Related Posts Plugin for WordPress, Blogger...

October 7, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


မှတ်ဉာဏ်တွေ မဆုံးရှုံးစေဖို့...(ဗဟုသုတ)

Posted: 06 Oct 2016 09:48 PM PDT

ဒီတစ်ခါတော့ အိုမင်းလာတဲ့ အသက်အရွယ်နဲ့အတူ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအားတွေကို ဘယ်လို အချိန်ကြာကြာ ထိန်းထားနိုင်မလည်း ဆိုတာ လေ့လာကြည့်ရအောင်။

(၁) ပုံမှန်စားသုံးပါ။
ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ ၂-၃% ပမာဏမျှသာ ရှိပေမယ့် ခန္ဓာကိုယ်က ထွက်တဲ့ စွမ်းအင်ရဲ့ ၂၀% ပမာဏကို သူ့အတွက် သုံးစွဲပေးရပါတယ်။ ဒါကြောင့် "အစာမရှိတဲ့ ဦးနှောက်ဟာ ဗလာ" ဆိုတဲ့ အတိုင်း ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အစာအာဟာရကို မှန်မှန်စားသုံးပေးသင့်ပါတယ်။

(၂) စူပါ အစားအစာများ
ဟင်းနုနွယ်၊ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးတွေကို စူပါ အစားစာများလို့ ခေါ်ပါတယ်။ အကြောင်းက သူတို့ဟာ ဦးနှောက်ရဲ့ စွမ်းအင်ကို မြှင့်တင်ပေးလို့ပါပဲ။ ဒါကြောင့် များများစားသုံးပေးသင့်ပါတယ်။

(၃) Hot Beverage
လက်ဖက်ရည်နဲ့ ကော်ဖီတို့ဟာ ဦးနှောက်ကို လှုံ့ဆော်တဲ့နေရာမှာ အင်မတန် ကောင်းပါတယ်။ ဦးနှောက်ကို လှုံ့ဆော်နိုင်တဲ့အတွက် မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေပါတယ်။

(၄) အရက်မသောက်ရ။
အရက်ဆိုတာ ဦးနှောက်အတွင်း အာရုံကြောဆဲလ်ပေါင်းများစွာကို ပျက်စီးစေတဲ့အတွက် မသောက်သုံးသင့်ပါဘူး။

(၅) ဗီတာမင် များများစား
ဖြည့်စွက်စာများကို စနစ်တကျ စားသုံးပေးရပါမယ်။ ဖောလစ် အက်ဆစ်ဓာတ်လို မှတ်ဉာဏ်အတွက် အထောက်အကူ ပြုပေးနိုင်တဲ့ ဗီတာမင်ဓာတ်များများ စားပေးရပါမယ်။

(၆) သောကကင်းဝေးစွာ နေထိုင်ပါ။
တရားထိုင်ခြင်း၊ တရားဓမ္မအကြောင်း တွေးတောနေခြင်း၊ ဆွေးနွေးနေခြင်း ကလည်း စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ စိတ်တည်ငြိမ် အေးချမ်းတဲ့အခါ မှတ်ဉာဏ်က ကြည်လင်ပြတ်သားနေပါလိမ့်မယ်။

(၇) ဂိမ်းများများကစား
Sudoku နဲ့ စကားလုံး ပဟေဠိဝှက်တဲ့ ဂိမ်း စတဲ့ mental games တွေ ဆော့ကစားခြင်းကလည်း ဦးနှောက် မှတ်ဉာဏ်ကောင်းစေဖို့ အထောက်အကူ ပြုစေနိုင်ပါတယ်။

(၈) လေ့ကျင့်ခန်းများများလုပ်ပါ။
လူ့ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ အဲ့ထဲကမှ တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ပေးပါ။ မနက်စောစော လမ်းထလျှောက်ခြင်း၊ ပြေးခြင်းစတဲ့ အားကစားမျိုးက ဦးနှောက်မှတ်ဉာဏ်ကောင်းစေဖို့ သက်ရောက်မှု ရှိပါတယ်။

(၉) ပုံမှန်အိပ်ပါ။
အိပ်ချင် မှန်မှန်နဲ့ ပုံမှန်အချိန်အတိုင်း အိပ်စက်ခြင်းကလည်း သင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်ကို မထိခိုက်စေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

Ref : Healthdigezt,WunZinn
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link


365 Online Shop ရဲ့ သီးတင်းကျွတ် အထူးအစီအစဉ်

Posted: 06 Oct 2016 06:00 PM PDT

သီတင်းကျွတ်မှာ မိမိချစ်ခင်လေးစားရတဲ့
အဖေ့ကို ကန်တော့မှာလား ? ? ?
အမေ့ကို ကန်တော့မှာလား ? ? ?
အဖိုးအဖွားကိုလား ? ? ?
ဆရာ/ဆရာမကိုလား ? ? ?
တစ်စုံတစ်ယောက်ကို သီတင်းကျွတ်ကန်တော့ဖို့
စိတ်ကူးထားတယ်ဆိုရင် 365 Online Shop ရဲ့
သီးတင်းကျွတ် အထူးအစီအစဉ်လေးနဲ့ သင့်စိတ်ကူးလေး အကောင်အထည်ဖော်လို့
👍👍👍 ရနိုင်မယ်ထင်ပါတယ်နော်. . .

7. 10. 2016 မှ 13 . 10. 2016 အထိ အထူး (အထူး) အစီအစဉ်ဖြစ်တာဆိုတော့ ဈေးနှုန်းလေးတွေ လေ့လာကြည့်ပါအုံးနော်.. ပစ္စည်းတွေကြိုက်ပြီဆိုရင်တော့  365 Online Shop, Ph >> 09 451689031, 09 787179972 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်...
**
စွယ်စုံ အနှိပ်စက်


normal price >>> 35000/-ကျပ်
discount price >>> 30000/-ကျပ်
***
အနှိပ်အိပ်ယာခင်း


normal price >>> 48000/-ကျပ်
discount price >>> 40000/-ကျပ်
***
ကားထိုင်ခုံ ကျောမှီ


normal price >>> 19000/-ကျပ်
discount price >>> 15000/-ကျပ်

***
ကျန်းမာရေး အနှိပ်ဖိနပ်


normal price >>> 18000/-ကျပ်
discount price >>> 15000/-ကျပ်

***
Eye Massager

normal price >>> 14000/- ကျပ်
discount price >>> 10000/- ကျပ်

***
kinoki ခြေဖုဝါး အဆိပ်ထုတ် ကပ်ခွာ


normal price >>> 15000/- ကျပ် (for 1month)
discount price >>> 10000/- ကျပ် (for 1month)

****
X-5 Slimming အဆီချ ခါးပတ်


normal price >>> 22000/- ကျပ်
discount price >>> 15000/- ကျပ်

****
အထက်ပါ ပစ္စည်းများကို 365 Online Shop, Ph >> 09 451689031, 09 787179972 သို့ ဆက်သွယ်မှာယူနိုင်ပြီး ရန်ကုန်မြို့တွင်း သက်သာသော ဝန်ဆောင်ခဖြင့်
အိမ်အရောက် ပို့ဆောင်ပေးပါတယ်.. နယ်သို့ သက်ဆိုင်ရာ ကားဂိတ်မှ တစ်ဆင့် ပို့ဆောင်ပေးပီး ဘဏ်မှ ငွေလွှဲပေးရပါမယ်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




အဆင့်မြင့် Smartphone တစ်ခု အဖြစ်ထွက်ရှိလာမယ့် Xiaomi Mi6

Posted: 06 Oct 2016 12:41 PM PDT


Xioami ဟာ Mi5 ကို ၂၀၁၅ ဒီဇင်ဘာလမှာ ပွဲထုတ်ခဲ့ပြီးတဲ့နောက် Mi6 ကို ၂၀၁၆ ဒီဇင်ဘာလမှာ ပွဲထုတ်လာမယ်လို့ ခန့်မှန်းထားပါတယ်.. Xioami Smartphone ထဲမှာ အမြင့်ဆုံး ဖြစ်လာမယ့် Mi6 မှာ ဘာတွေ ပါဝင်မလဲ စူးစမ်းကြည့်ရအောင်..

Processor (CPU)
CPU အတွက် Core 8 လုံးပါတဲ့  Qualcomm Snapdragon 2.5 GHz or 2.7 GHz Octa Core Processor ကိုအသုံးပြုထားတဲ့အတွက် အမြန်ဆုံးမောင်းနှင်ပေးနိုင်တဲ့အပြင် high-end Game အကြိုက်ကစားတဲ့သူတွေအတွက် အံ့သြလောက်အောင် မြန်ဆန်သွက်လက်နေမှာမယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး..

Display and GPU
မျက်နှာပြင်အရွယ်အစား 5.2 သို့မဟုတ် 5.5 လက်မဆိုတဲ့ မကြီးလွန်း၊ မငယ်လွန်းတဲ့ မျက်နှာပြင်အရွယ်အစား နဲ့ UHD Display ဟာ 4K Resolution ကို အပြည့်အဝထောက်ပံ့ ပုံဖေါ်ပေးနိုင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်အရည်အသွေးဟာ ရှိရှိသမျ Smartphone တွေရဲ့ Display စနစ်ကို သာလွန်စေမှာဖြစ်ပြီး HD Movie တွေနဲ့ အမြင့်စား Game တွေအတွက် ဘယ် smartphone နဲ့မှ မတူအောင် စိတ်ကျေနပ်မှုရစေမှာပါ.. အဲဒီလို ပုံရိပ်တွေကို အထောက်အပံ့ပေးနိုင်ဖို့ နောက်ဆုံးပေါ် Adreno 530 GUP ကိုထည့်သွင်းအသုံးပြုသွားမယ်လို့ ဆိုပါတယ်..

Camera
ကျောဘက်က 23 Mega Pixel ရှိတဲ့ ကင်မရာဟာ 4K Video တွေနဲ့ အမြင့်စား Resolution ရှိတဲ့ ဓာတ်ပုံတွေကို ရိုက်ယူနိုင်မယ်ဆိုတာ ပြောပြစရာတောင်မလိုပါဘူး.. ရှေ့မျက်နှာပြင် ကင်မရာကတော့ 7 Mega Pixel ကနေ 10 Mega Pixel ရှိတဲ့ ကင်မရာကိုတပ်ဆင်ပေးထားမှာဖြစ်ပြီး ဆယ်ဖီရိုက်လေ့ရှိတဲ့သူတွေအတွက် ပြတ်သားပြီး Resolution ကောင်းတဲ့ ပုံရိပ်တွေကို ရိုက်ယူပေးနိုင်ရုံမှမက Eyes Scanner အတွက်ပါ အသုံးပြုနိုင်မှာပါ...



Body
အဆင့်မြင့် သတ္တုကိုယ်ထည်နဲ့တည်ဆောက်ပေးထားမှာဖြစ်ပြီး နောက်ဆုံးပေါ် Gorilla Glass 4 နဲ့ ဖုံးအုပ်ထားတဲ့ ကိုယ်ထည်ဟာ iPhone ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်တူနိုင်တယ်လို့ ခန်းမှန်းထားပါတယ်.. Home Button ကို ဖယ်ရှားပြီး အဲဒီနေရာမှာ သိပ်မသိသာတဲ့ အချိုင့်လေးတစ်ခုကို လက်ဗွေဖတ်ဖို့အတွက် ထည့်သွင်းပေးထားမယ်လို့ဆိုပါတယ်...

Battery
2450 mAh ရှိတဲ့ ဘက်ထရီကိုတပ်ဆင်ပေးထားမှာဖြစ်ပြီး ဖုန်းအားသွင်းဖို့ Wireless charging System ကိုအသုံးပြုထားပါတယ်.. Wireless charging System ရဲ့ အားသွင်းစနစ်ဟာ ပထမ ၁ မိနစ်ကတေ မိနစ် ၂၀ အတွင်းမှာ ဘက်ထရီ ၃၀ ရာခိုင်နှုန်းကို သွင်းပေးနိုင်ပြီး မိနစ် ၃၀ အတွင်းမှာ ၅၀ ရာခိုင်နှုန်းသွင်းပေးမှာဖြစ်ပါတယ်.. ဘက်ထရီအားပြည့်ဖို့ စုစုပေါင်းကြာမြင့်ချိန်ဟာ ၁ နာရီထက် မပိုနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်..

Storage and Memory
16 Gb နဲ့ 64 Gb သိုလှောင်ပမာဏနဲ့ထုတ်လုပ်မှာဖြစ်ပြီး SD Card ကနေ 256 Gb ထိ သိုလှောင်မှု တိုးနိုင်မှာဖြစ်ပါတယ်... RAM ကတော့ 4Gb ရှိမှာဖြစ်ပါတယ်..

Connectivity
GSM Dual SIM ကို 3G Dual Stand by အနေနဲ့ တပ်ဆင်ပေးလိုက်မှာဖြစ်ပြီး Mi5 မှာလိုပဲ Ooredoo လို 3G Only Sim တွေကို ၂ ကဒ် တစ်ပြိုင်နက် အသုံးပြုနိုင်မှာပါ.. နောက်ဆုံးပေါ် Bluetooth 4.1 စနစ်က Data Transfer ကို အမြန်ဆုံး ဖလှယ်နိုင်ပြီး USB ကတော့ Type-C ကိုအသုံးပြုထားပါတယ်...

OS နဲ့ Software Feature တွေကိုတော့ ကြိုတင်ခန့်မှန်းခြင်းမပြုနိုင်ပေမယ့် နောက်ဆုံးပေါ် လုပ်ဆောင်ချက်တွေအပါအဝင် Smartphone လောကကို တုန်လှုပ်သွားစေမယ့် Feature တွေ ပါဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်.. 

ဈေးနှုန်းက 450USD ကနေ 500 USD ကြားမှာပဲရှိနိုင်မယ်လို့ခန့်မှန်းထားပြီး ဒီဈေးနဲ့ ကမ္ဘာ့အဆင့်မြင့်ဖုန်းတစ်လုံးကို ပိုင်ဆိုင်ရမယ်ဆိုတာ အိပ်မက်မဟုတ်ဘူးလို့ ကြိုတင်ခန့်မှန်းထားပါကြောင်း......

(ဖတ်မိသမျ အဆင်ပြေအောင် ဘာသာပြန်ထားခြင်းမှသာ)

Ref: Smartphone Review

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့တဲ့ ပထမဆုံး Google မူပိုင်စမတ်ဖုန်းများ

Posted: 06 Oct 2016 11:47 AM PDT


 ၂၀၀၈ ခုနှစ်တုန်းက Goo−gle ဟာ G1 မိုဘိုင်းဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ Android OS ကို အသုံးပြုထားတဲ့ ဖုန်းတစ်လုံးဟာ နည်းပညာသမိုင်းမှာ အထင်ကရမှတ်တိုင်တစ်ခု ဖြစ်ခဲ့မယ်လို့ ဘယ်သူမှ မတွေးမိခဲ့ပါဘူး။ G1 ကို လူသိပ်မသိပေမယ့် ဒီဖုန်းနဲ့ တွဲဖက်ပြီး အစပြုခဲ့တဲ့ Android OS ကတော့ လက်ရှိ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး မိုဘိုင်း OS အဖြစ် ရပ်တည်နေပါပြီ။

အခုတော့ Google ဟာ Pixelမျိုးနွယ် ဖုန်းနှစ်လုံးကို ကုမ္ပဏီရဲ့ပထမဆုံး မူပိုင်ဖုန်းတွေအဖြစ်ထုတ်လုပ်လိုက်ပြန်ပါပြီ။ ဒီဖုန်းတွေကကော Google ရဲ့ သမိုင်းသစ် ဖြစ်လာမှာလား။ ဒါဟာ စိတ်ဝင်စားစရာ မေးခွန်းပါပဲ။

Google ဟာ Android OS ကိုစမတ်ဖုန်း ကုမ္ပဏီ အများအပြားအသုံးပြုနိုင်မယ့် Open-Sourceအနေနဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ Android OS ကို အခြေခံပြီးSamsung၊ LG နဲ့ Sony တို့လိုစမတ်ဖုန်းကုမ္ပဏီတွေ အပြိုင်းအရိုင်း အောင်မြင်လာတယ်။Android OS ဆီ အပြောင်းအလဲလုပ်ဖို့ နှောင့်နှေးခဲ့တဲ့ Nokia လိုကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ရတဲ့အပြင် အကြီးအကျယ် အခြေအနေဆိုးသွားတယ်။ ဒါဟာ Android OS ရဲ့စမတ်ဖုန်း လောကမှာ သက်ရောက်မှု ကြီးမားပုံကို သိသာထင်ရှားစေခဲ့ပါတယ်။

Google ဟာ အောင်မြင်တဲ့ စမတ်ဖုန်း OS ကို ထုတ်လုပ်ခဲ့ပေမယ့် ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းတွေတော့ ဘယ်တုန်းကမှ မထုတ်လုပ်ခဲ့ဖူးပါဘူး။

Nexus စီးရီးတွေမှာ Google ရဲ့တံဆိပ်ကို ထည့်သွင်းထားပေမယ့် Hardware ပိုင်း ပံ့ပိုးမှုပေးတဲ့ Asus၊ HTC တို့လို ကုမ္ပဏီတွေရဲ့ ကိုယ်စားပြုသင်္ကေတတွေလည်း ပါရှိနေပါတယ်။ အောက်တိုဘာ ၄ ရက်မှာ စတင်မိတ်ဆက်လိုက်တဲ့ Pixel နဲ့ Pixel XL တို့ကိုတော့ HTC က ပံ့ပိုးတည်ဆောက်ပေမယ့် Google အမှတ်တံဆိပ် တစ်ခုတည်းက ကိုယ်စားပြုမယ့် ပထမဆုံးဖုန်းတွေဖြစ်လာပါတယ်။

တစ်နည်းအားဖြင့် OS ပိုင်း ရော၊ Hardware ပိုင်းကိုပါ Google က အဓိကတာဝန်ခံမယ့်ခြေလှမ်းသစ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီအချက်က အခုဖုန်းအသစ်တွေနဲ့ ပတ်သက်ပြီး အဓိကစိတ်ဝင်စားစရာ ညှို့ငင်မှု ဖြစ်နေခဲ့ပါတယ်။
''Pixel, A Phone by Google'' ဆိုတဲ့ ဆောင်ပုဒ်နဲ့ မိတ်ဆက်လာတဲ့ ဖုန်းအသစ်တွေမှာ Pixel က ၅ လက်မအရွယ်၊ Pixel XL က ၅ ဒသမ ၅ လက်မအရွယ် Screen တွေကို အသီးသီးအသုံးပြုထားတယ်။ ပြီးတော့ Google ရဲ့ အမှတ်တံဆိပ် ဒီဇိုင်းသစ်ဖြစ်လာတဲ့ G ပုံသဏ္ဌာန်ကိုလည်း ဖုန်းကိုယ်ထည် အနောက်ပိုင်းမှာ ရိုက်နှိပ်ထားတာကို တွေ့ရပါတယ်။ Nexus မှာတုန်းကလိုတခြားကုမ္ပဏီတွေရဲ့ အထောက်အပံ့ကို မယူတော့ဘဲ Pixel ကိုကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်လုပ်တည်ဆောက်ကြောင်း Google က ဆိုညွှန်းချင်တဲ့သဘောပါ။ Nexus စီးရီးတွေတုန်းကတော့ Google အနေနဲ့ အဆင့်အမြင့်ဆုံး စွမ်းဆောင်ရည်တန်းဆီဘယ်တုန်းကမှ ထဲထဲဝင်ဝင် မချဉ်းကပ်ခဲ့ပါဘူး။ တန်ဖိုးနည်း၊ တန်ဖိုးလတ်စမတ်ဖုန်းတွေကိုသာ အားပြုပြီး ဈေးကွက်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်လယ်က ထုတ်လုပ်ခဲ့တဲ့ Nexus 5S၊ ပိုကောင်းတဲ့ Nexus 6P တို့နဲ့ ကွဲပြားစွာပဲ Pixel ဖုန်းအသစ် နှစ်ခုစလုံးဟာ ထိပ်တန်းစွမ်းဆောင်ရည်နဲ့ လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ ပထမဆုံး Google မူပိုင်စမတ်ဖုန်းများ Daydream ViewVR Headset ကို ဂူးဂဲလ်ထုတ်ဖော်ပြသမော်ဒယ်တွေ ဖြစ်ပါတယ်။ Google ဟာ Apple ရဲ့ iPhone တွေနဲ့ Samsung ရဲ့ တန်းမြင့် GalaxyS စီးရီးတွေကို ယှဉ်ပြိုင်ဖို့ ဒီဖုန်းတွေကို ဖန်တီးခဲ့တာပါ။

    ဖုန်းနှစ်လုံးစလုံးကို နာမည်ကျော် Qualcomm Snapdragonကုမ္ပဏီရဲ့ Quad-Core Processor တွေနဲ့ မောင်းနှင်စေတယ်။ Qualcomm Snapdragon 821 Processor မှာ Core လေးခု ပါဝင်ပြီး စွမ်းဆောင်ရည်မြင့် 2.15GHz Core နှစ်လုံးရယ်၊ ဘက်ထရီသုံးစွဲမှု ပိုမိုလျော့နည်းတဲ့ 1.6GHz Core နှစ်လုံးရယ်ကို ပေါင်းစပ်ထားပါတယ်။

ဒီProcessor မှာ Qualcomm ရဲ့ Hexagon နည်းပညာသစ်ကို ထည့်သွင်းထောက်ပံ့ပေးထားပြီး ဖုန်းရဲ့ ပုံရိပ်ဖော်မှုနဲ့ အသံအရည်အသွေးတွေမှာပါ ပိုကောင်းတဲ့ ပေါင်းစပ်အားဖြည့်မှုမျိုး ရရှိစေမယ်လို့ ဆိုပါတယ်။

ဖုန်းတွေရဲ့ Screen ကိုတော့ OLED နည်းပညာ အသုံးပြုတည်ဆောက်ထားတယ်။ သိုလှောင်မှုပမာဏက 32GB နဲ့ 128GB တို့ကိုရွေးချယ်နိုင်ပြီး စွမ်းဆောင်ရည်အတွက်တော့ 4GBRAM အထောက်အပံ့နဲ့ အားပေး ပံ့ပိုးထားတာကို တွေ့ရပါတယ်။ ဖုန်းရဲ့ နောက်ဘက်မှာတော့ လက်ဗွေဖတ် လုံခြုံရေးစနစ်တစ်ခုကို တပ်ဆင်ပေးထားတယ်။ ဖုန်းရဲ့ကိုယ်ထည်အရောင်တွေမှာတော့ ငွေရောင်၊ အနက်ရောင်နဲ့ အပြာရောင်တေကွို ရွေးချယ်နိုင်မယ်လို့ Google က ကြေညာထားပါတယ်။

ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်တဲ့ အထူးမိတ်ဆက်ပွဲမှာ Google က ဖုန်းအသစ်တွေဟာ ကုမ္ပဏီရဲ့ကမ္ဘာကျော် အင်တာနက်ရှာဖွေရေး ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုသူတွေအတွက် အရမ်းအဆင်ပြေမယ့် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ Google ဟာ Pixel နဲ့ Pixel XL တို့ကို ရေရှည်မဟာဗျူဟာ ထုတ်ကုန်တစ်ခုအနေနဲ့ပါ လေးလေးနက်နက် အာရုံစိုက်ထားကြောင်း သိသာပါတယ်။ ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် အိမ်သုံးစမတ် Gadget တွေကိုပါ တစ်ပါတည်း မိတ်ဆက်ခဲ့တာကြောင့်ပါ။

Google ဟာ ၁၂၉ ဒေါ်လာတန် Google Home ဆိုတဲ့ စမတ်စပီကာတွေကိုလည်း ပွဲထုတ်ခဲ့ပါတယ်။ ဒီစပီကာဟာ ဖျော်ဖြေရေးအတွက် သမားရိုးကျစပီကာတစ်ခုအနေနဲ့သာမကဘဲ ပုဂ္ဂိုလ်ရေးအထောက်အကူ နည်းပညာGadget တစ်ခုအနေနဲ့ပါ အသုံးဝင်မှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာတော့ Amazon ရဲ့ Echo လိုပြိုင်ဘက်မျိုးနဲ့ ထိပ်တိုက်တွေ့မယ့် အလားအလာ ရှိနေတယ်။

ပြီးတော့ Pixel ဖုန်းတွေကိုရှေ့ဘက်မျက်နှာစာမှာ ထည့်သွင်း အသုံးပြုနိုင်မယ့် VR ခေါင်းဆောင်း တစ်မျိုးကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ၇၉ ဒေါ်လာတန်ဒီခေါင်းဆောင်းဟာ ဈေးကွက်ထဲမှာ Samsung ကို ထိခိုက်မှုတွေဖြစ်လာစေနိုင်တယ်လို့ လေ့လာသူတွေက ဆိုတယ်။ Google ဟာ၁၂၉ ဒေါ်လာတန် Wifi Router အသစ်တစ်မျိုးနဲ့ ၄၉ ဒေါ်လာတန် Chromecast Ultra TV Streaming ဝန်ဆောင်မှုတွေရောင်းချမယ့် အစီအစဉ်တွေကိုပါ တစ်ပါတည်း မိတ်ဆက်သွားခဲ့တာကို တွေ့ရပါတယ်။

    Pixelနဲ့ Pixel XL တို့ဟာအလူမီနီယမ်ဖန်သားနဲ့ အုပ်မိုးကာကွယ်ထားတဲ့ ကိုယ်ထည်တွေကို အသုံးပြုတည်ဆောက်ထားတယ်။ Gorilla Glass န့ဲ AMOLEDScreen တွေဟာ ကြည်လင်ပြတ်သားတဲ့ Resolution မြင့်ပုံရိပ်တွေကို ဖော်ပြပေးနိုင်မှာ ဖြစ်တယ်လို့ဆိုတယ်။ USB Type-Cနဲ့ 3.5mm Headphone Jackလို အထောက်အပံ့တွေကိုလည်းထည့်သွင်းပေးထားပြီး မြန်နှုန်းမြင့် အားသွင်းစနစ်လည်း ပါဝင်တယ်။ ခုနစ်နာရီကြာ အသုံးပြုပြီးရင် ဖုန်းကို ၁၅ မိနစ်အတွင်း အားအပြည့် ပြန်သွင်းနိုင်မယ်လို့ Google က အာမခံထားပါတယ်။

ဖုန်းတွေရဲ့ နောက်ဘက်ကင်မရာကတော့ 12.3 megapixel အရည်အသွေးရှိပြီး Selfie နဲ့ Video Chat အတွက်တော့ 8 megapixel ကင်မရာတွေ ပါရှိတယ်။ နောက်ဘက်ကင်မရာမှာတော့ ပုံရိပ်အရည်အသွေးကို မြှင့်တင်မယ့် Software အထောက်အပံ့ကို အားဖြည့်ပံ့ပိုးထားပါသေးတယ်။ Pixel ဖုန်းတွေရဲ့ ကင်မရာဟာ နောက်ဆုံးထုက် iPhone 7 ထက် အရည်အသွေးသာလွန်မယ်လို့ Google က ကြေညာထားတယ်။ ကင်မရာနှစ်လုံးစလုံးက Full HD ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ယူနိုင်မယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့ သိုလှောင်မှုကန့်သတ်ချက်ကိုကျော်လွန်သွားရင်လည်း အွန်လိုင်းမှာ အခမဲ့သိမ်းဆည်းထားမယ့် ဝန်ဆောင်မှုကိုလည်း Google က ဖြည့်တင်းပေးထားတယ်။

Pixel တွေဟာ အဆင့်မြင့်စမတ်ဖုန်းတွေအဖြစ် ပီပီပြင်ပြင်ရုပ်လုံးပေါ်ခဲ့ပြီး ဒီဇိုင်းပိုင်းနဲ့ စိတ်ကူးစိတ်သန်းပိုင်းမှာ ချီးကျူးမှုတွေခံရပေမယ့် စင်းလုံးချော ကျေနပ်စရာတော့ မဟုတ်ဘူးလို့ ထောက်ပြသူတွေလည်း ရှိနေတယ်။ ဖုန်းတွေက Android OS သုံး ပြိုင်ဘက် အများစုထက်ဈေးကြီးလွန်းနေတယ်။ iPhone 7 နဲ့ Galaxy S7 တနို့ဲ ဈေးနနှုးတန်းတူလောက်ဖြစ်နေတယ်။ ဒါဟာ ထုတ်ကုန်သစ်တစ်ခုအနေနဲ့တော့ ရဲတင်းလွန်းတဲ့ အဖွင့်ခြေလှမ်းပါ။ Pixelရဲ့ 32GB ဖုန်းက ၆၄၉ ဒေါ်လာဈေးသတ်မှတ်ထားပြီး 128GB မော်ဒယ်ကတော့ ၇၄၉ ဒေါ်လာပါ။ Pixel XL တွေမှာတော့ 32GB နဲ့ 128GB တွေကို ၇၆၉ ဒေါ်လာနဲ့ ၈၆၉ ဒေါ်လာတွေ အသီးသီးဈေးသတ်မှတ်ထားတာကို တွေ့ရပါတယ်။

တည်ဆောက်ပုံ အချိုးကျလှပပြီး စွမ်းဆောင်ရည်မြင့် ပစ္စည်းတွေကို အသုံးပြုထားပေမယ့် ရေစိုခံနိုင်စွမ်း မရှိတာကလည်း မေးခွန်းထုတ်စရာ အချက်တစ်ခုပါ။ Samsung နဲ့ Apple ရဲ့နောက်ဆုံးပေါ် စမတ်ဖုန်းတွေက ဒီအတားအဆီးကို ကျော်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ ပြီးတော့ လက်ဗွေဖတ်စနစ်ကို ဖုန်းနောက်ဘက် ပို့ထားတဲ့ စိတ်ကူးအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေတယ်။

ဘာပဲဖြစ်ဖြစ် Google ရဲ့ပထမဆုံးသော ကိုယ်ပိုင်အမှတ်တံဆိပ် စမတ်ဖုန်းတွေဟာ လူအများကို စိတ်ဝင်စားသွားအောင်ဆွဲဆောင်နိုင်ခဲ့တာ အမှန်ပါပဲ။ပြီးတော့ စမတ်ဖုန်းနည်းပညာလောကမှာ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာစေမယ့် ဝင်ရောက်လာမှု အနေနဲ့လည်း ကြိုဆိုရပါမယ်။ Pixel ဖုန်းမျိုးဆက်တွေဟာ Google ရဲ့စမတ်ဖုန်း နည်းပညာရေစီးကြောင်းမှာ ခမ်းနားတဲ့ အချိုးအကွေ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာစေမှာလားဆိုတဲ့ မေးခွန်းကိုတော့ အချိန်ကပဲ အဖြေပေးသွားမှာ ဖြစ်ပါတယ်။

Credit : 7Day Daily

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





♪ ဖုန်းထဲမှာလည်း ဓါတ်ပုံတွေကို Professional ဆန်ဆန်ပြုပြင်နိုင်မယ့် - Adobe Photoshop Express Premium v3.1.42 Apk (4-Oct) ♫

Posted: 06 Oct 2016 12:05 AM PDT

Cover art

ဓါတ်ပုံများကိုပြုပြင် ပြင်ဆင်ချင်သူများအတွက် နာမည်ကြီးတဲ့  Adobe Photoshop Express Premium ဆိုတဲ့ Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဖုန်းထဲမှာတင်ပဲ ဓါတ်ပုံများကို လိုအပ်သလို Professional ကျကျ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်ဗျာ။ ဓါတ်ပုံပြုပြင်နိုင်မယ့် Tools ပေါင်းများစွာလည်းပါဝင်ပါတယ်။ Effect တွေ လည်းမျိုးစုံပါဝင်ပါသေးတယ်ဗျာ။ jpg , png ဖိုင်အဖြစ် Save နိုင်မှာဖြစ်ပါတယ်။ Photoshop ဆိုရင်တော့ အများ ကြီးညွှန်းနေစရာမလိုအောင် ကောင်းပြီးသားပါ။ အောက်ဆုံးက Link မှာဒေါင်းယူသွားနိုင်ပါတယ်ဗျာ။



Photoshop Express is brought to you by Adobe, proud makers of the Photoshop family of products.
Photoshop Express supports the following file formats:
- Photo: JPG, PNG
- Raw files: arw (SONY), cr2 (CANON), crw (CANON), dng, erf (EPSON), raf (FUJI), 3fr & fff (HASSELBLAD), dcr (KODAK), mrw (KONICA), mos (LEAF), rwl (LEICA), nef & nrw (NIKON), orf (OLYMPUS), rw2 (PANASONIC), pef (PENTAX), srw (SAMSUNG)
While we aim to provide support for raw files from the latest camera models from most camera manufacturers, we cannot guarantee universal raw support



Adobe Photoshop Express - screenshot     Adobe Photoshop Express - screenshot

Adobe Photoshop Express - screenshot     Adobe Photoshop Express - screenshot


Download


www.pyaephyo.com

ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လေ့လာချင်သူများ ဆောင်ထားသင့်သည့် App

Posted: 06 Oct 2016 03:15 AM PDT

 
ပည်တွင်းမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လေ့လာချင်သူများ ဆောင်ထားသင့်သည့် App ဖြစ်သည်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို မြန်မာဘာသာဖြင့် လေ့လာနိုင်ရန် ဖန်တီးထားသည်။ လေ့လာထားသည်များကိုလည်း ယာဉ်မောင်းလိုင်စင်ဖြေကြားသည့် မှန်ရာရွေးပုံစံဖြင့် ပြန်လည်လေ့ကျင့်နိုင်မည်ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် PlayStore တွင် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 2.7MB ရှိမည် ဖြစ်သည်။ Android OSv4.2 နှင့်အထက်တွင် အသုံးပြုနိုင်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။
Credt Internetjournal
သီဟထိုက်(ဆွေသဟာMobile)
ယခုတင်ပေးထားသော Application အား ဆွေသဟာMobile Service မြောက်ဒဂုံ ၃၅မှတ်တိုင်အနီး တွင်
တွင်လာရောက်အခမဲ့ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ။ ။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Viber တွင် ငြိမ်းချမ်းသောမြန်မာပြည်စတစ်ကာများ စတင် အသုံးပြုနိုင်

Posted: 06 Oct 2016 03:15 AM PDT

 
Viber တွင် ငြိမ်းချမ်းသောမြန်မာပြည်စတစ်ကာများ စတင်အသုံးပြုနိုင်ကြောင်း သိရသည်။
"စည်းလုံးခြင်းသည် အင်အား"ဆောင်ပုဒ်အား တိုင်းရင်းသားပေါင်းစုံက ၎င်းတို့၏ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသည့်ပုံဖြင့် ပုံဖော်ထားကြောင်း၊ ယင်းအပြင် စည်းလုံးညီညွတ်ခြင်း၏ပြယုဂ်ဖြစ်သည့် ပင်လုံကျောက်တိုင်ပုံ စတစ်ကာလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ စတစ်ကာများကို www.viber.com/stickers/peacefulmyanmar တွင် ဝင်ရောက် Download ပြုလုပ်နိုင်ပြီး Viber အသုံးပြုသူများသည် Viber အက်ပလီကေးရှင်းရှိ Sticker Market တွင် အခမဲ့ခေါင်းစဉ်အောက်ရှိ "ငြိမ်းချမ်းသော မြန်မာပြည်" စတစ်ကာကိုရွေးချယ်၍လည်း ဒေါင်းလုပ်ပြုလုပ်နိုင်ကြောင်း သိရသည်။

Credit Inrternetjournal
သီဟထိုက်(ဆွေသဟာMobile)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



အသစ်လဲလှယ်ပေးထားသည့် Samsung Galaxy Note 7 လေယာဉ်ပေါ်တွင် မီးလောင်ကျွမ်း

Posted: 06 Oct 2016 03:14 AM PDT

 
ကုမ္ပဏီမှ စိတ်ချရသည်ဟုဆိုကာ အသစ်လဲလှယ်ပေးထားသည့် Samsung Galaxy Note 7 ဖုန်းတစ်လုံးသည် Southwest လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ကန်တက်ကီမှ ဘော်တီမိုးသို့ ပျံသန်းမည့် လေယာဉ်တစ်စင်းသည် ပြေးလမ်းပေါ်မှ မပျံသန်းမီ ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်များကို ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း လေကြောင်းလိုင်းမှ အတည်ပြုခဲ့သည်။
ဘက်ထရီ ပြဿနာ ဖြစ်ပွားသည့် Note 7 ကို စက်တင်ဘာလတွင် အလုံးအရင်းဖြင့် ပြန်လည်သိမ်းဆည်းခဲ့ပြီး ပြဿနာဖြစ်ပွားသည့် အကြောင်းအရာကို သိရှိကာ ပြင်ဆင်နိုင်ခဲ့ပြီဖြစ်ကြောင်း Samsung က ပြောကြားခဲ့သည်။

အထက်ပါ ဖြစ်ရပ်အတွက်မူ Samsung က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုခဲ့သည်။
" မီးလောင်ကျွမ်းသွားတဲ့ ဖုန်းကိုရယူပြီး ဖြစ်ရပ်ကို အတည်ပြုဖို့အတွက် Southwest လေကြောင်းလိုင်းက တာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ဖုန်းကို စစ်ဆေးပြီးတာနဲ့ အချက်အလက်တွေကို ဝေမျှသွားပါမယ်" ဟု ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သည်။

Southwest လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူကမူ "အီလက်ထရွန်နစ်ထုတ်ကုန်တစ်ခုကနေ မီးခိုးတွေထွက်လာတဲ့အကြောင်းကို ခရီးသည်တစ်ဦးက အကြောင်းကြားခဲ့ပါတယ်။ ခရီးသည်အားလုံးနဲ့ လေယာဉ်အမှုထမ်းတွေကို ပင်မတံခါးကနေ လုံခြုံစွာ ဆင်းသက်စေခဲ့ပါတယ်" ဟု ဘီဘီစီထံ ပြောကြားခဲ့သည်။

အဆိုပါဖုန်းကို ပိုင်ဆိုင်သူ ဘရိုင်ယန်ဂရင်းက ၎င်းဖုန်းကို စက်တင်ဘာ ၂၁ ရက်တွင် AT&T မှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် ဖုန်းကိုဖွင့်ထားခြင်းနှင့် အားသွင်းထားခြင်းမရှိဘဲ အိတ်ကပ်ထဲတွင် အပူလွန်ကဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်လေကြောင်းကွပ်ကဲရေးအဖွဲ့ (FAA) ကမူ Note 7 ကိုင်ဆောင်သူ ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်တွင် ဖုန်းကိုပိတ်ထားရန်နှင့် အားသွင်းခြင်းမပြုရန် သတိပေးချက် ထုတ်ပြန်ထားသလို ခရီးဆောင်အိတ်အတွင်း ထည့်သွင်း သယ်ဆောင်ခြင်း မပြုရန် အကြံပြုထားသည်။

Ref: BBC
Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



0 comments:

Post a Comment