Related Posts Plugin for WordPress, Blogger...

January 6, 2017

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


မြန်မာကျောင်းသား လူငယ်များအတွက် စီးပွားရေးလုပ်ငန်းများ ဆန်းသစ်ပြောင်းလဲတီထွင်ခြင်းဆိုင်ရာ ပညာရေးဆွေးနွေးပွဲပြုလုပ်မည်

Posted: 04 Jan 2017 10:14 PM PST

 
စင်ကာပူနိုင်ငံရှိ PSB Academy နှင့် CROWN Education တို့ပူးပေါင်း၍ မြန်မာနိုင်ငံမှ ကျောင်းသားလူငယ်များသိကောင်းစရာ "Business Innovation" (စီးပွားရေးလုပ်ငန်းများဆန်းသစ်ပြောင်းလဲတီထွင်ခြင်း) ဆိုင်ရာ ဆွေးနွေးပွဲကို ဇန်နဝါရီလ ၇ ရက်တွင် နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအထိ Novotel Hotel Yangon, Eureka Room တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လာမည့် အနာဂတ်စီးပွားရေးအခြေအနေများ၊ ကဏ္ဍအသီးသီးတွင် လိုအပ်လာနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းကို Dr. Huong Ha, PhD (Monash University, Australia),MPP (National University of Singapore),ILA Cert (UNU/ILA), GradCert, BA, BA) မှ အခမဲ့ ရှင်းလင်းပြောကြားသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ (၁၀) တန်းအောင်၊ iGCSE ဖြေဆိုအောင်မြင်ထားသူများနှင့် နိုင်ငံတကာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက်လည်း စင်ကာပူနိုင်ငံ PSB Academy နှင့် ချိတ်ဆက်ထားသော အင်္ဂလန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံများရှိ တက္ကသိုလ်ကြီးများမှပေးအပ်မည့် အင်ဂျင်နီယာ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့ကြို ၊ ဘွဲ့လွန်ဒီဂရီများကိုတက်ရောက်နိုင်သည့် ပညာရေးလမ်းကြောင်းများကို ရှင်းလင်းပြောကြားသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် CROWN Education (Yangon) အမှတ်(၂၇ဝ)၊မြေညီထပ်၊ မြေနီကုန်း၊ ပြည်လမ်း ၊ ဖုန်း - ဝ၁ - ၅၂၇-၈၃၈ ၊ ဝ၉ - ၉၇၇-၉၉၉-၂၀၀၊ ၀၉-၇၃၂-၇၃၂-၇၇ သို့ ဆက်သွယ်စုံစမ်းတက်ရောက်နိုင်မည်ဖြစ်သည်။

Credit:Internetjournal
သီဟထိုက်
www.thihahtike.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Mac OS Terminal မှာ Cursor များကို Shoutcut ဖြင့်ရွှေ့ခြင်း

Posted: 04 Jan 2017 10:14 PM PST




Terminal ကနေ command တွေ ထည့်သွင်းပြီး အလုပ်လုပ်ဆောင် နေတဲ့သူများအဖို့ Mac OS ရဲ့ Terminal မှာ command တွေကို ရိုက်ထည့်တဲ့အခါမှာ တစ်ခါတစ်လေ အရှေ့က command ပဲဖြစ်ဖြစ် အနောက်က command ပဲဖြစ်ဖြစ် ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုရင် အလွယ်တကူနဲ့ ပြင်ဆင်နိုင်မယ့် shortcut တွေပဲဖြစ်ပါတယ်။

တစ်ခါတစ်လေမှာ command တွေကို ပြင်ဆင်ဖို့အတွက် cursor တွေကို ရွှေ့ရတာ အဆင်မပြေဘူးဆိုရင် text တစ်ခုချင်းဆီအလိုက် အရှေ့အနောက် cursor ကိုရွှေ့ နိုင်ဖို့အတွက် Esc + B ကိုသုံးရင် အနောက်ဘက်ကို cursor ရွှေ့ပေးမှာဖြစ်ပါတယ်။ အရှေ့ဘက်ကို cursor ရွှေ့ဖို့အတွက်ဆိုရင် Esc + F key ကို တွဲဖက်ပြီးသုံးနိုင်သလို Option + Left Arrow နဲ့ Option + Right Arrow key တွေကို တွဲဖက်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

Ref:maketecheasier
သီဟထိုက်
www.thihahtike.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



0 comments:

Post a Comment