မောင်ပေါက် ( Maung Pauk ) |
- Windows 10 တွင်ပါဝင်လာမည့် အကောင်းဆုံး feature သစ်များ
- Android ဖုန်းများအတွက် Offline English Dictionary
- Offline Dictionary နှင့် Grammar, Idioms များကိုလေ့လာနိုင်သည့် apk နော် အရမ်းမိုက်
- ဖုန်းမှာလေးနေတာတွေရှင်းပြီး မြန်ဆန်စေတဲ့ - Cleaner – Speed Booster Pro v2.0.2 Apk
- Cartoon ပုံစံလေးဖြစ်အောင်ရိုက်ပေးနိုင်တဲ့ - Cartoon Camera HD
- Launcher ဒီဇိုင်း အလန်းလေး- Technology GO Launcher Theme
- LG G4 ဒီဇိုင်းလေးနဲ့ ဖုန်းမှာလန်းနိုင်မယ့် - Ink G4 Live Wallpaper
- Live Wallpaper အလန်းစားလေး - Glitter Live Wallpaper
- သတင်းအချက်အလက် နည်းပညာတက္ကသိုလ် Open Campus ပြုလုပ်မည်
- MPT ဖြင့် Line Application ကို နှစ်လ အခမဲ့အသုံးပြုနိုင်
- ၅.၇ လက်မ Moto X Sytle စမတ်ဖုန်းကို Motorola မိတ်ဆက်
- Samsung Galaxy Note 5 တွင် Exynos CPU နှင့် 4GB RAM ပါဝင်လာဖွယ်ရှိ
- ♪ Google Play Sotre ထည့်မရသူများအတွက် - Google Play Services v7.8.95 Apk (All Devices Version) (28-July) ♫
- SERVICE သမား တစ်ယောက်အနေနဲ့ ANDRIOD နှင့်ပတ်သက်၍ သင်ဒါတွေ သိပြီး ပီလာ???
- ANDROID ZAPYA အကြောင်းတစ်စေ့တစ်စောင်း
- ♪ နင်ဂျာဖိုက်တင်ဂိမ်း - G.I. Joe: Strike v1.0.6 [Mod] Apk ♫
- ♪ ရွှေအိုရောင်နဲ့အနက်ရောင်ရောထားတဲ့ Theme - Black Gold CM 12 v1.01 Apk ♫
- HTC က Desire 820G+ Dual-SIM ကို အိန္ဒိယတွင် ရောင်းချ
- အိုင်စီတီစီးတီရှိ မြေနေရာများကို ကြိုတင်စနစ်ဖြင့် ရောင်းချရန်စီစဉ်
- အခြေခံပညာအထက်တန်းပြီးသူများ မကာအို အစိုးရ တက္ကသိုလ်များသို့ လျှောက်ထားနိုင်
- Xbox One ဂိမ်းစက်ကို mouse ဖြင့် တွဲဖက်အသုံးပြု နိုင်တော့မည်
- Fotor HDR
- ♪ ရဲလေးရဲ့ Once More(နောက်တစ်ခေါက်) alblum ♫
| Windows 10 တွင်ပါဝင်လာမည့် အကောင်းဆုံး feature သစ်များ Posted: 29 Jul 2015 10:39 AM PDT ဇူလိုင်လ ၂၉ ရက်တွင် ထွက်ရှိလာမည့် Windows 10 တွင် Microsoft သည် ပြောင်းလဲမှုများစွာ ပြုလုပ်ထားသည်။ Windows သည် Microsoft အတွက် အရေးပါသောအပြောင်းအလဲတစ်ရပ် ဖြစ်ပြီး ယခင် desktop နှင့်မိုဘိုင်း အတွေ့အကြုံများ ပေါင်းစည်းထားသော Windows 8.1 ကို အတိတ်တွင် ထားခဲ့နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ အောက်ဖော်ပြပါ အချက်များမှာ Windows 10 တွင် အကြီးအကျယ်ပြောင်းလဲမှု ပြုလုပ်ထားသည့် အချက်များ ဖြစ်သည်။ Cortana Microsoft ၏ တစ်ကိုယ်ရေ digital assistant ဖြစ်သော Cortana သည် Windows ဖုန်းများတွင်စတင် ပါဝင်လာသည်။ Windows 10 တွင် တိုးချဲ့ထားသော feature များနှင့်အတူ PC အတွက် Cortana ကို ထောက်ပံ့ပေးထားသည်။ Cortana သည် Siri နှင့် Google Now ကဲ့သို့ ထုတ်ကုန်များတွင် ညွှန်ကြားမှုကို ဖြေကြားခြင်းနှင့် တာဝန်များကို လုပ်ဆောင်နိုင်သည်။ ထို့အပြင် Cortana သည် ရှာဖွေမှုများပြုလုပ်သည့် လုပ်ဆောင်ချက်နှင့် အနီးစပ်ဆုံး ရှာဖွေမှုများ ပြုလုပ်နိုင်ပြီး ကုမ္ပဏီမှ ထောက်ပံ့ထားသော ဘာသာစကားဖြင့် ဖြေကြားပေးကာ ဖိုင်များကို ရှာဖွေပေးခြင်း သို့မဟုတ် မှာကြားချက်ကို ဖတ်ပြခြင်းတို့ ပြုလုပ်ပေးနိုင်သည်။ သုံးစွဲသူက အီးမေးလ် သို့မဟုတ် နှုတ်ဖြင့် ရာသီဥတုအခြေအနေမေးမြန်းသည့်အခါ ရာသီဥတု အစီရင်ခံစာကို ပြသပေးမည် ဖြစ်သည်။ Task Switcher and New, Universal Apps Apple ၏ OSX တွင် virtual desktop များ အသုံးပြုသကဲ့သို့ပင် Windows 10 ၌ desktop များစွာဖန်တီးပြီး app များရွေ့ပြောင်း အသုံးပြုနိုင်သည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် app နှင့် ပရိုဂရမ်များစွာကို ဖွင့်ရန် virtual desktop များကို အသုံးပြုနိုင်ပြီ ဖြစ်သည်။ Windows app များကို PC, tablet အပြင် ဖုန်းနှင့် Xbox One ထုတ်ကုန်အမျိုးမျိုးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ သုံးစွဲသူများတွင် Windows အမှတ်တံဆိပ် ထုတ်ကုန်များရှိပါက hardware များအားလုံးတွင် အဓိက app တစ်ခုကို အသုံးပြုထားနိုင်မည် ဖြစ်သည်။ Continuum Windows 10 တွင် အသုံးပြုသည့် ထုတ်ကုန်ပေါ်မူတည်၍ app များကို အလိုအလျောက် ချိန်ညှိပေးနိုင်သည်။ သုံးစွဲသူများက two-in-one hybrid ကွန်ပျူတာ အသုံးပြုရာတွင် Desktop mode အတွင်း Microsoft Word အသုံးပြုနေစဉ် Tablet mode သို့ ချက်ချင်းပြောင်းလဲလိုက်လျှင် ၎င်း app သည် မျက်နှာပြင်ပြည့် ချိန်ညှိပေးကာ touch ဖြင့်အသုံးပြုနိုင်ရန် ခလုတ်များကိုလည်း ပြောင်းလဲပေးသွားမည် ဖြစ်သည်။ Windows 10 ကို ဖုန်း၊ ကွန်ပျူတာနှင့် tablet များတွင် အဓိက operating system တစ်ခုတည်းအဖြစ် အသုံးပြုနိုင်သည်။ Continuum ၏ အကူအညီဖြင့် desktop ကဲ့သို့ Windows 10 ဖုန်း ကို ကီးဘုတ်၊ mouse နှင့် display နှင့်ချိတ်ဆက်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုသို့အသုံးပြုရန် ထုတ်ကုန် ကန့်သတ်ချက်များ ရှိနေသော်လည်း Word သို့မဟုတ် Outlook ကဲ့သို့ Windows app များကို အပြည့်အဝ အသုံးပြုနိုင်မည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ဖုန်းကို desktop ကဲ့သို့ အသုံးပြုစဉ် text message များဝင်လာသည့်အခါ windows desktop app များမှတစ်ဆင့် ဖုန်းပေါ်တွင် clipboard သို့ ကူးယူနိုင်မည် ဖြစ်သည်။ Microsoft Edge Edge သည်နှစ်သက်ရာ content အကြောင်းအရာကို အပြန်အလှန်ဖလှယ်နိုင်သည့် နည်းလမ်းများနှင့် အကြောင်းအရာ များကို ဖတ်ရှုနိုင်ရန် အကြီးအကျယ်ပြုလုပ်ထားသည်။ ၎င်း browser ကိုရိုးရှင်းသော ဒီဇိုင်းဖြင့် ဖန်တီးထားသည်။ Microsoft အနေဖြင့် browser အတွင်း Cortana ကိုထည့်သွင်းထားပြီး စကားလုံးအနက်များ ရှာဖွေခြင်း၊ မြေပုံတွင် နီးစပ်ရာ အိမ်လိပ်စာရှာဖွေခြင်း သို့မဟုတ် ကျော်ကြားသူများ၏ ယေဘုယျအချက်အလက်များကို ရှာဖွေခြင်းတို့ ပြုလုပ်နိုင်သည်။ စာသားကို highlight ပြုလုပ်ကာ right click ဖြင့်ထောက်၍ အချက်အလက် များကို "Ask Cortana" ကိုရွေးချယ်ကာ copy နှင့် paste ပြုလုပ်၍ လွယ်ကူစွာ ရှာဖွေနိုင်သည်။ ကျွမ်းကျင်အဆင့်ရှိ ကွန်ပျူတာသုံးစွဲသူများသည် ဝက်ဘ်တွင် စီမံခန့်ခွဲမှုများ အဆင့်မြှင့်တင် ပြုလုပ်နိုင်ရန် ဝက်ဘ် extension များအသုံးပြုကြသည်။ သို့ရာတွင် Edge သည် ၎င်း extension တစ်ချို့ကို ဖယ်ရှားရန် Annotations နှင့် Reading Lists feature များထည့်သွင်းပေးထားသည်။ Annotation သည်ဝက်ဘ်စာမျက်နှာ ၏ screenshot ကိုမှတ်သားပေးပြီး အခြား Windows 10 သုံးစွဲသူများကို ဝေမျှရန် စာသားများ highlight ပြုလုပ်ခြင်း၊ ပုံဆွဲခြင်း သို့မဟုတ် ရေးသားထားသော မှတ်စုများကို ပေးပို့နိုင်သည်။ Evernote သို့မဟုတ် Pocket တို့ကဲ့သို့ ဆောင်းပါးများကို အချိန်အတန်ကြာမှ ပြန်လည်ဖတ်ရှုရန် Reading List feature ကိုလည်း အသုံးပြုနိုင်သည်။ Edge ၏အကြီးမားဆုံး feature များမှာ Reading View ဖြစ်ပြီး ကြော်ငြာများ သို့မဟုတ် ဗွီဒီယိုများကဲ့သို့ ဝက်ဘ်စာမျက်နှာတွင် ပိတ်ပင်ထားသည့် အရာများကို ဖယ်ရှားပေးနိုင်သည်။ Gaming Windows 10 သည် Xbox One အပါအဝင် Microsoft ထုတ်ကုန်များအားလုံးသို့ ထောက်ပံ့မှုပေးထားသည်။ ဂိမ်မာအများစုအနေဖြင့် အသုံးပြုမည့် feature သစ်များသည် OS သစ်တွင် ပါဝင်လာသည်။ ထုတ်ကုန်များကို Windows 10 အထိအဆင့်မြှင့်တင်ပြီးလျှင် Windows 10 ကွန်ပျူတာ သို့မဟုတ် tablet များသို့ Xbox One ဂိမ်းများ ပြန်လည်ထုတ်လွှင့်၍ ကစားနိုင်သည်။ Windows 10 အသုံးပြုထားသော Xbox နှင့် ကွန်ပျူတာများသည် platform တစ်ခုစီမှနေ၍ ဂိမ်းတစ်ခု တည်းကို ကစားနိုင်မည် ဖြစ်သည်။ ၎င်း feature သည် မည်သည့်ဂိမ်းကိုမဆို ထောက်ပံ့ပေးထားခြင်း မရှိသော်လည်း Montiga ကဲ့သို့ developer များမှ ထုတ်လုပ်သော Gigantic ဂိမ်းနှင့် ပူးပေါင်းမှုပြုလုပ်ထားသည်။ ထို့အပြင် Microsoft သည် Xbox app သစ်တွင် မိတ်ဆွေစာရင်းကို စီမံခန့်ခွဲခြင်း၊ ဂိမ်းနှင့်သက်ဆိုင်သည့် အချက်အလက်ခြေရာခံခြင်း သို့မဟုတ် ကွန်ပျူတာမှ ဂိမ်းဗွီဒီယိုများ ကြည့်ရှုခြင်းတို့ ထည့်သွင်း ထောက်ပံ့ထားသည်။ Start Menu Windows 10 ၏ feature များအနက် အကောင်းဆုံးတစ်ခုမှာ ယခင်က ထွက်ရှိခဲ့ဖူးသော OS အများစုတွင် ပါဝင်ခဲ့သည့် Start Menu ပါဝင်လာခြင်း ဖြစ်သည်။ Microsoft သည် Windows 10 တွင်ပြင်ဆင်မှု အနည်းငယ်ပြုလုပ်ထားသော Start Menu ကိုပြန်လည် ထည့်သွင်းခဲ့သည်။ Microsoft သည် Start Menu ကို Windows 8 လုပ်ဆောင်ချက်များနှင့်အတူ Windows 7 မှ ရိုးရှင်းသော Start Menu ကိုပေါင်းစပ်၍ ဒီဇိုင်းသစ်ဖြင့် ဖန်တီးထားသည်။ Start Menu တွင် Windows 8 ၏ Live Tiles များ ဆက်လက် ပါဝင်လာသော်လည်း ၎င်းတို့သည် ပိုမိုသေးငယ်ကာ ကဏ္ဍတစ်ခုအဖြစ် ပါဝင်လာသည်။ ၎င်း၏ ဘယ်ဘက်ခြမ်းတွင် အသုံးအများဆုံး app နှင့် Setting ကဲ့သို့အရာအပြင် File Explorer ကိုပြပေးမည် ဖြစ်သည်။ အဆိုပါ Start Menu ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး အရွယ်အစားကို ပြောင်းလဲနိုင်ကာ နှစ်သက်သော app များကို pin ပြုလုပ်ထားခြင်းနှင့် desktop wallpaper အလိုက်အရောင်များလည်း ပြောင်းလဲနိုင်သည်။ |
| Android ဖုန်းများအတွက် Offline English Dictionary Posted: 29 Jul 2015 08:12 AM PDT ![]() English Dictionary တွေထဲမှာ Offline အသံထွက်နားထောင်လို့ရတာ ရှားပါတယ်...အကုန်လုံးနီးပါးက ကော်နချိန်..ရှိမှရတတ်ပါမယ်..ဒါပေမဲ့ ဒီ Offline Dictionary ကတော့ ကော်နချိန်မရှိလဲ အသံထွက်ကို နားထောင်လို့ရပါတယ်...အဓိပ္ပါယ်ဖွင့်ရှိချက်တွေကလည်း...ကောင်းပါတယ်..Android ဖုန်းသုံးသူတွေ အရမ်းထည့်ထားသင့်တဲ့ Dictionary တစ်ခု memory ကလည်း 9mb လောက်ပဲဆိုတော့ ဒေါင်းလုပ်ဆွဲသူတွေအတွက်..မခက်ခဲဘူးပေါ့ဗျာ..စမ်းထားပြီးသားပါ...အားလုံးအကုန် အလုပ်လုပ်ပါတယ်... ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်... |
| Offline Dictionary နှင့် Grammar, Idioms များကိုလေ့လာနိုင်သည့် apk နော် အရမ်းမိုက် Posted: 29 Jul 2015 08:11 AM PDT အရင်တစ်ခါတင်ပေးလိုက်တဲ့ Offline mode Dictionary ကတော့ အဘိဓာန်သက်သက်ပဲလေ...သဒ္ဒါတွေ Idioms တွေ phrase တွေကိုရှင်းပြတဲ့ ကဏ္ဍမပါဝင်ဘူး..အခုတင်ပေးလိုက်တဲ့ English Dictionary-Offline ကတော့ Grammar, Phrase နှင့် Idioms တွေကိုတစ်ထိုင်တည်းမှာ သင်လို့ရတော့ အရမ်းမိုက်တာပေါ့....အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် အရမ်းအဖိုးတန်မယ်ဆိုတာ..လုံးဝသေချာပါတယ်.. English Tense တွေကိုရှင်းပြချက်.. Idioms တွေကိုရှင်းပြချက်. ပြီးတော့..သဒ္ဒါဆိုင်ရာ ရှင်းပြချက်တွေ အပြည့်ပါတဲ့ ဒီ apps လေးကိုဒေါင်းယူထားလိုက်ပါ.. ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်... |
| ဖုန်းမှာလေးနေတာတွေရှင်းပြီး မြန်ဆန်စေတဲ့ - Cleaner – Speed Booster Pro v2.0.2 Apk Posted: 29 Jul 2015 07:49 AM PDT |
| Cartoon ပုံစံလေးဖြစ်အောင်ရိုက်ပေးနိုင်တဲ့ - Cartoon Camera HD Posted: 29 Jul 2015 07:41 AM PDT |
| Launcher ဒီဇိုင်း အလန်းလေး- Technology GO Launcher Theme Posted: 29 Jul 2015 07:33 AM PDT |
| LG G4 ဒီဇိုင်းလေးနဲ့ ဖုန်းမှာလန်းနိုင်မယ့် - Ink G4 Live Wallpaper Posted: 29 Jul 2015 07:26 AM PDT LG G4 ဒီဇိုင်းလေးနဲ့ ဖုန်းမှာလန်းနိုင်မယ့် - Ink G4 Live Wallpaper လေးပါ ဘော်ဒါတွေအကြိုက် တွေ့မယ်ထင်လို့တင်ပေးလိုက်ပါတယ် အကြိုက်တူပါစေ (ပုသိမ်နည်းပညာ) Ink G4 Live Wallpaper, beautiful ink splatter background with floating particles. Inspired by new LG G4 lock screen background. www.patheinit.com Payephyokyaw(ပုသိမ်အိုင်တီ) ပုသိမ်နည်းပညာ |
| Live Wallpaper အလန်းစားလေး - Glitter Live Wallpaper Posted: 29 Jul 2015 07:16 AM PDT |
| သတင်းအချက်အလက် နည်းပညာတက္ကသိုလ် Open Campus ပြုလုပ်မည် Posted: 29 Jul 2015 07:03 AM PDT ဗဟန်းမြို့နယ်ရှိ အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ် တစ်ခုအဖြစ် ဖွင့်လှစ်ထားသော သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (University of Information Technology - UIT) တွင် Open Campus အား သြဂုတ်လ ၁၀ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ Open Campus တွင် ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသည့် Project များ၊ Mobile Apps များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ကျောင်းသား၊ ကျောင်းသူများ အား လေ့ကျင့်သင်ကြားပေးနေမှုပုံစံနှင့် ကျောင်းသား၊ ကျောင်းသူများ သင်ယူလေ့လာနေပုံများကို ဝင်ရောက် လေ့လာနိုင်မည်ဖြစ်သည်။ Open Campus ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့ စိတ်ပါဝင်စားသည့် အထူးပြုဘာသာရပ်၊ အသက်မွေးဝမ်းကျောင်း ဘာသာရပ်များ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး အထောက်အကူ ဖြစ်စေရန်နှင့် အများပြည်သူများမှ တက္ကသိုလ်၏ လုပ်ဆောင်နေမှုများကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ တက်ရောက်လိုသူများအနေဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်(University of Information Technology - UIT) အမှတ်(၁၄-၂၀)၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း- ဝ၁-၅၃၇၃၉၃ ၊ ဝ၁-၅၃၄၃၁၅ သို့ ဆက်သွယ်စုံစမ်း တက်ရောက်နိုင်မည်ဖြစ်သည်။ Credit==> internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| MPT ဖြင့် Line Application ကို နှစ်လ အခမဲ့အသုံးပြုနိုင် Posted: 29 Jul 2015 07:02 AM PDT မန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ မိုဘိုင်းဖုန်း အသုံးပြုသူများသည် ယနေ့မှစတင်၍ စက်တင်ဘာ ၃၀ ရက်အထိ Line Application ကို အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။ Line Application ကို အခမဲ့အသုံးပြုရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းအားလုံး အသုံးပြုနိုင်မည်မဟုတ်ဘဲ SWE ဝန်ဆောင်မှုကို ရယူထားသူများသာ အသုံးပြုနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားထားသည်။ ပရိုမိုရှင်းအနေဖြင့် MPT နှင့် Line Application တို့ ပူးပေါင်းဆောင်ရွက်သော အဆိုပါ အခမဲ့ဝန်ဆောင်မှုကို အသုံးပြုရာတွင် ကန့်သတ်ချက်အနေဖြင့် တစ်လလျှင် 50MB ရရှိမည်ဖြစ်ပြီး အဆိုပါပမာဏထက် ကျော်လွန်အသုံးပြုမည်ဆိုပါက ပုံမှန်အင်တာနက် အသုံးပြုခအတိုင်း ပေးဆောင်ရမည်ဟု သိရသည်။ "တစ်လ 50MB ဆိုတာ လုံလောက်တဲ့ပမာဏလို့ မြင်မိပါတယ်။ နောက်လတွေမှာဆိုရင် Line ကနေပြီးတော့ MPT အတွက် သီးသန့် စတစ်ကာတွေ ထွက်လာပါဦးမယ်" ဟု KDDI မှ ဈေးကွက်ဒါရိုက်တာဖြစ်သူ Mr. Takashi Shigeno က ပြောသည်။ Line Application ကို MPT ၌ နှစ်လအကြာ အခမဲ့အသုံးပြုရာတွင် Chatting ပြုလုပ်ခြင်း၊ စတစ်ကာပေးပို့ခြင်း၊ ဓာက်ပုံမျှဝေခြင်း၊ Update တင်ဆက်ခြင်း၊ အသံနှင့် Video Call များ ပြောဆိုခြင်း စသည်တို့ ပြုလုပ်နိုင်မည်ဟု သိရသည်။ Line သည် လက်ရှိအချိန် ၌ MPT နှင့်အတူ Cony နှင့် Brown ဟူသော စတစ်ကာနှစ်ခုကို မိတ်ဆက်ခဲ့ပြီး Line ပေါ်၌ သီးခြား သတင်းတင်ဆက်ပေးမည့် MPT စာမျက်နှာအသစ်ကိုလည်း မိတ်ဆက်ခဲ့သည်။ နိုင်ငံပေါင်း ၆၉ နိုင်ငံ၌ လက်ခံအသုံးပြုနေသည့် Line Application သည် မြန်မာနိုင်ငံ၌ စမတ်ဖုန်း အသုံးပြုမှု တိုးတက်လာသည့်နောက်ပိုင်း အသုံးပြုသူ အရေအတွက် ၃၀၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။ Line Application ကို ၂၀၁၅ ခုနှစ် အစောပိုင်း၌ မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်၌ အသုံးပြုသူ အရေအတွက် ၂၀၅ သန်းခန့်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံအတွင်း Line အသုံးပြုသူ အရေအတွက်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့သည့် မြန်မာနိုင်ငံနှင့် ကိုက်ညီသော ချဲ့ထွင်မှုများကို Line အနေဖြင့် ပြုလုပ်ဆောင်ရွက်သွားလိုကြောင်း Line Myanmar ၏ အထွေထွေမန်နေဂျာဖြစ်သူက ပြောသည်။ Credit==>internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ၅.၇ လက်မ Moto X Sytle စမတ်ဖုန်းကို Motorola မိတ်ဆက် Posted: 29 Jul 2015 07:02 AM PDT Motorola သည် ကုမ္ပဏီ၏ နောက်ဆုံးပေး Android ဖုန်းဖြစ်သော တတိယမျိုးဆက် Moto X Style ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ စမတ်ဖုန်းသစ်သည် ယခင် Moto X ဗားရှင်းများကဲ့သို့ပင် ဖုန်းကို အရောင်နှင့် အစိတ်အပိုင်းများကာ စိတ်ကြိုက်ရွေးချယ်တပ်ဆင်ပြီး ဝယ်ယူနိုင်မည် ဖြစ်သည်။ ၎င်းတွင် ၅.၇ လက်မ Quad HD display ကို အသုံးပြုထားပြီး ကျောဘက်တွင် 21MP ကင်မရာနှင့် အရှေ့ဘက်တွင် 5MP ကင်မရာတို့ကို ထောက်ပံ့ထားသည်။ ယခင်နှစ် အမျိုးအစားနှင့် မတူသည်မှာ မှန်ဘီလူးအောက်တွင် စက်ဝိုင်းပုံစံ flash ကို အသုံးပြုထားခြင်း ဖြစ်သည်။ Moto X Style ကို 1.8GHz hexa-core Snapdragon processor, 3GB RAM တို့ဖြင့် အသုံးပြုနိုင်သည်။ သိုလှောင်မှု အနေဖြင့် 16GB, 32GB, 64GB တို့ဖြင့် ရရှိနိုင်ပြီး microSD slot မှတစ်ဆင့် 128GB အထိ အသုံးပြုနိုင်သည်။ Android Lollipop 5.1.1 ကို အသုံးပြုထားပြီး bloatware နှင့် skin များ မပါဝင်ကြောင်း Motorola မှ ပြောကြားခဲ့သည်။ ဘက်ထရီမှ 3,000mAh ဖြစ်ပြီး ၁၅ မိနစ်အားသွင်းရုံဖြင့် ၁၀ နာရီအထိ အသုံးပြုနိုင်ကြောင်း သိရသည်။ Moto X Style ကို စက်တင်ဘာလတွင် အမေရိကန်၌ ၃၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ ၎င်းကို Motorola.com, Amazon နှင့် Best Buy တို့မှ ဝယ်ယူနိုင်သည်။ Motorola သည် Moto X Style နှင့်အတူ Moto G နှင့် Moto X Play တို့ကိုလည်း မိတ်ဆက်ပေးခဲ့သည်။ Ref: TheNextWeb Credit==>internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Samsung Galaxy Note 5 တွင် Exynos CPU နှင့် 4GB RAM ပါဝင်လာဖွယ်ရှိ Posted: 29 Jul 2015 07:01 AM PDT အသစ်ထွက်မည့် Samsung Galaxy Note 5 တွင် Samsung Exynos 7422 processor ပါဝင်လာဖွယ်ရှိကြောင်း GSM Arena မှ ဖော်ပြချက်အရ သိရသည်။ ၎င်းသည် Galaxy S6 နှင့် Galaxy S6 Edge တွင် အသုံးပြုထားသော Exynos CPU ထက် ပိုမိုကောင်းမွန်ဖွယ်ရှိပြီး integrated GPU နှင့် modem တစ်ခု ပါဝင်ဖွယ်ရှိကြောင်း ဆိုသည်။ အခြား အချက်အလက်များ အနေဖြင့် internal storage 32GB နှင့် 4GB RAM ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။ သို့ရာတွင် microSD card ပါဝင်ခြင်း ရှိ၊ မရှိကိုမူ မသိရသေးပေ။ ကောလာဟလ သတင်းများအရ display မှာ ၅.၇ လက်မ 2560 x 1440 pixel ဖြစ်ကြောင်း သိရသည်။ Samsung သည် သြဂုတ်လ ၁၃ ရက်တွင် ကျင်းပမည့် ပွဲတစ်ခု၌ Galaxy Note 5 ကို Galaxy S6 Edge+ နှင့်အတူ ပွဲထုတ် မိတ်ဆက်သွားဖွယ်ရှိသည်။ *** သတင်းဖော်ပြပါပုံမှာ Samsung Galaxy Note 4 ပုံ ဖြစ်သည် *** Ref: CNET Credit==> internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 29 Jul 2015 04:00 AM PDT အခုတင်ပေးလိုက်တာကတော့ Android Phone တွေမှာ Play Store ထည့်မရသူများနဲ့ Play Store Version အသစ်ထည့်သွင်းချင်သူများအတွက် Google Play Services v7.8.95 နောက်ဆုံးထွက် Version အသစ်လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ 28-July မှာအသစ်ထွက်လာတာဖြစ်ပါတယ်ဗျာ။ မိမိမှာရှိပြီးသား Application & Game တွေကို Update ပြုလုပ် နိုင်ပြီး လိုချင်သော Application အသစ်များစွာကိုလည်း ရှာဖွေဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။ လိုအပ်သူ များအောက်မှာဒေါင်းလုပ်ဆွဲယူနိုင်ပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ် ပါတယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| SERVICE သမား တစ်ယောက်အနေနဲ့ ANDRIOD နှင့်ပတ်သက်၍ သင်ဒါတွေ သိပြီး ပီလာ??? Posted: 29 Jul 2015 03:57 AM PDT ![]() Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel,ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူးအဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထားရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android ကမည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ Systemတစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်၊Bootloader ဆိုတာဘာလဲBootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Codeအစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကိုစတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က InternalMemory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာတည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Pointပါပဲ၊Bootloader ဘယ်လိုအလုပ်လုပ်တာလဲPower စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ BootStrap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်၊ Bootloaderအလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.cဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး LinuxKernel image ကို Memory ကနေ ၀င်တင်မယ်၊Botloader ရွေးချယ်မှူBootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံးစတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက်ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Androidဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကိုသူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကိုLocked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် CustomROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊Kernel ဆိုတာဘာလဲKernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲIOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High LevelOperation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊ ခု ပြောမှာကAndroid အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် LinuxOperation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ AndroidKernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versionsအသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေအလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက်သုံးတဲ့ drivers တွေက Ice Cream Sandwichkernel အတွက် အလုပ်လုပ်မှာမဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hardwareကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲတကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Softwareတို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကိုညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းကလုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screenအလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကိုချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့စသဖြင့် အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardwareကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာKernal က တဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ်မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ်ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernelကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardwareကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုကSoftware က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ်Hardware ကိုပြန်ပေးပါတယ်၊အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကိုခိုင်းစေရမှာဖြစ်ပါတယ်၊ Kernel က ကြားခံ ပေးထားတဲ့အတွက် ApplicationDevelopers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကိုResquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာDevelop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Developလုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Developလုပ်ပေးစရာလို့ပါတယ်၊CWM ဆိုတာဘာလဲCWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်းနဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recoverလုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့်Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root accessရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROMထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android အခြေခံ အဆင့် ကိုနားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲတွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်းmemory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေBoot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင်ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ်zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလိုအချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recoveryလိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Updateလုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင်အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကိုဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cacheများဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာစိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သောအလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ AndroidROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Androiddevices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်၊Firmware နဲ့ ပက်သက်သမျှFirmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Softwareprogram ကိုဆိုလိုပါတယ်၊ Window computerတွေမှာသုံးတဲ့ window7 installလုပ်သ လိုပါပဲ၊ ဖုန်းအတွက် Firmware Install လုပ်တယ်ဆိုရင်တော့Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို AndroidVersion တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့Firmware နဲ့ installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memoryကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့သဘောပေါ့၊ ဒါဆိုရင် ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Updateလုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ တော့ ROM ထဲမှာ Firmwareရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာFirmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊အကြောင်းကတော့ သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ ReadOnly Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROMထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal flashmeonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊ဒါ့ကြောင့် firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊Flashing ဆိုတာဘာလဲFlashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmwareထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Dataတွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMsအစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited၀င်ဆောင်မှူကို ရရှိနိုင်ပါတယ်၊Rooting ဆိုတာဘာလဲAndroid System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကိုလိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ Root accessလုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Accessရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကိုစိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူးကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (HyperText Transfer Protocol) DHCP (Dynamic Host Configuration Protocol)(သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲအသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲကရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrarycommands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သောအချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Rootလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Softwarerestrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေပါလာရတဲ့အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့ သူတို့ပစ္စည်းကိုအသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Androidဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလိုအကာ အစီးကို ကျော်ဖြတ်ပီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root accessရဖို့ကြိုးစားကြပါတယ်၊Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေကကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက်မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကိုကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလိုပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲStock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM ကဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ SoftwareRestriction တွေထည့်သွင်းထားတဲ့ အတွက် စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS Versionတစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Deviceတစ်ခုလုံးကို အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊System Applications တွေပါမယ်၊Services တွေပါမယ်၊ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROMဖြစ်ခြင်းနဲ့ Software Restriction တွေမပါခြင်းပါပဲ၊ ဒီတော့ Customဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက်Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက်ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊ အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက်ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလိုစိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊ADB ဆိုတာဘာလဲADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲသူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့တံတားတစ်စင်းပါ၊ Android Phone က Linux Kernel ကို အခြေခံထားပါတယ်၊ ဒီတော့computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Clientကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကိုအလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADBရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊Baseband ဆိုတာဘာလဲBaseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်းVersion နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODINတို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာတတ်နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့)Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functionsတွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပြသနာမျိုး Android Device မှာတွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကိုပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှူကိုလဲရှော့ချပေးနိုင်ပါတယ်၊ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsetsတွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့ကုမ္မဏီတွေက Develop လုပ်ကြပါတယ်၊။။ ![]() |
| ANDROID ZAPYA အကြောင်းတစ်စေ့တစ်စောင်း Posted: 29 Jul 2015 03:52 AM PDT Zapya ဟာလူသုံးများတဲ့ဆော့ဝဲလ်တစ်ခုပါ.. ဒါပေမယ့်သူ့ မှာပါတဲ့ Feature ကိုသာမန် ဂိမ်း n ဆော့ဝဲလ်လောက်သာပို့ရင်မသိပါဘူး.. အခု Version n Feature တွေပြောပြပါမယ်.. V 1.5 မှာစတင်အသုံးများလာတယ် V 1.6.2 က Tablet ရောအဆင်ပြေတဲ့ Version အဖြစ်သုံးများလာတယ် V 1.8 မှာ Tablet နဲ့မကိုက်တဲ့ Error လေးတွေရှိလာတယ် V 2.0 မှာ ဆိုဒ် 2MB နဲ့ ဒီဇိုင်းလုံးဝပြောင်းသွားတယ် Tablet တွေနဲ့လဲပြန်အဆင်ပြေလာတယ် V 2.5 မှာ Zapya v2.5 နဲ့အထက် ရှိတဲ့ဖုန်းတိုင်းနဲ့ ဒေတာပို့ရင်း Message Chat နိုင်တယ် V 2.6.x မှာ Shop Around Feature ပါလာတယ် ဒီ Feature က Version 2.6 နဲ့အထက်ရှိရင်သုံးနိုင်ပါတယ် ပုံမှာပြထားပါတယ် ကိုယ်နဲ့ချိတ်ဆက်ထားတဲ့သူပုံနှိပ်ရင် Menu မှာတွေ့ရပါလိမ့်မယ် အဲ့ Feature က ကိုယ်နဲ့ချိတ်ထားတဲ့သူမှာရှိတဲ့ App n Game တွေကို သူ့ဖုန်းကြည့်စရာမလိုပဲ ကိုယ်ကြိုက်တာ Take နှိပ်ပြီးလှမ်းယူနိုင်ပါတယ် အပေါ်ဆုံးမှာကတော့ ကိုယ့်ဖုန်းမှာရှိတဲ့ App n Game ထက် Version မြှင့်တာလေးတွေစီပြပေးထားပါတယ် Zapya သုံးရင်နောက်တစ်ချက်က Memory မလောက်ကြတဲ့ပြဿနာ ဒါကြောင့် Zapya ပို့တဲ့ဖိုင်တွေကို ပို့မယ်လမ်းကြောင်း External / Internal ပြောင်းချင်ရင် ချိတ်ထားတာရှိရင်ဖြုတ်လိုက်ပါ.. ပြီးရင် Setting >> Default Storage မှာပြောင်းပါ Post by Yang CrackerZapya သုံးပြီး ဆရာကျနိုင်ကြပါစေဗျာ မှတ်ချက် - Zapya သုံးလို့ Wifi ကြောင်တယ် Wifi ပျက်တယ် ဆိုတာ အနော် တစ်ခါမှမတွေ့ဖူးသေးပါ ![]() |
| ♪ နင်ဂျာဖိုက်တင်ဂိမ်း - G.I. Joe: Strike v1.0.6 [Mod] Apk ♫ Posted: 29 Jul 2015 03:15 AM PDT G.I.Joe ဆိုတာတော့ နာမည်ကြီး Action ဇတ်လမ်းတစ်ခုဖြစ်ပါတယ်ဗျာ။ 27-July မှာ Version အသစ် ထွက်လာတာပါ။ အခုတင်ပေးလိုက်တဲ့ G.I. Joe: Strike ဆိုတဲ့ Game ကတော့ G.I.Joe ထဲမှာပါဝင်တဲ့ ကိုရီးယားမင်းသားရဲ့ဇတ်ကောင်ကိုယူပြီး နင်ဂျာတွေ နဲ့ တိုက်ခိုက်ရမယ့် Game တစ်ခုဖြစ်ပါတယ်ဗျာ။ အဆင့်တွေကလည်းအများကြီးပါပဲ။ Game ပုံစံကတော့ အဆင့်တစ်ခုမှာ သတ်မှတ်ထားတဲ့ ရန်သူနင်ဂျာ အရေအတွက်ကို နိုင်အောင်တိုက်ခိုက်ရမှာဖြစ်ပါတယ်ဗျာ။ အဆင့်တွေအများကြီးနဲ့ ကစားရမယ့် Game ကောင်းကောင်းလေးတစ်ခုဖြစ်ပါတယ်ဗျာ။ နမူနာကြည့်နိုင်ဖို့ အတွက် Screen Shoot တွေ ကိုအောက်မှာပြထားပါတယ်ဗျာ။ Android OS 4.0.3 နှင့် အထက်ဖုန်းများမှာ ကစားနိုင်မှာဖြစ်ပါတယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ ရွှေအိုရောင်နဲ့အနက်ရောင်ရောထားတဲ့ Theme - Black Gold CM 12 v1.01 Apk ♫ Posted: 29 Jul 2015 02:32 AM PDT Theme အမိုက်စားလေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Black Gold CM 12 လို့အမည်ရပါတယ်။ အခု Theme လေးကတော့ ဘော်ဒါတို့မြင်တွေ့နေကြ Theme ပုံစံတွေနဲ့မတူပါဘူး သူ့ရဲ့ Icon , Text , Home Screen , Dialer , Keyboard , Setting အားလုံးအားလုံးကတော့ ရွှေအိုရောင်တွေနဲ့ဆန်းသစ်နေ ပါတယ်။ နမူနာကြည့်နိုင်ဖို့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ်ဗျာ။ တစ်ခုတော့ သတိပြုပေး ပါနော် Android OS 5.0 နှင့်အထက်ဖုန်းများမှာသာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| HTC က Desire 820G+ Dual-SIM ကို အိန္ဒိယတွင် ရောင်းချ Posted: 29 Jul 2015 01:04 AM PDT HTC က Desire 820G+ Dual-SIM စမတ်ဖုန်းကို အိန္ဒိယတွင် ရူပီး ၁၉ ၉၉၀ ( ဒေါ်လာ ၃၁၅) ဖြင့် ရောင်းချပေးလိုက်ပါသည်။ Desire 820G+ Dual-SIM တွင် 1.7GHz Octa-Core Porcessor ပါသော MediaTek MKT6592 SoC မောင်းနှင်မည် ဖြစ်ပြီး ၅.၅ လက်မ 720p Display တပ်ဆင်ထားပါသည်။ 1GB RAM, 16GB Storage , 2600mAh Battery ပါရှိပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 8MP Camera ပါရှိပါသည်။ Android 4.4 KitKat မောင်းနှင်မည် ဖြစ်သည်။ Credit to ==> Myanmar DigitalLife Journal www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| အိုင်စီတီစီးတီရှိ မြေနေရာများကို ကြိုတင်စနစ်ဖြင့် ရောင်းချရန်စီစဉ် Posted: 28 Jul 2015 11:33 PM PDT အသစ်တည်ဆောက်မည့် အိုင်စီတီစီးတီးစီမံကိန်းရှိ မြေနေရာများကို ကြိုတင်စနစ်ဖြင့် ရောင်းချခြင်းများ ပြုလုပ်သွားရန် လက်ရှိအနေအထားအရ စဉ်းစားထားသည်ဟု အဆိုပါစီမံကိန်း၌ ပါဝင် ပတ်သက်နေသူတစ်ဦးက ပြောသည်။ အိုင်စီတီစီးတီး စီမံကိန်းသည် အိုင်စီတီနယ်ပယ်အတွက် ဒုတိယကြိမ်မြောက် အကြီးမားဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းတစ်ခုဖြစ်ပြီး ရန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အတွင်း တည်ဆောက်သွားမည် ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့နှင့် မနီးမဝေး တည်နေရာ၌ အိုင်စီတီစီးတီးတစ်ခု ပေါ်ပေါက်လာရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ဦးဆောင် လုပ်ကိုင်ရမည်ဖြစ်ပြီး မြေနေရာ ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဟု သိရသည်။ မြေဧကအနေဖြင့် နိုင်ငံတော်သမ္မတက ဧက ၅၀၀ သတ်မှတ်ပေးခဲ့သော်လည်း လက်ရှိအချိန်၌ ဧက ၃၀၀ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က မြန်မာနိုင်ငံ ကွန်ပျူ တာအသင်းချုပ်ကို ချထားပေးခဲ့သည်ဟု သိရသည်။ အဆိုပါတည်နေရာ၌ ပြည်တွင်း ပြည်ပမှ နည်းပညာကုမ္ပဏီ ဝင်ရောက်လုပ်ကိုင်နိုင်စေရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။ မကြာသေးခင်က စီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်းရှိ နည်းပညာဆိုင်ရာ လုပ်ငန်းရှင်များကို စိတ်ပါဝင်စားခြင်း ရှိ၊ မရှိ သိရှိစေရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ခေါ်ယူခဲ့ကြောင်း အဆိုပါ ဖိတ်ခေါ်မှုအရ ပြည်တွင်းရှိ နည်းပညာဆိုင်ရာ လုပ်ငန်းရှင်များသည် အဆိုပါစီမံကိန်းကို စိတ်ဝင်စားမှု များပြားနေကြောင်း သိရှိခဲ့ရသည်။ အိုင်စီတီစီးတီး၌ ဝင်ရောက်လုပ်ကိုင်လိုသော နည်းပညာဆိုင်ရာ လုပ်ငန်းရှင်များသည် လုပ်ငန်းနှင့် ပတ်သက်သော အဆိုပြုလွှာများကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ထံ ပေးရမည်ဖြစ်ပြီး လုပ်ငန်းအောင်မြင်မှုနှင့် နည်းပညာဆိုင်ရာ အခန်းကဏ္ဍအတွက် ပြန်လည် အကျိုးဖြစ်ထွန်းမှုများကို အသင်း ချုပ်မှ ပြန်လည် သုံးသပ်သွားမည်ဟု သိရသည်။ ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့် အိုင်စီတီစီးတီးသည် အောင်မြင်မှုမရရှိခဲ့သည့် ရတနာပုံ ဆိုက်ဘာစီးတီးစီမံကိန်း ပြီးစီးသည့်နောက် ဒုတိယမြောက် အကောင်အထည် ဖော်ဆောင် မည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းပြီးစီးမည့် အချိန်ကာလကို သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ Credit==>internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| အခြေခံပညာအထက်တန်းပြီးသူများ မကာအို အစိုးရ တက္ကသိုလ်များသို့ လျှောက်ထားနိုင် Posted: 28 Jul 2015 11:31 PM PDT မန်မာနိုင်ငံအတွင်းရှိ အထက်တန်းကျောင်းပြီးသူများနှင့် ကောလိပ်ကျောင်းသား၊ ကျောင်းသူများအား မကာအိုအစိုးရတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားရန်အတွက် မကာအိုမြန်မာ ချစ်ကြည်ရေးအသင်း (Macau Myanmar Friendship Association) မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ "One Belt One Road" မူဝါဒအကောင်အထည်ဖော်မှုနှင့်အတူ မကာအိုမြန်မာချစ်ကြည်ရေးအသင်း (Macau Myanmar Friendship Association) သည် မြန်မာနိုင်ငံတော်အစိုးရကို အထောက်အကူပြုကာဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ အတွက် မကာအိုအစိုးရမှ ပညာသင်ဆုငွေလျှောက်ထားနိုင်သည့်အပြင် မကာအိုအစိုးရတက္ကသိုလ်တွင် စာရင်းသွင်းပညာသင်ယူနိုင်သည်။ တစ်နှစ်ပတ်လုံး၏ ကျောင်းစရိတ်နှင့် လူနေမှုကုန်ကျစရိတ်ကို မကာအိုအစိုးရက ထောက်ပံ့ပေးမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇွန်လ ၂၃ မှ ၂၆ ရက်အထိ မကာအိုမြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr.Jose Wong၊ ဒုညွှန်ကြားရေးမှူးနှင့် အတွင်းရေးမှူး Mr.Tim Wong၊ ဒုညွှန်ကြားရေးမှူး Mr. Benny Zeng နှင့် တာဝန်ရှိသူအသီးသီးတို့သည် University of Macau, Macau Polytechnic Institute, Institute for Tourism Studies (ဤသုံးကျောင်းသည် မကာအိုအစိုးရတက္ကသိုလ်) Macau University of Science and Technology, University of Saint Joseph နှင့် City University of Macau (ဤသုံးကျောင်းသည် မကာအိုပုဂ္ဂလိက တက္ကသိုလ်) များကို အတူတက် ရောက်လေ့လာခဲ့သည်။ မကာအို မြန်မာချစ်ကြည်ရေး အသင်းသည် အထက်ပါ တက္ကသိုလ် ၆ ကျောင်း များနှင့်အတူ ပူးပေါင်းဆောင်ရွက် ပြီး သယံဇာတခွဲဝေမှုအောင်မြင် ရန်၊ ပညာရေးတိုးတက်ရန်နှင့် ထူးချွန်ထက်မြတ်သော ပုဂ္ဂိုလ်တိုးမြှင့်ရန် အထူးပြုလုပ်ဆောင်သည်။ မကာအိုမြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr.Jose Wong က တရုတ်၊ မကာအိုနှင့် မြန်မာနိုင်ငံ တို့၏ ချစ်ကြည်ရေး ပိုမိုခိုင်မြဲသော မျှော်လင့်ချက်၊ စီးပွားရေး၊ ကုန် သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာရေးဖလှယ်မှုအကြောင်းများ ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခုနှစ် ၈ လပိုင်းကုန် ၉ လပိုင်းအစောပိုင်းတွင် မကာအိုတက္ကသိုလ်များ ကျောင်းဖွင့်ချိန်ဖြစ်ပြီး အထက်ပါ မကာအိုအစိုးရတက္ကသိုလ်သုံးကျောင်းသည် ကျောင်းသား၊ ကျောင်းသူများ လက်ခံနေဆဲဖြစ်သည်။ ပညာထူးချွန်သော ကျောင်းသား၊ ကျောင်းသူများသည် (အင်္ဂလိပ်စာပွင့်လင်းစာမေးပွဲ ဥပမာ IELTS 6.0 သို့ TOEFL 550 နှင့် သင်္ချာထူးချွန်) မြန်မာနိုင်ငံအစိုးရ (ပြည်နယ်ဦးစီးဌာနသို့ ပညာရေးဦးစီးဌာန) မှထောက်ခံစာလျှောက်ယူပြီး ဤသုံးကျောင်း၌ စာရင်းသွင်း ကျောင်းအပ်နိုင်သည်။ တခြားကျန်ရှိသော မကာအိုပုဂ္ဂလိကတက္ကသိုလ် သုံးကျောင်းသည် မြန်မာနိုင်ငံအ စိုးရ၏ ထောက်ခံစာမလိုဘဲ တိုက် ရိုက်စာရင်းသွင်းကျောင်းအပ်နိုင် သည်။ အသေးစိတ် ထပ်မံသိလိုသူများသည် Email: mmfa2015ma@gmail.com (သို့) Wechat: Timwong_Myanmar (သို့) ဖုန်း - +၈၅၃ ၆၃၂၆၁၀၆၀ (အတွင်းရေးမှူး Mr.Tim Wong) သို့ ဆက်သွယ် မေးမြန်းနိုင်မည်ဖြစ်သည်။ Credit==>internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Xbox One ဂိမ်းစက်ကို mouse ဖြင့် တွဲဖက်အသုံးပြု နိုင်တော့မည် Posted: 28 Jul 2015 11:31 PM PDT မကြာမီတွင် Xbox One ဂိမ်းစက်ကို mouse နှင့် keyboard ဖြင့် ချိတ်ဆက်၍ ဂိမ်းများကစား နိုင်တော့မည် ဖြစ်ကြောင်း Microsoft ၏အမှုဆောင် ဖီးလ်စပင်ဆာ Twitter တွင်ပြောကြားခဲ့သည်။ Xbox အကြီးအကဲ ဖီးလ်စပင်ဆာကို Twitter ပေါ်တွင် Windows ထုတ်ကုန်များကို Xbox သို့ stream ပြုလုပ်၍ ဂိမ်းများကစားနိုင်ဖွယ် ရှိမရှိ မေးမြန်းခဲ့ကြသည်။ အဆိုပါ မေးခွန်းကို ဖီးလ်စပင်ဆာက ၎င်းကဲ့သို့ ပြုလုပ်ရန် keyboard နှင့် mouse ထောက်ပံ့မှု လိုအပ်မည် ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သလို ထိုသို့ဖြစ်ပေါ်လာရန် ကြာမြင့်ဖွယ် မရှိတော့ကြောင်း ပြောဆိုခဲ့သည်။ Microsoft အမှုဆောင် အရာရှိချုပ် ဆတ်ရာနာဒယ်လာသည် Windows လုပ်ငန်းများစွာ၏ အစိတ်အပိုင်း များစွာကို ပေါင်းစပ်လိုသည့် ဆန္ဒရှိနေသည်။ Win-dows 10 ကို မိတ်ဆက်စဉ်အခါက "မိသားစု ထုတ်ကုန်တစ်ခု၊ platform တစ်ခု၊ စတိုးတစ်ခု"ဟု အမည်တပ်၍ ထုတ်ပြန်ခဲ့သည်။ အဆိုပါ အပြောင်းအလဲသည် Windows ဂိမ်းဌာနကို အခြားလုပ်ငန်းများဖြင့် ချိတ်ဆက်ပေးနိုင်သည်။ အကယ်၍ Xbox One ဂိမ်းစက်တွင် keyboard နှင့် mouse ထောက်ပံ့မှုများ ပါဝင်လာပါက Windows 10 app များ ထောက်ပံ့ မှုလည်း ပါဝင်လာဖွယ်ရှိပြီး hard-ware ရောင်းချမှု ပိုမိုတိုးတက် လာဖွယ်ရှိသည်။ Ref: Engadget Credit==>internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 28 Jul 2015 11:30 PM PDT HDR ဓာတ်ပုံများကို ရိုက်ကူးလိုသူများအတွက် အထောက်အပံ့ပေးနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် iOS 8 နှင့် အထက်တွင်သာ အသုံးပြုနိုင်ရန် စီစဉ်ပေးထားပြီး၊ HDR Style နှင့် Effect များစွာကို ထည့်သွင်းပေးထားသည်။ အဆိုပါ app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 6.0 နှင့် အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit==> internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ♪ ရဲလေးရဲ့ Once More(နောက်တစ်ခေါက်) alblum ♫ Posted: 28 Jul 2015 10:52 PM PDT ![]() ရဲလေး ပရိတ်သက်များအတွက် ရဲလေးရဲ့ One More (နောက်တစ်ခေါက်) ဆိုတဲ့ Music Album ကို တင်ပေးလိုက်ပါတယ်ဗျာ။ အားလုံးဒေါင်းရမြန်ဆန်စေမယ့် Mediafire ကနေတင်ပေးထားပါတယ်ဗျာ။ 1.နားလည်ပါ 2.My Boo(Ye' Lay Ft-Sithu Hnin Moe) 3.လုပ်လိုက်လေကြာသလားလို့(Y 4.ဘယ်သူမှမပေးဘူး(Ye'Lay Ft-He' Lay) 5.အမုန်းမရှိတဲ့ဘ၀(Ye'Lay Ft-Aye Mya Aung) 6.အဖြေရှာကြည့်တော့ 7.နောက်တစ်ခေါက်(Ye' Lay Ft-Joker) Credit to ==>Zaw Thiha Aung ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |













0 comments:
Post a Comment