Related Posts Plugin for WordPress, Blogger...

November 10, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Android ဖုန်းမှာ GIF ဖိုင်တစ်ခုကို ဖုန်း Wallpaper အဖြစ် ဘယ်လိုထားမလဲ

Posted: 09 Nov 2016 07:31 PM PST

၁၉၈၇ ခုနှစ်မှာ GIF ဖိုင်တွေကို စတင်မိတ်ဆက်ခဲ့ပြီးကတည်းက၊ အင်တာနက်လောကမှာ GIF ဖိုင်တွေဟာ အဓိကနေရာတစ်ခုကနေ ပါဝင်ခဲ့တယ်ဆိုတာ လူတိုင်းသိကြမှာပါ။ အခုဆို Facebook မှာလည်း GIF ဖိုင်တွေကို တိုက်ရိုက်ကြည့်နိုင်အောင် လုပ်ပေးထားပြီးပြီဆိုတော့၊ ရယ်စရာ GIF လေးတွေ၊ ထူးထူးဆန်းဆန်း GIF လေးတွေကို ကျနော်တို့ နေ့စဉ်တွေ့နေရပါတယ်။

ဒါဆို ဒီထဲကမှ ကိုယ်ကြိုက်တဲ့ GIF ဖိုင်လေးတစ်ခုကို ဖုန်း wallpaper အဖြစ်ထားချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ပုံမှန်အရ ဖုန်း Wallpaper ကို ဗီဒီယိုနဲ့ GIF တွေ ထားလို့မရပါဘူး။ ဒါပေမယ့် Android စနစ်ရဲ့ လွတ်လပ်တဲ့သဘောသဘာဝကြောင့်  app တစ်ခု အကူအညီနဲ့ ဖုန်း wallpaper ကို GIF တင်ထားလို့ရပါတယ်။
တစ်ခုသတိပြုရမှာက၊ ဒီ app ဟာ ပုံမှန်ထက် သင့်ဘက်ထရီကို အနည်းငယ်ပိုအကုန်မြန်စေမှာဖြစ်ပါတယ်။ ဖုန်းမှာ ကိုယ့်စိတ်ကြိုက် GIF ကို wallpaper တင်ထားချင်သူတွေအတွက်ဖြစ်ပြီး၊ ကိုယ့်ဖုန်းကို သူများနဲ့မတူ၊တစ်မူထူးချင်သူတွေ အကြိုက်တွေ့မယ့် app ဖြစ်ပါတယ်။

အဆင့် (၁) ပထမဦးဆုံး App တစ်ခုအကူအညီယူရပါမယ်

စိတ်အချရဆုံးနဲ့ အခမဲ့ရနိုင်တဲ့ app ကတော့ AnimGIF Live Wallpaper 2 Lite ဖြစ်ပါတယ်။ Google Play Store ကနေ သွားရောက်ရယူနိုင်ပါတယ်။

အဆင့် (၂) – GIF ရှာမယ်

ဒီအဆင့်မှာတော့ ကိုယ့်ဖုန်းနဲ့ လိုက်မယ့်၊ ကိုယ့်စိတ်ကြိုက် GIF ဖိုင်တစ်ခုကို အင်တာနက်က ရှာပါ။ GIF အစုံအလင်ရှိတဲ့ Giphy ကနေ ရှာနိုင်သလို၊ Google ကနေလည်း ရှာနိုင်ပါတယ်။ ဖုန်း resolution နဲ့ ညီတဲ့ GIF ဖိုင်မျိုးဆို အကောင်းဆုံးဖြစ်ပြီး၊ အနည်းငယ် resolution နည်းတဲ့ဖိုင်တွေလည်း အလုပ်ဖြစ်ပါတယ်။ GIF ဖိုင်တွေ့ရင် ဒေါင်းလုဒ်ဆွဲပြီး၊ ဖုန်းထဲ save လိုက်ပါ။

အဆင့် (၃) – App စသုံးမယ်

  • AnimGIF Live Wallpaper 2 Lite ကို install လုပ်ပြီးပြီဆိုရင်၊ အထဲဝင်လိုက်ပါ
  • အပေါ်ဆုံးက AnimGIF LWP 2 ကို နှိပ်လိုက်ပါ
13
  • စခရင် ဘယ်ဘက်အပေါ်ထောင့်က Settings ခလုတ်ကို နှိပ်ပြီး၊ 'Settings' ထဲဝင်ပါ။
  • Select GIF files ကို ရွေးလိုက်ပါ။
14
  • မိမိဖုန်းထဲက ကိုယ် wallpaper ထားချင်တဲ့ GIF နေရာကို ရှာပြီး၊ ရွေးပေးလိုက်ပါ။
  • ပြီးရင် back ခလုတ်နဲ့ ပြန်ထွက်ပြီး၊ အောက်နားက 'Set' ကို နှိပ်ပေးလိုက်တာနဲ့ Home Screen မှာပဲ ထားမှာလား၊ Lock Screen မှာကော ထားမှာလား ဆိုတာရွေးခိုင်းပါလိမ့်မယ်။ ကိုယ်ကြိုက်ရာရွေးလိုက်ပါ။ Home screen မှာတစ်မျိုး၊ Lock စခရင်မှာလည်း GIF တစ်မျိုး ထားနိုင်ပါတယ်။
  • ဘက်ထရီအကုန်မြန်နိုင်တာကြောင့် မသုံးချင်တဲ့အရာ ရိုးရိုး wallpaper ပြန်ပြောင်းထားနိုင်ပါတယ်။
Ref: Phone Arena | http://digitaltimes.com.mm/

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



မက်ဇူကာဘတ် ရဲ့ မလျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက် ၄၅ ချက်

Posted: 09 Nov 2016 07:26 PM PST

မက်ဇူကာဘတ် ဟာ ဖေ့စ်ဘုတ် ကို တီထွင်သူ တစ်ယောက် ဖြစ်ပါတယ်။  အခု ဖော်ပြထားတဲ့ အထဲက တချို့အရာတွေကိုလည်း သိပြီးသား ဖြစ်နေမှာပါ။ ဒီအချက်အလက်တွေဟာ ဇူကာဘတ် ရဲ့ မလျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်ကလေးတွေ လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး ခင်ဗျာ။

  1. သူရဲ့ နာမည် အပြည့်အစုံ က Mark Elliot Zuckerberg ပါ။ May 14, 1984, White Plains မြို့၊ New York ပြည်နယ် မှာ ပညာတတ် မိသားစုကနေ မွေးဖွားခဲ့ပါတယ်။
  2. သင်္ဘောသားဖြစ်တဲ့ အဖိုး က ဘူဂေးရီးယားလူမျိုးပါ။ သူ့မှာ ဘူဂေးရီးယန်း သွေး တစ်ဝက်ပါတယ် လို့ ဆိုနိုင်ပါတယ်။
    1
  3. ဖခင်ဖြစ်တဲ့ Edward Zuckerberg သွားဖက်ဆိုင်ရာ ၀န်ထမ်းတစ်ဦးပါ။ မိခင်ကတော့ Mark, Randi,Donna, Arielle တို့လို မက်ဇူကာဘတ် ရဲ့ မွေးချင်းတွေကို မမွေးဖွားခင်တုန်းကတော့ စိတ်ရောဂါအထူးကုဆရာဝန် ပါ။ ကာရန်…လို့ ခေါ်ပါတယ်။
  4. မိဘတွေဆီက နေ C++ Dummies စာအုပ်ကို လက်ဆောင်ရတဲ့အချိန်ကစပြီး ဇူကာဘတ် ဟာ ကွန်ပျူတာ ပရိုဂရမ်မင်း နည်းပညာ ကို စိတ်ဝင်စားလာခဲ့တာလို့ ပြောနိုင်ပါတယ်။
  5. မိသားစု အတွက် မိသားစုအတွင်း သုံးစွဲဖို့ ဆိုပြီး ZuckNet ဆိုတဲ့ instant messenger ကို စတင် တီထွင်ခဲ့တယ်။ အဲဒါဟာ နောက်ပိုင်းမှာ AOL ရဲ့ Instant Messenger ဖြစ်လာခဲ့တယ်။
    2
  6. အခြေခံပညာအထက်တန်း ကျောင်းတက်ခဲ့ကတည်းက ကုမ္ပဏီ ၂ ခု က သူ့ကို အပြိုင် လိုက်ခဲ့ကြတယ်။ အဲဒီ ကုမ္ပဏီကြီးတွေ က AOL နဲ့ မိုက်ကရိုဆော့ဖ် ပဲ။ ကုမ္ပဏီကြီးတွေရဲ့ ကင်းထောက် သူတို့ဆီမှာ အလုပ်လုပ် ဖို့ အရည်အသွေးရှိ လူငယ်တွေကို အပြိုင်အဆိုင် စည်းရုံးနေတဲ့ အချိန်မှာ ဇူကာဘတ် က ဒုတိယမြောက် ပရိုဂရမ်တစ်ခု ကို တီထွင်ခဲ့တယ်။ အဲဒါ က Synapse လို့ ခေါ်တဲ့ ပရိုဂရမ်ပါ။ သီချင်းနားထောင်တဲ့ အလေ့အကျင့်တွေ ပေါ်ထွက်လာဖို့ AI လို့ ခေါ်တဲ့ Artficial Intelligence ညဏ်ရည်တု သုံးစွဲ ပြီး လေ့ကျင့်ပေးမယ့် ပရိုဂရမ်ငယ်လေးပါ။
    OLYMPUS DIGITAL CAMERA
    OLYMPUS DIGITAL CAMERA
  7. သူရဲ့ ပရိုဂရမ် တစ်ခုကို သုံးစွဲပြီး ပြင်သစ်၊ ဟီဘရူး ၊ လက်တင်၊ ရှေးခေတ်ဂရိ တွေရဲ့ ဘာသာစကားတွေကို ရေးနိုင် ၊ ဖတ်နိုင် စွမ်းရှိတယ်။
  8. အဲဒီ ဟားဗတ်တက္ကသိုလ်မှာ ရှိနေတဲ့အချိန်မှာပဲ ကျောင်းသားတွေရဲ့ Dorm-Directory ကျောင်းသားမှတ်တမ်း ၊ နေထိုင်ပုံဇယားတွေ ၊ တက်ရောက်ပုံဓါတ်ပုံတွေ၊ အသေးစိတ် စာရင်းပြုစုပြီး FaceMash ကို တီထွင်ခဲ့တယ်။
    4
  9. ဘယ်တက္ကသိုလ် က သင်တဲ့ကျောင်းဆရာ ရဲ့ ပရိုဂရမ်မျိုးကို မဆို ရွေးချယ်လေ့လာနိုင်တဲ့ Course Match ကို ဖန်တီးခဲ့တယ်။
  10. February 4 2004 မှာ Zuckerberg က ဖေ့စ်ဘုတ် ကို စတင်ကြော်ငြာခဲ့တယ်။ နာမည် က Thefacebook.com ဖြစ်ပါတယ်။ ကျောင်းနေဘက်သူငယ်ချင်းတွေ ၊ ကျောင်းသားတွေ နဲ့ ကျောင်းသားအသိုင်းအ၀ိုင်း က လူငယ်တွေအတွက် ရည်ရွယ်ပြီး ကိုယ်ရေးဖိုင်တွေ၊ဓါတ်ပုံတွေ မျှဝေ ပေးနိုင်မဲ့ ကွန်ယက်တစ်ခု အဖြစ်သာ ရည်ရွယ်ခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာတော့ အားလုံးအတွက် ခွင့်ပြုခဲ့တယ်။
  11. ဒါပေမဲ့ ဇူကာဘတ် ဟာ တွဲဖက်တည်ထောင်သူအဖြစ်ပဲ နေပြီး သူ့အခန်းဖော်တွေ ဖြစ်တဲ့ Eduardo Saverin , Dustin Moskovitz, နဲ့ Chris Hughes တို့ကို ဖိတ်ခေါ်ခဲ့တယ်။ အဲဒီအထဲက Saverin ဆိုရင် ကုမ္ပဏီစတင်တည်ထောင်ချင်း မှာ ဒေါ်လာ ၁၀၀၀ အထိ ရင်းနှီးမြုပ်နှံပေးခဲ့တယ်။
  12. တခြား ဟားဗတ်တက္ကသိုလ်ကျောင်းသား ၃ ယောက်ဖြစ်တဲ့ Cameron Winklevoss, Tyler Winklevoss နဲ့ Divya Narenya  တို့က သူ့ကို သူခိုးလို့ စွပ်စွဲခဲ့ကြတယ်။ အရင်တုန်းက ဇူကာဘတ် က အဲဒီ ၃ ယောက် ဦးဆောင်လုပ်ခဲ့တဲ့ လူမှုကွန်ယက် တစ်ခု ဖြစ်တဲ့ Connect'U အတွက်လည်း အလုပ်လုပ်ခဲ့ဖူးတယ် ။ အဲဒီ ConnectU ရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ဖေ့စ်ဘုတ် နဲ့ ခပ်ဆင်ဆင်နီးပါး တူတယ်။ အဲဒီအတွက် ConnectU ရဲ့ ဦးဆောင် ၃ ယောက် က ဒေါ်လာ ၆၅သန်း ရယူလိုမှု နဲ့ ဇူကာဘတ် ကို တရားစွဲခဲ့တယ်။
    5
  13. ဇူကာဘတ် ရဲ့ ပထမဆုံး ကား က Subaru Forester SUV အမျိုးအစား ဖြစ်ပါတယ်။
  14. ဖေ့စ်ဘုတ် ဟာ အပြာရောင် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇူကာဘတ် ဟာ အနီရောင်နဲ့ အစိမ်းရောင် ကို မမြင်နိုင်တဲ့ ကာလာဘလိုင်း ဖြစ်နေလို့ပါ။ အပြာရောင် မျိုးကွဲအားလုံးကိုတော့ ဇူကာဘတ် က ကောင်းကောင်းမြင်တွေ့နိုင်တဲ့အတွက် အပြာရောင် ကိုသာ ရွေးချယ်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
    8
  15. ဇူကာဘတ် ဟာ ဘုရားမဲ့ ၀ါဒီ တစ်ယောက် ဖြစ်ပါတယ်။
    9
  16. တကယ်လို့ @[4:0] ဆိုပြီး ကွန်မန့်ဘောက်စ်မှာ ရိုက်ခဲ့မယ် ဆိုရင် ဇူကာဘတ် ရဲ့ အမည်ပေါ်ပါလိမ့်မယ်။
    10
  17. ဖေစ့်ဘုတ် မှာ ဘလော့လို့ မရနိုင်တဲ့သူ ဟာလည်း ဇူကာဘတ် တစ်ယောက် တည်း သာ ဖြစ်ပါတယ်။
  18. အစောပိုင်းကာလတွေ မှာ သူသုံးခဲ့တဲ့ လိပ်စာကဒ် business card မှာ ရေးသားထားတာက အမှုဆောင်အရာရှိချုပ် (ပေါက်ပန်း #!@#$ )
    11
  19. တကယ်လို့ တစ်ယောက်ယောက် က ဗိုက်ဆာပြီ၊ အပြင်ထွက်ချင်ပြီဆိုပါစို့ .။ ဇူကာဘတ် သာ ရှိလို့ကတော့ " အလုပ်ကို အာရုံစိုက်စမ်းပါ။ အာရုံလွှဲပစ်လိုက်။ မပြီးမချင်း ထိုင်ခုံက မထ နဲ့ .." လို့ ပြောမှာ သေချာပါတယ်။ သူအဖွဲ့ဟာ အလုပ်အပေါ်မှာ ဇောကပ်နေတာ ပဲ မြင်ချင်ခဲ့သူတစ်ယောက်ပါ။
  20. ၂၀၀၃ ခုနှစ်မှာ အခု ဇနီး ချမ်း နဲ့ ချိန်းတွေ့ခဲ့တာပါ။ ပရက်စီယာ ချမ်း က အာရှနွယ်ဖွား ဗီယက်နမ်-တရုတ်သွေး ပါသူတစ်ယောက်ပါ။
    13
  21. ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ လ ၅ ရက်နေ့ ချမ်းဟာ ဖေ့စ်ဘုတ် အကောင့် စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ဟားဗတ်မှာ လွှင့်ပြိး တစ်ရက်ကြာပြီးအချိန်မှာပါ။
  22. အင်တာဗျူးတစ်ခု မှာတော့ အချစ်စိတ်နဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ ချမ်း က ဇူကာဘတ် ရဲ့ မျှတတဲ့ သယာဟစိတ်ဓါတ်ကို သဘောကျလို့ ရွေးချယ်ခဲ့တဲ့ အကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်။
  23. October 2010 မှာ The Social Network ဆိုတဲ့ ရုပ်ရှင်ကား (ဖေ့စ်ဘုတ် တည်ထောင်ခြင်း နဲ့ ဇူကာဘတ် အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကား) ကို ရုံးထဲက အပန်းဖြေရုပ်ရှင်ရုံငယ် လေး ထဲမှာ ဇူကာဘတ် နဲ့ ၀န်ထမ်းတွေ အတူတူ ထိုင်ပြီး ကြည့်ရှုခဲ့ကြတယ်။
    15
  24. September 2010 မှာတော့ ဇူကာဘတ် က ဆေးတက္ကသိုလ်ကျောင်းသူ ချမ်းကို သူ့ငှားထားတဲ့ အိမ်မှာ လိုက်နေဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲဒီမှာ ထုံးစံအတိုင်း လိုက်မနေခင် ချမ်း က ဖေ့စ်ဘုတ် မှာ တသက်တာ ထာဝရ ဆိုပြီး Relationship Status ကို ပြင်ဆင်ခဲ့တယ်။
  25. ၂၀၁၁ ခုနှစ် ဒီဇင်ဘာမှာ ချမ်းရဲ့ မိသားစုတွေ နဲ့ မတွေ့ပေးခင် ဇူကာဘတ် ရဲ့ တာဝန် က တရုတ်ဘာသာစကား ကို ကောင်းကောင်းကြီး လေ့လာကျက်မှတ်နေရတဲ့ အလုပ်တစ်ခု ပါ။
    16
  26. ချမ်း ကို ပေးဖို့ မင်္ဂလာလက်စွပ်ကို ဇူကာဘတ် ကိုယ်တိုင် ဆွဲခဲ့တယ်။ အဲဒီ လက်စွပ်ဟာ ပတ္တမြားကို စိန်လုံး ၂ လုံး က ကိုယ်စီဝန်းရံထားတဲ့ သဏ္ဍာန်လေး ရှိတယ်။ အဲဒီအချိန်မှာ ဒေါ်လာ ၁၉ ဘီလီယံ ချမ်းသာနေပြီ ဖြစ်ပေမဲ့ သူ့လက်စွပ်ကတော့ ဒေါ်လာ ၂ သောင်းခွဲလောက်ပဲ တန်ကြေးရှိခဲ့တယ်။
  27. May 19, 2012 ခုနှစ် ၊ Calif ပြည်နယ် ၊ Palo Alto အရပ်၊ နေအိမ်ရဲ့ ဥယျာဉ်မြေကွက်လပ် မှာပဲ ပကာသန မပါဘဲ ရိုးရိုးရှင်းရှင်း လက်ထပ်ခဲ့တယ်။
    17
  28. ဧည့်ခံပွဲကလေး ဟာ အရမ်းသေးငယ်ပြီး ဧည့်သည် အယောက် တစ်ယောက် ကိုပဲ ဖိတ်ကြားခဲ့တယ်။ မက္ကစီကန် နဲပ ဂျပန်အစားအစာတွေကို အသိ စားသောက်ဆိုင် ကပဲ မှာကြားပြီး ဖိတ်ကြွေးခဲ့တယ်။ ဂျပန်ရိုးရာ ဖူကီဆူရှီ နဲ့ မက္ကစီကန်အစားအစာ တွေ ဟာ ဈေးသက်သာပြီး ဈေးအကြီးဆုံး ဟင်းလျာ က မှာ ၈ ဒေါ်လာ လောက်သာ တန်ဖိုးရှိတယ်။ ပြီးတော့ ၃ ဒေါ်လာ တန် ချောကလက်မစ်ရှိတ် တိုက်ကြွေးခဲ့ပါတယ်။
  29. သူ ဟာ အသက် ၃၀ နှစ်အောက် အရွယ် ပရဟိတ အလှူရှင်တွေထဲမှာ အကြီးကျယ်ဆုံး အလှူရှင် ဖြစ်မလာခင်ကတည်း က သူရဲ့ မိန်းမ ချမ်းကို ၂၀၁၄ ခုနှစ်မှာ ဖေ့စ်ဘုတ် ရဲ့ ရှယ်ယာ ဒေါ်လာ ၁၈ သန်း ဖိုး ကို လက်ဆောင်ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။
  30. အလုပ်ရှုပ်သက်သာအောင် နဲ့ အချိန်ကုန် သက်သာအောင် ရည်ရွယ်ပြီး ဖေ့စ်ဘုတ် အမှတ်တံဆိပ် ပါ အညိုရောင် တီရှပ်တထည် သာ နေ့တိုင်းနီးပါး ၀တ်ဆင်လေ့ရှိပါတယ်။
  31. ၂၀၁၁ ခုနှစ်ကတည်း က အသီးအရွကတွေကိုသာ စားသုံးလေ့ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။
  32. သူ့မှာ Beast လို့ ခေါ်တဲ့ ဟန်ဂေရီ သိုးထိန်းခွေးတစ်ကောင် ရှိပါတယ်။ Beast ကလည်း ခေသူတော့ မဟုတ်ချေ၊ ပရိသတ် ၁.၈ သန်း ရှိတဲ့ ဖေ့စ်ဘုတ်စာမျက်နှာပိုင်ရှင် တစ်ကောင် ဖြစ်ပါတယ်။
    20
  33. Daft Punk နဲ့ Lady Gaga တို့က သူ့အကြိုက်ဆုံး ဂီတပညာရှင်တွေပါ။
    22
  34. "Ender's Game" ကတော့ အကြိုက်ဆုံး စာအုပ်တစ်အုပ်ပေါ့။
  35. Business Insider ရဲ့ စုံစမ်းမှုတွေ အရ ဇူကာဘတ် မှာ တီဗွီ (ရုပ်မြင်သံကြား) မရှိချေ။
  36. ဇူကာဘတ် ဟာ အနက်ရောင် Acura TSX ကားတစ်စီး ပိုင်ဆိုင်ထားပြီး စိတ်ချရတယ် လို့ သူ့ကား ကို အမွှန်းတင်လေ့ရှိပါတယ်။
  37. သူ ဟာ Andy Samberg ကို ကြိုက်နှစ်သက်သူ တစ်ယောက် ဖြစ်ပြီး Andy Samberg သရုပ်ဆောင်ခဲ့တဲ့ Social Network ရုပ်ရှင်အကြောင်း ကို တသသ နဲ့ ချီးမွမ်းမဆုံး ဖြစ်လေ့ရှိတယ်။
    24
  38. July 2011 မှာ ဇူကာဘတ် ဟာ Google+ တည်ထောင်တဲ့ လယ်ရီပေ့ခ်ျ တို့ ၊ ဆာ့ခ်ျဘရင်း တို့ထက် ပိုပြီး လူကြိက်များလာခဲ့ပြီး Google+ မှာ ပိုင်ရှင်နှစ်ဦးထက် ပိုပြီး follower များတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
  39. အိုင်းစတိုင်း ရဲ့ နာမည်ကျော် အဆိုအမိန့်ဖြစ်တဲ့ "ဖြစ်နိုင်သမျှ ရိုးရိုးပဲ လုပ်ပါ၊ အဲဒါကပဲ ဆန်းကြယ်လာပါလိမ့်မယ်" ဆိုတဲ့ စကား ကို အကြိုက်ဆုံးပါပဲ။
  40. သူငယ်ချင်းတွေက Zuck လို့ ခေါ်ပေမေဲ့ အမေဖြစ်သူက တော့ " ကိုယ်တော်ချော" လို့ ချစ်စနိုး ခေါ်လေ့ရှိတယ်။
  41. တွစ်တာ မှာ သူ့အမည် က @finkd ဖြစ်ပြီး ဖောလ်လိုဝါ  ၁ သိန်းခွဲလောက်ပဲ ရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၃ နှစ်ခွဲအတွင်း မှာ တွစ်တာ မှာ သူ စာပို့ခဲတာ က ၁၉ ကြိမ်ပဲ ရှိပါတယ်။
  42. သူ့နာမည် နဲ့ မူပိုင်ခွင့် အခု ၅၀ ကျော် မှတ်ပုံတင်ထားပါတယ်။
  43. အခွန်ဆောင်ပြီး အသားတင် ချမ်းသာမှု က $19.8 ဘီလီယံ ရှိပါတယ်။
    45
  44. ညီအကိုမောင်နှမတွေ ရှိမယ်။ သူငယ်ချင်ေးတွ ရှိမယ်။ သူတို့တွေ ဆီက သင်ယူကြည့်ပါ။ အဲဒါ ဟာ အောင်မြင်မှုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ မေးခွန်း ရဲ့ အဖြေထွက်လာစေပါမယ်။
  45. ခေတ်ရေစီး က မြန်လွန်းပါတယ်။ စွန့်စားမှ သာ နည်းဗျူဟာ ထွက်လာမှာပါ။ နည်းဗျူဟာ ကသာ ရှုံးမလား ၊ အောင်မြင်မလား ဆိုတဲ့ အဖြေကို ပေးနိုင်မှာပါ။


Ref : Thumblr ၊ Factside ၊ Wiki | http://digitaltimes.com.mm/


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



အမြို့မြို့နယ်နယ်က Mobile Service သမားတွေအတွက် နောက်ထွက် Update Error အကြောင်းသင်ကြားပေးမယ့် Software Advanced Coures ကို Yangon မှာ စတင်လက်ခံနေပါပီခင်ဗျာ.

Posted: 09 Nov 2016 12:38 AM PST

ကျနော် Min Oaker (www.minoaker.net) ရဲ့ Online Training လေး မဖွင့်ခင်မှာ Local Training လေးအတွက် အရင်ဖိတ်လိုက်ပါမယ်.
15.11.2016 မှာ စတင်သင်ကြားပေးမယ့် Mobile Software Advanced Course အပတ်စဉ် (4) အတွက်သင်တန်းသားများ စတင်လက်ခံနေပါပြီ.. Course မှာ ဘာတွေ ပါမလဲ -

- Using ADB & Fastboot Tool Perfectly
- Huawei , Sony Bootloader Unlocking
- How to Extract & flash Update.app from fastboot
- MTK DeadFix & Flash Error Solution
- Qualcomm DeadFix & Flash from 9008 or 9006
- Xiaomi & Meizu Firmware Flashing.
- MTK IMEI & MEID & Baseband Unknown Fix
- Qualcomm IMEI & MEID & Baseband Unknown Fix
- Samsung & Xiaomi IMEI & MEID & Baseband Unknown Fix
- MTK , Qualcomm Pattern & Pin & Password Remove
- Huawei,Samsung,Xiaomi,Sony Other Phone FRP Remove
- Xiaomi , Meizu , Samsung & Sony Account Lock Remove
- How to create Qualcomm DeadFix Boardfirmware .
.
စတဲ့ သင်ခန်းစာများအပြင် . Update Error များကိုလည်း တစ်ခါတည်းသင်ပြပေးသွားမှာဖြစ်ပါတယ်. ထို့အပြင် Service လုပ်ကိုင်ရာအတွင် အဓိက မရှိမဖြစ်လိုအပ်သော Firmware Data 2TB ကိုလည်း တစ်ပါတည်း ပေးသွားမှာဖြစ်ပါတယ်.သင်တန်းပြီးဆုံးသွားသော်လည်း မိမိတို့ Service လုပ်ကိုင်ရာအတွင် အခက်အခဲတစ်စုံတစ်ရာ ရှိလာပါက မေးမြန်းနိုင်ဖို့ ကျနော် Group လေးတစ်ခု ထောင်ပေးထားပါတယ်.နားမလည်သော Error များကိုလည်း ပို့စ်တင်ထားခြင်းဖြင့် မေးမြန်းနိုင်ပါတယ်.
.
သင်တန်းကြေးကတော့ တစ်ယောက်ကို ၁၂၀၀၀၀ (၁သိန်း၂သောင်း) တိတိပါ.
သင်ကြားမည့် ကာလက (၁၀) ရက်ပါ. တစ်ရက်ကို ၃ နာရီခန့် သင်ကြားမှာဖြစ်ပါတယ်.
.
သင်တန်းသားဦးရေ ကန့်သတ်ထားပါတယ်
ကြိုတင်စာရင်း အပ်နှံလိုပါက -
Ko Nyi + Ma Swe Mobile Service & Training Centre
အမှတ် - 263 / ရန်ကုန်-ပုသိမ် လမ်းမကြီး ၊ တံတားဖြူ မှတ်တိုင်အနီး၊ (၇)ရပ်ကွက်၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း 095505039 , 095093505
.
ထပ်မံစုံစမ်းသိရှိလိုပါက ကျနော် Min Oaker - 09786490196 ကို (မနက် 9 မှ ညနေ 6 နာရီထိ ) ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ.

0 comments:

Post a Comment