Related Posts Plugin for WordPress, Blogger...

January 5, 2017

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Windows 10 တွင် Guest User Account ကိုဖန်တီးခြင်း

Posted: 04 Jan 2017 10:13 PM PST

 
Windows မှာ Multiple user account ကို System တစ်ခုထဲပေါ်မှာ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ Guest User account ဟာ ကိုယ့်ရဲ့ PC ကို အခြားသူတွေ ခေတ္တခဏ ဝင်ရောက်အသုံးပြုတဲ့အခါမှာ အလွန် အသုံးတည့်တဲ့အကောင့်ဖြစ်ပါတယ်။ ကိုယ့်ရဲ့အချက်အလက်တွေအပြင် System settings တွေကို ဝင်ရောက် ပြင်ဆင်ခြင်းမပြုနိုင်ဖို့အတွက် guest user account ကို အသုံးပြုကြပါတယ်။
Guest user account ကို Windows 10 မှာဖန်တီးပြုလုပ်ဖို့အတွက် Start Menu မှာ User account ဆိုတဲ့ keyword ကိုရိုက်ထည့်ပါ။



User Accounts ထဲကိုရောက်ရင် Manage another account ဆိုတာကို နှိပ်ရပါမယ်။



Manage Accounts ထဲကိုရောက်ပြီဆိုရင် အောက်ခြေနားမှာ Add a user account ဆိုတာကို နှိပ်ပါ။



အကယ်၍ သင်ဟာ Windows 10 ကို Microsoft account နဲ့ချိတ်ဆက်ပြီး Login ပြုလုပ်ထားတယ်ဆိုရင် Sign in without a Microsoft account (not recommended) ဆိုတာကိုရွေးချယ်ပြီး Next ကို နှိပ်ပါ။



Microsoft account နဲ့ မပြုလုပ်ဖို့ ရွေးထားတာဖြစ်တဲ့အတွက် Local account ဆိုတာကိုရွေးချယ်ပေးရပါမယ်။



နောက်တစ်ဆင့်ကတော့ Guest user account ပြုလုပ်မှာဖြစ်တဲ့အတွက် အချက်အလက်တွေ ဖြည့်သွင်းပြီး Password ကို သတ်မှတ်ပေးထားလိုက်ပါ။ ပြီးသွားရင် finish ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။



Guest account ပြုလုပ်မှာဖြစ်တဲ့အတွက် Win + R key နဲ့ run box ကိုခေါ်ပြီး netplwiz ဆိုတဲ့ command ကိုရိုက်ထည့်ရပါမယ်။



User account ထဲကိုရောက်ရင် ပြုလုပ်ထားတဲ့အကောင့်ကို ရွေးချယ်ပြီး Properties ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။



နောက်တစ်ဆင့်အနေနဲ့ Group Membership ဆိုတဲ့ Tab မှာ Other ဆိုတာကိုရွေးချယ်ပြီး Drop down arrow ကို နှိပ်ကာ Guest ဆိုတာကိုရွေးချယ်ပေးရပါမယ်။ ပြီးရင် Ok ကို နှိပ်လိုက်ပါ။



ဒီအဆင့်တွေပြီးသွားရင် သင့်ရဲ့ Log in screen မှာ Guest User account ကို ပေးထားတဲ့အကောင့် နာမည်နဲ့တွေ့ရပါလိမ့်မယ်။



အကယ်၍ ဒီ အကောင့်ကို ပြန်ဖျက်ချင်တယ်ဆိုရင် Manage accounts ထဲကို သွားပြီး Guest account ကိုရွေးချယ်ကာ Delete the account ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် ဖန်တီးပေးထားတဲ့ Guest account ပျက်သွားပါလိမ့်မယ်။



Ref: maketecheasier
သီဟထိုက်
www.thihahtike.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



ကိုရီးယားသမ္မတနိုင်ငံမှ ၂၀၁၇-၂၀၁၈ ပညာသင်ဆုအတွက် အာရှပညာသင်ဆု ၃၄ ဆုပေးအပ်မည်

Posted: 04 Jan 2017 10:13 PM PST



ကိုရီးယားသမ္မတနိုင်ငံရှိ Korea Foundation for Advanced Studies (KFAS) မှ International Scholar Exchange Fellowship ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် အာရှပညာသင်ဆု ၃၄ ဆုအား ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း UMFCCI စာမျက်နှာမှ သိရသည်။

အဆိုပါပညာသင်ဆုကို ဒေါက်တာဘွဲ့ရရှိပြီးသူများလျှောက်ထားနိုင်ပြီး ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်များ သို့မဟုတ် သုတေသနအဖွဲ့အစည်းများ၌ ၁ နှစ် သို့မဟုတ် ၆ လ သုတေသနပြုလုပ်ရမည် ဖြစ်ပြီး သုတေသနပြုလုပ်သူများအတွက် အသွား/အပြန်လေယာဉ်စရိတ်၊ လစဉ်ထောက်ပံ့ကြေး၊ သုတေသန ပြုလုပ်ရမည့် ထောက်ပံ့ကြေး၊ စာတမ်းအတွက်လိုအပ်သည့် အထောက်အပံ့များနှင့် ထိခိုက်မှုအာမခံကြေးစသည့် ကုန်ကျစရိတ်များကို (KFAS) မှ ထောက်ပံပေးသွားမည် ဖြစ်သည်။

လျှောက်ထားသူများအနေဖြင့် ဖုန်း - ၀၁-၂၃၁၄၃၄၄~၄၉၊ လိုင်းခွဲ နံပါတ် ၁၁၈၊ ၁၄၀ သို့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၄ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

Credit:Internetjournal
သီဟထိုက်
www.thihahtike.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Winning Ways to your Success ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပမည်

Posted: 04 Jan 2017 10:12 PM PST

 
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှကြီးမှူးပြီးတော့ Winning Ways to your Success ခေါင်းစဉ်နဲ့ ဟောပြောပွဲကို ဇန်နဝါရီလ ၁၂ ရက်၊ နံနက် ၁၀ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ အခန်း(၂၀၅) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ Director of Programs & International Empowerment Career Coach / Trainer Phil WIN (MAITD, MACPI) က ဆွေးနွေးဟောပြောသွားမှာဖြစ်ပါတယ်။

ဟောပြောပွဲ တက်ရောက်ခြင်းအားဖြင့် မိမိတို့၏ နေ့စဉ်ဘဝတွင် အောင်မြင်မှုနည်းလမ်းတွေကို ရရှိနိင်ပြီး ပိုမိုကောင်းမွန်သော ဘဝသစ်သို့ ရောက်ရှိနိုင်မည်ဖြစ်သလို မိမိကိုယ်မိမိ တန်ဖိုးထားနိုင်ပြီး နေ့စဉ် လုပ်ငန်းခွင်တွင် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကာ မိမိတို့ဘဝပန်းတိုင်ကို အောင်မြင်စွာရောက်ရှိနိုင်မယ့် ဘဝနေ နည်းဗျူဟာတွေကို လေ့လာသိရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Credit:Internetjournal
သီဟထိုက်
www.thihhatike.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Smart Card

Posted: 04 Jan 2017 10:12 PM PST

 
စမတ်ကတ် တစ်ခုဆိုသည်မှာ ချစ်ပ်တစ်ခု ထည့်သွင်းထားတဲ့ security token တစ်ခုဖြစ်ပါတယ်။ စမတ်ကတ်များဟာ ယေဘုယျအားဖြင့် ဒရိုင်ဘာ လိုင်စင်တစ်ခုရဲ့ အရွယ်အစားနဲ့ တူညီပြီး သတ္တု ဒါမှမဟုတ် ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ ဒီကတ်တွေဟာ reader တစ်ခုထံ လက်နဲ့တိုက်ရိုက် ထိတွေ့ပြီး အသုံးပြုနိုင်သလို Near Field Communication (NFC) ကဲ့သို့သော အကွာအဝေး တိုတောင်းတဲ့ ကြိုးမဲ့စနစ် ချိတ်ဆက်မှု စံသတ်မှတ်ချက် တစ်ခုကနေ တစ်ဆင့်လည်း အသုံးပြုနိုင်ပါတယ်။

စမတ်ကတ် တစ်ခုပေါ်မှာရှိတဲ့ ချစ်ပ်ဟာ microcontroller ချစ်ပ်တစ်ခု ဖြစ်နိုင်သလို embedded memory ချစ်ပ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ စမတ်ကတ်တွေကို လိမ်လည်လှည့်ဖြား သူများရဲ့ရန်က ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ထားပြီး in-memory အချက်အလက်များကို ကာကွယ်ရန်အတွက် encyrption ကို အသုံးပြုပါတယ်။ Microcontroller ချစ်ပ်တစ်ခုပါဝင်တဲ့ ဒီကတ်တွေဟာ on-card processing လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်ပြီး ချစ်ပ်ရဲ့ memory မှာ အချက်အလက် ထည့်သွင်းခြင်း၊ ဖျက်ခြင်းနဲ့ လည်ပတ်လုပ်ဆောင် ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

စမတ်ကတ်တွေကို ပထမဆုံး သုံးစွဲခဲ့တာကတော့ Telecarte ဖြစ်ပါတယ်။ Telecarte ဟာ ၁၉၈၃ ခုနှစ်မှာ စတင်ခဲ့တဲ့ ပြင်သစ်အခပေး ဖုန်းတွေမှာ ငွေပေးချေနိုင်တဲ့ တယ်လီဖုန်းကတ် တစ်ခုဖြစ်ပါတယ်။ ယခုအခါမှာတော့ စမတ်ကတ်တွေကို နေရာတိုင်းမှာ တွေ့မြင်နိုင်ပြီဖြစ်သလို magnetic stripe ကတ်နည်းပညာ နေရာမှာလည်း လျင်မြန်စွာ အစားထိုးလာ နိုင်ခဲ့ပါတယ်။


Credit : Internetjournal
သီဟထိုက်
www.thihahtike.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



အဖြူရောင် Xiaomi Mi Mix ကို CES 2-17 တွင် ပွဲထုတ်မိတ်ဆက်ဖွယ်ရှိ

Posted: 04 Jan 2017 09:57 PM PST

 
ပီးခဲ့သည့်နှစ် နိုဝင်ဘာလက ပထမဆုံး ပေါက်ကြားထွက်ပေါ်လာခဲ့သော အဖြူရောင် Xiaomi Mi Mix ကို ယခုနှစ် Consumer Electronics Show (CES) တွင် တရားဝင် ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း သိရသည်။
Xiaomi ၏ ကြော်ငြာဓာတ်ပုံတွင် WHITE ဟူသည့် စာလုံးကို BLACK ဖြင့် ရောနှော ဖော်ပြထားသလို CES 2017 ကိုလည်း ရည်ညွှန်းဖော်ပြထားသည်။ လက်ရှိတွင် Mi Mix ကို အနက်ရောင်ဖြင့်သာ ရရှိနိုင်သည်။



Mi Mix အဖြူရောင်ဗားရှင်းသည် မကြာသေးမီက တရုတ်အွန်လိုင်းစတိုးတစ်ခုပေါ်တွင် ထွက်ပေါ်လာခဲ့သော်လည်း ၎င်းကို ရောင်းချခြင်းမရှိသေးပေ။

Ref: GSMArena
သီဟထိုက်
www.thihahtike.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Online Shop Sale

Posted: 04 Jan 2017 05:00 PM PST

365 Online Shop ကနေ ရောင်းချတဲ့ ထင်ရှားတဲ့ ကုန်ပစ္စည်း ၆ မျိုးပါ.. ကုန်ပစ္စည်း အရည်အသွေးနဲ့ ဝန်ဆောင်မှုကတော့ ရောင်းချသူနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်..
*
 ဘေးထွက်ဆိုးကျိုး လုံဝ မရှိပဲ ကြည်လင်ဖြူဝင်းတဲ့ အသားအရေးလေးကို ပိုင်ဆိုင်နိုင်မယ့် Bio-C


Bio C ဟာ Vitamin သက်စောင့်ဓာတ်တွေအပါအဝင် အခြား အကျိုးပြုဓာတ်သတ္တုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အသားညိုသူရော ဖြူသူပါ သွေးသန့်ပြီး အသားအရေ ကြည်လင်လာစေမှာပါ...
ဓာတ်မတည့်မှု တင်းတိတ် ဝက်ခြံ အဖု အပိန့်များကိုပါ သက်သာ ပျောက်ကင်းစေပါတယ်
Anti Oxidant ... ကိုယ်တွင်းခုခံအားကို ဖြည့်ဆည်းပေးသည့် ဗီတာမင်ဓာတ် ပါဝင်ပါတယ်နော်
အစာအာဟာရ မမှန်ကန်မှု/ အသက်အရွယ်ရလာ၍ အသားအရေ တွန့်ခေါက်မှု ပျက်စီးယိုယွင်းလာသော Cells များကို အင်အားဖြည့်တင်း ပြုပြင်ပေးပါတယ်နော်🙇
သဘာဝသစ်​သီးများနဲ့ပြုလုပ်​ထား​သော​ကြောင့်​..
💖အ​ရေပြားကိုတင်းရင်း​စေခြင်း
💖အ​ရေးအ​ကြောင်းများ​လျော့နည်း​စေခြင်း
💖ဆဲလ်​​သေများဖယ်​ရှား​ပေးခြင်း
💖အသားအ​ရေကြည်​လင်​လှပပြီး ဝက်​ခြံတင်းတိပ်​တို့ကို ​ပျောက်​ကင်း​စေနိုင်​ပါတယ်​..
✔တစ်နေ့ တစ်လုံး ပုံမှန်သောက်ပေးရုံဖြင့် ၁လ အတွင်း ကြည်လင်တဲ့ အသားအရေလေးကို ပိုင်ဆိုင်လာပါပြီနော် ....🙇
🌲ချိုချဉ်နံ့ သင်းသင်းလေးနဲ့ BIO C ဆေးတစ်တောင့်တွင်
- Ascorbic Acid ( Vitamin C )
- Alfalfa Powder 100 mg
- Spirulina Powder 100 mg
- Beta Glucan Yeast Powder 245 mg
- Alpha Lipoic Acid 17 mg
- Vitamin E 15 mg
- Vitamin B1 ., B2 , B 6 စသည့် Vitamin ပေါင်းများစွာတို့ပါ ဝင်ပါတဲ့ အပြင်
- ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ Q10 တို့ပါဝင်တာကြောင့် အသားအရေကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး ဖြူစင်ဝင်းပလာစေမှာပါနော်





ဈေးနှုန်းက 14000 ကျပ်သာကျသင့်မှာဖြစ်ပြီး 
365 Online Shop
09451689031, 09420388377, 09787179972
ကိုဆက်သွယ်မှာယူနိုင်ပါတယ်..

ရန်ကုန် မန္တလေး သက်သာသော ဝန်ဆောင်ခနှုန်းထားများဖြင့် အိမ်အရောက်ပို့ဆောင်ပေးပြီး အခြားမြို့များသို့ သက်ဆိုင်ရာ ကားဂိတ်မှ တစ်ဆင့် ပို့ဆောင်ပေးပါတယ်
***
Lo Lo ဗိုက်ချပ်ကပ်ခွာ


ဗိုက်ချပ်ဖို့အတွက် ဆေးသောက်စရာမလိုတဲ့ ကပ်ခွာလေးဖြစ်ပါတယ်.. ကိုးရီးယားနိုင်ငံက တိုက်ရိုက်တင်သွင်းတဲ့ ဒီကပ်ခွာလေးဟာ ဗိုက်ရောခါးပါ အဆီကျသွယ်လျသွားစေမယ့် အရည်အသွေးမြင့်
ဗိုက်မှခါးနောက်ကျောအထိ ရှည်လျားတဲ့အဆီကျကပ်ခွာလေးပါ
Lo Lo အဆီကျကပ်ခွာလေးဟာ ရှည်လျားပြီးကြီးမားတာကြောင့် ဗိုက်မှခါးနောက်ကြောအထိကပ်လို့ရပြီး ဗိုက်က အဆီတင်မက ခါးတစ်ဝိုက်နှင့် နောက်ကျောအဆီပိုတွေပါကျစေပါတယ်...
ဘယ်လောက်ဝဝ ဘယ်လောက်ပူပူ အဆင်ပြေစွာအသုံးပြုနိုင်ပြီး နှစ်ဗူးသုံးရုံနဲ့ အဆီကျချပ်ရပ်စေပါတယ်
တစ်ဗူးမှာ၁၀ချပ်ပါဝင်ပြီး တစ်နေ့တစ်ချပ်၈နာရီကပ်ပေးရပါတယ်...
ပူလောင်ခြင်း ယားယံခြင်း အရေပြားဓာတ်မတည့်မှုများ မဖြစ်စေပါဘူး..
အမျိုးသား/အမျိုးသမီးနို့တိုက်မိခင်ဗိုက်ခွဲထားသူများပါအသုံးပြုလို့ရပါတယ်..




စိတ်ဝင်စားတယ်ဆိုရင်တော့ ဈေးနှုန်း 10000ks နဲ့ 09451689031, 09787179972 ကို ဆက်သွယ်မှာယူနိုင်ပါတယ်. ရန်ကုန် မန္တလေးမြို့သို့ပိုဆောင်ပေးပြီး မြို့နယ်အလိုက် ပို့ခပေးရပါမယ် အခြား မြို့ကြီးများသို့ ကားဂိတ်အရောက် ပို့ပေးနေပါပြီ...
***

ချောမောလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်စေမယ့် Dr.White တင်းတိပ်ပျောက် Cream+Soap



လှပချောမောတဲ့ မျက်နှာမှာ တင်းတိပ်/မှဲ့ခြောက်လေးတွေရှိနေမယ်ဆိုရင် လှပမှုတွေကို ထင်ထင်ရှားရှား မြင်တွေ့ရမှာမဟုတ်ပါဘူး.. 
အဲဒီလို လှပမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ တင်းတိပ်/မှဲ့ခြောက်တွေကို Dr.White တင်းတိပ်ပျောက် Cream+Soap က ကောင်းကောင်းဖယ်ရှားပစ်နိုင်ပါတယ်..
Dr.White တင်းတိပ်ပျောက် Cream+Soap ဟာ 
  • 😍မျက်နှာပေါ်က တင်းတိပ်တွေ,နေပူထဲ ထွက်ရလွန်းလို့ နေလောင်ပီး အကွက်ကွက်တွေ ဖြစ်ပီး အသားမညီတာတွေ ,အမဲစက်နဲ့ ဝက်ခြံ ဒဏ်ရာ အမာရွတ်တွေကို ယူပစ်သလို ပျောက်ကင်းစေပါတယ်။
  • 😍Made in korea -ကိုရီးယား နိုင်ငံက ထုတ်လုပ်ထားတာ ဖြစ်ပြီး လူသုံးအရမ်းများပြီး သုံးစွဲသူတိုင်း ကြိုက်နှစ်သက်တဲ့ ခရင်လေးပါနော်။
    မျက်နှာကို တင်းရင်းလာစေပြီး ဖြူဖွေးကြည်လင်လာစေမှာပါနော်။
  • 😍Dr.white တစ်ထုပ်မှာ ဆပ်ပြာ နေရောညပါ လိမ်းလို့ရတဲ့ ခရင်ပါတာကြောင့် မျက်နှာသစ်ဆေးဖိုး ထပ်ကုန်စရာမလိုတော့ဘဲ Dr.White တထုပ်ထဲ ဝယ်ရုံ နဲ့အဆင်ပြေသွားမှာပါ။
    -ဆပ်ပြာကော လိမ်းတဲ့ ခရင်ကော နှစ်လကျော် သုံးလ အသုံးခံတာကြောင့် ပစ္စည်းလဲကောင်း ဈေးလဲ သက်သာ အရမ်းလဲ ကောင်းပါတယ်နော်
  •  😘Skin care တွေမှာ ငွေသောင်းချီ သိန်းချီပေးပြီး ကုသတာကို ခဏရပ်ပြီ ၂ပတ်ထည်းအချိန်ပေးပြီးလိမ်းကြည့်ပါ သင်မျက်ရည်ဝဲလောက်အောင်ကို မျက်မြင်တွေ့ပျောက်ကင်းသွားပါလိမ့်မယ် 😍😍
  • ဈေးနှုန်းအားဖြင့် ဆပ်ပြာရော Cream ပါမှ 18500 ကျပ်သာရှိပြီး 09451689031, 09787179972 ကိုမှာယူနိုင်တယ်လို့ သိရပါတယ်..
အသုံးပြုပုံ------
  • Dr.White nano pearl soap လေးဖြင့်မျက်နှာပေါ်ရှိအညစ်အကြေးများ ကင်းစင်သွားအောင် အသေအချာမျက်နှာသစ်ပါ။
  • ပြီးလျှင် melasma white clear cream လေးကို မျက်နှာအနှံ့စိမ့်ဝင်သွားအောင်ညင်သာစွာ ပွတ်လိမ်းပေးပါ။

---------
Egg master-ကြက်ဥ ချောင်းစက်



 သားသား။မီးမီး လေးတို့ အတွက် သန့်သန့်ရှင်းရှင်း နဲ့ လုပ်ရတာလဲလွယ်ကူ စားရတာလဲအရသာရှိတဲ့
ကြက်ဥအချောင်းလိုက် လိပ်ပြီးကြော်ပေးတဲ့စက်လေးပါ။

ရုံးနောက် ကျလို့ ဘဲ ဖြစ်ဖြစ် ၊အချိန်မရှိလို့ ဘဲ ဖြစ်ဖြစ် အလွယ်တကူ ခလုပ်လေး ဖွင့်ပြီး ကြက်ဥ လေး အလွယ်တကူ ဖောက်ထည့်လိုက် ယုံနဲ့ ကျက်သွားတဲ့ အခါ သူအလိုလို အပေါ်တတ် လာပြီး အစဉ် သင့် စားသုံး နိုင်ပါပြီ ။





Price -16000ks (ဈေးနှုန်း ၁၆၀၀၀ ကျပ် )

📝မှာယူလိုပါက 365 Online Shop, Ph 09451689031, 09787179972 ကို ဆက်သွယ်မှာယူနိုင်ပါတယ်..
🚚ရန်ကုန်တွင်း အိမ်အရောက် ပို့ဆောင်ပေးပြီး မြို့နယ်အလိုက် ပို့ဆောင်ခ ,2000,2500,3000 ပေးရပါတယ်.. ရန်ကုန်တွင်း ပစ္စည်း ရောက် ငွေချေ စနစ်ပါ ။
🚚နယ်ကမှာယူလိုသူများကတော့ ဘဏ်ကနေငွေ ကြိုလွဲပေးရပါတယ် ။
***
ရေဖျန်းကြမ်းတိုက်တံ

ဒီကြမ်းတိုက်တံလေးကတော့အရင်တုန်းကလိုခါးကုန်းပြီး ကြမ်းတိုက်စရာမလိုပဲ အိမ်ရဲ့ကြမ်းပြင်မျိုးစုံကို စမတ်ကျကျနဲ့ လူမပင်ပန်းပဲတိုက်လို့ရပါတယ်။ ကြမ်းတိုက်နေရင်းနဲ့လဲ ရေဖျန်းဖို့အတွက် ရေဗူးနဲ့ လက်ကိုင်ခလုတ်လေးလဲပါလို့ ကြမ်းပြင်ပေါ်မှာ ရေတွေရွှဲမနေတော့ပဲ ရေဗုံးကြီး နေရာတကာသယ်ရတဲ့ဒုက္ခက ကင်းဝေးသွားတာပေါ့။
ဒီရေဗူးလေးထဲကိုရေ ဆပ်ပြာရည် (သို့) ပိုးသတ်ဆေး ကြိုက်နှစ်သက်ရာထည့်ပြီး အသုံးပြုနိုင်ပါတယ်။ ကြမ်းတိုက်အဝတ်စကလဲလျှော်လို့လွယ်ပြီးသေးငယ်တဲ့ fiberသားနဲ့ ပြုလုပ်ထားလို့ ကြမ်းပြင်တွေ ကိုတောက်ပြောင်ဝင်းပစေပါတယ်။ ဒီလိုအသုံးဝင်တဲ့ပစ္စည်း လေးကတော့ အိမ်တိုင်းအတွက် မရှိမဖြစ်လိုအပ်မှာတော့ အမှန်ပါပဲ။






price >>> 19000Ks
09451689031, 09787179972


ရန်ကုန်မြို့တွင်းဆိုလျှင် အိမ်အရောက်ပို့ဆောင်ပေးပြီး မြို့နယ်အလိုက်ပို့ခအနည်းအများရှိပါသည်။
ပစ္စည်းလက်ခံရရှိမှငွေချေရပါမည်။
နယ်မှမှာယူလိုလျှင်ကားဂိတ်သို့အရောက်ပို့ပေးပါမည်။
ငွေတစ်ရက်ကြိုလွှဲရပါမည်။
**
KINOKI (cleansing detox foot pads) (ခြေဖဝါး အပူထုတ်အဆိပ်ထုတ်ဆေးကပ်ခွာ)


ဂျပန်ရိုးရာ ဆေးနည်းတစ်ခုဖြစ်ပြီး သဘာဝဆေးဝါးကို နှစ်သက်ကြသော အာရှနိုင်ငံတွေဖြစ်တဲ့ ကိုရီးယား၊ ထိုင်း၊ တိဗက်၊ တရုတ်၊ ဂျပန်၊ စင်္ကာပူနိုင်ငံတို့ကပါ ယုံကြည်စွာသုံးစွဲနေတဲ့တိုင်းရင်းဆေးနည်းဖြစ်ပါတယ်..
သဘာဝ သစ်မြစ်သစ်ဖုများဖြင့် စနစ်တကျ ဖော်စပ်ထားပြီးညအိပ်ခါနီး ခြေဖဝါးကို ပြောင်စင်အောင် ဆေးကြောကာ
ဆေးထုပ်လေးရဲ့ စာမပါတဲ့ဘက်ကို ခြေဖဝါးအလယ်မှာတင်ပါ..
အပေါ်မှာ အသင့်ပါလာတဲ့ ပလာစတာ ကပ်ခွာလေး ကပ်ပြီး အိပ်လိုက်ပါ...  မနက်အိပ်ရာထရင် ခန္ဓာကိုယ် အတွင်းရှိ အပူအပုပ်များ၊ အဆိပ်အတောက်တွေ လျော့ပါးကင်းစင်ပြီ ပေါ့ပါးလန်းဆန်းတဲ့ အရသာကို ကိုယ်တိုင် ခံစားရပါလိမ့်မယ်..
အဲဒီဆးထုပ်မှာလည်း မည်းနက်သွားမှာဖြစ်ပါတယ်. ခွာပြီး လွှင့်ပစ်လိုက်ရပါမယ်. တစ်ည ၂ထုပ်ကုန်ပါတယ်..
ခြေဖဝါး ၂ဖက်စလုံးကို ကပ်ပြီး အိပ်ရပါတယ်.. နေ့ခင်းဘက် မကပ်ရပါ။
၇ရက် ၁ပတ်လောက်ဆက်တိုက် အပူထုတ်ပေးမယ်ဆို သိသိသာသာ ပေါ့ပါးလန်းဆန်းလာပြီး သွေးတိုးခြင်း၊ ဇက်ကြောတက်ခြင်း၊
အပူအပုပ်များ၍ မျက်စိပူခြင်း၊
လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊
လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ကျောက်ကပ်မကောင်း၍ ဖောယောင်ခြင်း၊ ဘွတ်ဖိနပ် ဝတ်လျှင် ခြေထောက်မှ အနံ့ဆိုးထွက်ခြင်းတို့ကို သိသိသာသာ လျော့ပါးပျောက်ကင်းစေပါတယ်..
ဆေးဘူး၁ဘူးလျှင် ဆေး၁၀ထုပ်နှင့် ကပ်ခွာ၁၀ခု ပါရှိပြီး ၅ရက်စာ ခြေဖဝါး၂ဖက်ကပ်နိုင်ပါတယ်။ စတင်ကပ်ခါစ ၂ရက် ၃ရက်တွင် ခြေဖဝါးမှ အပူအပုပ် များ အဆိပ်ဓာတ်များ စုပ်ထုတ်ပေးခြင်းကြောင့် ပုရွက်ဆိတ်တက်သလို ယားစိစိဖြစ်တတ်ပါတယ်..။ ၁ပတ်ကျော်လျှင် နေသားတကျ ဖြစ်သွားပါလိမ့်မည်။




ဈေးနှုန်းက 1လစာ 6ဘူး 15000ks သာ ကျသင့်မှာဖြစ်ပါတယ်.. မှာယူလိုပါက 365 Online Shop, 09 451689031, 09 787179972 သို့ ဆက်က်သွယ်နိုင်ပါတယ်
ရန်ကုန်မြို့တွင်း Delivery services ဖြင့် အိမ်အရောက်ပို့ဆောင်ပေးပြီး မြို့နယ်အလိုက်
ပို့ခကျသင့်ပါတယ်။ နယ်မြို့များအတွက် ဘဏ်ငွေလွှဲပို့ပေးပီးပါက သက်ဆိုင်ရာ ကားဂိတ်သို့ ပို့ဆောင်ပေးပါတယ်...
*****


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



6 in 1 Network Fix Tool

Posted: 04 Jan 2017 09:37 AM PST


ငလူ ပေးတဲ့ လွတ်လပ်ရေးနေ့ အမှတ်တရလက်ဆောင် 6 in 1 Network Fix Tool ကို ပြန်လည် မျှဝေလိုက်ပါတယ်...
**
  1. G730-U30
  2. G615-U10
  3. G630-U00
  4. G630-U10
  5. G6-U00
  6. G6-U10
တို့ကို boardfirmware တင်ပြီးလို့ပဲဖြစ်ဖြစ်၊
ic လဲပြီးလို့ပဲ ဖြစ်ဖြစ်
လိုင်းမတက်ဘူးဖြစ်နေတယ်ဆိုရင် ကျတော် အခုပေးလိုက်တဲ့ file ကို ဖြည်လို့ ရလာတဲ့folder ထဲက fix one.bat နဲ့ fix two.bat ကိုအသုံပြုပြီးဖြေရှင်းကြည့်နိုင်ပါတယ်။
fix oneက oem ကိုချိန်းမထားပါ။
fix two သည် oem ကိုပါ ချိန်းမည်။
one သုံးလို့ မထူးရင် two နဲ့ လုပ်ကြည့်ပါ။
imei ပြန်မရေးပါ။
zero နဲ့ လိုက်တက်ပါမယ် ။
ကဒ်ထည့်ပြီး သေချာစမ်းပါ။
root အရင်လုပ်ထားရပါမယ်။
ဒီTool ရဲ့ အားသာချက်ကတော့ img တစ်မျိုးထဲ နဲ့ model 6မျိုးကို အဆင်ပြေစေမှာပါ။ 6 in 1 ပါ။
ဒီTool မှာ သုံးထားတဲ့ modem oem modemst1 st2 တို့ဟာ အပေါ်မှာ ဖေါ်ပြထားတဲ့ model တွေထဲကမပါပါဘူး။
ကျတော်တို့ကတော့ ဒါနဲ့ လုပ်လို့ မထူးရင် hardware စစ်ရတာများတယ်
မိတ်ဆွေတို့လည်းစမ်းကြည့်ပေါ့ ၊ ဆရာများလဲ လေ့လာကြည့်ပေါ့
နောက်ဆက်တွဲ error များကိုတော့ တာဝန်ယူမည်မဟုတ်ပါ။

Credit : ငလူ ( Thant Nyi Nyi Bo )

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download 6 in 1 Network Fix Tool : 35.89 Mb

From Mediafire

From pCloud

0 comments:

Post a Comment