မောင်ပေါက် ( Maung Pauk ) |
| Qualcomm ၏ Quick Charge 4 က ၅ မိနစ် အားသွင်းရုံဖြင့် ဘက်ထရီကို ၅ နာရီကြာ သုံးနိုင်မည် Posted: 17 Nov 2016 07:57 PM PST Qualcomm သည် Snapdragon 835 processor နှင့်အတူ Quick Charge 4 ကိုပါ မိတ်ဆက်ကြေညာခဲ့သည်။ ဘက်ထရီကို လျင်မြန်စွာအားသွင်းပေးမည့် အဆိုပါနည်းပညာသစ်ကို Snapdragon 835 chip ပါဝင်သည့် စမတ်ဖုန်းများတွင် ပထမဆုံး အသုံးပြုမည်ဖြစ်သည်။ ၎င်းသည် ၅ မိနစ်အားသွင်းရုံဖြင့် ဘက်ထရီကို ၅ နာရီကြာ အသုံးပြုနိုင်မည်ဟု Qualcomm မှ ပြောကြားခဲ့သည်။ Quick Charge ၏ ပထမ ဗားရှင်းသုံးမျိုးသည် ကုမ္ပဏီအား ဘက်ထရီကို လျင်မြန်စွာအားသွင်းပေးမည့် နည်းပညာများတွင် နံပါတ်တစ် ဖြစ်လာစေရန် အထောက်အကူပြုခဲ့ကြောင်း Qualcomm မှ presentation slide များဖြင့် ဖော်ပြခဲ့သည်။ Quick Charge ဗားရှင်းများကို Samsung, LG, Lenovo, ZTE နှင့် Google ကဲ့သို့သော ကုမ္ပဏီများ၏ မိုဘိုင်းထုတ်ကုန် ၁၀၀ ကျော်တွင် အသုံးပြုထားကြောင်း၊ ၎င်းနည်းပညာအသုံးပြုထားသည့် wall adapter များ၊ car adapter များ၊ ဘက်ထရီများနှင့် docking station များကဲ့သို့သော တွဲဖက်ပစ္စည်းထုတ်ကုန် ၃၀၀ ကျော်ရှိကြောင်းလည်း ဖော်ပြခဲ့သည်။ Quick Charge 4 သည် USB Type-C နှင့် USB-PD ချိတ်ဆက်မှုများကို အထောက်အပံ့ပေးနိုင်ပြီး Quick Charge 3.0 နှင့် နှိုင်းယှဉ်လျှင် စမတ်ဖုန်းဘက်ထရီများကို ၂၀ ရာခိုင်နှုန်း လျင်မြန်စွာ အားသွင်းနိုင်ကြောင်း Qualcomm မှ ဆိုခဲ့သည်။ ပထမဦးဆုံး Snapdragon 835 processor များနှင့် Quick Charge 4 အထောက်အပံ့ကို ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်တွင် တင်ပို့ရောင်းချမည့် ထုတ်ကုန်များ၌ စတင်တွေ့မြင်ရမည်ဟု Qualcomm မှ ပြောကြားခဲ့သည်။ Ref: AndroidAuthority Credit Internetjouranal သီဟထိုက် www.thihahtike.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| Cam360 Lite (အသေးစား cam360) 5mb Posted: 17 Nov 2016 07:29 PM PST |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |









0 comments:
Post a Comment