မောင်ပေါက် ( Maung Pauk ) |
- ရေလွှာစကိတ်စီး Game [21.2 MB] [apk]
- Steve Jobs ၏ မှတ်သားဖွယ်ရာ အဆိုအမိန့်များ
- စုံထောက်ဂိမ်းကောင်းလေး- Secrets: Estate (Full) v1.0.2 Apk
- လိပ်နင်ဂျာ ဖိုင်တင်ဂိမ်းကောင်းလေး - Ninja Turtles: Legends MOD APK
- ဖုန်း service သမားတွေဆောင်ထားသင့်တဲ့ - Quick Reboot Pro [ROOT] v1.3 Apk
| ရေလွှာစကိတ်စီး Game [21.2 MB] [apk] Posted: 05 Oct 2016 09:21 PM PDT - အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Steve Jobs ၏ မှတ်သားဖွယ်ရာ အဆိုအမိန့်များ Posted: 05 Oct 2016 09:08 PM PDT ![]() ပထမဆုံးအနေနဲ့ Steve ဟာ တစ်နေ့တည်းနဲ့ အောင်မြင်လာသူ မဟုတ်ဘူး ဆိုတာပါပဲ။ အခု မိတ်ဆွေရဲ့ iPhone တွေ၊ iPad တွေ၊ Mac book တွေကို ခဏ ဘေးချထားပြီး Steve Jobs တစ်ယောက် Apple ကို ဘယ်လို အောင်မြင်အောင် ပုံသွင်းကြိုးစားခဲ့တယ်ဆိုတာ ခဏလောက် စဉ်းစားကြည့်ရအောင်။ Steve ဟာ သူ့ကိုယ်သူ မညှာတာတဲ့ လူတစ်ယောက်၊ အလုပ်နဲ့ ပတ်သက်လာရင် သူ့ခံယူချက်တွေက ပြတ်သားနေတတ်တယ်။ သူဟာ စည်းမျဉ်းစည်းကမ်းတွေကြားမှာ ခိုင်မြဲတဲ့ ကတိတွေ၊ ကြိုးစားအားထုတ်မှု တွေနဲ့ သူ့ကိုယ်သူ ချည်နှောင်ထားတဲ့ လူတစ်ယောက်ပဲ။ သူ့ကို အောင်မြင်သူ တစ်ယောက် ဖြစ်စေခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူအတော်များများ ကိုလည်း သူ ပြောပြခဲ့တယ်။ သူ့ခံယူချက်တွေ၊ သူ့ ယုံကြည်ချက်တွေ... ဒါဖြင့် အခု ဒီမှာ Steve ကို အောင်မြင်စေတဲ့ သူ့ရဲ့ စည်းမျဉ်းအချို့ကို ကြည့်ကြည့်ရအောင်..။ "ကျွန်တော့်ဘ၀ရဲ့ အနှစ်ခြိုက်ဆုံးအရာအတွက် ပိုက်ဆံပေးဖို့ မလိုခဲ့ဘူး၊ တကယ်တော့ ကျွန်တော်တို့ အားလုံးမှာရှိတဲ့ တန်ဖိုးအရှိဆုံးအရာဟာ အချိန် ဆိုတာ သိသာထင်ရှားပါတယ်" "ခင်ဗျားဘ၀တစ်လျှောက်လုံးရဲ့ အစိတ်အပိုင်း အတော်များများမှာ အလုပ်တွေနဲ့ ပြည့်နှက်နေမှာပါ။ ဒီလို ပြည့်နှက်နေတဲ့ အလုပ်တွေမှာ ပျော်ရွှင်ဖို့တစ်ခုတည်းသော အကြောင်းအရာက ခင်ဗျားလုပ်နေတဲ့ အလုပ်ဟာ ကြီးကျယ်ခမ်းနားတဲ့အလုပ်လို့ ခင်ဗျားကိုယ်ခင်ဗျား ယုံကြည်ဖို့လိုတယ်။ ဒီလို ယုံကြည်ဖို့ဆိုတာလည်း ခင်ဗျား အလုပ်ကို ခင်ဗျား ချစ်နေမှ ရမယ်။ မိမိချစ်မြတ်နိုးတဲ့အလုပ်ကို ရှာဖွေပါ၊ မရပ်နားပါနဲ့။ နှလုံးသားနဲ့ အလိုအလျှောက် သိမြင်နိုင်တဲ့ ဆဋ္ဌမအာရုံအရ မိမိချစ်မြတ်နိုးတဲ့အလုပ်ကို မြင်တာနဲ့ ခင်ဗျား တန်းသိပါလိမ့်မယ်" "ခင်ဗျားရဲ့ နှလုံးသားရဲ့ ယုံကြည်မှုနောက်ကို လိုက်ဖို့ သတ္တိရှိပါ။ သူတို့ဟာ ခင်ဗျား ဘာဖြစ်ချင်တယ်ဆိုတာ တစ်နည်းနည်းနဲ့ သိနှင့်ပြီးသား ဖြစ်လို့ပါ" "ခင်ဗျားဟာ တစ်စုံတစ်ခုကို လုပ်လိုက်လို့ အဲ့ဒါလေးကလည်း အလုပ်ဖြစ်နေပြီဆိုရင် ခင်ဗျားနောက်ထပ်တစ်ခုကို ဆက်လက် လုပ်ဆောင်သင့်တယ်။ ပြီးခဲ့တဲ့အလုပ်အတွက်ပဲ ပျော်မနေသင့်ဘူး" "တစ်ခုခုကို တီထွင်ဖန်တီးတဲ့အခါ ခင်ဗျား အမှားလုပ်မိလိမ့်မယ်၊ အမှားကို မြန်မြန်ဝန်ခံပြီး အခြား တီထွင် ဖန်တီးမှုတွေကို ဆက်လက် လုပ်ဆောင်ခြင်းဖြင့် ခင်ဗျားကိုယ်ခင်ဗျား ရှေ့ကို ရောက်နေရမယ်" "ခင်ဗျားဟာ လက်သမားဆရာတစ်ယောက် ဆိုပါတော့၊ အင်မတန် လှပတဲ့ သစ်သားအံဆွဲဗီဒိုလေးတစ်ခု ခင်ဗျား လုပ်မယ်။ ရှေ့ဖက်မှာတော့ အင်မတန်လှပတဲ့ ပုံစံမျိုးနဲ့၊ ဒါပေမယ့် နံရံဘက်ကပ်နေတဲ့ လူတွေမမြင်နိုင်တဲ့ ဗီဒိုလေးရဲ့ နောက်ကျောဖက်ကိုတော့ ခင်ဗျား အပေါစား ပလက်စတစ်တွေနဲ့ လုပ်မလား၊ လူတွေကတော့ မမြင်နိုင်ဘူး၊ ဒါပေမဲ့ ခင်ဗျားက နောက်ကျောမှာ ဘာရှိတယ်ဆိုတာ သိနေတယ်။ ဒီတော့ အပေါစား ပလက်စတစ်တွေအစား လှပပြီး ကောင်းမွန်တဲ့ သစ်သားနဲ့ ဗီဒိုလေးရဲ့ နောက်ကျောကို ခင်ဗျား မွမ်းမံမှာပဲ။ ဒီလိုပါပဲ၊ ခင်ဗျား ညဖက်တွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်ဖို့ လှပဆန်းကြယ်မှုတွေကို ဖန်တီးတဲ့နေရာမှာဖြစ်ဖြစ်၊ အရည်အသွေးတွေကို ထုတ်ဖော်တဲ့နေရာမှာပဲ ဖြစ်ဖြစ် အလုပ်ကို ဒီလိုပဲ လုပ်ရမယ်။" "သုဿာန်ပြင်မှာ အိပ်စက်ရမယ့် လူတွေကြားထဲ အချမ်းသာဆုံး လူတစ်ယောက်အဖြစ် အဖော်ပြခံရတာ ကျွန်တော့်အတွက် တကယ်ကို အရေးမပါဘူး။ ညအိပ်ရာဝင်ရင် "အိုး...ဒီနေ့ ငါ အံ့သြဖွယ်ကောင်းတာ တစ်ခုကို လုပ်နိုင်ခဲ့တယ်" ဒီလိုပြောနိုင်တာကမှ ကျွန်တော့်အတွက် တကယ်အရေးပါတာ" "ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်လို့ ထင်နေတဲ့ ရူးသွပ်နေတဲ့ လူတွေကသာ ကမ္ဘာကြီးကို တကယ်ပြောင်းလဲကြတာ" "ခင်ဗျားတို့ရဲ့ ဘ၀ဟာ အချိန်အကန့်အသတ်နဲ့ အသက်ရှင်နေရတာ၊ ဘယ်တော့မှ သူများရဲ့ ဘ၀ထဲမှာအချိန်မဖြုန်းမိပါစေနဲ့" "ကျွန်တော်တို့ဟာ Dots တွေကို အနာဂတ်ကို ကြည့်ပြီး ဆက်သွယ်လို့ မရဘူး။ အတိတ်ကို ကြည့်ပြီးသာ ဆက်သွယ်လို့ ရနိုင်တယ်။ ဒါကြောင့် ခင်ဗျား အခုလုပ်နေတဲ့ အလုပ်မှန်သမျှဟာ (Dots) အနာဂတ်မှာ တစ်နည်းနည်းနဲ့ ဆက်သွယ်လိမ့်မယ်လို့ ယုံကြည်ရမယ်။ ကံကြမ္မာတရား၊ ဘ၀၊ ကံမ္မနိယာမ ဘာပဲဖြစ်ဖြစ် အတိတ်နဲ့ အနာဂတ်ကြား ဆက်သွယ်မှုတို့ရဲ့ တစ်ခုခုကို ယုံကြည်ခြင်းက ခင်ဗျားရဲ့ဘ၀မှာ ကွဲပြားခြားနားမှုတွေ အများကြီး ပြုလုပ်စေနိုင်ပါတယ်" "လွန်ခဲ့တဲ့ ၃၃ နှစ်လုံး ကျွန်တော့်ကိုယ် ကျွန်တော် မှန်ကြည့်တိုင်း ပြန်မေး ကြည့်တယ်။ "အကယ်၍ ဒီနေ့သာ ငါ့ရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့လုပ်မယ်လို့ တွေးထားတာတွေကို ငါ လုပ်ဦးမှာလား" လို့။ မလုပ်ဘူးလို့ ငြင်းလိုက်တိုင်းမှာ ငြင်းပယ်လိုက်တိုင်းမှာ ကျွန်တော်ဟာ တစ်ခုခုကို ပြောင်းလဲဖို့ လိုနေပြီဆိုတာ သိခဲ့တယ်" "အရေးကြီးဆုံးက လူတွေအပေါ်မှာ ခင်ဗျား ယုံကြည်မှု ရှိဖို့ပဲ။ လူတွေဟာ မူလကတည်းက ကောင်းမွန်ပြီး ထက်မြက်တဲ့ လူတွေလို့ ယုံကြည်ဖို့ပဲ။ ခင်ဗျားက သူတို့ကို သင်ကြားပြသပေးလိုက်တာနဲ့ သူတို့က ခင်ဗျားကို အဲ့အရာတွေနဲ့ အံ့သြအောင် လုပ်ပြလိမ့်မယ်" "ခင်ဗျားဟာ မကြာခင် သေသွားနိုင်တဲ့ လူတစ်ယောက်အဖြစ် အမှတ်ရနေခြင်းက ဘ၀ရဲ့ အရေးမပါတဲ့ ထောင်ချောက်တွေကြားမှာ ရှောင်ဖယ်ဖို့ အကောင်းဆုံးသော နည်းလမ်းတစ်ခုပဲ။ ခင်ဗျားဟာ သေခြင်းကြောင့် နတ္တိဖြစ်ပြီးသားပါ။ ဘယ်လိုနည်းနဲ့မှ ခင်ဗျားရဲ့ ယုံကြည်ရာကို မစွန့်လွှတ်သင့်ဘူး" ref=wunzinn.blogspot မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| စုံထောက်ဂိမ်းကောင်းလေး- Secrets: Estate (Full) v1.0.2 Apk Posted: 05 Oct 2016 12:25 AM PDT |
| လိပ်နင်ဂျာ ဖိုင်တင်ဂိမ်းကောင်းလေး - Ninja Turtles: Legends MOD APK Posted: 05 Oct 2016 12:15 AM PDT |
| ဖုန်း service သမားတွေဆောင်ထားသင့်တဲ့ - Quick Reboot Pro [ROOT] v1.3 Apk Posted: 05 Oct 2016 12:03 AM PDT |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |












0 comments:
Post a Comment