Related Posts Plugin for WordPress, Blogger...

September 5, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


သင့်ကို အပိုဝင်ငွေ ရရှိစေမယ့် အချိန်ပိုင်း၊ တစ်ပိုင်တစ်နိုင် အလုပ်လေးတွေ

Posted: 04 Sep 2015 08:54 PM PDT

job

လူငယ်တွေ အနေနဲ့ အချိန်ပိုင်း အလုပ်တွေ လုပ်ချင်ကြပါတယ်။ အချို့ဆိုရင် အချိန်ပိုင်း အလုပ်လုပ်ချင်လွန်းလို့ Multi-level marketing လမ်းကြောင်းကို ရွေးချယ်ရာကနေ လမ်းမှားကို ရောက်ရှိသွားကြ သူတွေ များပါတယ်။ မိမိ အတွက် ငွေဝင်စေမယ့် အချိန်အပိုင်း အလုပ်တွေ အများကြီးပါ။ ယင်း အလုပ်အမျိုးအစားများကို ဖော်ပြ ပါရစေ။
စာပေ၊ ဆောင်းပါး ရေးခြင်း
စာပေ၊ ဆောင်းပါးများ ရေးသားခြင်းက မိမိအတွက် အပိုဝင်ငွေ ရစေပါတယ်။ ဆောင်းပါး တစ်ပုဒ်ကို ငါးထောင်မှသည် ၁ သောင်း၊ ၂ သောင်းကျပ်လောက်အထိ ပေါက်ဈေးရှိပြီး တစ်လ တစ်ပုဒ်ပဲ ဖြစ်ဖြစ်၊ လေးပုဒ်ပဲ ဖြစ်ဖြစ် မဂ္ဂဇင်တွေ၊ ဂျာနယ်တွေ၊ စာဆောင်တွေမှာ ပါနိုင်ရင် ဒါဟာ မိမိအတွက် အပိုဝင်ငွေကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလောက်ရလွယ်နေရင် လူတိုင်း လုပ်နေမှာပေါ့လို့လည်း အချို့က စဉ်းစားပါတယ်။ အမှန်တော့ စာရေးတယ်ဆိုတ ခက်ပါတယ်။ မိမိရဲ့ ဒိုင်ယာရီ စာအုပ်ထဲမှာ မိမိ တစ်ယောက်တည်း ဖတ်ရန် မဟုတ်ပဲ လူတိုင်းဖတ်ဖို့အတွက် ဆောင်းပါးကောင်းလေးတွေ ရေးရတယ် ဆိုတာ ခက်ခဲတဲ့ အလုပ်တစ်မျိုး ပါပဲ။ ဒီတော့ ကိုယ့် ဆောင်းပါးလေးတွေ ပါချင်ရင် သွားရမယ့် လမ်းကြောင်းက ဂျာနယ်တိုက်တွေ၊ မဂ္ဂဇင်းတိုက်တွေအထိ သွားပါ။ မိမိကိုယ်တိုင် ရေးထားတဲ့ ဆောင်းပါးကို စာရွက်နဲ့ကော၊ စတစ်ခ် နဲ့ကော ပေးပါ။ အကယ်၍ အီးမေးလ်တို့ ဘာတို့ သိရင်လည်း စမ်းသပ်ပို့နိုင် ပါတယ်။
အွန်လိုင်းပေါ်မှာ စာပေ၊ ဆောင်းပါး ရေးခြင်း
နိုင်းနိုင်းစနေ၊ သက်တံ့ချိုနဲ့ အခြားသော ဥပမာပေါင်း များစွာဟာ အွန်လိုင်းပေါ်မှာ စာရေးပြီး ငွေရှာနေသူများ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ကတော့ အားလပ်ချိန်လေးမှာ စာပေ၊ ဆောင်းပါးများ၊ ကဗျာ များ ရေးသားပြီး Blog ပေါ်တင်ရာကနေ လူကြိုက်များရာကနေ ပြင်ပ စာမူများ ရေးသားရန် ဖိတ်ခေါ်ခံရပြီး စာအုပ်စာပေများ ထုတ်ဝေခြင်း အပြင် အွန်လိုင်း ဆိုဒ်တွေမှာပါ ကြော်ငြာ ရခဲ့ ပါတယ်။ ဒီတော့ အွန်လိုင်းပေါ်မှာ စာရေးတယ်ဆိုတာ နည်းလမ်း နှစ်ခု ရှိပါတယ်။ မိမိရဲ့ ခံစားချက်၊ Personal ပေါ်မှာ အခြေခံပြီး အနုပညာ Blog ဖန်တီးတာမျိုး ရှိသလို၊ သတင်း များကို ဘာသာပြန် ရေးသားခြင်း မျိုး ရှိပါလိမ့်မယ်။ ပြီးတော့ မိမိကိုယ်တိုင် Blog, Facebook Page များကို တည်ထောင်ပြီး ရေးသားမှာလား၊ အများနဲ့ ပူးပေါင်းပြီးတော့ အတူတူရေးဖြစ်မှာလား ဆိုတာလည်း ရွေးချယ်စရာ ရှိပါသေးတယ်။ ဒီတော့ Offline မှာ ရေးတာက စာရေးပြီး ပြီးသွားရုံ ဖြစ်ပေမယ့် အွန်လိုင်းမှာကျ blog ဖန်တီးတတ်ရန်၊ Facebook Page ဖန်တီးတတ်ရန် လိုအပ် ပါတယ်။ ဒါတွေဟာလည်း မခက်ပါဘူး။ မိမိ ကိုယ်တွယ် အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းများနဲ့တင်ကို ပြုလုပ် နိုင်ပါတယ်။
Facebook Page ဖန်တီး၊ ထိန်းသိမ်းပေးခြင်း
Website Developing လုပ်တယ်ဆိုတာ နည်းပညာ အရည်အချင်း ရှိရန် လိုပေမယ့် Facebook Page ဖန်တီးပြီးတော့ ထိန်းသိမ်းပေးတယ် ဆိုတာ နည်းပညာ အရည်အချင်း မလိုအပ် ပါဘူး။ လူတိုင်း ပြုလုပ်နိုင်ပါတယ်။ မိမိမှာ အွန်လိုင်းပေါ်မှာ စာရေးတတ်တဲ့ အလေ့အထလေး၊ ဓာတ်ပုံလေးတွေ ရှာရှာဖွေဖွေ တင်တတ်တဲ့ အလေ့အထလေး ရှိပြီ ဆိုရင်ကို Facebook Page ကို ဖန်တီးပေးခြင်း၊ ထိန်းသိမ်းပေးခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ မိမိအနေနဲ့ ကိုယ်တိုင် Page ကို အရင်ဖန်တီးထား။ ပြီးတော့ နီးစပ်ရာ စီးပွားရေး လုပ်ငန်း အသေးစား၊ အကြီးစားတို့ကို ချည်းကပ်ပြီး သူတို့ရဲ့ လုပ်ငန်းကို Facebook ပေါ်မှာ လူသိများအောင် ပြုလုပ်ပေးပါမည် ဖြစ်ကြောင်း လုပ်နိုင်ပါကြောင်း ပြေပါ။ တစ်ရက်ကို Update တစ်ခုလောက်လေး တင်ပေးရုံနဲ့ တစ်လကို ငွေကျပ် ၃ သိန်းဝန်းကျင်လောက် တောင်းနိုင်ပါတယ်။ ကိုယ်ကတော့ ကိုယ့်ရဲ့ စီးပွားရေးလို့ သဘောထားပြီး Facebook ပေါ်မှာ လူကြိုက်များလာအောင်၊ active ဖြစ်အောင် လုပ်ပေးရ မှာပေါ့။
Graphic Design, 3D ဒီဇိုင်း ရေးဆွဲခြင်း
Photoshop သုံးတတ်ပါသလား။ သင်တန်း မတတ်နိုင်ရင်တောင် မြန်မာလို ရေးထားတဲ့ ဒီဇိုင်းဆွဲနည်း စာအုပ်လေးတွေ ဖတ်ပြီး လေ့ကျင့်ကြည့်ပါ။ သူငယ်ချင်း တစ်ယောက်ဆိုရင် ကိုယ်တိုင် လုပ်ကြည့် စမ်းကြည့်ရာကနေ ပရော်ဖက်ရှင်နယ် Graphic Designer ဖြစ်နေပါပြီ။ သူ့ရဲ့ အချိန်ပိုင်း ဝင်ငွေက နေ့စား အလုပ်ဝင်ငွေထက်တောင် များပြီး လစင် income က ၁၀ သိန်း ကပ်ပါတယ်။ ဒီလိုပဲ ရှာကြံပြီး လုပ်ရာကနေ အဆင်ပြေ အောင်မြင်နေတဲ့ ဒီဇိုင်နာတွေ အများကြီးပါ။ အဲ့လို Story လေးတွေ သိချင်ရင် Photoshop အခက်အခဲ အတူလက်တွဲ ဆိုတဲ့ Facebook Group ထဲမှာ ဝင်လေ့လာ ကြည့်ပါ။ သူတို့ကလည်း လက်တွဲခေါ်သွားပါလိမ့်မယ်။ နောက်တစ်ခုကတော့ အဆင့်မြင့်သွားပါပြီ။ 3D ဒီဇိုင်းပါ။ 3D ဆွဲဖို့အတွက် AutoCad, 3D Max တို့လို Software တွေကို သုံးတတ်ဖို့ လိုအပ် ပါတယ်။ အကယ်၍ သုံးတတ်၊ ဆွဲတတ်ပြီ ဆိုရင်လည်း သူ့ရဲ့ ဝင်ငွေက သာမန် graphic designer တစ်ဦးထပ် ပိုပါလိမ့်မယ်။ ဆောက်လုပ်ရေး ကုမ္ဗဏီများအနေနဲ့ ၎င်းတို့ရဲ့ တိုက် အသစ် အတွက် ပုံဆွဲရန် အပ်တာတို့ ဘာတို့ကို ပြုလုပ်ရင် ဝင်ငွေ အမြောက်အများ ရရှိ နိုင်ပါတယ်။
ဝဘ်ဆိုဒ်တည်ဆောက်ခြင်း
HTML, CSS အပြင် Domain, cPanel အကြောင်းလေး အခြေခံလောက် သိထားရင်၊ သုံးတတ်မယ်ဆိုရင် ဝဘ်ဆိုဒ်ဖန်တီးပေးတဲ့ အလုပ်မျိုးလည်း လုပ်နိုင်ပါတယ်။ မြန်မာပြည်မှာ အသေးစား လုပ်ငန်းပေါင်း သိန်းနဲ့ချီ ရှိပြီး အိုင်တီ ကုမ္ဗဏီဟာ ရာဂဏန်းပဲ ရှိပါသေးတယ်။ ရာဂဏန်းဆိုတာ ဝဘ်ဆိုဒ်ရေးသားပေးတဲ့ ကုမ္ဗဏီကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီတော့ ဈေးကွက် အနေအထားအရ ဝဘ်ဆိုဒ် ရေးဆွဲ ပေးတတ်သူများကိုလည်း လိုအပ် ပါတယ်။ ခက်တယ်လို့ ထင်ပါသလား။ အင်္ဂလိပ်လို စာလေးတွေ ဖတ်တတ်ရင် အင်မတန် လွယ်ပါတယ်။ WordPress နဲ့ Joomla ကိုသာ လေ့လာကြည့်ပါ။ CMS လို့ခေါ်တဲ့ Content Management System ဖြစ်တာကြောင့် ကိုယ်က ဘာမှတောင် လုပ်စရာ သိပ်မလိုလှ ပါဘူး။ အဲ့ဒါကို ကောင်းကောင်း သုံးတတ်ရင် အသုံးပြု လိုက်ရုံပါပဲ။ သူ့ကို ဘာနဲ့ ဥပမာ ပေးရမလဲဆို ကားတစ်စီးကို ကိုယ်တိုင် ဆောက်ခြင်း မဟုတ်ပဲ အစိတ်အပိုင်းများကို ရယ်ဒီမိတ် ဝယ်ပြီး ဆက်ပေးရုံ အလုပ်မျိုး ဖြစ်ပါတယ်။ ဒီတော့ www.wordpress.com တို့လို ဆိုဒ်ကို လေ့လာ ကြည့်ပါ။ ဝဘ်ဆိုဒ်တစ်ခုကို ၃ သိန်းကျပ်မှသည် မိမိ လုပ်ပေးနိုင်သလောက် ယူနိုင်ပါတယ်။ အချို့ဆို သိန်း ၃၀ မက လည်း ယူပါတယ်။ သူတို့ကျတော့ ပိုပြီးတော့ customer ရဲ့ လုပ်အပ်ချက် အတိုင်းကို လုပ်ပေးတာ ဖြစ်တာကြောင့် အချို့ Feature တွေကို ကိုယ်တိုင် ပြန်ရေးပေးရတာမျိုးကြောင့် ဖြစ်ပါတယ်။
အွန်လိုင်းမှာ ပစ္စည်းလေးတွေ ရောင်းခြင်း
အွန်လိုင်းမှာ ပစ္စည်းရောင်းမယ် ဆိုရင် နည်းလမ်း အများကြီး ရှိပါတယ်။ သူငယ်ချင်း တစ်ယောက်ဆိုရင် ပစ္စည်းရောင်းဖို့အတွက် ဝဘ်ဆိုဒ် မလုပ်သလို၊ Facebook Page လည်း မလုပ် ပါဘူး။ Viber Group Chat လေးတစ်ခုလုပ်ပြီး သူ့ပစ္စည်းကို ကြိုက်လို့ အားပေးပါမယ်ဆိုတဲ့ လူ အယောက် ၃၀ သာ ထည့်ထားပြီး စင်္ကာပူက ဝင်လာတဲ့ အမျိုးသမီး အိတ်များကို ဓာတ်ပုံနဲ့ ဈေးနဲ့ တကွ ပို့ပေးပါတယ်။ မိန်းကလေး ဆိုတာကတော့ အလှအပနဲ့ ပစ္စည်းများ ကြိုက်တာကြောင့် ဝယ်ဖြစ်ကြပြီး တစ်လကို အနည်းဆုံး ၁၀ အိတ်လောက် ရောင်းထွက်ပါတယ်။ ဒီလိုပဲ တစ်ဆင့်စကား တစ်ဆင့်ကနေ မှာကြရင်း ရောင်းအားတွေ တိုးလို့ နေပါတယ်။ အခြား သူငယ်ချင်းကျတော့ Facebook Page ကနေ ရောင်းပြီး အောင်မြင် ပါတယ်။ အချို့ကျတော့ နည်းပညာ အသိလည်း ရှိတာကြောင့် ဝဘ်ဆိုဒ်ပါ ဖန်တီးပြီး ရောင်းပါတယ်။
အားလပ်ချိန် စာသင်၊ စာပြ
စာသင်၊ စာပြပေးတဲ့ ဂိုက်အလုပ်ကတော့ ဘယ်တော့မှ မရိုးတဲ့ အလုပ်ပါ။ ကျွန်တော်ကိုယ်တိုင် ၁၀တန်း၊ ၇ တန်း၊ ၈ တန်းတွေကို ဂိုက်လုပ်တဲ့ အလုပ်ကို ငွေကြေး အခက်အခဲဖြစ်ပြီး အလုပ်ကောင်း မရခင်တုန်းက လုပ်ခဲ့ပါတယ်။ သင်ပေးတဲ့ ကလေးများလည်း ထူးထူးချွန်ချွန်နဲ့ အောင်မြင်ပါတယ်။ ဒါပေမယ့် လျှောက်နေတဲ့ လမ်းကြောင်း သွေဖယ်သွားမှာ စိုးသလို အချိန်လည်း မပေးနိုင် တာကြောင့် ယင်း အလုပ်ကို ဆက်မလုပ်ဖြစ်တော့ပါ။ လုပ်ဖြစ်သွားတဲ့ သူငယ်ချင်းအချို့ကတော့ ဂိုက်ပြရာကနေ ကျူရှင် ဆရာ၊ ဆရာမတွေတောင် ဖြစ်ကုန်ပါပြီ။ အချို့ကျတော့ တက္ကသိုလ် ကျောင်း မပြီးမချင်း အချိန်ကာလပဲ လုပ်ဖြစ်ကြပြီး ကျောင်းတဲ့အချိန် အခြား အလုပ်များ ရတော့ ဂိုက်သင်တာ ဆက်မလုပ်ကြတော့ ပါဘူး။ သူကလည်း ပေါက်ဈေး တစ်လ အနည်းဆုံး ၇ သောင်းကနေ ၃ သိန်းလောက်အထိ ရှိပါတယ်။ ၁၀ တန်း ဘာသာစုံ ဂိုက်ဖြစ်တယ် ဆိုရင ပြောတာပါ။
အခြားအခြားသော အချိန်ပိုင်း အလုပ်ပေါင်း များစွာ
လက်မှု ပစ္စည်းလေးတွေ တစ်ပိုင်တစ်နိုင်လုပ်ရောင်းတာတို့ကနေ စလို့ မနက်ပိုင်း ကျောင်းမသွားခင်၊ ရုံးမသွားခင် ဂျာနယ်၊ သတင်းစာ၊ စာဆောင် လုပ်ပို့တဲ့ အလုပ်အထိ လုပ်တတ်မယ် ဆိုရင် အချိန်ပိုင်း အလုပ်ပေါင်း များစွာ ရှိပါတယ်။ မိမိကိုယ်တိုင်က ရှာတတ်၊ဖွေတတ်၊ ပြောတတ်၊ ဆိုတတ် လုပ်ကိုင်တတ်ဖို့ပဲ လိုအပ် တာပါ။ စားပွဲထိုး အလုပ်၊ ကား စပယ်ယာ အလုပ်၊ အင်တာနက် ဆိုင် စောင့်တဲ့ အလုပ်၊ ကုမ္ဗဏီကြီးတွေမှာ အချိန်ပိုင်းအလုပ် အစရှိသဖြင့် မြောက်များစွာ ရှိပေမယ့် မိမိရဲ့ လက်ရှိ ရပ်တည်မှုနဲ့ အသင့်လျော်ဆုံးကိုသာ ရွေးချယ်ပါ။ ကိုယ်ဟာ ပညာတတ်တစ်ယောက် ဖြစ်ပြီး ကျောင်းသား ဖြစ်နေ တယ်ဆိုရင် နီးစပ်တာက ဂိုက်သင်၊ စာပြခြင်း ဖြစ်ပါတယ်။ အဲ့ဒီလို ရွေးချယ်တတ်ဖို့ပါ။
အချိန်ပိုင်း အလုပ်လုပ်ဖို့ စဉ်းစားတိုင်း မိမိကိုယ်ကို အမြဲ သတိပေးရမှာက "ငါဟာ ဒီအလုပ်နဲ့ တစ်ဘဝလုံး လုပ်မယ့်သူ မဟုတ်ဘူး" ဆိုတာပဲ ဖြစ်ပါတယ်။ အချို့ဆိုရင် အချိန်ပိုင်း အလုပ်ကို ပျော်သွားပြီး ရွေးချယ်သလို၊ အချို့ကျတော့ မထူးဇာတ်ခင်းပြီး အဲ့ဒီအလုပ်ကိုပဲ ဇောက်ချလုပ်လိုက် ပါတယ်။ မိမိက ပျော်တယ် ဆိုရင်တော့ ရွေးပေါ့။ မပျော်ရွှင်တဲ့ အလုပ် ဖြစ်ပြီး မသက်သာလို့ ရွေတယ် ဆိုရင်တော့ တစ်ဘဝလုံး ပင်ပန်း ဆင်းရဲ ရပါလိမ့်မယ်။ သေချာ စဉ်းစားဆုံးဖြတ်ရန် လိုအပ် ပါတယ်။
နောက်ထပ် တွေးစရာ တစ်ခုက မိမိအနေနဲ့ အချိန်ပိုင်း အလုပ်လုပ်တဲ့အခါ မိမိ လက်ရှိ လုပ်နေတဲ့ အလုပ်နဲ့ သိပ်မထူးမခြားနားတဲ့ အရာကို လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ ဥပမာ သတင်းထောက် တစ်ယောက် ဖြစ်တယ် ဆိုရင် ဒီ မီဒီအတွက် ရေးသားသလို အခြား မီဒီယာအတွက်လည်း စာမူပေးပို့ခြင်းမျိုးတို့ လုပ်တယ်ဆိုရင် အချိန်ပိုင်း အလုပ်က မိမိကိုယ် လမ်းကြောင်း လွဲမသွားစေ ပါဘူး။ အကယ်၍ ဝဘ်ဆိုဒ်ရေးဆွဲတယ်ဆိုရင် အခြားတစ်ဖက်မှာ မိမိကိုယ်တိုင် ပရောဂျက်များ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် မိမိလုပ်ကိုင်နေတဲ့ ကုမ္ဗဏီရဲ့ ပေါ်လစီနဲ့ စည်းမျဉ်းစည်းကမ်းများ ဘယ်လိုရှိတယ် ဆိုတာ သေချာ လေ့လာပါ။ မိမိအနေနဲ့ အဲ့ဒါတွေကို လိုက်မနာပဲ လုပ်တယ်ဆိုရင် စိတ်ပါဝင်စားမှု အာရုံ ထွေပြားမှု ဆိုတဲ့ စွဲချက်နဲ့ မိမိကို အလုပ်ထုတ်နိုင်သလို ကြီးရင ကြီးမားသလောက် အရေးယူ ခံရ နိုင်ပါတယ်။
ဒါကြောင့်မို့ အချိန်ပိုင်း အလုပ်လုပ်မယ်ဆိုရင် မိမိရဲ့ အသက်မွေးဝမ်ကျောင်းအလုပ် သို့မဟုတ် ပညာရေးကို မထိခိုက်စေဖို့ အင်မတန် အရေးကြီးပါကြောင်း မှာကြားရင် နိဂုံးချုပ်အပ် ပါတယ်။
REF : အောင်ခမ်း (MMAS)
#aungkham_mmas

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Android ဖုန်းနှင့် Tablet Battery ကို Battery ကြာရှည်ခံအောင်ထိန်းသိမ်းပေးမယ့်Battery Saver v1.6.14 Apk

Posted: 04 Sep 2015 08:14 PM PDT


Android ဖုန်း Tablet အသုံးပြုထား / ကိုင်ဆောင်ထားသောဘော်ဒါတို့အတွက် Battery ကို အချိန်များများ / ကြာရှည်ခံအောင်ထိန်းသိမ်းပေးနိုင်စွမ်းရှိတယ် Android Application လေးကိုတင်ပေးလိုက်ပါတယ်။မိမိဖုန်းတွင် Battery ရာခိုင်နှုန်း သင်္ဂေတဖြင့်ဖော်ပြပြီး ဖုန်းရဲ့အတွင်းbackground tasks cleaning system တွေ/ including Memory Cleaner/Junk Cleaner/Task Killer တွေပါပါရှိတာကြောင့် အားလုံးဆောင်ထားသင့်တဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ ။ One key control ဆိုတဲ့အတိုင်းသုံးစွဲသူလွယ်ကူစေဖို့ Switch များထည့်ပေးထားတာဖြစ်ပြီး မိမိကြိုက်နှစ်သက်တဲ့Switch ကို လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်တာကို တွေ့ရှိရမှာပါ။ နမူနာအနေနဲ့ အောက်မှာ Screen Shoot တွေ ကိုတင်ပေးထားပါတယ်ဗျာ။ ဖိုင်ဆိုဒ်က 1.14MB ရှိပြီး Android: 2.2 နှင့်အထက်ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်။



Download Here

ဖုန်းထဲမှာ ဗီဒီယို,Musicတွေကို နားဆင်ရန်လိုအပ်မယ်-jetAudio Music Player+EQ Plus v6.1.0 Apk

Posted: 04 Sep 2015 07:02 AM PDT


Android ဖုန်းကိုင်းဆောင်သူများအတွက် jet Audio Music Player လိုအမည်ရသော jet Audio Music Player လေးကတော့ PC မှာဆိုရင် နံပါတ် One ပဲဗျာ။ Pc မှာ နံပါတ်ဖြစ်တာနှင့်တကွာ Now တော့ Android OS ဖုန်းတွေမှာ အသုံးများလာတာတွေရပါတယ်။ခု Android Version မှာထွက်လာတဲ့ Player ကိုလေ့လာကြည့်ရသလောက်တော့ သူ့မှာ Audio အတွက် Feature အများကြီးပါဝင်ပါတယ်။ အသံတွေကို မိမိလိုသလိုချိန်ညှိနိုင်မယ့် Equalizer လည်းပါဝင်ပါတယ်။ အချို့သော သီချင်းတွေမှာအသံတွေတိုးနေလို့ နားထောင်ဖို့အဆင်မပြေ ရင်လည်း အခု Jet Audio Player နဲ့ အသံကိုမြှင့် တင်ပြီးနားထောင်မယ်ဆိုရင် အဆင်ပြေပြေ နားထောင်နိုင်မှာဖြစ်ပါတယ်။ Support လုပ်ပေးနိုင်တဲ့ File Type ကတော့ MP3, WAV, OGG, FLAC, M4A, MPC, TTA, WV, APE, MOD စတာတွေအပြင်အခြားသော Audio Format ပေါင်းများစွာကိုလည်း Support လုပ်ပေးနိုင်ပါတယ်ဗျာ။ File Size 16.9 MB ပဲရှိပါတယ်။ Android Version 2.3.3 အထက် ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။အောက်မှာ Screen Shot တွေရိုက်ပြီးပြထားပါတယ်ဗျာ။









  Download Here

သင်္ချာ ကိန်းဂဏန်းတွက်ချက်မယ်သူတို့အတွက်-Scientific Calculator v3.6.8 Apk

Posted: 04 Sep 2015 07:19 PM PDT

Android Phone + Tablet တွေအတွက် Calculator ကိုမှ ကြိုက်နှစ်
သက်သူများအတွက်Calculator Pro ဗားရှင်းလေး ထွက်ရှိလာပါပြီ။Calculator အသုံးများတဲ့ GTC,GTI ကျောင်းသားတွေ Graphic နဲ့ ဖြစ်ဖြစ် သင်္ချာတွက်တဲ့အခါ အခက်ခဲ့ဖြစ်နေသူအတွက်နဲ့ပက်သက်တဲ့ကျောင်းသားတွေ ဆောင်ထားသင့်တဲ့ ဆော့ဝဲလေး ဆိုရင်လည်းမမှားပါဘူး။LCCI ကျောင်းသားတွေအတွက်လည်း ဒီ Software လေးက တကယ်ကို အသုံးဝင်
ပါတယ်။ Update ထပ်ပေးထားတာ ဖြစ်ပါတယ်။



 Download Here

facebook သုံးတဲ့သူများအတွက် updater Version-Facebook v44.0.0.26.142 Apk

Posted: 04 Sep 2015 07:17 PM PDT


Android ဖုန်းဘော်ဒါတို့အတွက် ဘော်ဒါတို့၏ မိတ်ဆွေးကောင်း Facebook ဗားရှမ်းသစ်လေဖြစ်တဲ့ facebook application  လေးတင်ပေးလိုက်ပါတယ်။အထူးအထွေ ပြောစရာမလိုပါဘူး Facebook ကို ကလေးတွေသိပြီး အခုရှိရင် .... Updated လိုချင်းသူများအတွက် အောက်မှာသာဒေါင်းလိုက်ပါတော့ဗျာ....ဒီကောင်လေး၏ဖိုင်ဆိုဒ်လေးကတော့35MB ဖြစ်ပြီး Android OS, Tablet အားလုံးမှာသုံးနိုင်ပါတယ်။
Download Here 

♪ Subway Surfers Apk + MOD (Unlimited Money & Keys) v1.44.0 New York (3-Sept) ♫

Posted: 04 Sep 2015 04:21 AM PDT

   Subway Surfers- screenshot

Subway Surfers ချစ်တဲ့ဘော်ဒါတွေအတွက် up date လေးတင်ပေးလိုက်ပါတယ်ဗျာ ။ ဒီကောင်လေး ကတော့ အထူးပြောစရာတော့မလိုတော့ပါဘူး မြို့ပတ်ရထားတွေမှာ အရုပ်ဆွဲလို့ Police ကတွေ့ပြီး police လိုက် လို့ပြေးတဲ့ဂိမ်းလေးပါ ။ ဒီတစ်ခေါက် ပြေးရမယ့် လမ်းကတော့ New York ပေါ့ဗျာ။ သွားနေတဲ့ ရထားတွေပေါ် ကျော်လွားပြေးခုန်ရတာတွေက  ကစားသူရဲ့စိတ်ကို ဆွဲဆောင်စေပြီး လူကြိုက် များစေခဲ့ပါ တယ် ။ အခုဒီကောင်လေးကတော့  Money + Keys + Coins  အကုန်လုံး Hack ပြီးသားမို့ မိမိကြိုက်တဲ့သူ မိမိကြိုက်တဲ့စကိတ် မိမိကြိုက်တဲ့မြို့တွေကိုအလွယ်တကူရွေးယူ ကစားလို့ရပါတယ်။ Android OS 2.3 နှင့် အထက်ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။



   Subway Surfers- screenshot         Subway Surfers- screenshot

   Subway Surfers- screenshot         Subway Surfers- screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ဒေါင်းခြင်တာအမြန်ဒေါင်းနိုင်တဲ့ - Internet Download Manager 6.23 Build 21 ( for PC )

Posted: 04 Sep 2015 12:22 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

                                     

ကမ္ဘာ့ပေါ်ပျူလာအဖြစ်ဆုံး - Skype 7.9.0.103 (For PC)

Posted: 04 Sep 2015 12:10 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

                                     

Retro VHS Camcorder & Camera For IO

Posted: 03 Sep 2015 11:58 PM PDT





Retro VHS Camcorder & Camera app သည် ဓာတ်ပုံရိုက်ကူးနိုင်သလို VHS Video များကိုလည်း ရိုက်ကူးနိုင်ရန်အတွက် စီစဉ်ပေးထားသည့် app တစ်ခု ဖြစ်သည်။ ထို့အပြင် အဖြူ အမည်း ဓာတ်ပုံများကိုလည်း ရိုက်ကူးနိုင်ရန်အတွက် စီစဉ်ပေးထားသည့် app တစ်ခုလည်း ဖြစ်သည်။

Download ပြုလုပ်လိုသူများအနေဖြင့် iTunes တွင် download ပြုလုပ်နိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 67.7MB ခန့် ရှိမည်ဖြစ်သည်။ iOS version 7.1 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



နေစွမ်းအင်သုံး မောင်သူမဲ့လေယာဉ်ကို မြန်မာကတီထွင်

Posted: 03 Sep 2015 11:58 PM PDT



ကောင်းကင်၌ ၁၀ နာရီအကြာ ပျံသန်းနိုင်မည့် နေစွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်ကို တီထွင် ဖန်တီးနေသည်ဟု မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာ တက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသနဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာသဲမောင်မောင်က ပြောသည်။

နေစွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်ကို ပထမဦးဆုံးအနေဖြင့် လွန်ခဲ့သော ၃ လခန့်မှ စတင်၍ သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ အတွင်း သုတေသန လုပ်ငန်း ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ဒေါက်တာသဲမောင်မောင်က ဆိုသည်။

"ဆိုလာတွေရောက်နေပြီ။ ဒီဇင်ဘာလောက်တော့ ပြီးမယ်လို့ ခန့်မှန်းထားတယ်။ ဒီဇိုင်းပိုင်းတွေနဲ့ အခြားနည်းပညာပိုင်းတွေက ကျွန်တော်တို့ဆီမှာ ရှိပြီးသား ဆိုတော့ ပါဝါလိုင်း အတွက်ပဲ ကျွန်တော်တို့ သုတေသနလုပ်ရတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ နေစွမ်းအင်သုံး မောင်းသူမဲ့လေယာဉ်သည် ကောင်းကင်၌ အချိန်ကြာမြင့်စွာ ပျံသန်းနိုင်မည်ဖြစ်သည့် အတွက် ကမ်းရိုးတန်းဒေသများ အတွက် ကင်းထောက် လေယာဉ် အဖြစ် အသုံးပြုပါက ပိုမိုသင့်လျော်ဖွယ်ရှိပြီး မြေပြင် ဆာဗေးလုပ်ငန်းများ အတွက်လည်း အခြားသော မောင်းသူမဲ့လေယာဉ်များနည်းတူ လုပ်ကိုင်နိုင်မည်ဟု သိရသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသနဌာနသည် ပြေးလမ်းသုံး မောင်းသူမဲ့လေယာဉ် ၅ စီး၊ လက်ပစ် မောင်း သူမဲ့လေယာဉ် ၃ စီး ၊ ပန်ကာလေးလုံးတပ် မောင်းသူမဲ့လေယာဉ် ၂ စီးနှင့် ပန်ကာရှစ်လုံးတပ် မောင်းသူမဲ့လေယာဉ် ၂ စီးတို့ဖြင့် ကောင်းကင် ဓာတ်ပုံရိုက် မြေပုံဆာဗေးတိုင်းတာခြင်းများကို လုပ်ကိုင်ပေးနေသည်ဟု သိရသည်။
ရေဘေးသင့် ဒေသတစ်ခုဖြစ်သည့် ကလေးမြို့၌ မောင်းသူမဲ့လေယာဉ်များသည် ပျက်စီးသွားသော ကျေးရွာများ၊ မြစ်ကြောင်းပြောင်းလဲပုံများကို ကောင်းကင် ဓာတ်ပုံ ရိုက်ကူး၍ ဆာဗေးတိုင်းတာခြင်းများ လုပ်ကိုင်နေပြီး မြေနေရာအသစ်များ ဖော်ထုတ်ခြင်းကိုလည်း လုပ်ကိုင်ပေးနေသည်ဟု သိရသည်။

ကလေးမြို့၌ ဆာဗေးပြုလုပ်နေသော မောင်းသူမဲ့လေယာဉ် အမျိုးအစားမှာ အကွာအဝေး ၁၅ မိုင်ခန့် ပျံသန်းနိုင်ပြီး ကြာမြင့်ချိန် ၄၅ မိနစ်ခန့် ပျံသန်းနိုင်ကြောင်း၊ သယ်ဆောင်နိုင်သည့် အလေးချိန်မှာ ၀.၈ ကီလိုဂရမ် ကောင်းကင်ဓာတ်ပုံရိုက် ကင်မရာများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသနဌာနသည် ၂၀၁၄ ခုနှစ်အတွင်း ၅၀၀ ကေဗွီအေ မဟာဓာတ်အားလိုင်း လမ်းအူကြောင်း ရှာဖွေ တိုင်းတာခြင်း လုပ်ငန်းများကို ကောင်းကင်ဓာတ်ပုံရိုက်၍ ရှာဖွေပေးနိုင်ခဲ့သည်ဟု သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ပြည်တွင်း မိုဘိုင်းကွန်ရက် အော်ပရေတာများအား ဂြိုဟ်တု ဝန်ဆောင်မှုပေးရန် စီစဉ်

Posted: 03 Sep 2015 11:57 PM PDT

 

ပြည်တွင်း မိုဘိုင်းကွန်ရက် အော်ပရေတာများအား ဂြိုဟ်တုဝန်ဆောင်မှု ပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သြဂုတ်လ ၃ ရက်က ပြုလုပ်ခဲ့သော O3b Networks workshop အခမ်းအနားတွင် 03b Network ၏ တာဝန်ရှိသူက ပြောသည်။

Mobile Network Operators (MNOs) များအား ဖိုက်ဘာစနစ် အသုံးပြုစရာမလိုဘဲ ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဂြိုဟ်တုစနစ်ဖြင့် နိုင်ငံတကာ ဆက်သွယ်မှု (International Connectivity) ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

"မနှစ်ကစာရင်းအရ မြန်မာနိုင်ငံမှာ ဖေ့ဘုတ်အသုံးပြုတဲ့သူ ငါးသန်းကျော်ရှိတယ်လို့ သိရပါတယ်။ အများဆုံးက မိုဘိုင်းဖုန်းကနေ အသုံးပြုတာလို့လည်း သိရပါတယ်။ O3b Networks အနေနဲ့ မိုဘိုင်းကွန်ရက် အော်ပရေတာတွေအတွက် ဆောင်ရွက်ပေးနိုင်ပါတယ်" ဟု ပြောကြားသည်။
အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းအော်ပရေတာများအတွက် အထောက်အပံ့ပေးနိုင်မည့် ဂြိုဟ်တုနည်းပညာများ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိပြည်တွင်း၌ ဆက်သွယ်ရေးကွန်ရက်အတွက် Sea Me We 3, Sea Me We 5 အစရှိသည့် ဖိုက်ဘာကေဘယ်လ် ကွန်ရက်များကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

Credit internetjournal
Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



♪ ထူးထူးဆန်းဆန်းအကြမ်းပတမ်းဖိုက်တင်ချမယ့်ဂိမ်း - Kritika: Chaos Unleashed v2.17.3 Apk Modded ♫

Posted: 03 Sep 2015 11:52 PM PDT

   Kritika: The White Knights- screenshot

ဖိုက်တင် Game ကစားရတာ ၀ါသနာပါသောသူငယ်ချင်းများအတွက် Kritika: Chaos Unleashed ဆိုတဲ့ Fighting Game လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးကတော့ လူသားဆန်ဆန် အစွမ်းရှိတဲ့တိရိစ္ဆာန်ကောင်ကြီးတွေကိုမိမိရဲ့အစွမ်းနဲ့ဖိုက်တဲ့  3D ဂိမ်းလေးပါ ။ရုပ်ထွက်ကောင်းပြီးစိတ်ဝင် စားမူ့အပြည့်နဲ့ကြမ်းကြမ်းတမ်းတမ်းကစားရမှာဖြစ်ပြီး hacked ပြီးသား Unlimitted HP + MP လေး ဖြစ်တာကြောင့် အခန်းတွေ စွမ်းအားတွေ power တွေကအစ လွယ်လွယ်ကူကူပဲထုတ်ယူအသုံး ပြုနိုင်ပါတယ်။ လူစွမ်းကောင်းတွေအများကြီးထဲကမှ မိမိကြိုက် နှစ်သက်ရာ Fighter တစ်ဦးကိုရွေးချယ် ကစား နိုင်မှာဖြစ်ပါပြီး ဖိုက်တင်ချရမယ့် အဆင့်တွေကလည်း အများ ကြီးပါ။ အဆင်ပြေပြေ ကစားနိုင်အောင်လို့ Hack ထားပြီးသား Unlimited Game လေးကိုပဲတင်ပေး လိုက်ပါတယ်။ Data File မလိုအပ်ဘဲ Apk ကိုသာ Install လုပ်ပြီးကစားရမှာဖြစ်ပါတဲ့အတွက် အားလုံး အဆင်ပြေကြလိမ့်မယ် ထင်ပါတယ်။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာ ကစားနိုင်မှာဖြစ်ပါတယ်။



   Kritika: The White Knights- screenshot

   Kritika: The White Knights- screenshot

   Kritika: The White Knights- screenshot

   Kritika: The White Knights- screenshot

   Kritika: The White Knights- screenshot

   Kritika: The White Knights- screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ပြေးရင်းလွှားရင်း ဒင်္ဂါးတွေစားရမယ့်ဂိမ်းလေး - Subway Surfers APK V1.44 MOD Unlimited Money + Unlocked

Posted: 03 Sep 2015 11:02 PM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

မုဆိုးနေရာကနေ သားကောင်တွေကိုပစ်ဖမ်းရတဲ့ဂိမ်းလေး - Deer Hunter 2014 APK V2.10.2 MOD Unlimited Money

Posted: 03 Sep 2015 10:53 PM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

Japan နိုင်ငံမှာကားမောင်းပြိုင်ရမယ့်ဂိမ်းလေး - Japan Drag Racing APK MOD Unlimited Money

Posted: 03 Sep 2015 10:34 PM PDT

Download
     
                         
                                    www.patheinit.com
                                       
Payephyokyaw

သူရဲကောင်းနေရာကနေရန်သူတွေကိုတိုက်ခိုက်ရမယ့် Kritika: The White Knights APK V2.17.3 MOD High Attack

Posted: 03 Sep 2015 10:26 PM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

ဖန်ရှင်အစုံပါဝင်တဲ့ launcher အလန်းလေး - TSF Launcher 3D Shell v3.8.2 Apk

Posted: 03 Sep 2015 10:17 PM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

                                     

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Zombie တွေမြို့ထဲမ၀င်အောင်ကာကွယ်တိုက်ခိုက်ရမယ့် - Crossfire : Zombie Defender APK V1.0 MOD Unlimited Money

Posted: 03 Sep 2015 10:11 PM PDT

Download
     
                         
                                    www.patheinit.com
                                       
Payephyokyaw

Launcher အလန်းစားလေး - APUS Launcher v: 1.9.4

Posted: 03 Sep 2015 09:56 PM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



♪ YouTube က Video နဲ့ Music တွေကို ဖုန်းနဲ့အလွယ်တကူဒေါင်းလုပ်ဆွဲပေးနိုင်တဲ့ - TubeMate 2 YouTube Downloader APK v2.2.5 build 641 ♫

Posted: 03 Sep 2015 09:54 PM PDT

Tubemate v2.2.5 build 638 (Ad Free) Apk

အခုခေတ်က Android ခေတ်ဆိုတော့ အသုံးတည့်နိုင်မယ့် Application လေးတစ်ခုမျှဝေပေးလိုက်ပါ တယ်ဗျာ။ ဖုန်းနဲ့ Internet ထဲမှာ Video တွေ သီချင်းတွေကို ဒေါင်းလုပ်ဆွဲချင်တယ်ဆိုရင်သင့်တော်ပါတယ် ဗျာ။ ခေါင်းစဉ်မှာတော့ YouTube လို့ရေးထားပေမယ့် အချို့သောဆိုဒ်တွေက Video နဲ့ သီချင်းတွေ ကိုလည်း ဖုန်းနဲ့ဒေါင်းယူနိုင်ပါတယ်။YouTube ဆိုရင်တော့အဆင်ပြေဆုံးဖြစ်မှာပါ။ အသုံးပြုပုံကလည်း လွယ်ပါတယ်။  Application လေးကို Install လုပ်ပြီး လိုချင်တဲ့ သီချင်း ဒါမှမဟုတ် Video ကို ရှာလိုက် ပါ။ တွေ့ပြီဆိုရင်ဖွင့် လိုက်တာနဲ့ Download or Watch ဆိုပြီး မေးပါလိမ့်မယ့်။ ကြည့်ရုံဘဲဆိုရင်တော့ Watch ပေါ့ဗျာ။သိမ်း ထားချင်လို့ ဒေါင်းယူမယ်ဆိုရင်တော့ Download ကိုနှိပ်ပြီး ဒေါင်းရုံပါဘဲ။ ဒါဆိုရင် Internet ပေါ်က သီချင်း  / Video တွေဟာ မိမိဖုန်းထဲကိုရောက်သွားမှာဖြစ်ပါတယ်။


http://taigameandroids.com/wp-content/uploads/2013/12/tai-phan-mem-tubemate.jpg

http://cdn7.staztic.com/app/a/645/645619/downloader-youtube-tubemate-478619-3-s-307x512.jpg      http://images.mobilism.org/?dm=RJ3R

http://cdn7.staztic.com/app/a/682/682775/tubemate-youtube-downloader-157831-4-s-307x512.jpg


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ဖုန်းမှာ Movie တွေကိုအကောင်းဆုံးကြည့်နိုင်မယ့် - Video Player HD

Posted: 03 Sep 2015 09:50 PM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

                                     

0 comments:

Post a Comment