မောင်ပေါက် ( Maung Pauk ) |
- facebook သုံးတဲ့သူများအတွက် updater Version-Facebook v39.0.0.36.238 Apk
- DiDi.apk {Online Free Call, Message, Voice & Photo} [For Android]
- မိမိဖေ့ဘုတ်မှာ friend ဘယ်လောက် အပျို အအိုဘယ်လောက် စသဖြင့်မျိုးစုံကိုတစ်နေရာထဲကဖော်ပြပေးတဲ့ဆော့ဝဲလ်(Android)
- Fake Call & SMS & Call Logs
- Line Applicationသုံးနည်းနဲ့Wechat Application (Lastest Versioneနဲ့သုံးနည်း)
- ဖုန်းအမိုက်များကို One Click နဲ့အပြောင်ရှင်းပေးနိုင်တဲ့ Clean Expert
- WeChat အသုံးပြုသူတိုးပွားစေရန် လုပ်ဆောင်ပေးပါက ဖုန်းငွေဖြည့်သွင်းပေးမည်
- ကမ္ဘာ့အင်တာနက် အသုံးပြုသူဦးရေ ထက်ဝက်ခန့် Facebook သုံးစွဲဟုဆို
- အင်တာနက် ထုတ်လွှင့်နိုင်သော မိုးပျံပူဖောင်းများအတွက် Google နှင့် သီရိလင်္ကာ ပူးပေါင်း
- ♪ ဖုန်းအသုံးပြုရာမှာပေါ့ပါးမြန်ဆန်စေနိုင်မယ့် - Cleaner – Speed Booster Pro v2.0.2 Apk (28-July) ♫
- ♪ ဖုန်းခေါ်ဆိုသူရဲ့ သတင်းအချက်အလက်များကို Facebook မှ ရယူ ပြသပေးမယ့် Hello – Caller ID & Blocking ♫
- အရည်သွေးမြင့် LG G Flex 2 ရဲ့အကောင်းအသေးစိတ်ရှင်းလင်းဖော်ပြချက်များ
- LG Bello II ဟန်းဆက်အကြောင်း
- တန်ဖိုးနည်းပြီးစွမ်းဆောင်ရည်မြင့် - XOLO Omega 5.0
- ၃၆၀ ဒီဂရီလှည့်၍ ကြည့်ရှုနိုင်သော ဗီဒီယိုကြော်ငြာများကို YouTube ပြသပေးမည်
- လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ ဒီပလိုမာ နေ့သင်တန်းသားများခေါ်ယူ
- Lock Screen Designer For ios
- ♪ စက်ဘီးပြိုင်နင်းချင်သူများအတွက် - Tour de France 2015 – The Game v1.2.6 Apk ♫
- Internet Broser တွေထဲမှာ အားလုံးထက် %100% လောက်မြန်ဆန်တဲ့-Maxthon Web Browser - Fast v4.5.0.2000 Apk
- ♪ နိုင်ငံရဲ့စစ်တပ်တစ်ခုလုံးကိုထိန်းချုပ်ပြီးနိုင်ငံတစ်ကာစစ်တိုက်နိုင်တဲ့ - World Conqueror 3 v1.1.0 Apk ♫
- Mobile Q&A: စမတ်ဖုန်း စွဲလမ်းမှု လက္ခဏာများ
| facebook သုံးတဲ့သူများအတွက် updater Version-Facebook v39.0.0.36.238 Apk Posted: 30 Jul 2015 08:16 PM PDT ![]() Download Here |
| DiDi.apk {Online Free Call, Message, Voice & Photo} [For Android] Posted: 30 Jul 2015 07:40 PM PDT Viber လို ဆော့ဝဲလ်ကောင်းလေးပါဘဲ ... ဒီကောင်လေးနဲ့ ပွားရတာ ပိုအဆင်ပြေတယ်ဗျ ... အသုံးပြုပုံ ပြုလုပ်နည်းကို ပုံလေးတွေမှာကြည့်ပါဗျ ... Thiha Htike(THT) thihahtike.it@gmail.com My Facebook Account Click ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။ ++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 30 Jul 2015 07:39 PM PDT မိမိတို့ရဲ့ ဖေ့ဘုတ် မှာ သူငယ်ချင်းဘယ်လောက်ရှိတယ် ယောက်ျားလေး ဘယ်လောက် မိန်းကလေးဘယ်လောက် အပျိုဘယ်လောက် လက်ထပ်ပြီးသူဘယ်လောက် ဘယ်သူ့မွေးနေ့ကဘယ်ရက် အနီးဆုံးမွေးနေ့ရောက်မယ့်သူတွေ စသဖြင့် ဖေ့ဘုတ်နှင့်ပတ်သက်သမျှကို ဒီဆော့ဝဲလေးထဲမှာ အကုန်ကြည့်နိုင်ပါတယ် အားလုံးအသုံးဝင်မယ်ထင်လို့တင်ပေးလိုက်ပါတယ် ဒီနေရာ မှာဒေါင်းပါ... Thiha Htike(THT) thihahtike.it@gmail.com My Facebook Account Click ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။ ++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 30 Jul 2015 07:38 PM PDT ဖုန်း နဲ့ sms မှာ ဖုန်းလာလာ မလာလာ ဖုန်း နဲ့ sms ကို ခေါ်ထား မခေါ်ထားထား အဝင်အထွက် ရှိနေအောင် လုပ်ပေးမယ့် Fake Call & SMS Apk လေးတစ်ခုပါ အိမ်မှာ နေပီးတော့ ရည်းစားနဲ့ စကားပြောပီးတော့ ဖုန်းဘေ ကုန်နေတဲ့ သူတွေ ဒီကောင်လေး သုံးပီးတော့ ဘယ်သူ့ကို ခေါ်ထားတာပါ ဘာညာ လုပ်လို့ရတာပါပါ့ လိုအပ်သူများ ယူထားလိုက်နော် ဒေါင်းလုပ်ဆွဲရန် ဒီနေရာကိုနှိပ်ပါ... Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။ ++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Line Applicationသုံးနည်းနဲ့Wechat Application (Lastest Versioneနဲ့သုံးနည်း) Posted: 30 Jul 2015 11:07 AM PDT Wechat ရေကျွန်တော်တော့ ကြော်ငြာလိုက်ပြီနော် ခင်ဗျားတို့ပြောတဲ့အတိုင်းဆိုကျွန်တော်ဖုန်းကိုဘေလှမ်းထည့်ပေးနုင်တယ်နော် နံပါတ်က 09-73151297 ပါခ်ခ် :P WE CHAT ဖွင့်နည်းနဲ့သုံးနည်း --------------------------------- FACEBOOK ACCOUNT ရှိပါက... Log In ကိုနှိပ် > ပြီး Facebook Connet ကိုနှိပ် > Connect to Facebook ကိုနှိပ်ပြီး facebook username & password ရိုက်ပြီး wechat account ၀င်လို့ရပါပြီ..........။ ကဲ.. Hold to Talk လေးကိုနှိပ်ပြီး စကားတွေတစ်ဝကြီး ပြောမယ်၊ ပုံတွေပို့မယ်၊ သူငယ်ချင်းတွေ Shake ပြီးရှာမယ်၊ ကျန်တာတွေတော့ကိုယ်တိုင်သုံးကြည့်လိုက်ကြစို့.....အောက်တွင်ပုံနဲ့ပြထားသည်... FACEBOOK ACCOUNT မရှိပါက... ဒီနေရာကိုနှိပ်ပြီး facebook account လွယ်ကူစွာဖွင့်လိုက်ပါ... ဒါလေးက facebook ကိုမြန်မာလိုသုံးချင်သူတွေအတွက် မြန်မာ facebook apk LINE ACCOUNTဖွင့်နည်းနဲ့သုံးနည်း... ----------------------------------------------------- ထို့နောက် New Users ကိုနှိပ်လိုက်ပါ ထို့နောက်အောက်ကပုံအတိုင်း Refistration ပေါ်လာပါက အောက်တွင် Myanmar လို့ရွှေးလိုက်ပါဒုတိယTab တွင် ဖုန်းနံပါတ်ကို 9 ခံပြီးရိုက်ထည့်လိုက်ပြီး Verify Phone Number ကိုနှိပ်လိုက်ပါ ညာဘက်ကကောင်လို Confimation Code ထည့်ဖို့နေရပါပါမယ် အဲ့တွင်လေးလုံးထည့်ပေးပါ ဒါဆို အကောင့်ပွင့်သွားပါပြီ... LINE APP ကိုအောက်တွင်ဒေါင်းလုပ်ရပါခင်ဗျာ ဒီနေရာကိုနှိပ်ပါ Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) Mobile ဖုန်းများကို ဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။ ++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဖုန်းအမိုက်များကို One Click နဲ့အပြောင်ရှင်းပေးနိုင်တဲ့ Clean Expert Posted: 30 Jul 2015 08:36 AM PDT Clean Expert ဆိုတဲ့ ခေါင်းစဉ်လေးကြည့်ရုံနဲ့ ဒီ Apk ကဘယ်လောက် အသုံးဝင်လဲဆိုတာ စဉ်းစားတာကြည့်တော့ ဖုန်းထဲက အမိုက်များကို ပြောင်အောင် ရှင်းပေးနိုင်တဲ့အပြင် ဖုန်းကိုပါ ပေါ့ပါးသွက်လက်အောင်လုပ်ဆောင်ပေးနို်င်တာကိုတွေ့ရပါတယ် အဆင်ပြေပါစေ ကိုနေဇင် (နည်းပညာ) Clean Expert Android Apk : (6) Mb |
| WeChat အသုံးပြုသူတိုးပွားစေရန် လုပ်ဆောင်ပေးပါက ဖုန်းငွေဖြည့်သွင်းပေးမည် Posted: 30 Jul 2015 04:47 AM PDT WeChat ၏ အခမဲ့ငွေဖြည့်ပေးခြင်း အစီအစဉ်အား ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၁၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းသုံးစွဲသူအားလုံး ပါဝင်နိုင်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်ကတ် ၁,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ အစီအစဉ်တွင်ပါဝင်ရန် WeChat သုံးစွဲသူများအနေဖြင့် WeChat Team မှ ဖိတ်ခေါ်ကုဒ် (Invitation Code) ကို ရယူပြီး app အသုံးမပြုသေးသူများကို ပေးပို့ရမည်ဖြစ်သည်။ မိမိ၏ မိတ်ဆွေသူငယ်ချင်းတို့မှ WeChat app ကို ထည့်သွင်းခြင်း၊ အကောင့်ဖွင့်ခြင်းတို့ လုပ်ဆောင်ပြီးနောက်တွင် ရရှိထားသောကုဒ်ကို WeChat Team သို့ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။ အဆိုပါကုဒ်ကို WeChat Team မှ အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် app ထည့်သွင်းသူနှင့် ကုဒ်ပေးပို့သူ နှစ်ဦးစလုံးမှာ ဖုန်းငွေဖြည့်ကတ်ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ WeChat ၏ ဖုန်းငွေဖြည့်ကတ် ပိုင်ဆိုင်နိုင်ခြင်း အစီအစဉ်ကို ၂ ပတ်ကြာ လုပ်ဆောင်သွားမည်ဖြစ်ပြီး တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃၀၀ တိတိ (US$30,000) ကိုလည်း သုံးစွဲသူများအား မဲဖောက်ပေးသွားမည် ဖြစ်သည်။ Credit==>internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ကမ္ဘာ့အင်တာနက် အသုံးပြုသူဦးရေ ထက်ဝက်ခန့် Facebook သုံးစွဲဟုဆို Posted: 30 Jul 2015 04:47 AM PDT ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုသူဦးရေ၏ ထက်ဝက်ခန့်သည် Facebook လူမှုကွန်ရက်ကို အနည်းဆုံး တစ်လလျှင် တစ်ကြိမ်ခန့် အသုံးပြုလျက်ရှိကြောင်း သိရသည်။ ဇွန်လတွင် ကုန်ဆုံးမည့် သုံးလပတ်တွင် ကုမ္ပဏီ၏ လူမှုကွန်ရက်ကို လစဉ်သုံးစွဲသူဦးရေ တိုးတက်မှုနှုန်း ၁၃ ရာခိုင်နှုန်း ရှိလာခဲ့ပြီး သုံးစွဲသူ ၁.၄၉ ဘီလီယံ ရှိလာခဲ့ကြောင်း Facebook မှ ပြောကြားခဲ့သည်။ အဆိုပါ ကိန်းဂဏန်းသည် ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုသူ ဦးရေ ၃ ဘီလီယံ၏ ထက်ဝက်နှင့် ညီမျှကြောင်း၊ ၎င်းကိန်းဂဏန်း၏ ၆၅ ရာခိုင်နှုန်းသည် Facebook ကို နေ့စဉ်သုံးစွဲလျက်ရှိကြောင်း ဆိုသည်။ Facebook ကို လစဉ် သုံးစွဲသူဦးရေ မြင့်တက်မှုသည် ကုမ္ပဏီ၏ ဒုတိယသုံးလပတ် ဝင်ငွေကို ပြီးခဲ့သည့်နှစ်ထက် ၃၉ ရာခိုင်နှုန်း မြင့်တက်လာစေခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၀၄ ဘီလီယံ (ပေါင် ၂.၆ ဘီလီယံ) ရှိလာခဲ့သည်။ အမေရိကန်ရှိ စမတ်ဖုန်းသုံးစွဲသူများသည် ၅ မိနစ်လျှင် တစ်ကြိမ် Facebook ကို သုံးစွဲကြကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ Ref: BBC Credit==>internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| အင်တာနက် ထုတ်လွှင့်နိုင်သော မိုးပျံပူဖောင်းများအတွက် Google နှင့် သီရိလင်္ကာ ပူးပေါင်း Posted: 30 Jul 2015 04:46 AM PDT သီရိလင်္ကာသည် နိုင်ငံအတွင်း မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရေးအတွက် မိုးပျံပူဖောင်းများအသုံးပြုရန် Google နှင့် ပူးပေါင်းခဲ့သည်။ ဟီလီယံဓာတ်ငွေ့ ဖြည့်တင်းကာ အသုံးပြုရသော နည်းပညာမြင့် မိုးပျံပူဖောင်းများကို အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းနိုင်ငံတစ်ခု၏ ဝေဟင်ထက်တွင် လအနည်းငယ်အတွင်း အသုံးပြုနိုင်ရေးအတွက် မြို့တော် ကိုလမ်ဘိုတွင် Google နှင့် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး မန်ဂါလာ ဆာမာရာဝီရာက ပြောကြားခဲ့သည်။ Google သည် ကမ္ဘာတစ်ဝန်းရှိ ကျေးလက်ဒေသများတွင် မိုးပျံပူဖောင်း ထောင်ပေါင်းများစွာကို အသုံးပြုကာ အင်တာနက်ချိတ်ဆက်မှု ထောက်ပံ့ပေးနိုင်မည့် Project Loon ကို ၂၀၁၃ ခုနှစ်တွင် မိတ်ဆက်ကြေညာခဲ့သည်။ "သီရိလင်္ကာကျွန်းတစ်ခုလုံးမှာရှိတဲ့ ကျေးရွာတိုင်းဟာ Google Loon ရဲ့ မိုးပျံပူဖောင်းနည်းပညာကို အသုံးပြုပြီး မြန်နှုန်းမြင့် အင်တာနက်ကို ရရှိနိုင်ပါလိမ့်မယ်" ဟု အိုင်တီဝန်ကြီးလည်း ဖြစ်သည့် ဆာမာရာဝီရာက ပြောကြားခဲ့သည်။ ထို့အပြင် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် ဒေသတွင်းရှိ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများကလည်း Google မိုးပျံပူဖောင်းများကို အသုံးပြုမည်ဟု အာဏာပိုင်များက ဆိုခဲ့သည်။ ဒေသတွင်း အချက်အလက်နှင့် ဆက်သွယ်ရေး အေဂျင်စီမှ အကြီးအကဲဖြစ်သူ မူဟန်သန် ကာနေဂျီကလည်း Google အနေဖြင့် လာမည့်နှစ် မတ်လတွင် မိုးပျံပူဖောင်းများ ပေးပို့မှုကို အပြီးသတ် လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ "အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတွေ အနေနဲ့ မိုးပျံပူဖောင်းစီမံကိန်း စတင်တာနဲ့ တစ်ပြိုင်နက် မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြုခွင့်ရရှိပြီး လက်ရှိဝန်ဆောင်မှုတွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ပါလိမ့်မယ်" ဟု ကာနေဂျီက AFP ထံ ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၎င်းက "ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းတွေ လျော့ကျသွားဖို့လည်း မျှော်လင့်ထားပါတယ်" ဟု Google ဒုဥက္ကဋ္ဌ မိုက်ကယ် ကက်ဆီဒီနှင့် သဘောတူလက်မှတ်ရေးထိုးအပြီးတွင် ပြောကြားခဲ့သည်။ ကမ္ဘာ့လေထု ဒုတိယအလွှာတွင် တည်ရှိမည့် မိုးပျံပူဖောင်းများကို သာမန်မျက်စိဖြင့် မြင်တွေ့နိုင်ရန် ခက်ခဲကြောင်း Google မှ ဆိုသည်။ Google သည် မိုးပျံပူဖောင်းများကို ကမ္ဘာ့လေထု ဒုတိယအလွှာတွင် ရက် ၁၀၀ အကြာ ထားရှိပြီး ကမ္ဘာ့မြေပြင်သို့ အင်တာနက် ထုတ်လွှင့်ပေးနိုင်ရန် စီစဉ်ထားသည်။ စမ်းသပ်ဆောင်ရွက်မှုကို ၂၀၁၃ ခုနှစ်က နယူးဇီလန်တွင် ပြုလုပ်ခဲ့သည်။ လူဦးရေ သန်း ၂၀ ကျော်ရှိသည့် သီရိလင်္ကာတွင် မိုဘိုင်းအင်တာနက် ချိတ်ဆက်မှု ၂.၈ သန်းရှိပြီး ကြိုးဖုန်း အင်တာနက်ချိတ်ဆက်မှု ၆၀၆,၀၀၀ ရှိသည်။ သီရိလင်္ကာသည် တောင်အာရှတွင် မိုဘိုင်းဖုန်းများကို စတင်မိတ်ဆက်ပေးခဲ့သော ပထမဦးဆုံးနိုင်ငံ ဖြစ်သလို 3G နှင့် 4G ကွန်ရက်ကို စတင်မိတ်ဆက်ခဲ့သော နိုင်ငံလည်းဖြစ်သည်။ Ref: AFP Credit==>internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ♪ ဖုန်းအသုံးပြုရာမှာပေါ့ပါးမြန်ဆန်စေနိုင်မယ့် - Cleaner – Speed Booster Pro v2.0.2 Apk (28-July) ♫ Posted: 30 Jul 2015 03:08 AM PDT ဖုန်းတစ်လုံးမှာဆောင်ထားသင့်တဲ့ Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်။ Cleaner - Speed Booster Pro ဆိုတဲ့ Application လေးကတော့ ဖုန်းထဲမှာမလိုအပ်တော့တဲ့ Cache & Junk File များကိုရှင်းလင်းပေးခြင်းအားဖြင့် ဖုန်းတစ်ခုလုံးကိုပေါ့ပါးမြန်ဆန်လာစေမှာဖြစ်ပါတယ်ဗျာ။ Phone နဲ့ Game ကစားသူများအတွက်လည်း Game Speed Booster ဆိုတဲ့ Feature ပါဝင်တာကြောင့် Game ကစားတာများ လည်း Phone လေးလံသွားခြင်းမရှိစေပါဘူး။ Web Browser များအသုံးပြုရာမှာလည်းမိမိရဲ့ Personal History များမကျန်ခဲ့စေဖို့အတွက် History များကိုရှင်းလင်းပေး နိုင်ခြင်း ဖုန်းရဲ့နောက်ကွယ်မှာ မလိုအပ်ဘဲ Run နေတဲ့ Application များကိုပိတ်ပေးနိုင်တဲ့ Task Killer System ပါဝင်သောကြောင့် ဖုန်းကိုပေါ့ ပါးမြန်ဆန် လာစေမှာပါ။ ဒီထက်ပိုပြီး အသုံးတည့်မယ့် Feature ပေါင်းများစွာ ပါဝင်ပါတယ်။ Feature တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုအောက်မှာအသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။ Android OS 2.3.3 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ FEATURES ★—1. Memory Cleaner (i.e.Task Killer)—★ ✓ Cleans up Memory, Kills tasks with extremely simple one-touch "Optimize" button to save energy! Recommended to user memory cleaner every day at least once. ✓ Indicates memory clean level for before / after. Defend your phone from drain! ★—2. Game Speed Booster—★ ✓ By allocating proper memory space to your game before launching, your Phone will be optimized for your any desired game! ✓ By Average, 20% Speed Increase in your Game! ✓ Clean up your Cache Files for bettery Phone Performance & Disk Space! ✓ Easy one-touch ""Optimize"" button to Clean-up. ★—4. Search History Cleaner—★ ✓ Clear your Google Play Store Search Hisotry & Browser history ✓ Downloaded files manager included as well to delete all files. ★—5. Call & SMS History Cleaner—★ ✓ Clear any desired Call & SMS/Text History one by one ✓ By tapping ""Select All"", you can delete all Call & SMS/Text History in one-tap. ★—6. Game Booster Widget—★ ✓ Access your Game Booster Function from Home screen Widget ★—7. Application Uninstaller—★ ✓ Application manager included – Manage your Pre-installed Apps as well. ✓ Batch disable & uninstall enabled. Use Cleaner Master Speed Booster Pro!'s memory cleaner feature and speed booster feature to save your Android Battery and feel the difference in your Android Speed! ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ ဖုန်းခေါ်ဆိုသူရဲ့ သတင်းအချက်အလက်များကို Facebook မှ ရယူ ပြသပေးမယ့် Hello – Caller ID & Blocking ♫ Posted: 30 Jul 2015 02:37 AM PDT သင့်ဖုန်းရဲ့ Contact ထဲမှာ မရှိတဲ့ လူတစ်ယောက်က သင့်ထံ ဖုန်းခေါ်ရင် သူ့ရဲ့ နာမည်နဲ့ အခြားသတင်းအချက်တွေကို သင်မသိနိုင်ပါဘူး။ သင့်ဖုန်းရဲ့ Contact ထဲမှာ မရှိရင်တောင် ဖုန်းခေါ်သူရဲ့ နာမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာနဲ့ မွေးနေ့ စတဲ့ သတင်းအချက်အလက်တွေကို ပြသပေးနိုင်တာက Hello ဖြစ်ပါတယ်။ Hello ကို Facebook က တီထွင်ထားတာဖြစ်ပြီး App က Facebook မှ သတင်းအချက်အလက်များကို ရယူပြီး ပြသပေးတာ ဖြစ်ပါတယ်။ Hello က တစ်နည်းအားဖြင့် Dialer App ဖြစ်ပြီး သင့်ဖုန်းရဲ့ မူလ Dialer နေရာမှာ အစားထိုးနိုင်ပါတယ်။ Hello မှာ ဖုန်းသရဲတွေကို အလိုအလျှောက် Block လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိသလို သင် အလိုမရှိတဲ့ ဖုန်းနံပါတ်များကိုလည်း Block နိုင်ပါတယ်။ သင့်ဖုန်းမှာ Facebook ကို ထည့်သွင်းထားသူများအတွက် Hello ကို အင်စတောလုပ်ပြီးရင် သင့်အကောင့် နာမည်ကို ပြသပေးထားမှာ ဖြစ်ပြီး Continue ကို နှိပ်ပါ။ နောက်အဆင့်မှာ Caller ID ကို ပြသမယ့် စကရင်အတွက် Draggable Card or Full Screen ကို ရွေးချယ်ခိုင်းပါတယ်။ ထင်ထင်ရှားရှားမြင်ရအောင် Full Screen ကို ရွေးချယ်နိုင်ပါတယ်။ ပြီးရင် Continue ကို နှိပ်ပါ။ ဖုန်းသရဲတွေကို Block ဖို့ နောက်အဆင့်မှာ Commonly blocked numbers မှာ On ပေးပြီး Continue ကို နှိပ်ပါ။ နောက်အဆင့်တွေမှာ Hello ရဲ့ စွမ်းဆောင်ချက်တွေကို ပြသပေးမှာ ဖြစ်ပြီး Continue ကို နှိပ်ပါ။ ပြီးရင်တော့ Hello ရဲ့ Main Screen ကို ရောက်ရှိပါပြီ။ History ကဏ္ဍထဲမှာ Incoming နဲ့ Outgoing Calls များကို ပြသပေးထားပါတယ်။ Contact တစ်ခုကို နှိပ်ရင် သူ့ရဲ့ Facebook မှာ Public အနေနဲ့ ထည့်သွင်းထားတဲ့ သတင်းအချက်အလက်များကို တွေ့ရမှာ ဖြစ်ပါတယ်။ Mutual Friends အရေအတွက်၊ နေရပ်လိပ်စာ၊ တက္ကသိုလ် စတာတွေ ဖြစ်ပါတယ်။ Call for free မှ Call နဲ့ Messenger ခလုတ်ကို နှိပ်ရင် Messenger ကနေ အခမဲ့ ဖုန်းပြောနိုင်၊ စာပို့နိုင်မှာပါ။ ( သင့်ဖုန်းမှာ Messenger ထည့်သွင်းထားဖို့ လိုပါတယ်။ ) အောက်မှ ဖုန်းနံပါတ်များကို နှိပ်ပြီး အခကြေးငွေနဲ့ ဖုန်းပြောနိုင်ပါတယ်။ ညာဘက်မှ Message ခလုတ်ကို နှိပ်ပြီး SMS ပေးပို့နိုင်ပါတယ်။ History မှ အဆက်အသွယ်တစ်ဦးကို ဖိထားရင် Edit , Block , Delete လုပ်နိုင်ပြီး လျှင်မြန်စွာ ဖုန်းခေါ်နိုင်ဖို့ Home Screen မှာ Shortcut ပြုလုပ်နိုင်ပါတယ်။ History ရဲ့ ညာဘက်မှာ Dialer ကို အသုံးပြုနိုင်ပါတယ်။ Dialer ရဲ့ ညာဘက်မှာ သင့်ဖုန်းမှ အဆက်အသွယ်များအပြင် Facebook မှ သူငယ်ချင်းများကို ပြသပေးထားပါတယ်။ အပေါ်ဆုံးမှာ Favorite များကို ပြသပေးထားပြီး Edit ကို နှိပ်ပြီး ရွေးချယ်နိုင်ပါတယ်။ Settings ထဲမှ Use Hello to Call ထဲသွားရင် သင့်ဖုန်းရဲ့ မူလ Dialer နေရာမှာ Hello ကို အစားထိုးဖို့ နည်းလမ်းကို ပြသပေးထားပါတယ်။ မူလ Dialer App ကို ဖိပြီး Home Screen ကို ရွှေ့ပေးပါ။ Hello ကို ဖိပြီး ယခင် Dialer App နေရာမှာ ထားပေးနိုင်ပါတယ်။ Hello ရဲ့ အဓိက စွမ်းဆောင်ချက်တစ်ခုက Facebook မှ သူငယ်ချင်းများနဲ့ စားသောက်ဆိုင်များ၊ ကုန်ပစ္စည်းအရောင်းဆိုင်များလို Facebook Page များကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စားသောက်ဆိုင်တစ်ခုကို ရှာကြည့်ရင် တည်နေရာ၊ ဖုန်းနံပါတ်၊ Like အရေအတွက်တို့လို စားသောက်ဆိုင်က Page မှာ ပံ့ပိုးပေးထားတဲ့ သတင်းအချက်အလက်များကို တွေ့နိုင်ပါတယ်။ Add Contact ကို နှိပ်ပြီး အဲဒီစားသောက်ဆိုင်ကို သင့်ဖုန်းရဲ့ Contact ထဲထည့်နိုင်ပါတယ်။ Go to Page ကို နှိပ်ပြီး အဲဒီ Page ကို သွားနိုင်ပါတယ်။ Hello ဟာ Facebook မှ သတင်းအချက်အလက်များကို ရယူပြီး သင့်ကို ဖုန်းခေါ်သူများရဲ့ သတင်းအချက်အလက်များကို ပြသပေးနိုင်တဲ့အတွက် ထူးခြားဆန်းသစ်ပြီး အသုံးဝင်တဲ့ App တစ်ခု ဖြစ်ပါတယ်။ Hello က Missed Calls , Blocked Calls များအတွက် Notifications များကိုလည်း ပြသပေးနိုင်ပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။ Credit to ==> Myanmar DigitalLife Journal |
| အရည်သွေးမြင့် LG G Flex 2 ရဲ့အကောင်းအသေးစိတ်ရှင်းလင်းဖော်ပြချက်များ Posted: 30 Jul 2015 12:12 AM PDT ![]() Network - GSM/HSPA/LTE Processor - QC 1.5GHz & QC 2 GHz Screen - 5.5inches Camera - 13 MP Bluetooth - v4.1 Storage - up to 128GB OS - Android OS, v5.0.1 Contact - 09-73171214 Price - 709,000Ks ဒီဇိုင်းပုံစံထူးခြားဆန်းပြားသည့် ဟန်းဆက်များကိုအသုံးပြုချင်သူများအတွက် ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီ များသည်ရိုးရိုးဟန်းဆက်များနဲ့ အသွင်ကွဲသည့်ဖုန်းများကို ထုတ်လုပ်ပေးထားကြပါတယ်။ ထိုဖုန်းများကတော့ ကိုယ်ထည်ကွေးသော၊ မျက်နှာပြင်ခုံးသောဟန်းဆက်များဖြစ်ပါတယ်။ မျက်နှာပြင်ခုံးသောဟန်းဆက် များသည်အချို့သောသုံးစွဲသူများအတွက် ရသသစ်တစ်မျိုးကိုပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်ခံစားမှု အပြောင်း အလဲကိုရရှိချင်သည့်သုံးစွဲသူများသည် ထိုဟန်းဆက်များကိုဝယ်ယူအသုံးပြုကြပါတယ်။မျက်နှာပြင်ကွေးညွှတ် သည့်ဖုန်းများကိုထုတ်လုပ်ထားသည့်ကုမ္ပဏီများကတော့Samsung နဲ့LG တို့ဖြစ်ပါတယ်။ LG ဟာပထမမျိုးဆက်G Flex ကိုထုတ်လုပ်ရောင်းချပေးထားပြီး၊၂၀၁၅ခုနှစ်မှာတော့ ဒုတိယမျိုးဆက်ကို ထပ်မံမိတ်ဆက်လာပါတယ်။ မျက်နှာပြင်ကွေးညွှတ်သည့်ဖုန်းများဟာ တန်ဖိုးမြင့်မားသော Class Aအမျိုး အစားဖုန်းတွေဖြစ်ပါတယ်။ G Flex 2 ဟာထုတ်လုပ်ရောင်းချရာဒေသ အလိုက်မော်ဒယ်နံပါတ်များ ကွဲပြားပါတယ်။ပျမ်းမျှမော်ဒယ်နံပါတ်လေးခုရှိပါတယ်။LG H955, LG LS996, LG H950, LG US995 တို့ဖြစ်ပါတယ်။ 2G, 3G, 4G network များသုံးစွဲနိုင်မယ့်G Flex 2 ရဲ့ကိုယ်ထည်တွင် Self-healing back panel coating ပါရှိပါတယ်။ ကိုင်ဆောင်အသုံးပြုဖို့အတွက် ထုတ်လုပ်ပေးထားသည့် ဖုန်းရဲ့အလျား၊ အနံ အရွယ်အစားကတော့149.1x75.3 ဖြစ်ပါတယ်။ အထူပမာဏကတော့ (7.1-9.4) mm ရှိပါတယ်။အလေးချိန်သည်152g ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင် အတွက်အသုံးပြုပေးထားသောTouchscreenကတော့ Curved P-OLED capacitive touchscreen အမျိုးအစားပါ။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းဟာ 5.5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည် အတွက်ထောက်ပံ့ပေးထားသော pixels ပမာဏကတော့1080x1920 ပါ။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့403ppi ဖြစ်ပါတယ်။အကြမ်းခံနိုင်သောဖုန်းမျက်နှာပြင်ဖြစ်စေဖို့အတွက်လည်း Gorilla Glass 3ဖုံးအုပ်ပေးထားပါသေးတယ်။အဓိကကင်မရာဟာကောင်းမွန်သောအမျိုးအစားဖြစ်ပါတယ်။ Dual LED Flash စနစ်ပါရှိပြီး၊ဓာတ်ပုံရိုက်ကူးနိုင်သောဆက်စပ်စနစ်များဖြစ်သည့်Laser autofocus, optical image stabilization များကိုလည်းအသုံးပြုနိုင်ပါတယ်။ အနောက်ဘက်ကင်မရာသည် 13MP စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့2.1MP စွမ်းရည်ပါ။ 2160p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါကတစ်စက္ကန့်ကို30frames နှုန်းရရှိပါမယ်။1080p စွမ်းရည်ဖြင့် ရိုက်ကူးလျှင်တစ်စက္ကန့်ကို60frames ရရှိပါမယ်။မှတ်ဥာဏ်ပမာဏတွင်နှစ်မျိုးနှစ်စားရှိပါမယ်။RAM 2GB ဖြစ် ပါကInternal Storageသည်16GB ပါရှိပါမယ်။RAM သည်3GB ဖြစ်လျှင်Internal Storage က32GB ပါ။ဘက်ထရီအမျိုးအစားကLi-Po 3000mAh ဖြစ်ပြီး၊အားသွင်းမြန်ဆန်သောQuick Charge 2.0 ပါရှိပါတယ်။ Credit to ==> Mobile Guide Journal www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 30 Jul 2015 12:11 AM PDT ![]() Network - GSM/HSPA CPU - Quad Core 1.3 GHz Memory - 8GB, up to 32GB OS - Android OS, v5.1.1 Bluetooth - v4.0 ပြည်တွင်းဈေးကွက်အတွက်ရောင်းချပေးထားသော LG ရဲ့ဟန်းဆက်ကတော့L Bello ဖြစ်ပြီး၊ အခု အသစ်ထပ်မံမိတ်ဆက်လိုက်သော ဟန်းဆက်ကတော့ Bello IIပါ။ ဖုန်းအမျိုးအစား တူညီပေမယ့် ဖုန်းနာမည်နဲ့မော်ဒယ်နံပါတ်များဟာ တစ်ခါတလေမှာနေရာဒေသပေါ်မူတည် ၍ခေါ်ဆိုမှုကွဲလွဲတတ်ကြပါ တယ်။ အထူးသဖြင့်အလယ်အလတ်တန်းစား Samsung ဖုန်းများဆိုရင်မော်ဒယ် တစ်ခုတည်းပေမယ့် အမည်နာမအနည်းငယ်ကွဲပြားခေါ်ဆိုတတ်ကြပါတယ်။ အချို့တွေကဟန်းဆက်နာမည် ကိုမူရင်းအတိုင်း သိထားကြပေမယ့် တစ်ခါတလေမှာဟန်းဆက် နာမည်နောက်ဘက်တွင်Plus (သို့)+ များပါရှိတတ် ကြပါတယ်။ LG ရဲ့ယခုဟန်းဆက်ဟာလည်းBrazil နှင့်Chile တို့တွင်LG Prime IIအဖြစ်သိထားပါတယ်။Mexico, India နှင့်CIS တို့တွင်LG Max အဖြစ်သိထားပါတယ်။Bello II ဟာ140.8x71.6x9.6mm အရွယ်အစားရှိပြီး၊အလေးချိန်ကတော့155g ဖြစ်ပါတယ်။ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့်ဖုန်း အမျိုးအစားဖြစ်ပါတယ်။IPS LCD capacitive touchscreen ရဲ့အကျယ်အ၀န်းပမာဏကတော့5 inches ပါ။ မြင်ကွင်းစွမ်းရည်အတွက်ထောက်ပံ့ပေးထားသောpixelsပမာဏကတော့480x854 ဖြစ်ပြီး၊တစ်လက်မမှာ ရှိမယ့်pixel ပမာဏသိပ်သည်းဆကတော့196ppi ပါ။Multitouchစနစ်တွင်LG UI 4.0 ကိုသုံးစွဲနိုင်ပါမယ်။အဓိကကင်မရာဟာ8MP စွမ်းရည်ရှိပြီး၊ရှေ့ကင်မရာငယ်ကတော့5MP စွမ်းရည်ဖြစ်ပါ တယ်။ ဒါကြောင့်လှပသည့်Selfieပုံများကိုရိုက်ကူးနိုင်ပါမယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်ကတော့1080p ဖြစ်ပြီး၊နှုန်းကတော့တစ်စက္ကန့်ကို30frames ပါ။ မှတ်ဥာဏ် ပမာဏအပိုင်းတွင်RAM ကို1GB ထည့်သွင်းပေးထားပြီး၊Internal Storage သည်8GB ပါရှိပါမယ်။CPU စွမ်းရည်ကတော့Quad Core 1.3GHz ဖြစ်ပါတယ်။ အားသွင်းအသုံးပြုနိုင်မယ့်ဘက်ထရီ အမျိုးအစားမှာ Li-Ion 2540mAh ဖြစ်ပြီး၊ဖုန်းကိုအရောင်သုံးမျိုးဖြင့်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Credit to ==> Mobile Guide Journal www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| တန်ဖိုးနည်းပြီးစွမ်းဆောင်ရည်မြင့် - XOLO Omega 5.0 Posted: 30 Jul 2015 12:11 AM PDT ![]() Network - GSM/WCDMA Screen - 5inches CPU - Octa Core 1.4GHz OS - Android OS, v4.4.2 Memory - up to 32GB Bluetooth - v4.0 Contact - 09-250080364 Price - 165,000 Ks အိန္ဒိယနိုင်ငံအခြေစိုက်စမတ်ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သောXOLO သည် ပြည်တွင်းဈေးကွက်အတွက် ဖုန်းအမျိုးအစားအချို့ကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ ထိုအမျိုးအစားတွေထဲကတစ်ခုဖြစ်သည့် Omega 5.0 ဟာ 144x72x10.5mm အရွယ်အစားရှိပါတယ်။ ဖုန်းကိုယ်ထည်ကတော့ ထိပ်ဘက်နှင့်အောက်ဘက်များသည်အ၀န်းအ၀ိုက်ပုံစံရှိပါတယ်။ ဖုန်းရဲ့အနောက်ဘက်တွင်အဓိကကင်မရာ ဟာအ၀ိုင်းပုံသဏ္ဌာန်ရှိပြီး၊ Flash မီးကိုတော့မှန်ဘီလူးအောက်ဘက်တွင်တပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ့ဘေးဘောင်များဟာငွေမှင်ရောင်လိုင်းဖြင့် ခြယ်မှုန်းပေးထားပါတယ်။ ဖုန်းရဲ့Power Butoonနဲ့ အသံအတိုးအချဲ့ခလုတ်များဟာငွေမှင်ရောင်လိုင်းနှင့်တစ်သားတည်းရောယှက်နေပါတယ်။အခြားဖုန်းများကဲ့ သို့ထင်ပေါ်အောင်မဖန်တီးပေးထားခြင်းဟာလည်းထူးခြားသည့် ဒီဇိုင်းပုံစံဖြစ်ပါတယ်။ USB Port နှင့် နားကြပ်အပေါက်ဟာ ဖုန်းရဲ့ထိပ်ဘက်တွင်တည်ရှိပါတယ်။အသုံးပြုနိုင်မယ့်UI ကလည်း အမြင်တစ်မျိုး ဆန်းသစ်ပါတယ်။ Touch Screen အားစတင်အသုံးပြုဖို့အတွက်ဖွင့်သည့် အခါတွင်ကင်မရာ၊ မက်ဆေ့ခ်ျနှင့်ဖုန်းခေါ်ဆိုမှုများ ကိုတိုက်ရိုက်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးထားခြင်းကြောင့်ဆင်းကတ်အပိုင်းတွင်အားသာချက်ရှိပါတယ်။IPS LCD capacitive touchscreen ရဲ့အကျယ်အ၀န်းပမာဏကတော့5 inchesပါ။ မြင်ကွင်းစွမ်းရည် အတွက်ထောက်ပံ့ပေးထားသည့် pixels ပမာဏသည် 720x1280 ဖြစ်ပြီး၊ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့294ppi ပါ။အဓိကကင်မရာဟာ8MP စွမ်းရည်ရှိပြီး၊ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM ကို1GB နှင့်Internal Storage ကို8GB ထည့်သွင်းပေးထားပါတယ်။ တပ်ဆင်ပေးထားသော ဘက်ထရီအမျိုးအစားကတော့Li-Ion 2100mAh ဖြစ်ပြီး၊ 3G network တွင်စကားပြောဆိုဖို့အတွက်၇နာရီနီးပါးခံနိုင်ရည်ရှိပါမယ်။ Credit to ==> Mobile Guide Journal www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ၃၆၀ ဒီဂရီလှည့်၍ ကြည့်ရှုနိုင်သော ဗီဒီယိုကြော်ငြာများကို YouTube ပြသပေးမည် Posted: 29 Jul 2015 11:53 PM PDT Google သည် ကြော်ငြာများကို လူအများ စိတ်ဝင်စားလာစေရန် iOS, Android နှင့် Chrome တွင် ၃၆၀ ဒီဂရီ လှည့်လည်၍ ကြည့်ရှုမည့် ဗီဒီယိုကို ထောက်ပံ့ပေးထားသည်။ ဘီယာအမှတ်တံဆိပ် Bud Light သည် Google ၏ TrueView ကြော်ငြာ paltform အသုံးပြုထားသော feature ပါဝင်သည့် ပထမဆုံး ကြော်ငြာဖြစ်လာသည်။ PC သုံးစွဲသူများသည် ၃၆၀ ဒီဂရီလှည့်လည် ကြည့်ရှုနိုင်သည့် ဗီဒီယိုများကို mouse အသုံးပြု၍ ကြည့်ရှုနိုင်မည် ဖြစ်သည်။ မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ဖုန်းအားအနည်းငယ် စောင်းငဲ့၍ ၃၆၀ ဒီဂရီမြင်ကွင်းကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ မတ်လက Google သည် ၃၆၀ ဒီဂရီဗီဒီယို ထောက်ပံ့မှု feature ကို မိတ်ဆက်ခဲ့ပြီး ယခင် ၃၆၀ ဒီဂရီ ဗီဒီယိုများသည် လက်ရှိ ဗီဒီယိုများထက် ၃၆ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေရန် စွမ်းဆောင်ခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ Ref: TheNextWeb Credit==>internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ ဒီပလိုမာ နေ့သင်တန်းသားများခေါ်ယူ Posted: 29 Jul 2015 11:53 PM PDT ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်အတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၀/၁၅) နေ့သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၁၀ ရက်မှ စတင်ကာ ပညာရေးကောလိပ်များတွင် ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းကာလမှာ ၂ နှစ်ဖြစ်သည်။ သင်တန်းသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် အသက် ၂၄ နှစ်ထက်မကြီးသူများ၊ မည်သည့်ပညာရေးကောလိပ်တွင် မဆို တက်ရောက်နိုင်သူများလျှောက် ထားနိုင်မည်ဖြစ်သည်။ လျှောက် လွှာနှင့်အတူ တက္ကသိုလ်ဝင်စာ မေးပွဲရမှတ်စာရင်းမိတ္တူ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူနှင့် ၆ လအတွင်းရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၂ ပုံ ပူးတွဲတင်ပြရမည်ဖြစ်သည်။ လျှောက်လွှာများကို မြို့နယ် ပညာရေးမှူးရုံးများတွင် ရယူနိုင်ပြီး စက်တင်ဘာလ ၂၁ ရက် နောက်ဆုံးထားကာ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးသို့ ပေးပို့လျှောက် ထားရမည်ဖြစ်သည်။ Credit==>internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 29 Jul 2015 11:52 PM PDT iPhone, iPad တို့ပေါ်တွင် Lock Screen ကို အလှဆင်လိုသူများအတွက် အသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် iPhone 6 နှင့် 6+ တို့တွင် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပြီး Lock Screen Design နှင့် HD Wallpaper များစွာကို ရယူနိုင်မည်ဖြစ်သည်။ အဆိုပါ app ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 7.1 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit==>internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ♪ စက်ဘီးပြိုင်နင်းချင်သူများအတွက် - Tour de France 2015 – The Game v1.2.6 Apk ♫ Posted: 29 Jul 2015 11:04 PM PDT အခုတင်ပေးလိုက်တဲ့ Game လေးကတော့ စက်ဘီးပြိုင်ပွဲမှာ စက်ဘီးနင်းပြိုင်ချင်သူများအတွက် Tour de France 2015 ဆိုတဲ့ Game လေးတစ်ခုဖြစ်ပါတယ်ဗျာ။ ကားပြိုင်တာတွေ ဆိုင်ကယ်ပြိုင်တာတွေနဲ့ငြီးငွေ့ လာပြီးဆိုရင်တော့ အခုစက်ဘီးစီးပြိုင်တဲ့ Game လေးကိုကစားကြည့်ပါ တကယ်ကစားလို့ကောင်းပါတယ် ဗျာ။ နိုင်ငံအလိုက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်ဗျာ။ ပြိုင်ဘက်တွေကအများကြီးပဲဆိုတော့ စက်ဘီးစီးပြိုင်ဖို့အ အတွက် တော်တော်လေးမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲဗျာ။ Game ရဲ့နမူနာပုံစံကိုတော့ အောက်မှာ Screen Shoot ရိုက်ပြထားပါတယ်ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| Internet Broser တွေထဲမှာ အားလုံးထက် %100% လောက်မြန်ဆန်တဲ့-Maxthon Web Browser - Fast v4.5.0.2000 Apk Posted: 29 Jul 2015 10:27 PM PDT ![]() Internet Broser တွေထဲမှာ အားလုံးထက် %100%aလာက်မြန်ဆန်တဲ့ Maxthon Browser လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ တကယ်လည်းအသုံးပြုကြည့်ပါမှ အရမ်းကောင်းမှန်သတိထားမိတယ်ဗျာ။ ဟိုတုန်းကတော့ ဒီဆော့ဝဲဟာကွန်ပျူတာမှာသာအသုံးပြုလို့ရတာပါ အခုတော့Apk လေးပါထပ်ထွက်လာတော့ ဖုန်းမှာအသုံးပြုလိုတဲ့ဘော်ဒါတွေအတွက်လည်း ပိုလို့အဆင်ပြေသွားတာပေါ့ ဒီဗားရှင်းမှာဆိုရင်တော့ Featureအသစ်တွေနဲ့မိမိထင်ထားတာထက်ကိုပိုအသုံးပြုကောင်းနေတာပါ။ မိမိဖုန်းမှာ အင်တာနက်အသုံးပြုဖို့ တစ်ခြား Browser တွေထက်%100% လောက်မြန်ဆန်တဲ့ ဆော့ဝဲလေးကို အသုံးပြုလိုတယ်ဆိုရင်တော့ ဒီ Maxthon Browser Apk လေးကိုအသုံးပြုကြည့်လိုက်ပါလို့ အကြုံပြုပါရစေ။ Download Here |
| Posted: 29 Jul 2015 10:13 PM PDT အခုတင်ပေးလိုက်တဲ့ World Conqueror ဆိုတာတော့ စစ်တိုက်ရတဲ့ Game လေးတစ်ခုဖြစ်ပါတယ်ဗျာ။ ကိုယ်တိုင်ပါဝင်ပစ်ခတ်တိုက်ခိုက်ရတာမျိုးမဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံရဲ့ စစ်တပ်တစ်ခုလုံးကို ကိုယ်တိုင် တည်ဆောက်ပြီး နိုင်ငံတကာမှစစ်တပ်တွေနယ်မြေတွေကိုသိမ်ပိုက်နိုင်မယ့် Game တစ်ခုဖြစ်ပါတယ်ဗျာ။ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပြီး မိမိရဲ့ Management ကောင်းရင်ကောင်းသလို တိုက်ပွဲတွေမှာအောင် နိုင်မှာဖြစ်ပါတယ်ဗျာ။ Game ရဲ့နမူနာပုံစံကိုတော့ အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 4.0 နှင့်အထက်ဖုန်းများမှာ ကစားနိုင်မှာဖြစ်ပါတယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| Mobile Q&A: စမတ်ဖုန်း စွဲလမ်းမှု လက္ခဏာများ Posted: 29 Jul 2015 09:23 PM PDT Q. ကျွန်တော်ဟာဖုန်းကို လွန်လွန်ကဲကဲအသုံးပြုမိနေတယ်လို့ ကိုယ့်ကိုယ်ကို သံသယရှိနေပါတယ်။ ဖုန်းကိုအစွဲလွန်နေတယ်လို့ ပြသနေတဲ့ လက္ခဏာတွေအကြောင်း ပညာရှင်တွေက ပြောထားတာ ရှိသလားသိချင်ပါတယ်။ A. စမတ်ဖုန်းတွေက ဘ၀ရဲ့အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းနဲ့တက်ဘလက်အသုံးပြုမှုကို ကန့် သတ်သင့်တယ်ဆိုတဲ့အချက်က ထင်ရှားလာပါတယ်။ ဖုန်းကို လွန်လွန်ကဲကဲ အသုံးပြုတာဟာလူမှုရေးနဲ့ ကျန်းမာရေး ဖရိုဖရဲ ဖြစ်စေနိုင်တယ်လို့ ယုံကြည်စရာဖြစ်လာတယ်။ အချိန်မလွန်ခင် ဖုန်းကို စွဲလမ်းနေပြီလားဆိုတာ သိရအောင် အောက်ပါအချက် (၁၀) ချက်နဲ့ တိုက်ဆိုင်စစ်ဆေး ကြည့်နိုင်ပါတယ်။
![]() |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |





















0 comments:
Post a Comment