Related Posts Plugin for WordPress, Blogger...

July 29, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


WeChat Account ကို အပြီးဖျက်သိမ်းခြင်း

Posted: 28 Jul 2015 01:00 PM PDT


မိတ်ဆွေတစ်ယောက်မေးထားလို့ပါ.. မေးခွန်း (၃)ခုထဲက WeChat ကို အပြီးအပြတ်ဘယ်လိုဖျက်ရမလဲ ဆိုတာကို တင်ပေးလိုက်ပါတယ်..
ကိုယ် အကောင့်ဖွင့်ထားတဲ့ အီးမေးကနေပြီး အောက်မှာ ကျွန်တော် ပေးထားတဲ့အချက်အလက်အတိုင်း အီးမေး အရင်ပို့ရပါမယ်..

To:support@wechat.com

Cc: icna_support@tencent.com

Email Subject:

Objection to processing. User Account and Personal Information Removal Request.

Message Body:

The removal request updated with your account information:
My ID - A12345
My Account Name - MaungPauk
My Phone Number - +959440225635

( A12345 ဆိုတာမှာ ဖျက်ချင်တဲ့ Wechat ID နံပတ်ကိုထည့်ရပါမယ်.. MaungPauk ဆိုတဲ့နေရာမှာ WeChat အကောင့်ရဲ့နာမည်ကို ထည့်ရပါမယ်.. My Phone Number ဆိုတာမှာ WeChat ဖွင့်ထားတဲ့ ဖုန်းနံပတ်ကို ထည့်ပေးရပါမယ်.. မကြည့်တတ်ရင် WeChat ထဲကညာအောက်ထောင့်နားမှာ me ဆိုတာကိုနှိပ်>ပေါ်လာတဲ့အထဲက ကိုယ့်နာမည်ကိုနှိပ်လိုက်ရင် အချက်အလက်တွေ ပေါ်ပါတယ်.. )

ပြည့်စုံပြီဆို အီးမေးပို့လိုက်ပါ..

အီးမေးပို့ရမယ့် နမူနာ


ပြီးရင် ကိုယ့် WeChat ကိုဖွင့်ပါ..
ညာအောက်ထောင့်နားက me ကိုနှိပ်ပြီး Setting ကိုဝင်ပါ.. Chat ကိုနှိပ်ပြီး Clear Chat History ကိုနှိပ်ပါ..
Back နဲ့ပြန်ထွက်ပြီး My Account ကိုနှိပ်ပါ.. Email ကိုနှိပ်ပြီး Unlink ကိုနှိပ်ပါ..



Back နဲ့ပြန်ထွက်ပြီး Log Out လုပ်ပါ..
ပြီးရင် WeChat App ကို Uninstall လုပ်လိုက်ပါ..
ဒါဆိုရင်တော့ အကောင့်အပြီးပျက်ပါပြီ...

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




အောင်မြင်သော Blogger အဖြစ်သို့... (Aung Ko Htet.mp3)

Posted: 28 Jul 2015 10:56 AM PDT



မြန်မာနိုင်ငံမှာ Blogger ဆိုတာ ဘာမှန်းမသိကြသေးတဲ့လူတွေတော်တော်များပါတယ်။ များသောအားဖြင့် Blogger ဆိုလိုက်တာနဲ့ နည်းပညာ အကြောင်းနားလည်တဲ့ လူကိုပဲ Blogger လို့ခေါ်ကြတယ်လို့ ထင်ကြပါတယ်။ ပြီးတော့ Blog ရေးနေရတာဟာပိုက်ဆံကုန်တာပဲ အဖတ်တင်ပြီး ဘာမှမရဘူးလို့ ထင်နေကြတဲ့ လူတွေအတွက်လည်း Blog ရေးခြင်းနဲ့ပတ်သက်ပြီး ဘယ်လို အကျိုးကျေးဇူးတွေရရှိတယ်ဆိုတာကို ပခုက္ကူ  ဘားကမ့်မှာ ကျွန်တော် ဆွေးနွေးထားတဲ့ "  အောင်မြင်သော Blogger အဖြစ်သို့ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားတဲ့ အသံဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

ဒီဆွေးနွေးပွဲလေးမှာ ဘယ်လို Blog တွေရေးသင့်တယ်ဆိုတဲ့အကြောင်း ၊ မိမိ Blog က မိမိရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ဘယ်လို အထောက်အကူပြုစေတယ်ဆိုတဲ့အကြောင်းတွေကို တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံ ဆွေးနွေးပေးထားပါတယ်။

Blogger အကြောင်းကို သိရှိလိုသူများအနေနဲ့ နားထောင်သင့်တဲ့ အသံဖိုင်တစ်ခုဖြစ်ပါတယ်။

အောက်က Link ကနေ တိုက်ရိုက်နားထောင်နိုင်သလို Download ပြုလုပ်ပြီးလည်း နားထောင်နိုင်ပါတယ်။

Direct Listen and Download
 

Aung Ko Htet

Contact  Detail

Facebook : www.facebook.com/bloggeraungkohtet
Email : aungkohtet.htet82@gmail.com
Website : www.mmitknowledge.com , www.myanmarmobileapp.com


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



♪ အသံတွေကို Record လုပ်ပြီးပြောင်းလဲပေးနိုင်တဲ့ - Helium Voice Changer Video APK v2.9.9 Apk (27-July) ♫

Posted: 28 Jul 2015 03:49 AM PDT

Cover art

အခုတင်ပေးလိုက်တဲ့ Helium Voice Changer Video ဆိုတာလေးကတော့ အပျော်သဘောလေးပေါ့ဗျာ။ မိမိရဲ့အသံကို Record လုပ်ထားပြီး အခြားသော Funny အသံတွေအဖြစ်ပြောင်းလဲနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ မိမိကိုယ်တိုင် Video ပြန်ရိုက်ပြီး အသံကိုလည်းပြောင်းနိုင်ပါသေးတယ်။ ဟဲဟဲ မိမိရဲ့ ရုပ်ကြီးကိုမြင်ပြီးအသံက တခြားဟာသအသံတွေနဲ့ဆိုတော့ တော်တော်လေးတော့ရီရတယ်ဗျာ။ ဒါ့အပြင် မိမိပြောင်းချင်တဲ့အသံတွေကို ပြောင်းပြီး Ringtone , Notification အစရှိတဲ့ အသံတွေအဖြစ်ပြောင်း လဲနိုင်ပါသေးတယ်ဗျာ။ Android OS 4.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ် ပါတယ်ဗျာ။

It's as easy as:
* Select video or audio to have a hilarious voice change. The video changer option modifies the voice of your existing videos too.
* Select your voice: chipmunk voice, robot voice, drunk voice and more coming.
* Record: say something out loud. Video transformer and voice processor.
* Play: hear your own words turned hilarious ;) Feel a the best helium voice recorder and helium video app!
* Share: send your robot voice, chipmunk voice or any other through your favorite chat app, save as ringtone, save to gallery, etc.


Helium Voice Changer + Video - screenshot     Helium Voice Changer + Video - screenshot

Helium Voice Changer + Video - screenshot     Helium Voice Changer + Video - screenshot

Helium Voice Changer + Video - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ သေပြေးရှင်ပြေးနဲ့ အပစ်အခတ် Action Game - UNKILLED v0.0.5 [Mod] Apk ♫

Posted: 28 Jul 2015 02:56 AM PDT

UNKILLED - screenshot

ခပ်ကြမ်းကြမ်းသေနပ်ပစ်တဲ့ Game တစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ အခုတင်ပေးလိုက်တာကတော့ မြို့ လယ်ခေါင်မှာရှိတဲ့ သရဲတွေကို သေနပ်နဲ့လိုက်ပြီးပစ်ရမှာပါ။ သေနပ်တွေကလည်း အားလုံးကို စိတ်ကြိုက် ယူသုံးလို့ရအောင် Hack ထားပြီးသားပါ။ ရုပ်ထွက်ကလည်း ရှယ်ပါပဲ။ Game ရဲ့နမူနာပုံစံကိုကြည့်ချင်ရင် Screen Shoot တွေကိုအောက်မှာရိုက်ပြထားပါတယ်ဗျာ။ Apk နဲ့ Data ကို Install ပြုလုပ်ပုံ ကို အောက်မှာရှင်းပြပေးထားပါတယ်ဗျာ။ Android OS 4.1 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။

  • ပထမဆုံး Apk ကို Install လုပ်လိုက်ပါ။
  • ပြီးသွားရင်တော့ Download Folder ထဲမှာပါတဲ့ 'com.madfingergames.unkilled' ဆိုတဲ့ Folder ကို Copy ကူးပြီး sdcard/Android/obb ထဲကို Paste လုပ်ပေးလိုက်ပါ။
  • ဒါဆိုကစားလို့ရပါပြီ။ 
  • ကစားလို့မရသေးသူများအနေနဲ့ကတော့ Internet ခဏလေးဖွင့်ပြီး စောင့်လိုက်ပါ ဒါဆိုကစားလို့ အဆင်ပြေသွားပါလိမ့်မယ်။



UNKILLED - screenshot

UNKILLED - screenshot

UNKILLED - screenshot


UNKILLED - screenshot

UNKILLED - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

တယ်လီကွန်းဆိုတာ အရင်းအနှီးကြီးတယ် တောင်ဆူဒန် နှင့် မြန်မာပြည် ၏ တယ်လီကွန်း ကဏ္ဏ နှိုင်းယှဉ်ခြင်း

Posted: 27 Jul 2015 11:40 PM PDT

နေစရာမရှိ စားစရာမရှိ ဝင်ငွေမရှိ တဲ့ ဒုက္ခသည်မလေး တောင် မိုဘိုင်း ဖုံးနဲ့
ဆင်းကဒ်တွေ ငွေဖြည့်ကဒ်တွေ လမ်းဘေးမှာ ရောင်းတယ်
မီးမရှိလဲ မပူနဲ့ လမ်းဘေး ဖုန်းအားသွင်းဆိုင်တွေ နေရာတိုင်းမှာ
တယ်လီကွန်းလုပ်ရင် ချမ်းသာတယ်
မြန်မာပြည်မှာ မိုဘိုင်း ဆင်းကဒ် တစ်ခုကို အစိုးရ ဈေး တစ်ဆယ့်ငါးသိန်း ကနေ ငါးသိန်းလျှော့ချ (အပြင်မှာ သိန်းနှစ်ဆယ်) ရောင်းချ နေစဉ်ကာလ။ အဲတုံးက ဆက်သွယ်ရေး က တာဝန်ရှိ လူကြီး တစ်ဦးရဲ့ မီဒီယာ အမေးအဖြေ မှာ တယ်လီကွန်း ဆိုတာ အရင်းအနှီး ကြီးတယ်။ သုံးစွဲသူ နည်းနေတုံးမှာ ဆင်းကဒ် ဈေးကြီးမယ်။ သုံးစွဲသူ များလာမှ ဈေးပေါ လာမယ် ဆိုတဲ့ အလွန်တရာ ပညာမဲ့ လှတဲ့ အကြောင်းပြချက် ကို ဖတ်မိတုံးက ဪ ဒီအစိုးရကလူ တွေ ကိုယ်တိုင် ပညာမဲ့ပြီး တုံးအ တာတင် မဟုတ်ဘူး ကျန်တဲ့ လူတွေကိုပါ သူတို့လို ငတုံးငအ ပြောသမျှ ယုံမယ်လို့ ထင်နေကြပါလားလို့ တောင် တွေးမိသေးတယ်။
အဲဒီတုံးကဆို လူကြီးသားသမီးတွေ ဘောင်းဘီ ဝတ် တွေ ဘောင်းဘီချွတ်တွေ ဆင်းကဒ်တွေ ကိုတာနဲ့ တစ်ဦး တစ်လ နှစ်ကဒ် လောက် လျှောက်ထား တစ်ဆင့် ပြန်လည် အမြတ်တင် ရောင်းချပြီး အလုပ် လုပ်စရာ မလိုပဲ တစ်လ သိန်း ၃၀ လောက် အလကားနီးပါး ရရှိ သုံးဖြုန်း နေတော့လဲ ဪ ကံကောင်းကြပါပေတယ် လို့ မုဒိတာ ပွားမိပါတယ်။
(စကားမစပ် ကျွန်တော် သုံးခဲ့တဲ့ GSM ၅၀ လေးက ဘောင်းဘီချွတ် တစ်ယောက် ဆီက ၁၉ သိန်း ပေးပြီး ဝယ်ခဲ့ ရတာဗျ)
MPT လက်ဝါးကြီးအုပ် လူတစ်စု ကြီးပွားရေး ခေတ်ကတော့ ပြည်ပ တယ်လီကွန်း နှစ်ခု ဝင်လာချိန်မှာ ကုန်သွားပြီး လူတိုင်း ဆင်းကဒ် ဝယ်နိုင်အောင် ဈေးကျသွား (အစထဲက မဖြစ်သင့်တဲ့ ဈေးတင်ထားပြီး လက်ဝါးကြီးအုပ်။ မလွှတ်လို့ မရတော့မှ လွှတ်ပေးပြီး) ပဏ္ဏာယူ နေကြတော့လဲ အင်း ဒါတွေတော့ ရာဇဝင်ထဲ မှာ ကျန်ခဲ့ ပြီပေါ့ လို့လဲ မှတ်တမ်းတင်မိပါတယ်။
ဒါပေမဲ့ ဟိုတလောက ဖတ်မိလိုက်တယ် အသစ်တည်ထောင် ရင်းနှီးမြှပ်နှံတဲ့ တယ်လီကွန်း တွေ (MPT အပါအဝင်) ကို ငါးနှစ် အခွန်အရပ်ရပ် ကင်းလွတ်ခွင့် ပေးထားတယ် ဆိုလား ဆိုတော့။ ဒါတော့ တဆိတ် လွန်လွန်းပြီ ကိုယ့်ဆရာတို့ လို့ တွေးမိလို့ အနှစ်နှစ် အလလက ရေးချင်လျက်နဲ့ မရေုးဖြစ်ခဲ့တဲ့ စာလေးတော့ ရေးဦးမှပဲ။
တယ်လီကွန်းကဏ္ဏ ဆိုတာ ကနဦးအရင်းအနှီး ကြီးပေမဲ့ ရည်ရှည်မှာ တော့ အကျိုးအမြတ် များလွန်းလို့ investor တိုင်းက လုပ်ချင်ကြ ရင်းနှီးချင်ကြတဲ့ ကဏ္ဏပါ။
အရှေ့အာဖရိက က တောင်ဆူဒန် နိုင်ငံဆိုတာ ၂၀၁၁ ဇူလိုင်လ ၈ ရက်နေ့ မှ ဆူဒန် ဆီက လွတ်လပ်ရေး ရတဲ့ ကမ္ဘာ့ အသစ်ဆုံး နိုင်ငံပေါ့။ လူဦးရေ ဆယ်သန်းခန့်ပဲ ရှိတယ်။ မြန်မာပြည် ထက် နှစ်ဆကျော် ကြီးတဲ့ နိုင်ငံကြီး။ စာတတ်မြောက်မှုကလဲ ၂၅% ပဲ ရှိတယ်။ ၂၅နှစ်ကြာ ပြည်တွင်းစစ်ကြောင့် စုတ်ပြတ်သတ် ဆင်းရဲပြီး အလုပ်အကိုင် ရှားပါး ဝင်ငွေနည်း စားစရာ မရှိ တစ်နိုင်ငံလုံး နီးပါးကို UN က ထမင်းကျွေး နေရတဲ့ နိုင်ငံ။
ဒီလို နိုင်ငံမျိုးကို ပြန်လည်ထူထောင်ရေး တာဝန်နဲ့ ရောက်သွားတုံးက မြန်မာပြည် နဲ့ ကမ္ဘာကြီးနဲ့တော့ အဆက်သွယ် ပြတ်ပါပြီ လို့ ထင်ခဲ့တာဗျ။ UN ရုံး လောက်မှာပဲ တယ်လီဖုံးတို့ အင်တာနက်တို့ ရလောက်မယ်လို့ ထင်ထားခဲ့ တာ။
Arrival report လုပ်တဲ့ အချိန် IT ဌာနက ငွေဖြည့်ပြီးသား mobile sim card ထုတ်ပေး တော့မှ ငင် တယ်ဟုတ်ပါလား ပေါ့။ ဒါနဲ့ မယုံသေးဘူး 3G on ပြီး အင်တာနက် သုံးကြည့်သေးတယ်။ အားပါးပါး မြန်ချက်က ၉ လောက် ရှိတယ်။ မူဗီတွေ ဆို အထစ်အငေါ့ မရှိ ဖြတ်ခနဲ ဖြတ်ခနဲ တက်တာ။ အဝိုင်းလေး လည်တာတောင် မတွေ့လိုက်ရဘူး။
ဒီတော့မှ ဝါသနာ အရ desk research လုပ်ကြည့်တော့ တောင်ဆူဒန် လွတ်လပ်ရေး မရခင် ၂၀၀၅-၆ ခွဲထွက်ရေး ကို အတည်ပြုတဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးကထဲက။ UN ရဲ့ ဆက်သွယ်ရေး ဖွံဖြိုးမှု အစီအစဉ်နဲ့ ဆူဒန် အစိုးရက တယ်လီကွန်း ကုမ္ပဏီကြီးတွေကို လာရောက် ရင်းနှီးမြှပ်နှံ လုပ်ပိုင်ခွင့် ပေးလိုက်တာ။ အာဖရိက နာမည်ကျော် တယ်လီကွန်း ကုမ္ပဏီကြီး လေးခု လာရောက် လုပ်ကိုင်တယ်။ MTN, ZAIN, GEMTEL နဲ့ VIVA CELL ကုမ္ပဏီတွေပါ။
လူ နှစ်သန်းခွဲ လောက်ပဲ ဖုံးကိုင် ဖို့ မျှော်လင့်ချက် ရှိတဲ့ နိုင်ငံ။ အစိုးရတောင်မရှိသေးတဲ့ နိုင်ငံ။ တယ်လီကွန်း အင်ဖရာ ဘာမှ မရှိတဲ့ နိုင်ငံ။ လျှပ်စစ်မီး တောင် မရှိတဲ့ နိုင်ငံ (ခုလဲ မရှိပါ)။ အချိန်မရွေး စစ်ပြန်ဖြစ် နိုင်တဲ့ risk ရှိတဲ့ နိုင်ငံ။ အစိုးရက ငါးပြားမှ မထည့်ပဲ တယ်လီကွန်း တွေက ၁၀၀% ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားတဲ့ နိုင်ငံ ကို ပြပါဆိုရင် တောင်ဆူဒန် နိုင်ငံပါ ခင်ဗျာ။
ဒီကုမ္ပဏီကြီးတွေ တောင်ဆူဒန် ကို လာရောက်ပြီး ငါးပြားမှ မရသေးခင် ကိုယ့်စားရိတ်နဲ့ကိုယ် မိုဘိုင်း တယ်လီကွန်း အင်ဖရာကို တစ်နှစ်နဲ့ အပြီး တစ်နိုင်ငံလုံး ဖြန့်ကျက် တည်ဆောက် သွားတာများ မြန်မာပြည်က သောက်ပိုတွေ ပြောနေတဲ့ လူတွေ မြင်စေချင်တယ်။
တရားဝင် စာရင်းဇယားများ အရ တယ်လီကွန်း ကုမ္ပဏီ တစ်ခုကို ဒေါ်လာ သန်းရှစ်ဆယ် တစ်ရာ လောက် ရင်းနှီး ထားတယ် ဆိုတော့ ဒေါ်လာ သန်းလေးရာ လောက်ကို ပြာပုံထဲမှာ အပြိုင်အဆိုင် ရင်းနှီး ထားတဲ့ အဓိပ္ပါယ်ပေါ့။
ရလဒ်က တစ်နှစ်အတွင်း မှာ မြန်မာပြည်ထက် နှစ်ဆကြီးတဲ့ နိုင်ငံမှာ လူနှစ်သန်းလောက် မိုဘိုင်းဖုံး ကိုင်နိုင်ဖို့ ကွန်ယက်ကြီး တည်ဆောက် ပြီးစီးသွားတယ်။
ဆင်းကဒ်တွေ စရောင်းတော့ (တစ်ကဒ် ၂ ဒေါ်လာ) တဲ့ UN လို ကော်ပိုရိတ် တွေဆိုရင် အထုပ်လိုက် အလကား ပေးတယ် နံပါတ် လှလှတွေ။ အင်တာနက်။ ပြည်ပ ခေါ်ဆိုခြင်း။ SMS ။ Call Forwarding အစရှိတဲ့ မြန်မာပြည်မှာ တစ်ခုချင်း ပိုက်ဆံပေး လျှောက်ထားရတဲ့ အပို မဟုတ်တဲ့ ဝန်ဆောင်မှု တွေ ပါပြီးသား။ ငါးပြားမှ ထပ်ပေးရန် မလို။
ဆိုတော့ Customer ဆယ်သန်းလောက် ရှိပြီးသား Telecom Infrastructure အပြည့်အစုံရှိပြီးသား မြန်မာ နိုင်ငံမှာ တယ်လီကွန်း ဆိုတာ အရင်းအနှီး ကြီးလို့ အစပိုင်းမှာ ဈေးကြီးရပါတယ် ဆိုတဲ့ မြန်မာပြည်က ပညာမဲ့တွေ ကို ခေါ်ပြချင် လိုက်တာ။
ဒီတယ်လီကွန်း စီမံကိန်း ဘယ်လောက် အောင်မြင်လဲ ဆိုရင် တစ်နှစ် အတွင်း လူသုံးသန်း လောက် မိုဘိုင်းဖုံးကိုင်လာတယ်။ ကုမ္ပဏီ တစ်ခုနဲ့ တစ်ခု coverage မတူ အင်တာနက် အမြန်နှုံး မတူတော့ တောင်ဆူဒန် တစ်ယောက် ကို အနဲဆုံး ဆင်းကဒ် နှစ်ခု ရှိတယ်။ ဖုံး handset ဈေးကြီးတာ မတတ်နိုင်တော့ ဈေးပေါတဲ့ တရုပ်လုပ် ဆင်းကဒ် နှစ်ခုသုံး handset တွေ ကိုင်တယ်။ လက်လမ်းမှီပုံများ ကတော့ နေစရာ စားစရာ မရှိတဲ့ ဒုက္ခသည် တွေ တောင် ဖုံးကိုင်နိုင်တယ်။ မီးမရှိတော့ မီးစက်သုံး လမ်းဘေး ဘထ္ထရီ အားသွင်းဆိုင် တွေ ပေါ်လာတယ်။ ဆင်းကဒ်တို့ ငွေဖြည့်ကဒ်တို့ လမ်းဘေး နေရာတိုင်းမှာ ရောင်းတယ်။ တယ်လီကွန်း ကုမ္ပဏီ တွေ ချမ်းသာလာတယ်။
ဒီလို နိုင်ငံမျိုး ဒီလို အခြေအနေမျိုးမှာ ဒီလို သွားလုပ်ရတော့ အခွန်ကရော ကင်းလွတ်ခွင့် ရလား ဆိုရင်
နိုးပါ။ အခွန် အရပ်ရပ် လုံးဝ ကင်းလွတ်ခွင့် မရပါ။ ကိုယ့်စားရိတ် နဲ့ ကိုယ် ရင်းနှီး မြှုပ်နှံ ဖို့ သယ်လာတဲ့ Telecom Infrastructure တွေ equipment တွေ ကိုပဲ အစပိုင်းမှာ import tax ကင်းလွတ်ခွင့် ရပါတယ်။ ၂၀၁၄ ကစပြီး tax စကောက် ပါတယ်။
Telecom Operation အပေါ်မှာ Day One - First User ကနေစပြီး Income Tax, Commercial Tax, Frequency Tax, Excise Duty, Profit Tax စတဲ့ အခွန် မျိုးစုံ ကို ကောက်ခံပါတယ်။
ဒီလို ကောက်လို့ ဘယ် တယ်လီကွန်း ကုမ္ပဏီမှ နည်းတယ် များတယ် မကိုက်ဘူး ။ ငါတို့လာလုပ်တာ ငါတို့ကို ကျေးဇူးတင် အခွန်မကောက်နဲ့ ဆိုတဲ့ ကျေးဇူးရှင် သောက်ချိုး မချိုးရဲဘူး။ ပေးရတာပဲ ဆက်လုပ် နေတာပဲ ဆက်ပြီး ချဲ့ထွင် နေတာပဲ။
ကျွန်တော်တို့ မြန်မာပြည်ကြီးလို တယ်လီကွန်း။ လျှပ်စစ်။ လမ်းပမ်း ဆက်သွယ်ရေး အစရှိတဲ့ infrastructure တွေ အသင့်အတင့် ပြည့်စုံ။ မိုဘိုင်း ဖုံး သုံးနေတဲ့ လူ ဆယ်သန်းလောက် ရှိပြီးသား နောက်ထပ် ဆယ်သန်းလောက် အသာလေး တိုးလာဖွယ်ရာ ရှိတဲ့ မားကက် ကြီးမှာ
တယ်လီကွန်း ဆိုတာ အစပိုင်း အရင်းနှီး ကြီးလို့ ဈေးကြီးမယ်ဆိုတဲ့ ပညာမဲ့ တစ်ယောက် ပြောသွားတဲ့ စကားတစ်ခွန်း ကို နင်းပြီး။ အစပိုင်း အရင်းအနှီးကြီး မကိုက်လို့ လုပ်သာ ကိုင်သာ ရှိအောင် အခွန် အရပ်ရပ် ကင်းလွတ်ခွင့် ပေးပါ ခင်ညာ ဆိုတဲ့ အရင်းရှင် ကုမ္ပဏီ တွေစကား ဘာမှ နားထောင် နေစရာ မလို။ ဘာမှ ကင်းလွတ်ခွင့် ပေးစရာ မလို။ အခု မမြတ်ရင် နောင် ငါးနှစ် မှာ စမြတ် နောက် အနှစ်ငါးဆယ် တစ်ရာ လောက် အဆီအသား ဝါးမျိုကြမဲ့ တယ်လီကွန်း တွေကို မည်သည့် အခွန် ကင်းလွတ်ခွင့်မှ မပေးသင့် ကြောင်း။
၎င်းတို့ အပေါ် အခွန် ရသမျှ ကောက်ခံပြီး နိုင်ငံရဲ့ အသက်သွေးကြောတစ်ခု ဖြစ်လာမဲ့ နိုင်ငံသား တွေလုပ်ကြမဲ့ SME လေးတွေ ကိုသာ ငါးနှစ် အခွန် အရပ်ရပ် ကင်းလွတ်ခွင့် ပေးအပ်ပြီး ဒီထက်မကသော ပိုက်ဆံကို လှည့်လည် ရယူသင့်ပါကြောင်း။
နိုင်ငံတကာ တယ်လီကွန်း ကုမ္ပဏီ နှစ်ခုထဲ ရှိတာ နည်းသေးတယ် နောက်ထပ် နှစ်ခု သုံးခုလောက် ထပ်ခေါ် ပြီး အပြိုင်အဆိုင် လုပ်ကိုင်ခွင့် ပေးလိုက်မှသာလျှင် တကယ် ကောင်းတဲ့ ဖုံးလိုင်း တကယ်မြန်တဲ့ အင်တာနက် တွေ ဈေးပေါပေါနဲ့ အသုံးပြု နိုင်ရဖွယ် ရှိပါတယ်
တယ်လီကွန်း ဆိုတာ အရင်းအနှီးကြီး ပေမဲ့ အကျိုးအမြတ် အလွန်များတဲ့ လုပ်ငန်း ဖြစ်ကြောင်း မီးမောင်းထိုး လိုက်ပါတယ်။
ref:Wanna More

MPT က အခမဲ့ ဖုန်းငွေဖြည့်ပေးသည့် အစီအစဉ်တစ်ရပ်ပြုလုပ်

Posted: 27 Jul 2015 11:34 PM PDT


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် Coca Cola Myanmar တို့ပူးပေါင်းကာ အခမဲ့ဖုန်းငွေဖြည့်ပေးသည့် အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်လိုက်ကြောင်း သိရသည်။
MPT ၏ GSM, WCDMA သုံးစွဲသူများအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်မှစတင်ကာ ဒီဇင်ဘာလ ၃၁ ရက်အထိဖြစ်ကြောင်း သိရသည်။
Coca-Cola Myanmar မှထုတ်သော အချိုရည်များ အကျုံးဝင်မည်ဖြစ်ကာ ယင်းအချိုရည်များကို ဝယ်ယူပြီး ကုတ်နံပါတ်များကို အဖုံးအတွင်း ရယူနိုင် မည်ဖြစ်ကြောင်း၊ ရရှိသော ကုတ်နံပါတ်ကို ၂၆၂၆ သို့ SMS အခမဲ့ပေးပို့ရမည်ဖြစ်ပြီး လက်ခံရရှိကြောင်း ပြန်ပို့လာသော SMS အဝင်ကို စောင့်ကြည့်ရ မည်ဖြစ်ကြောင်း၊ ဆုမဲပေါက်ပါက ပေါက်သော ဖုန်းဘီလ်ပမာဏကို ကုတ်နံပါတ်ပေးပို့လာသည့် ဖုန်းသို့ အလိုအလျောက် ဖြည့်သွင်းပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
အဆိုပါဖုန်းဘီလ်များကို စတင်အသုံးပြုသည့် အချိန်မှစ၍ ၁၂ လအတွင်း အသုံးပြုရမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်း ပေးပို့သော ကုတ်နံပါတ်များ အကျုံးဝင်မည်မဟုတ်ကြောင်း သိရသည်။
တစ်ရက်လျှင် ဖုန်းနံပါတ်တစ်ခုမှ ငါးခုအထိ အများဆုံးပေးပို့နိုင်မည်ဖြစ်ပြီး ဖုန်းဘီလ်များမှာ ၂၀၀ ကျပ်မှ ၁၀ သိန်းအထိ ပါမည်ဖြစ်ကြောင်းသိရသည်။ တန်ဖိုး အမြင့်ဆုံး ၁၀ သိန်းကျပ်ရရှိသူ၏ ဖုန်းငွေဖြည့်မှုမှာ လေးနှစ်အထိ သက်တမ်းခံစားခွင့် ရှိမည်ဖြစ်ကြောင်း၊ စုစုပေါင်း ဆုမဲပေါင်း ၁၅ သန်းကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဆုမဲများနှင့်ပတ်သက်၍ MPT ဖုန်းဖြင့် ၁၀၆ သို့ ခေါ်ဆိုမေးမြန်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ref:internet journal

Android OS မှာ Antivirus ဆိုတာ တကယ်လိုအပ်သလား

Posted: 27 Jul 2015 11:34 PM PDT

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် နောက်ပိုင်းမှစ၍ Android ဖုန်းများသည် ဈေးနှုန်းသက်သာမှု၊ အသုံးပြုရ လွယ်ကူမှုတို့ကြောင့် သုံးစွဲသူဦးရေ များပြားလာသည်။ ၂၀၁၄ ခုနှစ်နှောင်းပိုင်း၌ ပြည်ပ အော်ပရေတာများ စတင်ဝန်ဆောင်မှု ပေးလာခြင်းနှင့်အတူ မိုဘိုင်းအင်တာနက် အသုံးပြုသူ ဦးရေသည်လည်း ယခင်ကထက် ပိုမိုများပြားလာသည်။  ဤသို့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာသကဲ့သို့ မိုဘိုင်းဖုန်းများ၏ ကဏ္ဍသည်လည်း ပြောင်းလဲလာခဲ့သည်။ ယခင်က မိုဘိုင်း ဖုန်းကို ဖုန်းပြောရန်လောက်သာ အသုံးပြုလာခဲ့ရာမှ ယခုအခါ ဓာတ်ပုံရိုက်ရန်၊ ဗီဒီယိုကြည့်ရန်၊ ဂိမ်းကစားရန်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ မှတ်သားရန် စသော နေ့စဉ်လုပ်ငန်း ဆောင်တာများ လုပ်ဆောင်ရာအထိ အသုံးပြုလာကြသည်။
ထိုသို့ အင်တာနက်ကို အလွယ်တကူ ချိတ်ဆက်နိုင်ခြင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မှတ်သားသိမ်းဆည်းသည့် နေရာဖြစ်လာခြင်းတို့ကြောင့် သုံးစွဲသူများ၏ privacy ထိခိုက်လာ နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်လာကြသည်။ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အချက်အလက်များကို ခိုးယူနိုင်သည့် malware များ Android OS တွင် တစ်နေ့တခြား တိုးပွားလာသောကြောင့် သတိထားကြရန် အချို့က ဆိုကြသည်။ ၎င်း malware များသည် သုံးစွဲသူ၏  Bank Account ကိုပါ ချိုးဖောက် ဝင်ရောက်ပြီး ငွေခိုးထုတ်နိုင်သည် အထိ စွမ်းဆောင်နိုင်ကြသည်ဟုလည်း သတိပေးကြသည်။ ထိုသို့ဆိုလျှင် တကယ်ပဲ ကျွန်တော်တို့ တွေ malware များကို ကာကွယ်ဖို့ ဂရုစိုက်သင့်ပြီလား။
နည်းပညာ နယ်ပယ်တွင် ကျော်ကြားသော website တစ်ခုဖြစ်သည့် Digital Trends က Mobile Security ကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများဖြစ် သည့် AV Test, Avast, Lookout တို့ကို ထိုကိစ္စများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ထိုဆွေးနွေး မေးမြန်းချက်များကို စာဖတ်သူများ သိရှိနိုင်စေရန် ဖော်ပြပေးလိုက် ပါသည်။
Antivirus ဆိုတာ Security  App တစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုမျှ သာပါပဲ
Android OS အတွက် ထုတ်လုပ်ထားသော security app အများစုသည် malware များကို ရှင်းထုတ်နိုင်သည့် antivirus fea-ture ကိုသာမဟုတ်ဘဲ အခြား feature များကိုပါ ထည့်သွင်းပေးထားလေ့ ရှိပါသည်။ AV Test ကုမ္ပဏီ၏ CEO ဖြစ်သူ Andreas Marx က ''antivirus ဆိုတဲ့ virus ကို ရှာဖွေပေးတဲ့ feature က အရေးမကြီးမဟုတ် အရေးကြီးပါ တယ်။ ဒါပေမဲ့ အခြား လုံခြုံရေးဆိုင်ရာ feature တွေပါ ပါဝင်တဲ့ security app က ပိုကောင်းပါ တယ်'' ဟု ဆိုသည်။ ''များသော အားဖြင့် Antivirus ဟာ security app တစ်ခုရဲ့ component တစ်ခုပါပဲ။ antivirus ချည်း သက်သက် တော့ အချိန်တိုင်းမလိုပါဘူး။ ဒါပေမဲ့ ပျောက်သွားတဲ့ဖုန်းကို ရှာပေးနိုင်တဲ့ Anti-theft feature တို့၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အဝေးကနေ ဖျက်ပေးနိုင်တဲ့ remote wipe feature တို့ကတော့ အမြဲဆောင်ထားသင့်တဲ့ feature တွေပါပဲ။ အဲ့ဒါတွေက security app တိုင်းလိုလိုမှာ ပါဝင်ပါတယ်''ဟု ၎င်းက ဆက် ရှင်းပြသည်။
Avast ကုမ္ပဏီမှ Non-windows products director ဖြစ်သည့် Jan Gahura ကလည်း Avast Mobile Security app ၏ တကယ့် အကျိုးကျေးဇူးသည် antivirus သာ မဟုတ်ကြောင်း ရှင်းပြပါတယ်။ Mobile malware  များသည် အန္တရာယ် အများဆုံးကောင်များ မဟုတ်ကြောင်းလည်း သူက ဝန်ခံခဲ့ပါသည်။ "စမတ်ဖုန်း တစ်လုံး အတွက် အဓိက အန္တရာယ် ဟာ အခိုးခံရခြင်းပါပဲ။ ဒါဟာ ဘာကြောင့် ကျွန်တော်တို့တွေ Avast မှာ anti-theft feature ထည့်ထား သလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေပါပဲ။ သင့်ဖုန်းမှာ remote wipe feature မရှိဘဲ အိတ်ကပ်ထဲ ထည့်ထားတာ အတော်အန္တရာယ် များတဲ့ ကိစ္စပါပဲ။ တကယ်လို့သာ သင့်ဖုန်း အခိုးခံလိုက်ရပြီ ဆိုရင် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အတွက်တော့ တကယ့်ကိုစိုးရိမ်စရာပါဘဲ။ ဒါဟာအိမ်သော့ ပျောက်တာထက်တောင် ပိုအန္တရာယ် များပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ Avast Mobile Security သာ install လုပ်ထားလိုက်ပါ။ သင့်ကို အဲ့ဒီအန္တရာယ် တွေကနေ ကောင်းကောင်းကြီး အကာ အကွယ် ပေးပါလိမ့်မယ်" ဟု Gahura က မိမိကုမ္ပဏီထုတ် app ကို ကြွားရင်း ပြောလိုက်ပါတယ်။
Malware: ဒဏ္ဍာရီလေလား တကယ်လားကောင်းပါပြီ။ ဤသို့ဆိုလျှင် malware များ အမှန်တကယ် ရှိပါသလား။ သူတို့အတွက် ကျွန် တော်တို့ စိုးရိမ်သင့်ပါသလား။ AV Test ၏ အဆိုအရ ယခု ၂၀၁၅ ခုနှစ် တွင် Android malware များ၏ အရေအတွက်သည် တစ်သန်းကျော်ခန့်အထိ ရှိနေပြီ ဖြစ်သည်။ သို့သော် ကျွန်တော်တို့ သတိပြု ရမည့် အချက်တစ်ချက်မှာ Android သည် Windows ကဲ့သို့မဟုတ်ဘဲ အသုံးပြုသူ ကိုယ်တိုင် malware ပါသည့် app ကို install ပြုလုပ်မှသာ ကူးစက်နိုင်သည် ဆိုသည့် အချက်ပင် ဖြစ်သည်။ သို့သော် malware ဖန်တီးသူများသည် အမှုမဲ့အမှတ်မဲ့ install ပြုလုပ် မိစေဖို့ ကျွန်တော်တို့ကို လှည့်စားတတ် သည်ဆိုသည့် အချက်ကိုတော့ သတိပြုရပါမည်။
Andreas Max က "သင့်အနေနဲ့ app တွေကို Play Store တို့လို ယုံကြည်စိတ်ချရတဲ့ market တွေ ကသာ download ဆွဲပြီး အသုံးပြုမယ်၊ ဖုန်းနဲ့ အင်တာနက် အသုံးပြုတာ နည်းပါးမယ် ဆိုရင်တော့ သင့်ဖုန်းဟာ malware ရန်က လုံခြုံစိတ်ချရပါတယ်'' ဟု ပြောသည်။ malware အများစုသည် cracked app များနှင့် 3rd party market များမှ download ပြုလုပ်ထား သော app များမှသာ အများဆုံး ကူးစက်လေ့ရှိသည်ဟု ၎င်းက ဆက်ပြောပါသည်။ Malware ဖန်တီးသူများသည် malware များ ရေးသားဖန်တီးနေခြင်းမှ ဝင်ငွေ ရလေ့ရှိသည်ဖြစ်ရာ ၎င်းတို့သည် ကျွန်တော်တို့ဖုန်းများကို ကူးစက် စေနိုင်မည့် နည်းလမ်းများကို အမြဲရှာဖွေနေကြသည်။ ထို့ကြောင့်  cracked app များ၊ စိတ်မချရသော app များ install လုပ်ခါနီးတွင် နှစ်ကြိမ်စဉ်းစားပါဟု ၎င်းက အကြံပြုသည်။
 Lookout ကုမ္ပဏီမှ Senior Product Manager ဖြစ်သူ Derek Halliday ကမူ Android user များသည် လုံခြုံမှုမရှိဟု ခံယူထား သည်။ သူက ''ဘယ် OS မှ လုံးဝလုံခြုံစိတ်ချရတယ်ဆိုတာ မရှိပါ ဘူး။ အကာအကွယ်ကတော့ နေရာတိုင်းလိုတာပါပဲ။ Android ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ် အတွင်းမှာပဲ လူသုံးများလာပါ တယ်။
ဒါကြောင့်  ဟက်ကာတွေရဲ့ ပစ်မှတ် ဖြစ်လာတယ်ဆိုတာ မဆန်းပါဘူး။ ပြီးတော့ Android app တစ်ခု ရေးဖို့ဆိုရင် သာမန် PC တစ်လုံးရှိရုံနဲ့ အလုပ်ဖြစ်တယ်လေ။ ဒါဟာလည်း Android malware တွေ များပြားလာခြင်းရဲ့ အကြောင်းတစ်ချက်ပါပဲ'' ဟု အခိုင်အမာ ဆိုသည်။
Android malware တွေဟာ ဘယ်လိုမျိုးတွေလဲ
Android malware အများစုသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခိုးယူဖို့သာ အာရုံစိုက်ထားလေ့ ရှိပါသည်။  ဤ သည်မှာလည်း အလွန် အန္တရာယ်ကြီးသည့် ကိစ္စဖြစ်သည်။ အဆိုးဝါးဆုံးမှာ sms များ ခိုးပို့ခြင်းပင် ဖြစ်သည်။ ဤကိစ္စမှာ အန္တရာယ် အရှိဆုံး ကိစ္စဖြစ်သည်ဆိုတာကို မည်သူမျှ ငြင်း ပယ်နိုင်မည် မဟုတ်ပါ။ Android malware များသည် သွေးစုပ်ဖုတ်ကောင်နှင့် တူပါ သည်။ ကျွန်တော်တို့က ဝင်ခွင့်ပြုမှသာ ကျွန်တော်တို့ဖုန်းထဲ ဝင်လာ၍ ရပါသည်။ ၎င်းတို့သည် မိမိဘာသာ မကူးစက်တတ်ပါ။ ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် သတိထားတတ်မည် ဆိုပါက antivirus များ မလိုအပ်ပေ။ သို့သော် အထက်တွင် ဆိုခဲ့သည့်အတိုင်း malware ဖန်တီးသူများသည် ကျွန်တော်တို့ကို လှည့်စားရန် အသစ်သစ်သော နည်းလမ်းများကို အမြဲရှာဖွေ အသုံးပြု နေပေသည်။ ဥပမာအားဖြင့် တရားဝင် app များကို တုပထားသော malware app များပင် ပေါ်ပေါက်နေပြီ ဖြစ်သည်။ စတင် install လုပ်စဉ်က malware မပါဘဲ နောက်ပိုင်းမှ malware များ download ပြုလုပ်သော app များလည်း ရှိနေပါသည်။ Avast သည် Android malware တစ်သန်းခန့် ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်ဟု malware ခွဲခြမ်းစိတ်ဖြာရေး ပညာရှင် Filip Chytr က ဆိုသည်။ သို့သော် ဤအရေအတွက်သည် PC လောကမှ သန်းထောင်ပေါင်း များစွာသော malware အရေအတွက်ထက် နည်းနေသေးကြောင်းလည်း ၎င်းက ဝန်ခံသည်။" ဘာပဲပြောပြော စမတ်ဖုန်းတွေဟာ  cyber  crime ရဲ့ နယ်ပယ်သစ် တစ်ရပ်ဖြစ်လာနေပါတယ်။ အကြောင်း ကတော့ သုံးစွဲသူတွေဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဖြစ်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ email တွေ၊ sms တွေ၊ ဘဏ်အကောင့်တွေကို PC မှာထက် ပိုပြီး သိမ်းထားကြလို့ပါ ပဲ'' ဟု ၎င်းက ဆက်ပြောသည်။
အခြားသတိထားစရာ ရှိပါ သေးသလားဟု Chytry ကို မေးကြည့်သောအခါ ၎င်းက "ဟာ ရှိတာပေါ့။ အဲ့ဒါကတော့ open wifi network တွေကို အကာအကွယ် မရှိဘဲ အသုံးပြုတာပါပဲ" ဟု ပြန်ဖြေသည်။ "ကျွန်တော်တို့ စစ်တမ်းကောက်ကြည့်တော့ အမေရိကန်မှာ စမတ်ဖုန်းနဲ့ တက်ဘလက် အသုံးပြုသူတွေရဲ့ ၇၆ ရာခိုင်နှုန်းလောက်ဟာ public wifi network ကနေတစ်ဆင့် ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေ ဆုံးရှုံးနိုင် တဲ့ အန္တရာယ်ရှိနေတာကို သွား တွေ့ရပါတယ်'' ဟု ၄င်းက ဆက်လက် ထောက်ပြသည်။ ဟက်ကာများသည် open wifi များမှတစ်ဆင့် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ ဘဏ်အချက်အလက်များ ရယူနိုင်သည် ဟုလည်း ၎င်းက သတိပေးသည်။
အခြေအနေတွေက စိုးရိမ်စရာ ကောင်းနေပြီလား
Andreas Max က ယခုအခါ Android malware များသည် ယခင်ကထက် ပိုမိုကြီးမားသည့် နှုန်းဖြင့် ပွားများလာသည်ဟု ဆိုသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် malware အရေအတွက် ၈၅,၀၀၀ ခန့်သာ တွေ့ရှိခဲ့ရာမှ ယခု ၂၀၁၅ ခုနှစ်၌မူ နှစ်ပတ်အတွင်းမှာပင် ထိုပမာဏအထိ ရှာဖွေတွေ့ရှိခဲ့ရသည်ဟု ၎င်းက စာရင်းဇယားများကို ကိုးကားပြီး ပြောသည်။
၎င်းက ဆက်လက်၍ malware  app အများစုသည် အာရှတွင် တွေ့ရသည်ဟု ဆိုသည်။ Play Store မရှိသော တရုတ်နှင့်  ရုရှားတွင် ပိုအတွေ့ရများသည်ဟု လည်း ဆိုသည်။ ၎င်းက malware app များ၏ ၉၉ ရာခိုင်နှုန်းခန့်သည် Play Store မဟုတ်သော အခြား market များမှ ပျံ့နှံ့သည်ဖြစ် သောကြောင့် app များကို Play Store မှသာ download ဆွဲပြီးအသုံးပြု ရန် တိုက်တွန်းထားသည်။ ထို့ပြင် app များကို အမြဲ update ဖြစ် နေအောင် ပြုလုပ်ထားရန်လည်း အကြံပြုထားသည်။
Security App များ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ
Android security app အများစုသည် anti-theft ကဲ့သို့ သော အသုံးဝင်သည့် feature များကို ထည့်သွင်းပေးထားလေ့ ရှိရာ ၎င်းတို့ကို အသုံးပြုခြင်းသည် အကျိုး မယုတ်ပါ။ အချို့မှာ task killer, cache cleaner စသည့် feature များပင် ပါဝင်သောကြောင့် အလွန် အသုံးတည့်ပါသည်။ သို့သော် security app များ၏ အားနည်းချက်အချို့မှာ ကုန်ကျစရိတ် ရှိခြင်း (free security  app  များ ကို သုံးပါက ကုန်ကျစရိတ်မရှိပါ)၊ ပါဝါစားခြင်း၊ စစ်ဆေးရာတွင် တစ်ခါတစ်ရံ မှားယွင်းခြင်းတို့ ဖြစ်ပါသည်။
အဆုံးသတ်အနေဖြင့် စာဖတ်သူများကို အကြံပြုချင်သည်မှာ security app များကို သုံးချင်စိတ် ရှိပါက ရဲရဲသာသုံးရန်ဖြစ်သည်။ သို့မဟုတ် ၎င်းတို့ကို အသုံးမပြု လိုပါကလည်း app များ download ဆွဲရာတွင်၊ link များကို နှိပ်ရာတွင်၊ wifi network များ ချိတ်ဆက်ရာ တွင် သတိပြုမည်ဆိုပါက androidmalware နှင့် ပတ်သက်၍ တစ်စုံ တစ်ရာ စိုးရိမ်စရာ မလိုပေ။
ref:internet journal

♪ အာကာသမြင်ကွင်း 3D စတိုင်တွေနဲ့ - Spaceship Hola 3D Theme v1.0.1 Apk ♫

Posted: 27 Jul 2015 09:52 PM PDT

Cover art

Theme အလန်းစားလေးတွေမတင်ပေးရတာကြာလို့ အခုတစ်ခါမှာတော့ Spaceship Hola 3D Theme v1.0.1 ဆိုတဲ့ Theme လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ 3D စတိုင်တွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့စတိုင်ကတော့ အာကာသမှအစိုင်အခဲတွေရဲ့ပုံစံကို 3D အနေနဲ့ဖန်တီးထားတာဖြစ်ပါတယ်ဗျာ။ ဒီဇိုင်း ကတော့အတော်လေးကိုလန်းတာကြောင့် စမ်းပြီးသုံးကြည့်လိုက်ပါဦး။ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


Spaceship Hola 3D Theme - screenshot     Spaceship Hola 3D Theme - screenshot

Spaceship Hola 3D Theme - screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

0 comments:

Post a Comment