မောင်ပေါက် ( Maung Pauk ) |
- iOS app အတွက် pop-out video viewer ကို Facebook စမ်းသပ်နေ
- ဖုန်းကင်မရာ သုံးလို့ ပုံကောင်းကောင်း ရိုက်နည်း
- ♪ ဖုန်းအချင်းချင်း Data Share ရာမှာ မြန်ဆန်တဲ့ - Zapya - File Transfer, Sharing v3.3.2 Apk (30-Aug) ♫
- ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး Kyeet (ကြည့်) Application ကို မကြာခင် မိတ်ဆက်မည်
- MotoExpo Mobile Application အား အခမဲ့ ရယူနိုင်မည်
- ပညာရေးနှင့် ပတ်သက်သည့် Application များ ဝင်ရောက်ယှဉ်ပြိုင်ကြရန် Telenor က ဖိတ်ခေါ်
- IFA နည်းပညာပြပွဲတွင် Skylake ပရိုဆက်ဆာများကို Intel မိတ်ဆက်
- Dinga Store ကို စတင်မိတ်ဆက်
- Handwriting Japanese Kanji For Android
- Samsung ၏ အကူအညီဖြင့် လက်တော့ပ်ဈေးကွက်သို့ Xiaomi ဝင်ရောက်ဖွယ်ရှိ
- မှတ်ဉာဏ်ပမာဏ မြင့်မားသော ZenFone 2 စမတ်ဖုန်းသစ်ကို Asus မိတ်ဆက်
- စက်တင်ဘာ ၉ ရက်တွင် iPad Pro ကို Apple မိတ်ဆက်မည်ဟုဆို
- ♪ Video တည်းဖြတ်, စာတန်းထိုး, Photo Slideshow အကောင်းဆုံး ဖန်တီးနိုင်တဲ့ - VivaVideo Pro:Video Editor App v4.4.3 Apk (1-Sept) ♫
- ♪ ခပ်မိုက်မိုက်ဒီဇိုင်းအဆန်းတွေ 3D Effect တွေနဲ့ - TSF Launcher 3D Shell v3.8.2 Apk ♫
- ♪ ငယ်ငယ်တုန်းကကစားခဲ့တဲ့ အတုံးဆက်တဲ့ဂိမ်းကောင်းလေးတစ်ခု - TETRIS® v1.6.00 Apk ♫
| iOS app အတွက် pop-out video viewer ကို Facebook စမ်းသပ်နေ Posted: 03 Sep 2015 05:07 AM PDT Facebook သည် အွန်လိုင်းဗီဒီယို ကြည့်ရှုနိုင်မည့် နည်းလမ်းသစ်တစ်ရပ်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သုံးစွဲသူအချို့သည် Facebook iOS app တွင် carousel ဟူခေါ်သော မြင်ကွင်းပုံစံသစ်ကို တွေ့ရှိခဲ့ကြကြောင်း Twitter မှတစ်ဆင့် ဝေမျှခဲ့ကြသည်။ ထို့အပြင် pop-out, picture-in-picture ပုံစံ လုပ်ဆောင်ချက်များကိုလည်း တွေ့မြင်ခဲ့ရသည်ဟု ဆိုခဲ့ကြသည်။ Pop-out video viewer သည် ဗီဒီယိုကို News Feed နှင့်ယှဉ်လျက် သုံးနိုင်သောကြောင့် Facebook သုံးစွဲသူက ဗီဒီယိုကို ကြည့်ရှုရင်း News Feed ကို အပေါ်နှင့် အောက်သို့ scroll လုပ်နိုင်မည် ဖြစ်သည်။ Ref: TNW Credit internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဖုန်းကင်မရာ သုံးလို့ ပုံကောင်းကောင်း ရိုက်နည်း Posted: 03 Sep 2015 03:35 AM PDT ဖုန်းကင်မရာကို အသုံးပြုလို့ လူတိုင်း ပုံကောင်းကောင်း ရိုက်တတ်ချင်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒီတော့ ပုံကောင်းကောင်း ထွက်စေမယ့် နည်းလမ်းများကို မျှဝေပေးလိုက်ရပါတယ်။ ဒါ့အပြင် အားတက်သွားစေအောင်လည်း ဖုန်းနဲ့ ရိုက်ကူထားတဲ့ ကမ္ဘာကျော် ပုံများကိုပါ တွဲပေးလိုက်ပါတယ်။ စိတ်မပူပါနဲ့။ မိမိရဲ့ဖုန်းက 1 MP ရှိအုံးတော့ ပုံကောင်းကောင်း ရိုက်နိုင်ပါတယ်။ ဒီတော့ နည်းလမ်းလေးတွေ စပြောကြရအောင်..။ ၁) Zoom ဆွဲ မရိုက်ပါနဲ့.. အရေးအကြီးဆုံး အချက် ဖြစ်ပါတယ်။ ဖုန်းနဲ့ ရိုက်တဲ့အခါ Zoom ဆွဲပြီး ရိုက်မ့် အစား ပုံမှန်အတိုင်းရိုက်လို့ ကိုယ်လိုချင်တဲ့ နေရာကို Crop လုပ်ယူလို့ ရပါတယ်။ Zoom ဆွဲလိုက်ခြင်းက ပုံရဲ့ အရည်အသွေးကို ကျဆင်းသွားစေမှာ ဖြစ်ပါတယ်။ ဒီတော့ စမ်းကြည့်ပါ။ Zoom ဆွဲပြီး ရိုက်တာနဲ့ ခပ်ရိုးရိုးရိုက်ပြီး ကိုယ်လိုချင်တဲ့အပိုင်းကို Crop လုပ် ဆွဲကြည့်ယူတာနဲ့ ဘယ်ဟာ ပိုကောင်းသလဲ ဆိုတာ သိမြင်ပါလိမ့်မယ်။ ဒီတော့ ကိုယ်ရိုက်ချင်တဲ့ အရာနဲ့ ဝေးနေတယ်ဆိုရင် Zoom ဆွဲမယ့်အစား နီးနိုင်သမျှ နီးအောင် သွားရပါမယ်။ ၂) Original Mode ကိုသာ သုံးပါ။ ကင်မရာတွေမှာ Mode အသီးသီး ရှိပါတယ်။ Evening mode လား၊ Morning mode လား၊ night mode လား အစရှိသဖြင့် ရှိပါတယ်။ mode တွေ ဘယ်လောက်ပဲ ရှိရှိ Original နဲ့ ရိုက်ပြီးတော့ ပုံကို Edit လုပ်တဲ့အခါမှ mode ပြန်ပြင် နိုင်ပါတယ်။ အကယ်၍ Evening mode နဲ့ ရိုက်ထားဖြစ်ရင် အချို့ဖုန်းဆိုရင် ပြန် edit လုပ်တဲ့အခါ Orignal mode ကို ပြန်ဆင်းလို့ မရတော့ ပါဘူး။ အဲ့ကျရင် edit ရ ပိုလို့ ခက်ခဲ ပါလိမ့်မယ်။ ပြီးတော့ Camera 360 နဲ့ အခြားသော ပြင်စရာ app များစွာ ရှိပေမယ့် သူတို့က ပြင်စရာ App ပါ။ ရိုက်စရာ App မဟုတ်ပါဘူး။ Instagram တောင်မှ ပုံရိုက်ပြီးမှ သူ့ထဲ ပြန်ထည့် ပြင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ၃) လက်ငြိမ်ငြိမ်ထားပါ ကင်မရာ ဘယ်လောက်ကောင်းကောင်း၊ Image Stable ဖြစ်အောင် ထိန်းနဲ့ နည်းပညာတွေ ဘယ်လောက်တိုးတက်ပါစေ ပုံကောင်းကောင်း ထွက်ချင်ရင် လက်ငြိမ်အောင် ထိန်းသင့်ပါတယ်။ အကယ်၍ လက်တင်စရာ ရှိရင် တင်ထားပြီး တင်စရာ မရှိရင် ဖုန်းက သေးတယ်ဆိုရင် လက်တစ်ဘက်ရဲ့ လက်ခုံးပေါက် တံတောက်ဆစ်တင်တဲ့ အနေအထားနဲ့ ရိုက်နိုင်ပါတယ်။ အကယ်၍ ဖုန်းက အဲ့လောက် မသေးဘူး လက်နှစ်ဘက်လိုတယ်ဆိုရင်လည်း နှစ်ဘက်စလုံး ပေါင်းလို့ ခပ်ငြိမ်ငြိမ်လေးဖြစ်အောင် ကိုင်နိုင်ပါတယ်။ ၄) အသံတိုး အသံချဲ့ buttom ကို သုံးလို့ ရိုက်ပါ ဖုန်းတွေမှာ အသံတိုး အသံချဲ့ buttom ကို သုံးလို့ ရိုက်လို့ရတယ် ဆိုတာကိုရော သိကြပါသလား.. တကယ့် ကင်မရာ ကိုင်တဲ့ အရသာကို ရရှိစေဖို့ ဖုန်း ကုမ္ဗဏီများက ဖန်တီးပေးထားပါတယ်။ အရင် ဖုန်းအဟောင်းများတော့ မသိ iPhone, Samsung, နဲ့ အခြားသော ဖုန်း brand အများစုရဲ့ ၂၀၁၂ လော်ကကနေ စထုတ်တဲ့ ဖုန်းများက သုံးလို့ရ ပါတယ်။ Screen ပေါ်က button ကို သုံးဖို့ ကြိုးစားနေရင် တစ်ခါတစ်လေ လက်မငြိမ်ပါဘူး။ ဒီမှာ exception တစ်ခု ရှိပါတယ်။ buttom ကို သုံးတယ် ဆိုတာ landscape ရိုက်မှပါ။ Potrait (ဒေါင်လိုက်) ရိုက်ရင်တော့ screen ထဲက နှိပ်စရာက ပိုအဆင်ပြေ ပါတယ်။ ၅) ရိုက်ကွက် အနေအထားကို သိပါ Landspace ပုံစံလိုချင်လား၊ Potrait ပုံစံ လိုချင်လား ကိုယ်တိုင် စဉ်းစားပါ။ Landspace က ကင်မရာက လှဲ လိုက်တဲ့ အနေအထားဖြစ်ပြီး Potrait က ဖုန်းကို အထောင်လိုက် အနေအထား ဖြစ်ပါတယ်။ အကယ်၍ ရှုခင်းပုံ ရိုက်တယ်ဆိုရင် Landspace က အကောင်းဆုံး ဖြစ်ပြီး လူတစ်ဦး သို့မဟုတ် Object တစ်ခုခုကို ဦးတည်တယ်ဆိုရင် ထောင်လိုက်က ကောင်းပါတယ်။ ဒါပေမယ့် နောက်ခံ ရှုခင်းနဲ့ လူကိုပါ ပါစေချင်တယ်ဆိုရင် Landspace ပုံ ရိုက်နိုင်ပါတယ်။ ၆) Focus ငြိမ်အောင် စောင့်ပါ ယခု နောက်ပိုင်းဖုန်းတွေမှာ ဆိုရင် Auto Focus တွေ ပါပါတယ်။ Auto Focus ကို မိမိက Focus ထားချင်တဲ့ အရာအပေါ် ရောက်အောင် လက်နဲ့ တို့ထိပြီးတော့ ဆွဲယူပါ။ ပြီးရင် Focus ငြိမ်အောင် ခဏ စောင့်ပါ။ Focus မငြိမ်သေးပဲ ရိုက်မိရင် ပုံက မကောင်းတော့ ပါဘူး။ ၇) HDR mode ဖွင့်ထားပါ HDR mode ဖွင့်ထားရင် ဖုန်းတွေမှာ ပုံ နှစ်ပုံ ရိုက်ပေးတာမျိုးတို့ အချို့ဖုန်းမှာ လုပ်ပေးပါတယ်။ တစ်ပုံကို ပုံမှန်ပုံ ရိုက်ပေးပြီး နောက်တစ်ပုံကို HDR mode နဲ့ ရိုက်ပါတယ်။ HDR Mode ကို ကိုယ်ရိုက်မယ့် ရိုက်ကွင်းရိုက်ကွက်မှာ လူများများ ပါတယ်၊ Object အများကြီးပါတယ်ဆိုရင် ဖွင့်ထားသင့်ပါတယ်။ ဒါဆိုရင် အားလုံးရဲက ရုပ်ထွက်ကို ကောင်းအောင် လုပ်ပေးပါတယ်။ Hight Definition Resolution ဖြစ်ပါတယ်။ ၉) ပုံများများ ရိုက်ပါ ရိုက်ကွင်း တစ်ကွက်ထဲမှာ တစ်ပုံပဲ မရိုက်ပါနဲ့။ အထူးသဖြင့် လူပုံတွေကို ရိုက်တဲ့အခါ ဖြစ်ပါတယ်။ မျက်လုံးမိတ်သွားတဲ့အခါ ရှိမယ်။ အမူအရာပျက်တဲ့အခါ ရှိမယ်။ ဒါကြောင့်မို့ ရိုက်တဲ့အခါ ပုံတွေ အများကြီး ဆက်တိုက်ရိုက်သင့်ပါတယ်။ ၅ပုံ၊ ၆ ပေါက်လောက် ဖြစ်ပါတယ်။ ပြီးတော့မှ ကိုယ်က အကောင်းဆုံးလို့ ထင်တဲ့ ပုံကို ရွေးချယ် နိုင်ပါတယ်။ ၁၀) အလင်းရောင်ကို ကောင်းကောင်း အသုံးချပါ ပုံရိုက်တဲ့အခါ လူ သို့မဟုတ် Object တစ်ခုခုကို ရှင်းရှင်းလင်းလင်း မြင်ချင်ရင် အလင်းရောင် လာရာဘက်ကို မျက်နှာမူပြီးတော့ မရိုက်သင့်ပါဘူး။ ဥပမာ ကိုယ်ရိုက်တဲ့လူက နေရောင်လာတဲ့ဘက်မှာ ရှိနေတယ် ဆိုရင် ပုံရိုက်တဲ့အခါ လူဟာ မည်းနေပါလိမ့်မယ်။ အဲ့လိုအခြေအနေကျရင် လူကို နေရောင်ဘက်ကို မျက်နှာမူစေပြီး ကိုယ်က နေရောင်ကို နောက်ကျော ယူလို့ ရိုက်သင့်ပါတယ်။ ဒါက နေရောင်ကိုပဲ ပြောတာ မဟုတ်ပါဘူး။ ဘယ်အလင်းရောင်တွေတွက် မဆို ဖြစ်ပါတယ်။ အလင်းရောင်ကို မဆန့်ကျင်ရပါဘူး။ အလင်းရောင်ကို အသုံးချရန်သာ ဖြစ်ပါတယ်။ ဒါပေမယ့် ထန်းပင်ကြားထဲကနေ နေရောင်ခြည်ထွက်လာတဲ့ ပုံရိုက် ရိုက်ချင်တယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ညဘက်မှာ ရိုက်ရင်လည်း အလင်းရောင်လာရာကို ပိုလို့တောင် မဆန့်ကျင် သင့်ပါဘူး။ ၁၁) Flash ကို သတိထားပါ ဖုန်းတွေရဲ့ Flash တွေ တိုးတက်လာတယ်ပဲ ပြောပြော ကျနော်ကတော့ ယနေ့အချိန်ထိ Flash ဖွင့်ရိုက်ရင် လူ့မျက်လုံးက မြေခွေး မျက်လုံး လို အလင်းရောင် ထွက်သွားတာမျိုး၊ မူလ Object ရဲ့ အရောင်ကို ကွဲပြားသွားစေတာမျိုးတို့ ဖြစ်သွားပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ သူငယ်ချင်းရှိရင် ကိုယ်ရိုက်တဲ့အချိန် သူ့ဖုန်းကို Flash လေး ဖွင့်ထားပေးပါလားလို့ အကူအညီတောင်းသင့် ပါတယ်။ အကယ်၍ ကိုယ့်မှာ ဖုန်းနှစ်လုံး ရှိရင် သူများအကူအညီမလိုတော့ပါဘူး။ ဒါပေမယ့် လက်မငြိမ်ဘူးဆိုရင်တော့ အခြားလူကို အကူအညီတောင်းနိုင်ပါတယ်။ ဒီတော့ကာ အကူသုံးမယ့် မီးက အဖြူရောင်ပဲ ဖြစ်ဖို့ လိုအပ် ပါတယ်။ အနီရောင်၊ အစိမ်းရောင် အစရှိသဖြင့် မီးများကို မသုံးပါနဲ့။ ၁၂) Resolution အမြင့်နိုင်ဆုံး မြင့်အောင် ယူပါ ဖုန်းတွေမှာ ပုံကို 960×580, 2860×1500 အစရှိသဖြင့် ရွေးခွင့်တွေလည်း ပေးထားပါတယ်။ အဲ့ဒါတွေကို ရွေးခွင့်ပေးထားသည့်တိုင် ကိုယ်ကတော့ Resolution အမြင့်ဆုံးကို့ပဲ ရွေးချယ်သင့်ပါတယ်။ ပြီးတော့မှ ကိုယ်လိုသလောက် ပြန်ဖြတ်ယူနိုင်မှာမို့ ဖြစ်ပါတယ်။ ၁၃) ရိုက်ကွင်းရိုက်ထွက် ထောင့်ချိုး၊ အမြင့် အနိမ့် သိပါစေ သာမန်အားဖြင့် လူပုံ ကို ချိန်မယ်ဆိုရင် ဖုန်း screen ထဲမှာ ပေါ်လာပါမယ်။ အဲ့ဒီမှာ ကြည့်ပါ။ ကိုယ့်အနေနဲ့ ကင်မရာကို ကင်မရာလို့ မမြင်တော့ပဲ ဒါကို မဂ္ဂဇင်းသို့မဟုတ် ကိုယ်မြင်ချင်တဲ့ စာမျက်နှာ တစ်ခုခု ပေါ်မှာ မြင်မယ့်အရာတစ်ခုအဖြစ် မြင်ကြည့်လိုက်ပါ။ စောင်းနေလား၊ တည့်နေလား ပေါ့။ စောင်းတာကိုလိုချင်လို့ idea ဆန်းပြီး စောင်းအောင်ရိုက်သူများလည်း ရှိပါတယ်။ ပြီးတော့ ကိုယ်ရိုက်မယ့် သူက အရပ်ပုရင် အပေါ်စီးကနေ မရိုက်ပါနဲ့။ အောက်ကနေ ပင့်ရိုက်သင့်ပါတယ်။ ဖုန်းကို ကိုင်တဲ့အခါ ကိုယ်ရိုက်မယ့် Object ကို အောက်ကနေလား၊ အလယ်ကနေလား၊ အပေါ်ကနေလား ကိုယ်တိုင် ချင့်ချိန်ယူနိုပါတယ်။ ကျနော်ပြောခဲ့သလိုပဲ သူ့ကို ကိုယ်မြင့်ချင်တဲ့ မဂ္ဂဇင်းပေါ်က အရာတစ်ခုအဖြစ် ခံစားပြီးတော့ ရိုက်ကူးရမှာ ဖြစ်ပါတယ်။ ၁၄) Software တစ်ခုခုနဲ့ ပြန် Edit လုပ်ပါ Software လို့ခေါ်တဲ့အခါ ဖုန်း ဆော့ဖ်ဝဲ ရှိတယ်။ ကွန်ပြူတာ ဆော့ဖ်ဝဲ ရှိပါတယ်။ ဖုန်းဆော့ဖ်ဝဲ ဆိုရင် Instagram, Snapseed, Camear 360 အပြင် အခြားသော Software များစွာလည်း ရှိပါတယ်။ ကွန်ပြူတာပေါ်မှာဆိုရင်တော့ အားလုံး သိကြတဲ့အတိုင်း Adobe Photoshop တို့လိုမျိုးတွေ ရှိပြီး Online ဆိုရင် picmonkey.com တို့လို အပြင် အခြား များစွာ ရှိပါတယ်။ Flicker iOS ဆိုတာကိုလည်း အနောက်တိုင်းမှာ အသုံးများပါတယ်။ ပြီးရင် ကိုယ်လိုချင်တဲ့ အပိုင်းကို Crop လုပ်၊ အရောင်ပေါင်း တို့ကို လုပ်လိုက်ရင် Perfect ဖြစ်တဲ့ ပုံများ ထွက်ပါပြီ။ အကြံပြုချက် ကိုယ်သိထားရမှာက ဖုန်းကင်မရာဟာ ပရော်ဖက်ရှင် ကင်မရာ မဟုတ်တာကြောင့် သိပ် မျော်လင့်ချက် အကြီးကြီး မထားစေဖို့ ဖြစ်ပါတယ်။ ဘာလို့လဲဆို လူတစ်ယောက်ရဲ့ မျက်နှာပုံကို ရိုက်ရင် DSLR က Zoom တွဲကြည့်တဲ့အခါ ပုံထွက်အိုကေပြီး အဆီပေါက်တွေမှာ မြင်နိုင်ပေမယ့် ဖုန်းကတော့ ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ လုပ်နိုင်တဲ့ အလုပ်များကို သိထားဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ချက်၊ သူ့မှာ ပါဝင်နေတဲ့ Function တွေကို လေ့လာကြည့်ပါ။ ကလိကြည့်ပါ။ ကိုယ့်ဖုန်းကိုယ် ကလိရတာ ပိုက်ဆံ မပေးရ ပါဘူး။ ယခု ဖော်ပြချက်ကတော့ ကင်မရာဖြင့် ဓာတ်ပုံ ရိုက်နိုင်ရန် စတင်ကြိုးစားနေသူများအတွက် Beginner guide သာ ဖြစ်ပါတယ်။ . REF : အောင်ခမ်း (MMAS) ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 03 Sep 2015 03:21 AM PDT Zapya ကတော့ Android User တိုင်းသိထားပြီးသား Data Share တဲ့ Application လေးဖြစ်ပါတယ်ဗျာ။ ကျွန်တော်အခုတင်ပေးလိုက်တာက 30-Aug မှာ နောက်ဆုံးထွက်ထားတဲ့ v3.3.2ပါ။ Version အသစ် သုံးချင်သောဘော်ဒါများအတွက် တင်ပေးလိုက်ပါတယ်ဗျာ။ မသိသေးသူများကိုရှင်းပြရမယ် ဆိုရင်တော့ Bluetooth လိုပုံစံမျိုးပါဘဲ။ Zarpya ကတော့ Wifi မှာ Hotspot လွင့်ပြီး ဖုန်းအချင်းချင်း ဒါမှမဟုတ် Phone နဲ့ Computer တို့မှာ Data တွေကိုပို့ဆောင်ပေးတဲ့သဘောမျိုးပါ။ Bluetooth ထက်တော့အဆပေါင်း များစွာမြန်ဆန်စွာ Hand Set တစ်ခုနှင့် တစ်ခု Data တွေကို Share နိုင်ပါတယ်။ ဖိုင်ဆိုဒ်ကြီးတဲ့ Data တွေ ကို Share မယ်ဆိုရင် အချိန်ကုန် သက်တာတာပေါ့ဗျာ။ အခြားသော တရုပ် Tablet တွေ မှာဆို ရင် Bluetooth မပါပါဘူး အဲလိုမျိုး Tablet တွေ Hand Set တွေမှာ Zapya ကိုမရှိမဖြစ်ဆောင်ထားဖို့ လိုအပ်ပါတယ်။ Android OS 2.2 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး Kyeet (ကြည့်) Application ကို မကြာခင် မိတ်ဆက်မည် Posted: 03 Sep 2015 03:03 AM PDT ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုစည်းတင်ဆက်ပေးမည့် Kyeet (ကြည့်) Mobile Application ကို စက်တင်ဘာလကုန်ပိုင်း၌ မိတ်ဆက် ပေးသွားမည်ဟု MIDO မှ မရတနာထွန်းက ပြောသည်။ Kyeet (ကြည့်) ဟု အမည်ပေးထားသည့် Mobile Application ကို Website အနေဖြင့် www.kyeet.org ဟူ၍ လွှင့်တင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကို စိတ်ပါ ဝင်စားသည့် မည်သူမဆို သတင်းအချက်အလက် ရယူခြင်းနှင့် သတင်းအချက်အလက် ပေးပို့ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နိုင်မည်ဟု သိရသည်။ "ရွေးကောက်ပွဲ ကာလအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သတင်းတင်ပေးနေတာမျိုးပါ။ ဒီနေရာမှာ နှစ်မျိုးရှိပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဆီက လာတဲ့ သတင်းတွေ ဆိုရင် တိကျခိုင်မာတဲ့ သတင်းအနေနဲ့ တစ်ခါတည်း လွှင့်တင်သွားမှာပါ။ အသုံးပြုတွေဆီက ပေးပို့လာတဲ့ သတင်းတွေဆိုရင်တော့ အရောင်တစ်မျိုးနဲ့ တင်ဆက်ပေးသွားမှာပါ။ ကျွန်မတို့ စုံစမ်းလို့ ဟုတ်တယ် ဆိုရင်တော့ သူ့ကိုလည်း တိကျခိုင်မာတဲ့သတင်း အနေနဲ့ ပြောင်းလဲတင်ပေးမှာပါ" ဟု မရတနာထွန်းက ဆိုသည်။ Kyeet (ကြည့်) Mobile Application ကို MIDO နှင့် Center For Civic Technology (CCT) တို့ ပူးပေါင်းဖန်တီးခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်း နည်းပညာကို အသုံးချ၍ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။ လူထုအခြေပြု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး Platform တစ်ခုကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သိသင့် သိထိုက်သည့် အသင်း အချက်အလက်များကို တင်ဆက်ပေးမည်ဖြစ်သည်။ ဒုတိယအဆင့်သည် ရွေးကောက်ပွဲ ကျင်းပနေသည့် နေ့ရက် အတွင်း ဖြစ်ပေါ်လာသည့် ပြဿနာ အရပ်ရပ်ကို အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဖော်ပြပေးခြင်း ဖြစ်သည်။ "ဥပမာအနေနဲ့ - မဲရုံကဖွင့်ချိန်ထက် စောဖွင့်တာတွေ၊ နောက်ကျဖွင့်တာတွေ၊ ကိုယ့်နာမည်နဲ့ မဲစာရင်းက ပေးပြီးသားဖြစ်နေတာတွေ၊ ဒါတွေကို သတင်းအချက်အလက် အနေနဲ့ ပေးပို့နိုင်ပါတယ်။ သတင်းတွေကိုတော့ ကျွန်မတို့ စိစစ်ပြီးတော့မှာ တင်မှာပါ။ ကျွန်မတို့ နဲ့ ချိတ်ဆက်ထားတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက လာတဲ့ သတင်းကတော့ ချက်ချင်းတင်မှာပါ။ သူတို့ကိုလည်း သင်တန်းတွေပေးထားမှာ ဖြစ်တဲ့ အတွက် ယုံကြည့်ရမှုလည်း ရှိတယ်"ဟု မရတနာထွန်းက ပြောသည်။ Kyeet (ကြည့်) ၏ ဆောင်ပုဒ်သည် "လွတ်လပ် မျှတ စိတ်ချရဖို့ ရွေးကောက်ပွဲကို စောင့်ကြည့်စို့" ဖြစ်ပြီး ရွေးကောက်ပွဲ ကာလအတွင်း ပေါ်ပေါက်လာသည့် ပြဿနာများ အချိန်နှင့် တစ်ပြေးညီ သိရှိ၍ အချိန်နှင့် တစ်ပြေးညီ ပြန်လည် ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ "အင်တာနက်မရတဲ့ ဒေသတွေမှာဆိုရင် တိုင်ကြားချင်တဲ့ အချက်အလက်တွေကို Application မှာ ရိုက်ထည့်ပြီး ပို့လိုက်တာနဲ့ ဖုန်းက SMS ကို အသုံးပြုပြီး report လုပ်ပေးမှာပါ။ ရောက်လာတဲ့ report တွေကို မြေပုံပေါ်မှာ နေရာအလိုက် ပြန်ပြီး ပြပေးမှာဖြစ်တဲ့အတွက် website ထဲဝင် မြေပုံကြည့်လိုက်တာနဲ့ ဘယ် area တွေမှာ တိုင်ကြားမှု အများဆုံးလည်း ဆိုတာမျိုးကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်မှာဖြစ်ပါတယ်" ဟု မရတနာထွန်းက ဆိုသည်။ Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| MotoExpo Mobile Application အား အခမဲ့ ရယူနိုင်မည် Posted: 03 Sep 2015 03:03 AM PDT YangonHeartz Bussiness Solution မှ ထုတ်ဝေလျက်ရှိသည့် မော်တော်ကားမဂ္ဂဇင်း တစ်စောင်ဖြစ်သော MotoExpo ကို Google Play Store ၌ အခမဲ့ Download ရယူကာ ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ အခု Application ကို Android ဖုန်းများ အတွက်ပဲ ထုတ်လုပ်သေးတာ ဖြစ်ပါတယ်။ အခု ဗားရှင်းကိုလည်း သုံးစွဲသူများ ကျေနပ်မှုရှိအောင် နေ့စဉ် ကံစမ်းမဲ အစီအစဉ်တွေလည်း ပါဝင်ပြီး အခြားထူးခြားတဲ့ အစီအစဉ်ပေါင်းများစွာနဲ့ ဖြန့်ချိသွားမှာပါ။ ကျွန်တော်တို့ရဲ့ဒီ MotoExpo မော်တော်ကားမဂ္ဂဇင်းကို အင်တာနက် Website ဖြစ်တဲ့ www.motoexpomm.com နဲ့ Social Media ဖြစ်တဲ့ Facebook မှာလည်း www.facebook.com/motoexpomm ကို ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ" ဟု YangonHeartz Bussiness Solution မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ အဆိုပါ MotoExpo Mobile Application ကို YangonHeartz Bussiness Solution မှ ထုတ်ဝေပြီး Coolidea မှ နည်းပညာပိုင်းကို တာဝန်ယူ ဆောင်ရွက် ပေးထားကြောင်း သိရသည်။ Credit internetjournal Thiha Htike(THT) (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ပညာရေးနှင့် ပတ်သက်သည့် Application များ ဝင်ရောက်ယှဉ်ပြိုင်ကြရန် Telenor က ဖိတ်ခေါ် Posted: 03 Sep 2015 03:02 AM PDT နော်ဝေနိုင်ငံ အော်စလိုမြို့၌ ကျင်းပမည့် Digital Winners 2015 အတွက် ပညာရေးနှင့် ပတ်သက်သော Application များ ဝင်ရောက်ယှဉ်ပြိုင်ကြရန် Telenor Myanmar က ဖိတ်ခေါ်ထားသည်။ Digital Winners Award ဆိုသည်မှာ ICT Innovators များနှင့် Entrepreneurs များကို အသိအမှတ်ပြုသည့် ပွဲတစ်ခုဖြစ်ပြီး နော်ဝေနိုင်ငံ အော်စလိုမြို့၌ နှစ်စဉ် အောက်တို ဘာလတွင် ကျင်းပလေ့ရှိကြောင်းသိရသည်။ Telenor ကွန်ရက်တည်ရှိရာ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှိ၊ မြန်မာ၊ ထိုင်းနှင့် မလေးရှား နိုင်ငံတို့မှ ကိုယ်စားပြု App Developer အဖွဲ့ကို Telenor ရုံးချုပ်တည် ရှိရာ အော်စလိုမြို့သို့ စေလွှတ်၍ ပြိုင်ဆိုင်စေခြင်းဖြစ်ပြီး ပထမဆုအဖြစ် နော်ဝေငွေ ခရိုနာ ၁ သိန်း ချီးမြှင့်မည်ဟု သိရသည်။ ထို့အပြင် ကိုယ်စားပြုအဖွဲ့သည် Digital Winners Conference ကိုလည်း အခမဲ့ တက်ရောက်ဆွေးနွေးခွင့် ရရှိမည်ဖြစ်ပြီး Conference အသေးစိတ်ကို www.digitalwinners.no တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း Telenor က ကြေညာထားသည်။ မြန်မာပြည်တွင်းရှိ App Developer များကို Telenor Myanamr က ပြိုင်ပွဲကျင်းပပေးမည် ဖြစ်ပြီး အကောင်းဆုံးတစ်ဖွဲ့ကို နိုင်ငံ ကိုယ်စားပြု အဖြစ် ရွေးချယ်၍ အော်စလို သို့ စေလွှတ်မည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွက် ကုန်ကျစရိတ်ကိုမူ Telenor မှ ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးနှင့်ပတ်သက်သော Application များကို ဝင်ရောက်ယှဉ်ပြိုင်လိုပါက https://goo.gl/PSCtff သို့ဝင်ရောက်၍ ဝင်ခွင့်ဖောင်အား ဖြည့်စွက်ရမည်ဖြစ်ပြီး digitalwinners@telenor.com.mm သို့ စက်တင်ဘာ ၁၀ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဟု သိရသည်။ ပြိုင်ပွဲဝင်များမှ ပေးပို့လာသည့် Application များကို ဆန်ခါတင်ရွေးချယ်ကာ Telenor ရုံးတွင် Face to Face Pitching ပြုလုပ်စေမည်ဖြစ်ပြီး အကောင်းဆုံး အဖွဲ့အား မြန်မာပြည် ကိုယ်စားလှယ်အဖြစ်ရွေးချယ်၍ နော်ဝေနိုင်ငံသို့ စေလွှတ်မည်ဟု သိရသည်။ Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| IFA နည်းပညာပြပွဲတွင် Skylake ပရိုဆက်ဆာများကို Intel မိတ်ဆက် Posted: 03 Sep 2015 03:02 AM PDT Intel သည် စွမ်းဆောင်ရည်မြင့် gaming ကွန်ပျူတာများမှ USB stick အရွယ် ကွန်ပျူတာများအထိ ရည်ရွယ်ထုတ်လုပ်ထားသော စီမံကိန်းလျှို့ဝှက်အမည် Skylake ဟုခေါ်သည့် နောက်ဆုံးပေါ် ပရိုဆက်ဆာများကို မိတ်ဆက်ပေးခဲ့သည်။ ဆဋ္ဌမမျိုးဆက် Core ပရိုဆက်ဆာများ၏ microarchitecture သစ်ကြောင့် စွမ်းဆောင်ရည်၊ ဘက်ထရီသက်တမ်းနှင့် ဂရပ်ဖစ်စွမ်းဆောင်ရည်တို့ကို ပိုမိုကောင်းမွန်စေမည်ဟု Intel မှ ပြောကြားသည်။ ၎င်းချစ်ပ်များသည် 4K ဗီဒီယိုများကိုလည်း ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်ကုမ္ပဏီ အနေဖြင့် ထုတ်ကုန်အသစ် လိုအပ်သည့် သုံးစွဲသူများကို သိမ်းသွင်းစည်းရုံးရန် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ်ရှိသည်။ Microsoft မှ ဖြန့်ချိခဲ့သော နောက်ဆုံးပေါ် operating system ဖြစ်သည့် Windows 10 သည် သုံးစွဲသူများအား အခမဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်စေနိုင်သလို ၎င်းဆော့ဖ်ဝဲကို အသုံးပြုရန်အတွက်လည်း ပရိုဆက်ဆာများ အဆင့်မြှင့်တင်ရန် မလိုကြောင်း အကြံပြုထားသည်။ သုံးစွဲသူများသည် ယခင်က operating system များကို အဆင့်မြှင့်တင်လိုသည့်အခါ ကွန်ပျူတာအသစ်များကို ဝယ်ယူကြသော်လည်း ယခုအကြိမ်တွင်မူ ဝယ်ယူမှုများ ပြုလုပ်ဖွယ် မရှိပေ။ ထို့အပြင် တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုနှင့် ဥရောပဈေးကွက်များ၏ ရောင်းအားကျဆင်းမှုတို့ကြောင့်လည်း ကုမ္ပဏီများနှင့် အစိုးရများ အနေဖြင့် ၎င်းတို့၏ ကွန်ပျူတာများကို အဆင့်မြှင့်တင်မှု နှောင့်နှေးဖွယ်ရှိသည်။ Intel ကမူ သက်တမ်း ငါးနှစ်နှင့်အထက် ရှိသော ကွန်ပျူတာများ သုံးစွဲမှုသည် သန်း ၆၀၀ ကျော်ရှိကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။ နည်းပညာ လေ့လာဆန်းစစ်သူ ဂျက်ခ်ဂိုးလ်ကမူ "ကွန်ပျူတာအဟောင်းကို ပိုင်ဆိုင်သူ တော်တော်များများက Windows 10 ကို upgrade လုပ်သလို ကွန်ပျူတာသစ်တစ်လုံးကိုလည်း ဝယ်ယူပါလိမ့်မယ်။ စွမ်းဆောင်ရည်မြင့် ကွန်ပျူတာကို လိုအပ်သူတွေအတွက်က ပိုပြီး ဆွဲဆောင်စရာတစ်ခု ဖြစ်လာပါလိမ့မယ်။ နောက်ပြီး ဒီပရိုဆက်ဆာကြောင့် ပန်ကာမလိုတဲ့ ပါးလွှာ ပေါ့ပါးပြီး သေးငယ်တဲ့ ထုတ်ကုန်ဒီဇိုင်းသစ်တွေကို တွေ့မြင်ရဖို့ရှိပါတယ်။ စွမ်းအင်သုံးစွဲမှု နည်းပါးတဲ့အတွက်ကြောင့်လည်း ဘက်ထရီကို ၁၀ နာရီကနေ ၁၂ နာရီအထိ အသုံးပြုနိုင်ပါလိမ့်မယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။ Ref: BBC Credit internetjournalအဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 03 Sep 2015 03:01 AM PDT နိုင်ငံတကာ၌ အောင်မြင်နေသည့် Play Store အတိုင်း စီစဉ်ဖန်တီးထားခြင်းဖြစ်သည့် Dinga Stoer ၌ ပြည်တွင်းထုတ် Mobile Application များကို စုစည်း ရောင်းချ သွားမည်ဖြစ်ပြီး Developer များအနေဖြင့်လည်း Application များကို လွယ်ကူစွာရောင်းချနိုင်မည်ဟု သိရသည်။ "ငွေကြေးခွဲဝေမှုကတော့ နိုင်ငံတကာအတိုင်း Devloper က ၇၀ ရာခိုင်နှုန်းယူပြီးတော့ ကျွန်တော်တို့ က ၃၀ ရာခိုင်နှုန်း ယူပါတယ်။ Payment စနစ်တွေ ကတော့ ပေးလို့ရတဲ့ ဘယ် Payment မဆို ပေးလို့ရအောင် စီစဉ်သွားမှာပါ"ဟု ကိုထူးမြင့်နောင်က ဆိုသည်။ လက်ရှိအချိန်၌ နိုင်ငံတကာ Payment စနစ်များဖြစ်ကြသည့် Visa Card ၊ Master Card များ နှင့် Application ဝယ်ယူရန် ငွေပေးချေနိုင်ပြီး ပြည်တွင်းငွေပေးချေ စနစ်ဖြစ်ကြသည့် MPU ကတ်များ၊ Mobile Money ဝန်ဆောင်မှုများ စသည်တို့ဖြင့်လည်း ငွေပေးချေနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။ "ပြည်တွင်းငွေပေးချေမှုတွေလည်း ဆက်ပြီးတော့ ချိတ်ဆက်သွားမှာပါ။ အခုတော့ Dinga Gift Card ဆိုပြီးတော့ ငွေပေးချေနိုင်တဲ့ ကတ်တွေကိုလည်း မိုဘိုင်းဖုန်း ဆိုင်တွေမှာ ရောင်းပေးနေပါတယ်" ဟု ကိုထူးမြင့်နောင်က ပြောသည်။ Dinga Gift Card ကို ရန်ကုန်ရှိ မိုဘိုင်းဖုန်းဆိုင် ၆ ဆိုင်၊ မန္တလေးရှိ မိုဘိုင်းဖုန်းဆိုင် ၃ ဆိုင်နှင့် နေပြည်တော်ရှိ မိုဘိုင်းဖုန်းဆိုင် ၁ ဆိုင်တို့၌ ဝယ်ယူနိုင်ပြီလည်း ဖြစ်သည်။ Dinga Store သည် ပြည်တွင်းရှိ Android မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ရည်ရွယ်ရေးသားထားသည့် Application များကိုသာ စုစည်းတင်ဆက်သွားမည်ဖြစ်ပြီး လက်ရှိ အချိန်၌ Mobile Application ပေါင်း ၃၀ ကျော်ခန့် တင်ဆက်ထားရှိသည်ဟု သိရသည်။ Application ၏ ဈေးနှုန်းကို Developer အနေဖြင့် စိတ်ကြိုက် သတ်မှတ်နိုင်မည်ဖြစ်ပြီး အခမဲ့ တင်ဆက်လိုသည့် Application များကိုလည်း Dinga မှ ပြန်လည်ဖြန့်ချိပေး သွားမည် ဖြစ်သည်။ "Developer အနေနဲ့ ငွေပေးချေမှုအတွက် စဉ်းစားစရာမလိုတော့ဘူး။ သုံးမယ့် လူတွေအတွက်တော့ App Store ကို Install လုပ်ထားဖို့ လိုတယ်။ App တင်ပြီး ရောင်း ချင်တဲ့ Developer တွေအနေနဲ့ကတော့ Dinga Group မှာလာပြီး ဆက်သွယ်လို့ရတယ်"ဟု ကိုထူးမြင့်နောင်က ဆိုသည်။ Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Handwriting Japanese Kanji For Android Posted: 03 Sep 2015 03:01 AM PDT ဂျပန်ဘာသာစကားကို စတင်လေ့လာလိုသူများအတွက် ဂျပန်စာလုံး ရေးသားပုံများကို လေ့ကျင်ပေးနိုင်မည့် app တစ်ခု ဖြစ်သည်။ ထို့ပြင် အဆိုပါ app သည် Kanji စကားလုံးများကို လေ့ကျင့်လိုသူများအတွက်ပါ အထောက်အပံ့ပေးနိုင်အောင် စီစဉ်ပေးထားပြီး အသံထွက်များကိုလည်း နားဆင်နိုင်ရန်အတွက် ပြုလုပ်ပေး ထားသည်။ Download ပြုလုပ်လိုသူများအနေဖြင့် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 7.5 MB ခန့်သာ ရှိမည်ဖြစ်သည်။ Android Version 4.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit internetjournal Thiha Htike(THT) (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Samsung ၏ အကူအညီဖြင့် လက်တော့ပ်ဈေးကွက်သို့ Xiaomi ဝင်ရောက်ဖွယ်ရှိ Posted: 03 Sep 2015 03:01 AM PDT Mi စမတ်ဖုန်းများဖြင့် တရုတ်နိုင်ငံရှိ Apple ဈေးကွက်ရှယ်ယာများကို ရယူနိုင်ခဲ့သော Xiaomi သည် လက်တော့ပ်ဈေးကွက်တွင် Apple နှင့် ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း သိရသည်။ Xiaomi သည် ထုတ်ကုန်သစ်အတွက် screen များနှင့် memory အစိတ်အပိုင်းများ ထောက်ပံ့ပေးဖွယ်ရှိသော အီလက်ထရွန်နစ် ကုမ္ပဏီကြီးဖြစ်သည့် Samsung နှင့် ဆွေးနွေးနေကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။ အမည်မဖော်ပြထားသော ရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားသော Bloomberg ၏ ဖော်ပြချက်အရ ၎င်းလက်တော့ပ်ကို ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ဖြန့်ချိဖွယ်ရှိကြောင်းနှင့် ဘေဂျင်းအခြေစိုက် ကုမ္ပဏီအနေဖြင့် Apple ၏ MacBok Air နှင့် ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ ကမ္ဘာ့စတုတ္ထအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်သည့် Xiaomi သည် ဈေးနှုန်းသင့်တင့်ပြီး ဆွဲဆောင်မှုရှိသော ထုတ်ကုန်များဖြင့် တရုတ်နိုင်ငံတွင် နာမည်ကျော်ကြားလာခဲ့သူ ဖြစ်သည်။ ၎င်းသည် ဒေသတွင်းတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ရန် Apple နှင့် ယှဉ်ပြိုင်နေရသည်။ Apple သည် ယခုနှစ် ပထမ သုံးလပတ်တွင် တရုတ်နိုင်ငံ၏ နံပါတ်တစ် နေရာကို ရရှိခဲ့သော်လည်း ဒုတိယသုံးလပတ်တွင် Xiaomi ကို ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။ Xiaomi သည် စမတ်ဖုန်းများအပြင် တီဗီများ၊ ကျန်းမာရေးကို ခြေရာခံနိုင်သော လက်ပတ်များ၊ tablet များနှင့် လေသန့်စင်စက်များကို ထုတ်လုပ်ထားသည်။ တရုတ်စမတ်ဖုန်းကုမ္ပဏီသည် ဇူလိုင်လက Apple ၏ iPhone 6 နှင့် ယှဉ်ပြိုင်ရန်အတွက် Mi Note Pro ကို ဖြန့်ချိခဲ့သည်။ Mi Note Pro ၏ လျင်မြန်သော စွမ်းဆောင်ရည်နှင့် ပါးလျသည့် ဒီဇိုင်းကြောင့် CNET ၏ ဆန်းစစ်မှုတွင် အမြင့်ဆုံးအမှတ်ရရှိခဲ့သည်။ Ref: CNET Credit internetjournal Thiha Htike(THT) My Facebook Account Click မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| မှတ်ဉာဏ်ပမာဏ မြင့်မားသော ZenFone 2 စမတ်ဖုန်းသစ်ကို Asus မိတ်ဆက် Posted: 03 Sep 2015 03:00 AM PDT ယခင်မျိုးဆက်များထက် သိုလှောင်မှု မှတ်ဉာဏ်ပမာဏ ပိုမိုမြင့်မားပြီး Storage 256GB ထိ ပါဝင်လာမည်ဖြစ်သော ZenFone 2 စမတ်ဖုန်းကို Asus မှမိတ်ဆက်ခဲ့သည်။ တရုတ် (တိုင်ပေ) အီလက်ထရွန်းနစ် ကုမ္ပဏီ Asus ၏ Android စမတ်ဖုန်းတွင် ယခင်မျိုးဆက်ကဲ့သို့ ၅.၅ လက်မ မျက်နှာပြင်နှင့် 2.3 GHz Intel quad-core ပရိုဆက်ဆာ ပါဝင်လာသော်လည်း storage မှာမူ 256GB အထိ ပါဝင်လာမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုတွင် ပြုလုပ်ခဲ့သောပွဲတွင် ကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ Asus သည် RAM 4GB နှင့် storage 256GB ပါဝင်သော ကန်ဒေါ်လာ ၂၄၄ တန်ဖိုးရှိ ZenFone 2 စမတ်ဖုန်းကို မတ်လတွင် တရုတ် (တိုင်ပေ) ၌ ဖြန့်ချိခဲ့ဖူးသည်။ ထို့နောက် ကုမ္ပဏီအနေဖြင့် ZenFone စမတ်ဖုန်း အမျိုးမျိုးကို အမေရိကန်သို့ မဖြန့်ချိမီ တရုတ် (တိုင်ပေ) ၌ ဦးစွာဖြန့်ချိခဲ့သည်။ ၎င်းတို့ဖြန့်ချိခဲ့သည့် မော်ဒယ်များတွင် RAM 2GB နှင့် storage 64GB အထိပါဝင်သော ဖုန်းများစွာ ပါဝင်သည်။ ထိုအချိန်မှစ၍ Asus သည် ကင်မရာ အသားပေး ထုတ်လုပ်ထားသော ZenFone 2 polygon စတိုင်လ် Deluxe Edition နှင့် laser နှင့် Selfie ဗားရှင်းများကို ထုတ်လုပ်ခဲ့သေးသည်။ Ref: CNET Credit internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| စက်တင်ဘာ ၉ ရက်တွင် iPad Pro ကို Apple မိတ်ဆက်မည်ဟုဆို Posted: 03 Sep 2015 03:00 AM PDT Apple သည် လာမည့် ရက်သတ္တပတ်တွင် ကျင်းပမည့် ပွဲ၌ iPhone သစ်များအပြင် အရွယ်ကြီးမားသည့် iPad Pro ကို ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။ နည်းပညာကုမ္ပဏီကြီးသည် စက်တင်ဘာ ၉ ရက် ပွဲတွင် iPad Pro နှင့် iPad Mini 4 သစ်တို့ကို မိတ်ဆက်ဖွယ်ရှိကြောင်း 9to5Mac က ယုံကြည်ရသော ရင်းမြစ်များကို ကိုးကားကာ ဖော်ပြခဲ့သည်။ ယခုအခါတွင် Apple ၏ ဝင်ငွေ သုံးပုံနှစ်ပုံကျော်သည် iPhone မှ ရရှိခြင်း ဖြစ်ပြီး သုံးလပတ် iPad ရောင်းချမှုနှုန်းကလည်း တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာလျက်ရှိသည်။ ထို့အတွက်ကြောင့် tablet များအပေါ် သုံးစွဲသူများ၏ စိတ်ဝင်စားမှု ပြန်လည်ရရှိလာစေရန်အတွက် Apple က အရွယ်ကြီးမားသည့် iPad ဖြင့် ကြိုးပမ်းဖွယ်ရှိသည်။ Apple သည် ပုံမှန်အားဖြင့် စက်တင်ဘာလတွင် iPhone သစ်ကို မိတ်ဆက်ကြေညာလေ့ရှိပြီး iPad ကိုမူ အောက်တိုဘာလတွင် မိတ်ဆက်လေ့ရှိသည်။ အသစ်မိတ်ဆက်မည့် iPad တွင် resolution မြင့်မားသည့် display နှင့် အနားတစ်ဘက်စီတွင် စပီကာများ ပါဝင်ဖွယ်ရှိကြောင်း၊ iPad Mini 4 သည် လက်ရှိဗားရှင်းထက် ပါးလွှာပြီး လျင်မြန်ကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။ အကယ်၍ Apple က အဆိုပါ ထုတ်ကုန်များကို လာမည့်ရက်သတ္တပတ်တွင် မိတ်ဆက်ပေးခဲ့ပါက နိုဝင်ဘာလတွင် စတိုးများ၌ ရောင်းချဖွယ်ရှိကြောင်း သိရသည်။ Ref: CNET Credit internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 02 Sep 2015 11:41 PM PDT Video Edit ဖန်တီးလို့အကောင်းဆုံးဖြစ်တဲ့ VivaVideo Pro:Video Editor ကတော့ပုံစံအသစ်အနေနဲ့ ထွက်ရှိလာပါပြီဗျာ။ ဖုန်းနဲ့ Video Edit တာ ၀ါဒနာ ပါတဲ့ သူငယ်ချင်းတွေ အတွက် တကယ်ကိုအသုံးဝင်စေ ပါတယ်။ Sept-1 ရက်နေ့က Update ထွက်ထားတဲ့ v4.4.3 နောက်ဆုံး ထွက်ကို တင်ပေးလိုက်တာပါ။ Playstore မှာ $10.99 နဲ့ ၀ယ်ယူရပါတယ်။ အခု ကျနော့်ဆိုဒ်မှာ Free ဒေါင်း ယူနိုင်ပါပြီး။ VivaVideo Pro Video Editor ကို မသုံးဖူးတဲ့ သူတွေ အတွက် တင်ပေးလိုက်တာပါ။ ကျနော် ရှာထားတဲ့ တည်းဖြတ်, စာတန်းထိုး, Photo Sliteshow ဆော့ဝဲလ်တွေထဲမှာတော့ လက်ရှိဒီဆော့ဝဲလ်က တကယ်ကို အလန်းဆုံး ပဲဗျာ။ ဖုန်းတိုင်းမှာအဆင်ပြေလို့ တကယ်ကိုခိုက်သွားတယ်။ ဒီဆော့ဝဲလ် တခုလေးနဲ့ တော်တော်စုံစုံလင်လင် Video တွေ ဖန်တီး နိုင်တာမို့ လူတိုင်းဆောင်ထား သင့်ပါတယ်။ အသုံးပြုရတာလွယ်တာမို့ သုံးပြုနည်း မရေးပြတော့ဘူး။ အသေးစိတ်ကို Playstore မှာ ၀င်လေ့လာနိုင်ပါတယ်။ မူရင်းမှာ Built-in 60+ cool live video effects and more can be downloaded for FREE! တဲ့။ တကယ်စမ်းသုံးကြည့်ပြီးပါပြီး။ Android Version 4.0 အထက်မှာ အားလုံး အသုံးပြုနိုင်ပါတယ်။ စိတ်ဝင်စားသူများ အောက်ကလင့်မှာ အမုန်းဒေါင်းနိုင်ပါပြီ။ #VivaVideo V4 Key Features + Creative Video Camera Lenses - Support multi capture options: Basic/Selfie/FX/Funny/Music Video/Collage - Exclusive selfie camera with seven fascinating lenses - Use nine funny lenses to play your "prank skills" - Capture videos especially for Instagram & Vine + HOT Photo Slideshow Maker - The easiest way to turn your photos into movie masterpiece and create video slideshow in several clicks! + Unique Video Collage (PIP) Maker - Merge clips into one story with many awesome & fancy collage templates + Powerful Video Editor - Easy-to-use professional editing tools - Trim and merge video clips in storyboard editing - Enhance your videos with various texts, FX, stickers, music, filters, transitions and live dubbing. - All editing operations can be instant previewed in WYSIWYG way + All FREE Materials to Download - 200+ special effects including Animated Stickers/Themes/Filters/FX/Texts/Transitions + Export and Share - Export your videos to the gallery at any time - Share your works to Facebook, YouTube, Instagram, WhatsApp, Facebook Messenger, Line, email and etc ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ ခပ်မိုက်မိုက်ဒီဇိုင်းအဆန်းတွေ 3D Effect တွေနဲ့ - TSF Launcher 3D Shell v3.8.2 Apk ♫ Posted: 02 Sep 2015 11:24 PM PDT Android ဖုန်းပေါ်မှာ ဘယ်သူနဲ့မှမတူစေဘဲ 3D Effect များနှင့်ထူးခြားဆန်းသစ်အောင် ဖန်တီးပေးမယ့် TSF Shell ဆိုတဲ့ Application လေးတင်ပေးလိုက်ပါတယ်ဗျာ။ TSF Sheel ကိုတော့ Version အသစ် ထွက်တိုင်း တင်ပေးနေကျပါ။ တင်ပေးလိုက်တိုင်းလည်း အတော်လေးလူကြိုက်များကြပါတယ်။ ဒီတစ်ခေါက် မှာတော့ အရင်ထက်ပိုပြီးလန်းနေစေမယ့် Widget 7မျိုးကိုပါထည့်ပေးလိုက်ပါတယ်။ မိမိထည့်ချင်တဲ့ Widget ကိုရွေး ချယ်ပြီး Install လုပ်ရုံပါပဲ။ ပုံမှာမြင်ရတဲ့ အတိုင်းဘဲ အတော်လေးကို လန်းနေ တာတွေ့ ရမှာပါ။ Launcher Effect မှာ Icon တွေရဲ့လှုပ်ရှားမှုတွေကို စက်ဝိုင်းသဏ္ဍာန်၊လေးထောင့်သဏ္ဍာန်၊ Face In / Fade Out စသဖြင့်အမျိုးမျိုးနဲ့ အခြား Launcher များထက်ဆန်းပြားနေတာကြောင့် သဘောကျကြ မှာပါ။ 3D စတိုင်လေးဖြစ်တာကြောင့်ကြည့်ရတာ အမြင်ဆန်းစေပါတယ်။ ဖုန်းတွေအတွက် 3D effect တွေ နဲ့ လန်းလည်းလုပ်ချင်းသူတွေအတွက် launcher အလန်းလေးကို မိမိဖုန်းရဲ့ Home screen ကို 3D effect တွေနဲ့ အလှဆင်နိုင်ပြီး 3D widgets လေးတွေလဲအစုံအလင်အောင်းအသုံးပြုနိုင်ပါတယ်။ မိမိရဲ့ Photo , Icon , Background , Gadget , စတာတွေနဲ့အလှဆင်နိုင်ပါတယ်ဗျာ။ ပါဝင် တဲ့ Feature တွေ ကတော့ အများကြီး ဘဲဗျာ။ ကိုယ်တိုင်သာစမ်းသုံးကြည့်ပြီး ကလိကြည့်ကြပါနော်။ နမူနာအနေနဲ့အောက် မှာ Screen Shoot တွေ ကိုရိုက်ပြီးပြပေးထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်း များမှာ ထည့်သွင်းအသုံးပြုနိုင် ပါတယ်ဗျာ။ ![]() ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ ငယ်ငယ်တုန်းကကစားခဲ့တဲ့ အတုံးဆက်တဲ့ဂိမ်းကောင်းလေးတစ်ခု - TETRIS® v1.6.00 Apk ♫ Posted: 02 Sep 2015 10:18 PM PDT ကဲဗျာ အခုတင်ပေးလိုက်တဲ့ Game လေးကတော့ ကျွန်တော်တို့ ချာတိတ်ကလေးဘ၀တုန်းက အသည်း အသန်ကစားခဲ့ကြတဲ့ ဂိမ်းစက်သေးသေးလေးနဲ့ကစားခဲ့ကြတဲ့ အတုံးဆက်တဲ့ TETRIS ဆိုတဲ့ Game လေး ပဲဖြစ်ပါတယ်ဗျာ။ ဒီဂိမ်းလေးကို Android ဖုန်းမှာကစားနိုင်မှာဖြစ်ပါတယ်။ ကစားရမယ့်ပုံစံကလည်းပို့ပြီး အဆင့်မြင့်လာတာပေါ့ဗျာ အဆင့်တွေကလည်းအများကြီးပါပဲ နောက်ပိုင်းမှာတော်တော်လေးကိုခက်ခက် ခဲခဲနဲ့ကစားရပါတယ်။ Offline မှာကစားနိုင်သလိုပဲ Online မှာလည်း သူငယ်ချင်းများနဲ့ အပြိုင်ယှဉ်ကစား နိုင်မှာဖြစ်ပါတယ်ဗျာ။ ဟဲဟဲ....ဆေးထိုးလိုက်ဦးမယ်.......အခု Game လေးကိုတော့ အသက်ကြီးပြီးမှ သူငယ်ပြန်လာတဲ့ အန်တီ တစ်ယောက် က Keypad Phone လေးနဲ့ကစားနေတာ အားမရဘူးဆိုလို့ Android Phone နဲ့ကစား နိုင်အောင် ရှာရှာဖွေဖွေလေးတင်ပေးလိုက်တာပါ။ Android OS 3.0 နှင့်အထက်ဖုန်းများမှာ ကစားနိုင် မှာဖြစ်ပါတယ်။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |








0 comments:
Post a Comment