိုင်း အထိ လမ်းကြောင်း တစ်လျှောက် ချထား ပေးခဲ့သည်။ လီဒို ရှင်ဘွေယန် (၁၀၃ မိုင်) လမ်းပိုင်း ပြီးစီးပြီးနောက် မြစ်ကြီးနား၊ ဗန်းမော် အထိ (၃၇၂ မိုင်)၊ ရှမ်း ပြည်နယ် နမ်းခမ်း၊ မြန်မာလမ်းမ လမ်းဆုံ မုံးယု မြို့ အထိ စုစု ပေါင်း (၄၆၅) မိုင် ဖောက်လုပ် ခဲ့သည်။ လီဒို လမ်း ဖောက်လုပ် ရာ မှာ စုစုပေါင်း မြစ်ချောင်း (၁၀) ခု နှင့် ချောင်းငယ်(၁၅၅) ခုကို ဖြတ်သန်း ခဲ့ရပြီး ပျမ်းမျှ (၂.၈ ) မိုင်တိုင် တွင် တံတား တစ်ခု ဆောက်ခဲ့ ရသည်။ ၁၉၄၅ ခုနှစ် မတ် (၇) ရက်တွင် မဟာမိတ် တပ်ဖွဲ့ များက လားရှိုး မြို့ကို ဂျပန် လက်ထဲက တဆင့် ပြန်သိမ်း ယူခဲ့သည်။ မတ် (၂၀) ရက်တွင်မန္တလေး မြို့၊ မေ (၃) ရက်တွင် ရန်ကုန် မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။သြဂုတ် (၆) ရက်နေ့ တွင် အမေရိကန်က ဂျပန် နိုင်ငံ ဟီရိုရှီးမား မြို့ကို ပထမ ဆုံးသော အနုမြူ ဗုံးကြဲ ချပြီး၊ (၉) ရက်နေ့ တွင် နာဂါစကီ မြို့ပေါ်ကို အနုမြူ ဗုံး နောက်ထပ် တစ်လုံး ချ အပြီး သြဂုတ် (၁၅) ရက်နေ့ တွင် ဂျပန် တို့ လက်နက် ချ ခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ လ (၂) ရက်နေ့ တွင်အမေရိကန် စစ်သင်္ဘော USS Missouri ပေါ်တွင် ဂျပန် က တရားဝင် လက်နက် ချကြောင်း လက်မှတ် ရေးထိုး ခဲ့ပြီး ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခဲ့သည်။ လီဒိုလမ်းမကြီးကို ၁၀ လ ခန့်မျှသာ အသုံးပြုခဲ့ပြီး စစ်ပြီးဆုံး ပြီးနောက်ပိုင်းမှစ၍ လီဒို လမ်းမကြီး အားအသုံးပြု ခြင်းမရှိ တော့ပါချေ။ မြန်မာ ပြည် လွတ်လပ်ရေး ရပြီး နောက် လီဒို လမ်းမကြီး သည် တဖြည်းဖြည်း ပျက်စီး ယိုယွင်း လာခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် Land Rover ကား နှစ်စီး ဖြင့် လီဒို မြို့မှ မြစ်ကြီးနား မြို့သို့ ခရီးသွား တက္ကသိုလ် ကျောင်းသား (၆) ယောက် လိုက်ပါ လာခဲ့သည့် Oxford-Cambridge Overland Expedition အဖွဲ့ ရောက်ရှိလာခဲ့သည်။ထိုအဖွဲ့သည် လီဒိုလမ်းပေါ်တွင်နောက်ဆုံး ခရီးသွားခဲ့သော အဖွဲ့ဖြစ်ပေသည်။ ယခုအချိန်တွင် ကချင်ပြည်နယ်ကို အနောက်မြောက်ဖက်မှ အရှေ့တောင်ဖက်သို့ ဖြတ်သန်းသွားသည့် လီဒိုလမ်းမကြီး ကို အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား စီးပွားကုန်သွယ်မှုအတွက် အရေးပါသည့် အာရှလမ်းမကြီးတစ်ခုဖြစ်လာစေရန် အိန္ဒိယ နှင့် တရုတ် နိုင်ငံများ က မျှော်လင့်ထားကြသည်။ကချင်ပြည်နယ်၏ အနောက်မြောက် ဟူးကောင်းတောင်ကြား ပန်ဆောင်လမ်းမှ မြန်မာနိုင်ငံ အတွင်းသို့ ဖြတ်ဝင်လာသောလီဒိုလမ်းမကြီးသည် ကချင်ပြည်နယ်အတွင်း ရှင်ဘွေယန်နှင့် တနိုင်းမြို့ များသို့ ဆက်သွယ်ထား သည်။ တရုတ်နယ်စပ် ၀မ်တိန်မှ မိုင်းယု၊ နမ့်ခမ်း၊ ဗန်းမော်၊ မြစ်ကြီးနား၊ တနိုင်း လမ်းပိုင်းကို တရုတ်ဖက် မှပြုပြင်ဖောက် လုပ်နေ ပြီ ဖြစ်ပြီး အိန္ဒိယနယ်စပ်မှ တနိုင်းအထိ လမ်းပိုင်းကို အိန္ဒိယမှ တာဝန်ယူ ဖောက်လုပ်မည်ဟု သိရှိရသည်။ မြစ်ကြီးနား မြို့ကို ဖြတ် သန်းသွားသော လီဒို လမ်းမကြီး၏ဘေးတွင် အံတော်ရှင် ဘုရား၊ စိမ်းမြ ဧရာ ပန်းခြံ၊ နာရီစင်၊ မြစ်ကြီးနား လေဆိပ် တို့ရှိနေကြပေ သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း တွင် အာသံ ပြည်နယ် မှ ဒေသခံ အချိုသည် မြန်မာ ပြည် နယ်စပ် ပန်ဆောင် တောင်ကြား အထိ လီဒို လမ်းကြောင်း အတိုင်း မော်တော် ဆိုင်ကယ်၊ ကား များဖြင့်အုပ်စု လိုက် ခရီး ထွက်ကြ ကြောင်းကြားသိရပေသည်။ ၂၀၀၈ ခုနှစ် တွင် ယူနန် တက္ကသိုလ်မှ သမိုင်း ပညာရှင် ဂီရှူရာ ဦးဆောင် ၍ တရုတ် သတင်း ထောက် (၁၀၀) ကျော် ပါဝင် သော အဖွဲ့သည်လီဒို လမ်းမကြီး အတိုင်း မြစ်ကြီးနား မြို့သို့ရောက်ရှိ လာခဲ့ကြသည်။ဂီရှူရာသည် လီဒို မြို့သို့ ပထမဆုံး ရောက်ဖူး ခြင်းဖြစ်ပြီး လီဒို လမ်းမကြီး ၏အစိတ် အပိုင်း၊ တောတောင်၊ မြစ်ချောင်း၊ မိုင်တိုင် တစ်ခုတိုင်း တွင် ပြောပြ စရာ သမိုင်း အဖြစ် အပျက်များ များစွာရှိကြောင်း ပြောခဲ့ သည်။အမေရိကန်နိုင်ငံရှိ ဒုတိယကမ္ဘာစစ် စစ်မှုထမ်း ဟောင်း အချို့ သည်လည်း လီဒို လမ်း၊ နှင့် မြန်မာလမ်းမ ခရီးစဉ် ကို လာရောက်ခဲ့ကြဖူးသည်။ မြန်မာ ပြည်သူများလည်း တစ်ဆစ်ချိုး အကွေ့ပေါင်း ၂၁ ကွေ့ ရှိကာ ၊ပေတစ်သောင်း ကျော်နက်သောချောက်ကမ်းပါးများရှိသည့် တောင်အသွယ်သွယ် ပေါ်တွင် ဖောက်လုပ် ထားသည့် လီဒိုလမ်းမ ကြီး တစ်လျှောက် ခရီးနှင် လှည့်လည်ရင်းအတိတ် သမိုင်း ကို ပြန်လည် ခံစား နိုင်ကြ မည်ဖြစ်သည် .. ဗဟုသုတရစေလိုသော စိတ်ဖြင့် ယခုလို ကျွန်တော် ချမ်းမြေ့မောင်မှ တင်ပြပေးခြင်း သပ်သပ်သာ ဖြစ်ပါသည်။ Credit To... (ရဲဗလ) ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| FBI အနေနဲ့ ကွန်ပျူတာတွေကို ဝရမ်းမလိုပဲ Hack လုပ်ခွင့်ရှိ Posted: 26 Jun 2016 11:38 AM PDT အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ကွန်ပျူတာတွေကို ဝရမ်းမလိုပဲ Hack (ချိုးဖောက်ဝင်ရောက်) နိုင်တယ်လို့ ခရိုင်တရားသူကြီး Henry Coke Morgan, Jr ကဆိုပါတယ်။ တကယ်လို့ ဒီအတိုင်းသာ မှန်ခဲ့မယ်ဆိုရင် ဒါဟာ အမေရိကန်အစိုးရအေဂျင်စီတွေရဲ့ အင်တာနက်ထိန်းချုပ်မှုဟာ အကျိုးသက်ရောက်မှုတွေ များပြားလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒီစည်းမျဉ်းဟာ FBI ရဲ့ "Operation Pacifier" လို့အမည်ရတဲ့ သက်ငယ်လိင်ပိုင်းဆိုင်ရာ ဆိုက်တွေကို ပစ်မှတ်ထားပြီး ဖြိုခွင်းရာ ကနေထွက်ပေါ်လာခဲ့တာပါ။ FBI ဟာ အမေရိကန်၊ ချီလီ၊ ဒိန်းမတ် နဲ့ ဂရိနိုင်ငံတွေက ကွန်ပျူတာတွေကို ချိုးဖောက်ဝင်ရောက်ခဲ့ပြီး အနက်ရောင် ဆိုက်တွေက သက်ငယ်မှုဒိမ်းသမား ၁၅၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ တရားသူကြီးချုပ် မော်ဂန်ဂျူနီယာက FBI ရဲ့လှုပ်ရှားမှုတွေဟာ အမေရိကန်နိုင်ငံသားတွေကို အကြောင်းပြချက်မဲ့ ရှာဖွေမှုပြုလုပ်ချက်ဆိုင်ရာ ပြင်ဆင်ချက် ၄ ကို မချိုးဖောက်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ အဲ့ဒီအပြင် အမေရိကန်က တရားသူကြီးတွေဟာ ကိုယ့်ပြည်နယ်မဟုတ်တဲ့ တခြားပြည်နယ်တစ်ခုက ကွန်ပျူတာတွေကို Hack လုပ်ဖို့အမိန့်ပေးနိုင်တဲ့ သြဇာလည်းရှိပါတယ်။ FBI ဟာ ပြီးခဲ့တဲ့ ဧပြီလလောက်ကလည်း ဆန်ဘာဒီနိုအကြမ်းဖက်သမားရဲ့ iPhone ကို Lock ဖြည်ပေးဖို့ Apple ကိုတောင်းဆိုရာမှာ တင်းမာမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင် အမေရိကန်ပြည်သူတွေရဲ့ Privacy ကို ချိုးဖောက်ခြင်းက ရပ်တန့်ဖို့ ဆန္ဒအပြခံခဲ့ရပါသေးတယ်။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ FBI ရုံးချုပ်ကိုတွေ့ရစဉ် Credit to ==> Digital Times |
| Samsung Galaxy Core Prime SM-G360F, SM-G360M, SM-G360G Stock Firmwares - by CHAN LAY (MCMM) Posted: 26 Jun 2016 11:34 AM PDT ![]() Samsung Galaxy Core Prime ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက် SM-G360F, SM-G360M, SM-G360G မျာ၏ Stock Firmwares ကိုပြန်တင်ပေးလိုက်ပါတယ်။ ဒီဖုန်းများအတွက် Official ရဲ့ Stock Rom ဗားရှင်းကတော့ Android 4.4.4 မှ 5.1 ဆိုပြီး ဗားရှင်းများကို ချပေးထားပါပြီ၊ နောက်ထပ် ဗားရှင်းများကို ချပေးမလားတော့မပြောတတ်သေး။ အကြောင်းအမျိုးမျိုးကြောင့် Stock Rom များကို အလိုရှိနေခဲ့ရင်တော့ အောက်ကလင့်များမှာ ဒေါင်းလော့ရယူနိုင်ပါတယ်၊ လင့်များလည်းအဆင်ပြေမယ်ထင်ပါတယ်။ Download Samsung USB Driver for Windows Download the latest Odin flashing Tool Download Galaxy Core Prime SM-G360F Firmwares Download Galaxy Core Prime SM-G360M Firmwares Download Galaxy Core Prime SM-G360G Firmwares How to Install Only tar.file Firmware?========================ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။ Odin က PDA ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။ Download mode volume down + Home + power ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။ Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။ Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။ ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။ How to Install Full Official Firmware?========================ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။ Odin က Bootloader/PDA/Phone/CSC ဆိုတဲ့နေရာမှာ Firmware Folder ထဲမှ ဖိုင်များကိုထည့်လိုက်ပါ။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။ volume down + Home + power ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။ Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။ Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။ ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်း Official Firmware လေးကိုတွေ့မြင်ရပါပြီ။ အားလုံးပဲ... ကျေနပ်ကြပါစေနော်... :) အကိုကြီး ဇူးနစ်(နည်းပညာ) မှပြန်လည်ဝေမျှပေးပါသည်။ ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| Data Usage Clear... by CHAN LAY (MCMM) Posted: 26 Jun 2016 10:52 AM PDT ကျွန်တော် ချမ်းမြေ့မောင် အခုတင်းပေးမယ့်... App လေးကတော့ မြိတ်သားလေး- App Developer : ကိုထူးဇော်ဖြိုးရေးသားခဲ့တဲ့... Usage Clear ဆိုတဲ့ App လေးတစ်ခုပဲဖြစ်ပါတယ်...။ ကျွန်တော့်ရဲ့ လက်ရှိသုံးနေဆဲ App လေးဆိုရင်လည်း မမှားပါဘူး...။ :) Usage Clear ဆိုသည့်အတိုင်း... ကျွန်တော်တို့ အချိန်တိုင်းနီးပါးအသုံးပြုနေတဲ့... Smart Phone တွေဟာ... အင်တာနက် သုံးသည့်အချိန်ကြာမြှင့်လာသည်နှင့်အမျှ ကိုယ်သုံးနေတဲ့ Application တစ်ခုစီတိုင်းမှာ... Cache Data တွေကိုယူဆောင်နေတတ်ပါတယ်...။ ကျွန်တော်ပြောခဲ့တဲ့... Cache ဆိုတာက... အဆိုပါဆော့ဖ်ဝဲလ်အား... စတင်အသုံးပြုလိုက်ပြီဆိုပြီနှင့် သူ့အတွက် လိုအပ်သော Data တွေကို စတင်လုပ်ဆောင်နေပါပြီ... အဆိုပါ... လုပ်ဆောင်ချက်ကြောင့် Software (Mb) နေရာယူဖို့အတွက်... Free Space ကိုယူရပါတော့မယ်...။ (ဒါက အကြမ်းရှင်းပြပေးတာပါနော်... ရန်ကုန်က ရွယ်တူ ဆရာကြီးတွေတော့ ကြောက်ပါတယ်... ဗွေမယူပါနဲ့... :P ) ကဲ... ဆက်ပြောမယ်... ယခု App ကလေးကတော့ ကိုယ်သုံးလိုက်တဲ့... App ရဲ့ internet data source တွေကို... တစ်ချက်တည်းနဲ့... ရှင်းပစ်နိုင်အောင်... KHZP ကရေးပေးလိုက်တာပါ...။ သာမာန်အားဖြင့်တော့ ဒီ App လေးရဲ့ လုပ်ဆောင်ချက်လေးကို သိရှိကြမည့်သူများ... များပါတယ်...။ မသိကြသေးတဲ့... ညီ/ကို မောင်နှမများအတွက်သာ... ပြန်လည်ဝေမျှပေးရတာပါ...။ ယခု ဆော့ဖ်ဝဲလ်အား အသုံးပြုမည်ဆိုပါက... Root Access ရှိပြီးသည့်ဖုန်းများတွင်သာ... ရနိုင်မှာပါ...။ လိုအပ်သူများကတော့ ကျွန်တော် အောက်ကပေးထားတဲ့ Download Link နှစ်ခုစီကနေ... ကြိုက်နှစ်သက်သလို Download ချယူနိုင်ပါပြီ...နော်..။ App Size လေးကလည်း... နည်းနည်းလေးပါ...။ ( :: :DOWNLOAD : ) Or ( :: :DOWNLOAD : ) OR ( :: DOWNLOAD :: ) ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| AD Ware virus တွေကိုရှင်းလင်းပေးမယ့် AdwCleaner Posted: 26 Jun 2016 07:13 AM PDT Browser ဖွင့်တိုင်း ကြော်ငြာတွေ အလိုလိုတက်တက်လာလို့စိတ်ညစ်နေပါသလား ဒီ Adw Cleaner လေးက ကူညီဖြေရှင်းပေးပါလိမ့်မယ်။ adwcleaner ကို RC > Run as admin နဲ့ဖွင့်လိုက်ပါ Scan ကိုနှိပ်ပါ Scan နှိပ်ပြီး Adware တွေကိုရှာဖွေစစ်ဆေးနေပါလိမ့်မယ် အတန်းပြေး ပြီးသွားရင်တော့ Clean ခလုတ်လေးလင်းလာပါလိမ့်မယ် Clean ကိုနှိပ်လိုက်ပါ Ok ပေါ်လာရင် Ok နှိပ်ပေးပါ Browser တွေပိတ်သွားပါလိမ့်မယ် Clean အတန်းပြေးပြီးရင် Ok နှိပ်ပေးပါ ကွန်ပျူတာပိတ်သွားပါလိမ့်မယ် ပြန်ပွင့်လာချိန်မှာတော့ Adware virus တွေရှင်းလင်းသွားပါလိမ့်မယ်ခင်ဗျာ Download post by Than Toe Aung အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |


















0 comments:
Post a Comment