Related Posts Plugin for WordPress, Blogger...

November 19, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


ကျောင်းမှာ သင်ယူခွင့်မရခဲ့တဲ့ ဘဝသင်ခန်းစာ (၁၆)ခု

Posted: 18 Nov 2016 06:50 PM PST

ကျွန်မတို့တွေ ကျောင်းမှာ သင်ယူလို့ရတဲ့ ပညာရပ်တွေ ရှိသလို ဘဝတစ်လျှောက် ဖြတ်သန်းရင်း သင်ယူရတဲ့ ဘဝသင်ခန်းစာတွေလည်း အများကြီး ရှိပါတယ်။ နှစ်ခုစလုံးက သူ့နေရာနဲ့သူ အရေးကြီးပါတယ်။ တစ်ခုတည်းသော ပြဿနာကတော့ ကျွန်မတို့ ဘာမှမသိလိုက် ခင်မှာပဲ ဘဝရဲ့ အချိုးအကွေ့တွေက ပြောင်းလဲသွားတတ်တာပါပဲ။ ပြီးတော့ အဲ့ဒီအဖြစ်အပျက်ကနေ ကျွန်မတို့တွေ ရယူသင့်တဲ့ သင်ခန်းစာတွေကလည်း နောက်ကျမှ ရလာတတ်ပါတယ်။ အောက်မှာ ဖေါ်ပြထားတာတွေကတော့ ကျွန်တော်တို့ စာသင်ခန်း ထဲမှာ သင်ယူလို့မရတဲ့ အရေးကြီးတဲ့ ဘဝသင်ခန်းစာ (၁၅)ချက်ပဲဖြစ်ပါတယ်။
၁။ ကြင်နာမှုရှိပါ။ လူတွေရဲ့ ဘဝမှာ ဘာတွေ ခံစားကြုံတွေ့နေရတယ်ဆိုတာ ကိုယ်ကိုယ်တိုင် မသိနိုင်တာကြောင့် အမြဲ ကြင်ကြင်နာနာနဲ့ ဆက်ဆံပါ။
၂။ တစ်စုံတစ်ယောက်အတွက် ပျော်စရာနေ့လေးတွေ ဖန်တီးပေးတတ်ပါစေ။ ဘဝဆိုတာ ဘာမှ မရေရာပါဘူး။ အဲ့ဒီလို ပျော်စရာလေးတွေက နှစ်ဦးစလုံးအတွက် အကျိုးရှိတယ် ဆိုတာလည်း နားလည်ထားသင့်ပါတယ်။
၃။ တစ်ခြားသူတွေရဲ့ အပြုအမူတွေက ဘယ်လိုပဲ ဆိုးရွားတဲ့ ပုံပေါ်နေပါစေ သူတို့တွေအပေါ်မှာ ကိုယ်ချင်းစာစိတ် ထားလိုက်ပါ။
၎။ သူတစ်ပါးကို ခွင့်လွှတ်ပေးနိုင်ဖို့ သင်ယူပါ။ သင့်ကို ဘာလုပ်လုပ်အဆင်ပြေတယ်လို့ ပြောစေလိုခြင်းတော့ မဟုတ်ပါ။ ဒါပေမယ့်ခွင့်လွှတ်ပေးခြင်းကြောင့် သင့်ရဲ့စိတ်လေး အေးချမ်းသွားပါလိမ့်မယ်။
၅။ သင့်ရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေက တစ်ခြားသူတွေရဲ့ နှလုံးသားမှာ စူးနစ်စေကာ ကျန်ရစ်နေခဲ့ပါလိမ့်မယ်။
၆။ လူတိုင်းမှာ အဆိုးဆိုတာ ကြုံကိုကြုံရမှာပါပဲ။ အဆိုးထဲကနေပဲ သင်ခန်းစာကောင်းတွေ အရယူလိုက်ပါ။
၇။ ဘဝဆိုတာ မရပ်မနားပြေးနေရတဲ့ ပြေးလမ်းတစ်ခုပါ။ ပြိုင်ပွဲတစ်ခုမျှသာ မဟုတ်ပါဘူး။ ဒီသင်ခန်းစာတွေကလည်း ထပ်တလဲလဲကြားနေရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအများစုက ဒါတွေကို နားလည်လည် မလည်လည် ဘဝကို ပြီးပြီးရော ဖြတ်သန်းဖို့ပဲ ကြိုးစားနေကြပါတယ်။ အဲ့ဒီတော့ သင်နဲ့ကိုက်ညီတဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေ အချိန်မှီ ပြည့်ဝဖို့ကိုပဲ အာရုံစိုက်ပါ။

၈။ အရာရာတိုင်းကို အလေးထားတတ်ဖို့သင်ယူပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ ဖြစ်ပျက်တဲ့ ခရီးတစ်လျှောက်လုံးမှာ အသေးစား ကိစ္စလေးတွေကို ချန်ထားပြီး အဆုံးသတ်ရလဒ်ကိုပဲ အာရုံစိုက်နေတတ်ကြလို့ပါ။
၉။ သင့်ရဲ့ relationship တွေကို ပိုကောင်းအောင် ပြုစုပျိုးထောင်ပါ။ သင့်ဘဝရဲ့ နောက်ဆုံးအချိန်မှာ "ငါအလုပ်ပိုလုပ်ခဲ့ရင်ကောင်းမှာပဲ" ဆိုတာမျိုး သင်လုံးဝ ပြောမှာမဟုတ်ဘူး မလား။ ဒါပေမယ့် သင်ပြောမှာက "ငါသူတို့ကို ချစ်တယ် ဆိုတာ အခါခါ ပြောခဲ့ရရင် ကောင်းမှာပဲ" ဆိုတာမျိုး ဖြစ်ပါလိမ့်မယ်။
၁ဝ။ သင့်ကို ပြုမူဆက်ဆံစေချင်သလို သူတစ်ပါးကိုလည်း ပြုမူဆက်ဆံပါ။
၁၁။ သင်ကိုယ်တိုင် မခံစားချင်တဲ့ အရာကို သင်ချစ်မြတ်နိုးတဲ့ အခြားသူတွေကိုလည်း မလုပ်မိပါစေနှင့်။
၁၂။ မိမိကိုယ်ကိုယ်သိအောင်လုပ်ပါ။ သင်ချစ်မြတ်နိုးတဲ့ သူတွေကို ဆက်ဆံသလို သင့်ကိုသင် ဆက်ဆံပါ။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ ကျွန်တော်တို့ကို ကျရှုံးစေတဲ့ ရန်သူဟာ ကျွန်တော်တို့ကိုယ်တိုင် ဖြစ်နေတတ်လို့ ပါပဲ။
၁၃။ လူတွေကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ သင့်လုပ်ရပ်တွေကနေ သူတို့အတွက် စိတ်အင်အားတွေ ရရှိပါစေ။
၁၄။ သင့်ရဲ့ အကြောက်တရား တစ်ခုအတွက်နဲ့တော့ အခွင့်အရေးကောင်းတွေကို လွှတ်မချလိုက်ပါနှင့်။ အကြောက်တရားကို ရဲဆေးအဖြစ် အသုံးချလိုက်ပါ။ အဲ့ဒီကနေ သင့်ဘဝ ပိုမိုကောင်းမွန်လာစေမယ့် နည်းလမ်းတွေ ရယူလိုက်ပါ။
၁၅။ အပြောင်းအလဲဆိုတာ ကောင်းတဲ့အရာတစ်ခုပါ။ အဲ့ဒါက သင့်ရဲ့ ကန့်သတ်မှုတွေကို ဆွဲဆန့်ပေးပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ ကန့်သတ်မှုဘောင်တွေ ကျယ်ပြန့်လာတာနဲ့အမျှ သင့်ဘဝလည်း ပြောင်းလဲတိုးတက်လာမှာ အသေအချာပါပဲ။
၁၆။ လက်ရှိအချိန်မှာပဲ နေပါ။ ပြီးခဲ့တာတွေ ပြီးသွားခဲ့ပါပြီ။ အနာဂတ်ဆိုတာကလည်း သေချာရေရာမှု မရှိပါ။ အနာဂတ်အတွက် အစီအစဉ်တွေ ထားတော့ထားပါ။ ဒါပေမယ့် သင့်ရဲ့စိတ်ခွန်အားတွေနဲ့ လက်ရှိအချိန်တွေ အားလုံးကိုတော့ အဲ့ဒီအတွက် မသုံးလိုက်ပါနဲ့။ ဒါမှမဟုတ်ရင် လတ်တလော ဖြစ်နေတာတွေကို သင်ဆုံးရှုံးရပါလိမ့်မယ်။
Credit to Original Writer , http://kanaung.net/

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



သင် အသက်(၂၀မှ ၂၈ )အတွင်း ဆိုရင် ဒါကိုမဖြစ်မနေဖတ်ပါ

Posted: 18 Nov 2016 06:26 PM PST

Related image

အလွတ်ရသလောက်နီးပါးဖြစ်အောင် ဖတ်ထားလိုက်ပါ အကျိုးရှိပါတယ်..

အသက် (၂၀)ကျော်အရွယ်ဟာ ဘ၀မှာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေဖြစ်လာသလို မိဘတွေကလည်း အရွယ်ရောက်လာသူတစ်ယောက်အနေနဲ့ ဆက်ဆံလာချိန်ဖြစ်ပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက်ကိုလည်း အရမ်းကိုစိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့တစ်ခုခုရပြီးသည်ဖြစ်စေ မရသေးဘူးဖြစ်စေ၊ (၂၀)ကျော်အရွယ်နဲ့ နောက်ပိုင်းမှာ အောင်မြင်ဖို့အတွက် စတင်ပြင်ဆင်တတ်ဖို့အရေးကြီးပါတယ်။ အများစုကတော့ ဒီအချိန်မှာ ထူးထူးခြားခြားပြောင်းလဲမှုတွေကိုလုပ်ဆောင်ဖို့နဲ့ ကြီးကြီးမားမားအောင်မြင်မှုကို ရယူဖို့က အရမ်းငယ်သေးတယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ အသက်(၂၀)ကျော်အရွယ်ဆိုတာ သင့်ရဲ့ဘ၀ တလျှောက်လုံးမှာ အောင်မြင်မှုတွေဆွတ်ခူးရယူနိုင်ဖို့အတွက် အလေ့အကျင့်ကောင်းတွေကို စတင်ပျိုးထောင် မွေးမြူသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် (၂၀)ကျော်တွေအတွက် ဒီနေ့လုပ် မနက်ဖြန်မှာ ထူးခြားချက်တွေ ခံစားရမယ့် လုပ်ဆောင်စရာ(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ လေ့လာသင်ယူပါ။

သင့်ရဲ့ပညာရေးကိုဆုံးခန်းတိုင်ပြီလို့ မသတ်မှတ်လိုက်ပါနဲ့။ ဆက်လက်လေ့လာသင်ယူနေဖို့လိုပါတယ်။ ဒီလိုပြောလို့ အလုပ်ထွက်ပြီး MBA ဘွဲ့သွားယူဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင်တတ်နိုင်သမျှ အရာအားလုံးကို သင်ယူတတ်ဖို့ပဲဖြစ်ပါတယ်။ ဘာမဟုတ်တဲ့အရေးကိစ္စအတွက် အချိန်တွေအလဟဿကုန်ဆုံးနေမယ့်အစား အခမဲ့တက်ရောက်နိုင်တဲ့ သင်တန်းကျောင်းတွေမှာ လေ့လာသင်ယူပါ။ အချိန်မရှိဘူးဆိုရင်လည်း အွန်လိုင်ကနေ အခမဲ့သင်ကြားပေးနေတာတွေရှိပါတယ်။ ကြိုးစားရှာဖွေ လေ့လာပါ။

၂။ အမှားလုပ်မိဖို့ မကြောက်ပါနဲ့။

အမြန်လှုပ်ရှားရင် မတော်တဆမှုတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတော်တဆမှုကိုကြောက်နေရင် မြန်မြန်လှုပ်ရှားနိုင်မှာမဟုတ်ပါဘူး။ လူအများစုက အလုပ်ပြောင်းတာလိုမျိုး ထူးခြားတဲ့ပြောင်းလဲမှုတွေ လုပ်ရမှာကို မှားသွားမလား စိုးရိမ်ကြောက်လန့်တတ်ကြပါတယ်။ သင့်အတွက် တစ်ခုခုအဆင်မပြေဘူးခံစားရရင် ရုန်းထွက်ဖို့အတွက် ကြောက်နေလို့ မဖြစ်ပါဘူး။ နယ်ပယ်သစ်မှာ သင်အခက်တွေ့ချင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုရုန်းထွက်လိုက်မှသာ သင်နဲ့ကိုက်ညီမှုကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက သင်ဘယ်ကြိမ်ရှုံးနိမ့်လဲဆိုတာထက် သင်ဘယ်လောက်အောင်မြင်လဲဆိုတာကိုပဲ လူတွေက အရေးစိုက်ကြတာပါ။

၃။ အသုံးစရိတ်၊ စုဆောင်းမှု နဲ့ ရင်းနှီးမြုပ်နှံမှု

ဒီတစ်ခုကို သင်စိတ်ဝင်စားမှာပါ။ သင့်ရဲ့ငွေကြေးနဲ့ ပတ်သက်ပြီးဘယ်လို စီမံရမယ်ဆိုတာက အရမ်းကိုအရေးကြီးပါတယ်။ ကဲ တွက်ကြည့်ရအောင်။ အသက်(၂၅)နှစ်မှာ စတင်ပြီး တစ်လမှာ ဒေါ်လာ(၂၀၀) စုဆောင်းတယ် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုလုပ်တယ် ဆိုကြပါစို့။ သင့်အနေနဲ့ စုဆောင်းရင်းနှီးမြုပ်နှံငွေရဲ့ (၅)ရာခိုင်နှုန်းပဲ ပြန်ရမယ်ဆိုရင်တောင် အသက်(၆၅)နှစ်အရွယ်ရောက်တဲ့အခါမှ စုစုပေါင်း ဒေါ်လာ (၃၀၅၂၀၄) အထိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ (၂၀)ကျော်အရွယ်နဲ့ (၃၀)အစောပိုင်းကို လစ်လျူရူပြီး (၃၅)နှစ်မှ စတင်စုဆောင်းရင်းနှီးမယ်ဆိုရင်တော့ အသက်(၆၅)နှစ်မှာ ဒေါ်လာ (၁၆၆၄၅၁) လောက်ပဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။


၎။ စာရေးပါ။

ရည်မှန်းချက်ပန်းတိုင်တွေ ချရေးပါ။ ဂျာနယ်တစ်စောင်မှာ စာရေးပါ။ စာအုပ်တစ်အုပ် ဒါမှမဟုတ် စီးပွားရေးစိတ်ကူးတွေ၊ စီမံချက်တွေ၊ လုပ်ချင်တာတွေ အားလုံးကို ချရေးထားပါ။ ဒီလို ချရေးထားတာဟာ သင့်ရဲ့စိတ်ကူးတွေ အတွေးတွေကိုဖော်ပြဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သင့်ဦးနှောက်ကိုလည်း ဆန်းသစ်တီထွင်ဉာဏ်တွေ ဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။ ပိုပြီး မိုက်တာမျိုးလုပ်ချင်လား? သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး Blog တစ်ခုရေးပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ။ တရားမှတ်ပါ။

ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် လူတိုင်းလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကြောင့် တစ်နေ့လုံးနေလို့ကောင်းနေမှာဖြစ်ပြီး အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ယုံကြည်မှုတွေလည်း ပိုရှိလာစေမှာဖြစ်ပါတယ်။ သင့်ရဲ့ဦးနှောက် ကျန်းမာဖို့အတွက်ကတော့ တရားထိုင်ပေးရမှာ ဖြစ်ပါတယ်။ တရားထိုင်တာက သင့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပြီး မှန်ကန်တဲ့ အတွေးတွေနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ ယောဂ လေ့ကျင့်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။

၆။ မိမိကိုယ်ကို အခြားလူတွေနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေကို အာရုံစိုက်ပါ။

သင့်ရဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေ ဘယ်လိုအလုပ်အကိုင်ကောင်းတွေ လုပ်နေတယ်၊ ဘယ်လိုဝင်ငွေကောင်းနေတယ်ဆိုတာတွေ လိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်မနေပါနဲ့။ ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကိုပဲ အာရုံစိုက်ပါ။ ရည်မှန်းချက်ပန်းတိုင်ဆီကိုရောက်ဖို့ သင်တတ်နိုင်သမျှအရာအားလုံးကို သင်ယူလေ့လာနိုင်ဖို့ လှုပ်ရှားပါ။

၇။ ပေးကမ်းပါ။

အကျိုးကျေးဇူးတစ်စုံတစ်ရာပြန်မရနိုင်တာကြောင့် အပေးအကမ်းမရှိတာမျိုး မဖြစ်ပါစေနဲ့။ ပြန်ရဖို့ကို မျှော်လင့်မနေသင့်ပါဘူး။ လူမှုအဖွဲ့အစည်းကောင်းကျိုးအတွက် ပေးဆပ်ဖို့ကို တစ်စက္ကန့်မှ နှောင့်နှေ့မနေပါစေနဲ့။ ကူညီနိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။ ငွေကြေးဥစ္စာပေးကမ်းတာမှ မဟုတ်ပါဘူး။ သင်တတ်ထားတဲ့ ပညာတွေကို ဝေမျှသင်ကြားပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

အသက်(၂၀)ကျော်အရွယ် လူငယ်လူရွယ်တွေဟာ အရာအားလုံးကို စွမ်းဆောင်အောင်မြင်နိုင်တယ်လို့ ယုံကြည်ထားပြီး အလေ့အကျင့်ကောင်းတွေကို မွေးမြူတတ်ဖို့အရေးကြီးကြောင်း တိုက်တွန်းလိုက်ပါတယ်။

#copy

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link


365 Online Shop ရဲ့ အရောင်းသွက် ပစ္စည်းသစ်များ

Posted: 18 Nov 2016 05:00 PM PST

365 Online Shop ရဲ့ အရောင်းသွက် ပစ္စည်းသစ် ၅ မျိုးပါ.. ကုန်ပစ္စည်းအရည်အသွေးနဲ့ ဝန်ဆောင်မှုကတော့ ရောင်းချသူနဲ့သာ သက်ဆိုင်ပါတယ်..
***

ဆေးလိပ်ဖြတ်စက် X6


 ရေငွေ့ကို အခြေခံထားသော ဆေးလိပ်အစားထိုး စက်ပါ။
ဆေးလိပ်သောက်၍ ရသော အဆိပ်တောက်
မီးခိုးငွေ့များ ကို ဤစက်ရဲ့ရေငွေ့တွင် တစ်စက်
မှမပါရှိပါ။
သာမန်ဆေးလိပ်သောက်သကဲ့သို့ မီးညှိစရာ
မလိုပဲ Rechargeable Battery ဖြင့်လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။
ရေငွေ့ကို အခြေခံရာတွင်မတူကွဲပြားခြားနား
သောအနံ့အရသာပါရှိသည့် ဆေးအရည်ဘူး များကို လွယ်ကူစွာ ပြောင်းလဲအသုံးပြုနိုင်ပါ
သည်။
မိမိကြိုက်နှစ်သက်သော သစ်သီးအရသာဆေးရည်ဘူးများ၊ဆေးရွက်ကြီးအရသာ ဆေးရည်ဘူးများကို ဝယ်ယူရရှိနိုင်ပါသည်။





ဆေးလိပ်ဖြတ်စက် X6 ~ 23500/- ကျပ်
ဆေးရည် ၁ဘူး ~ 3500/- ကျပ်

ဆက်သွယ်ဝယ်ယူရန်
👉365 Online Shop
📞 09451689031
📞 09788179972

ရန်ကုန်မြို့တွင်း မြို့နယ်အလိုက် သက်သာသော ဝန်ဆောင်ခများဖြင့် အိမ်အရောက် ပို့ဆောင်ပေးပါတယ်
နယ်သို့ သက်ဆိုင်ရာ ကားဂိတ်မှတစ်ဆင့် ပို့ပေးပြီး ဘဏ်မှ ငွေလွှဲပေးရပါမယ်..
***
Spy Camera Pen  


အလွန်သေးငယ်သည့်အရည်အသွေးမြင့်ပစ္စည်းများ နှင့် တီထွင်ထုတ်လုပ်ထားသော သာမန် ဘောပင်/ဖောင်တိန်ပုံစံ ဗီဒီယိုရော ဓာတ်ပုံပါ ရိုက်နိုင်သည့် လျှို့ဝှက်စွာဖြင့်စုံစမ်းထောက်လှမ်း
နိုင်ရန် အထောက်အကူပြုမည့် spy gadgetလေး ဖြစ်ပါသည်။ ရုပ်ထွက်ကြည်လင် ပြတ်သားပြီး အလွန် အားကောင်းသော အသံဖမ်းယူမှု စနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။

Relevant parameters
VIDEO : AVI Format
Coding : M-JPEG
Resolution : 720×480 VGA
Frame rate : 30fPs ± 1fPs
Image ratio : 4:3
Storage support : 32GB TF Card
Battery : High-capacity polymer lithium

အသုံးပြုနည်း
•••••••••••••••••••
ဘောပင်ကို ပုံပါအတိုင်း အလည်မှ လှည့်ဖြုတ်ပြီး အားသွင်းပေါက်တွင် ကြိုးထည့်၍ ၁နာရီခွဲကြာ အားသွင်းပါ။ လုံးဝ အားကုန်နေလျှင် ၁နာရီခွဲကြာအားသွင်းရပြီး standbyပါဝါဖွင့်ထားလျှင် ၂၄နာရီခံပြီး ဗီဒီယိုရိုက်လျှင် ၁နာရီခွဲ ခံပါသည်။

အားသွင်းပေါက်အပေါ်၌ (ပုံပါအတိုင်း) memory card ၏ ကြေးပြားပေါ်နေသည့်ဘက်ကို အား
သွင်း ပေါက်နှင့်ကပ်လျက် ထည့်ပြီး ထိပ်မှခလုတ် ကို ၃စက္ကန့်ခန့် ဖိနှိပ်ထားပါက အစိမ်းရောင်မီးလေး လင်းလာပြီး ပါဝါပွင့်ပါသည်။ နောက်ထပ် ဆတ်ကနဲ ဆတ်ကနဲ တစ်ချက်ချင်းစီ နှိပ်ပါက ဓာတ်ပုံ တစ်ပုံချင်း ရိုက်ပါသည်။ ၂စက္ကန့်ခန့်နှိပ်ထားပြီး အစိမ်းရောင် မီးလေးမှာ ၃ကြိမ် မှိတ်တုတ် မှိတ်တုတ်အချက်ပြ၍ မှိတ်သွားလျှင် ဗီဒီယို စရိုက်ပါပြီ။ ရပ်လိုပါက ၂စက္ကန့်ခန့် နှိပ်ထားပါက အစိမ်းရောင်မီးလေး ပြန်လင်းလာလျှင် ရိုက်ပြီးသားဗီဒီယိုဖိုင်ကိုသိမ်းဆည်းပါသည်။ နောက်ထပ် ၃စက္ကန့်ခန့် နှိပ်ထားလျှင် မီးနီလေး လင်းလာပြီး ပါဝါပိတ် သွားပါမည်။ ပါဝါပိတ်ပြီးကာမှ memory card ကို ထုတ်၍ ဟန်းဖုန်း ဖြင့်၎င်း၊ PC ဖြင့်၎င်း၊ EVDဖြင့်၎င်း ကြည့်ရှုနိုင် ပါသည်။






ဈေးနှုန်း ~ 18500/- ကျပ် ဖြစ်ပြီး ဖုန်း - 09451689031, 09787179972 ကိုဆက်သွယ်မှာယူနိုင်ပါတယ်..
***
ယောက်ျားလေးများ ကျစ်လစ်တောင့်တင်းသော Bodyကိုပိုင်ဆိုင်နိုင်မယ့် Multi_vitamins weight Gainer

ယောက်ျားလေးများ ကျစ်လစ်တောင့်တင်းသော Bodyကိုပိုင်ဆိုင်နိုင်မယ့် Multi_vitamins weight Gainer ဆေးလေးပေါ်ပေါက်လာပါပြီ..

ကျစ်လစ်တောင့်တင်းသော Bodyကို လိုချင်ပေမဲ့ Gym ဆော့ဖို့လည်း အချိန်မပေးနိုင်
Body Structure လည်းမရှိသော သူများအတွက် အလွန်အသုံးဝင်သော ဝဆေးလေးဖြစ်ပါတယ်။Body Protein Synthesis ကို ကောင်းမွန်စေလို့ Muscleထွက်လာအောင် ကူညီပေးပါတယ်...

ပိန်လွန်းလို့ စိတ်ညစ်နေတဲ့ ကိုကို မမ ညီမလေးတွေအတွက်တစ်လအတွင်း သိသာတဲ့ VITAMINအားဆေးလေးပါ.. ဝဆေးက အစားစားချင်စိတ်ကိုဖြစ်ပေါ်စေကာ အအိပ်အစားမမှန်သူများ ပိန်နေတာကြောင့် စိတ်ညစ်နေရသူများ သောက်သုံးရန် သင့်တော်ပါတယ်...

တချို့လူတွေဟာ အစားအသောက် များများစားနေပေမယ့်လည်း ပြည့်ပြည့်ဖြိုးဖြိုးဖြစ်မလာတာရှိပါတယ်။အားကစားသမားတွေမှာလည်း ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတာတွေရှိတတ်ပါတယ်။ဒီလိုဖြစ်ရတာဟာခန္ဓာကိုယ်တည်ဆောက်ဖွံ့ဖြိုးရေးအတွက် နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီနဲ့အသားဓာတ် မလုံလောက်မပြည့်မီလို့ပါ။ပုံမှန်အစားအသောက်တွေက ခန္ဓာကိုယ်ဖွံ့ဖြိုးကြံ့ခိုင်လာစေဖို့ လုံလောက်တဲ့ ကယ်လိုရီနဲ့အသားဓာတ်ကိုပေးစွမ်းနိုင်ခြင်းမရှိပါဘူး။ဒါကြောင့် ပိန်လွန်းသူတွေ အားကစားသမားတွေနဲ့ကာယဗလမောင်မယ်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ ကမ္ဘာ့အရည်အသွေးအမြင့်ဆုံးWeight Gainer MZ_10ရှိကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

ဒီ product ကိုပုံမှန်သောက်သွားရင်
1. အားကစားမောင်မယ်တွေမှာ ခွန်အား ၊လျင်မြန်မှု စတဲ့အားကစားစွမ်းရည်တွေ ထူးခြားစွာတိုးတက်လာခြင်း
2. ကျား/မ မရွေးဖွံ့ဖြိုးတောင့်တင်းတဲ့ ကိုယ်ကာယကိုလျင်မြန်စွာ ရရှိခြင်း၊
အားကစားနဲ့ တွဲဖက်နိုင်ရင် ပိုမိုအချိုးကျ ကြည့်ကောင်းလာစေခြင်း
3. Weight Gain ကစားနေပေမယ့် တက်မလာသူတွေသိသိသာသာတက်လာခြင်း
4.ပြင်းထန်တဲ့လေ့ကျင့်ကစားတာတွေကြောင့်
ကြွက်သားပျက်စီး ယုတ်လျော့တာကို ကာကွယ်ပေးခြင်း
5.ပင်ပန်းနွမ်းနယ်တာကိုသက်သာစေခြင်းတို့ဖြစ်ပါတယ်ရှင်

တစ်ဘူးမှာ ဆေးလုံး 60ပါပြီး
မနက်အစာမစာခင်နှင့် ညနေစာမစားခင် တစ်နေ့ ၂ကြိမ်ပါ။




ဈေးနှုန်းက 25000/- ကျပ် ဖြစ်ပြီး.
📲📲📲ဝယ်ယူလိုပါက
365 Online Shop
09451689031, 09787179972 သို့ ဆက်သွယ်၍ မှာယူနိုင်ပါသည်။

🚚🚚🚚ရန်ကုန်မြို့အတွင်း အိမ်အရောက် delivery service ရှိပြီး ပစ္စည်းရောက်ငွေချေ စနစ်ဖြစ်ပါသည်။ မြို့နယ်အလိုက်ပို့ခ ကျသင့်မည်ဖြစ်ပါသည်။
📦📦📦နယ်မှ မှာယူလိုသူများအနေဖြင့် ဘဏ်မှ ငွေလွဲပြီးသည်နှင့် နောက်နေ့တွင် အနီးဆုံးကားဂိတ်မှ တဆင့်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ **

Infrared Magnetic Fat Burning Massager
(မော်ဒယ်မြင့် တစ်ကိုယ်လုံးနေရာမရွေးအဆီစက်)




 လေ့ကျင်ခန်းမလုပ်ပဲ ၁ လ အတွင်း ကိုယ်တိုင်း ၂ လက်မ-၃ လက်မခန့်ကျပြီး ပိန်ချင်နေပါသလား ???
လှပြီးသားကိုယ်လုံးနဲ့ မျက်နှာကို အစားအသောက်များများစားမိလို့ ပျက်စီးသွားမှာကြောက်နေပါသလား???
ညောင်းညာကိုက်ခဲပြီး Beauty Spa ကိုသွားပြီး အညောင်းပြေ အဆီကျ အရွယ်တင်လှပ သွေးလှည့်ပါတ်မှုကောင်းအောင် one section သောင်းကျော်ပေး နေရပါသလား???
အိမ်မှာတင် အပူပါပြီး Infrared Magnetic အနီအောက်ရောင်ခြည်နှင့် သံလိုက်နည်းပညာသုံးစက် နှိပ်နယ်ပေးတဲ့ အဆီချစက်ပါ။
ဆိုးကျိုးလုံးဝမရှိပဲ အဆီပိုတွေကို ထိရောက်စွာချပေးတဲ့အပြင် သွေးလှည့်ပတ်မှုကောင်းပြီး အညောင်းအညာ အကိုက်အခဲ ပြေစေပါတယ်။
အနှိပ်ခေါင်းက မျက်နှာအတွက် ၁ မျိုး (ပြောင်အဖြူပြားပါ)
ကိုယ်လုံး အတွက် ၂ မျိုးပါပါတယ်။(အဖုလေးတွေပါပါတယ်)
အနှိပ်ခေါင်းတွေကို အလွယ်တကူ ဖြုတ်ဆေးလို့ရပါတယ်။
အဆီကျလိမ်းဆေးနဲ့စက်နဲ့ တွဲသုံးနိုင်ပါတယ်။
အမေရိကန်/ရရှားစတဲ့ ဥရောပနိုင်ငံတွေ၅ နိုင်ငံမှာလည်း ဖြန့်ချိရောင်းချနေတဲ့ Quality ကောင်းတဲ့ စက်ပါ။
100% Positive Feedback ရထားတဲ့ စက်ပါ။






Price >>> 25000Ks ဖြစ်ပြီး 365 Online Shopping, Ph >>> 09451689031, 09787179972 ကိုဆက်သွယ်မှာယူနိုင်ပါတယ်..
ရန်ကုန်မြို့တွင်း မြို့နယ်အလိုက် သက်သာသော ဝန်ဆောင်ခ များဖြင့် အိမ်အရောက်ပို့ဆောင်ပေးပြီး နယ်သို့ သက်ဆိုင်ရာ ကားဂိတ်မှတစ်ဆင့်ပို့ဆောင်ပေးပါတယ်
****************


ကျန်းမာရေးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ဖိနပ်အမျိုးအစားဖြစ်ပါတယ်..
တရုတ် တိုင်းရင်း နည်းပညာအရ ခြေဖဝါး သည် တကိုယ်လုံး ရဲ့အကြော ရှိရာနေရာဖြစ်ပါတယ်..
အဲဒီ အကြော များကို ပုံမှန် နှိပ်ပေးခြင်းဖြင့် သွေးလည်ပတ်မှု ပိုကောင်းစေပြီး သက်ဆိုင်ရာ အကြောများ စွမ်းဆောင်နိုင်ရည် ပိုမိုစေပါတယ်..


ဒီဖိနပ်ကိုစီးခြင်းဖြင့် -
  • ၁ရက်ကို ၁၅မိနစ်မှ ၂၀မိနစ်လောက် အသုံးပြုရုံနဲ့ သွေးလည်ပတ်မှုကောင်းခြင်း ,စိတ်တင်းကျပ်မှု လျော့ပါးခြင်း, ကျောက်ကပ်နှင့် ကိုယ်တွင်းနာကျင်မှုများလျော့ပါးခြင်း, စားဝင်အိပ်ပျော်ခြင်း, 
  • -သွေးတိုးလျော့ကျ-ဆီးချို သက်သာ-ကာမ အားတိုး စေပါတယ်
  • -ခေါင်းအုံ,ခေါင်းခဲဖြစ်သူများ ပုံမှန်သုံးပါက ၃လတွင် တဖြည်းဖြည်းသက်သာ ပျောက်ကင်းစေပါတယ်...
  • -ကျန်းမာရေးဖိနပ်သည် သွေးလည်ပတ်မှုကောင်းခြင်းကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်စေပါသည်...
  • -ခြေထောက်ကျင်ခြင်း, ထုံခြင်း, လေဖြတ်နေသောသူများ အားလုံးဝေဒနာ သက်သာစေရန်အသုံးပြုနိုင်ပါတယ်...
  • -Foot Message နိုပ်သကဲ့သို့ တူညီသော အကျိုးကို ရရှိပါသည်...
  • -အိမ်တွင်းအားလပ်ချိန်မှာ အပန်းဖြေ အနိုပ်ကိရိယာ တစ်ခုကဲ့သို့ အသုံးပြုနိုင်ပါတယ်...
  • -ကျန်းမာရေးဖိနပ်တွင်ကပ်ခွာပါသောကြောင့် ခြေဖမိုးကြီးသောသူ သေးသောသူ အားလုံးပါ အသုံးပြုနိုင်ပါတယ်... 
ရုံးတွင်းဆိုင်တွင်း ,companyများတွင် အလုပ်လုပ်နေသော စီးပွားရေးလုပ်ငန်းရှင်များ အညောင်းအညာသက်သာစေရန်နှင့် အလုပ်အား ပိုမို အာရုံစိုက်နိုင်သော အကျိုးကျေးဇူးများ ရရှိသောကြောင့် ဆောင်ထားသင့်တဲ့ ဖိနပ်အမျိုးအစားလည်းဖြစ်ပါတယ်.. 

 ဈေးနှုန်းက 18000 ကျပ်ဖြစ်ပြီးမှာယူချင်တယ်ဆိုရင်တော့ 09451689031, 09 787179972 ကို မှာယူနိုင်တယ်လို့သိရပါတယ်..



***


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Online ပေါ်မှာ ကာရာအိုကေဆိုနိုင်တဲ့ Smule v4.0.5

Posted: 18 Nov 2016 09:54 AM PST


ကမ္ဘာ့နိုင်ငံအသီးသီးက ကောင်မလေးတွေ၊ ကောင်လေးတွေနဲ့ ချိန်းပြီး ကာရာအိုကေ ဟဲတဲ့ Smule apk ဗားရှင်းသစ်ကို တင်ပေးလိုက်ပါတယ်.. သီးချင်းပုဒ်ရေ ထောင်ပေါင်းများစွာ ရှာဖွေ သီဆိုနိုင်ပြီး. ကိုယ်တစ်ဦးတည်းလည်း ဆိုနိုင်ပါတယ်... November 15 ရက်နေ့က နောက်ဆုံးထွက်လာတဲ့ Update Version ဖြစ်ပါတယ်..




-
Features
- Self-recording option with video**
- Sing like a star with audio effects!
- Share on our global platform - get discovered!
- Duet with featured pop artists - Jessie J, Jason Derulo, Kylie Minogue, X Ambassadors, OMI, Carly Rae Jepsen, Charlie Puth, Silento and many more

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download Smule v4.0.5 apk : 44.4 Mb

Download From pCloud

Download From Google Play

Selfie ဓာတ်ပုံအလှဆုံး ရိုက်နိုင်မယ့် Bestie - Insta Beauty Camera v3.8.6 For Android

Posted: 18 Nov 2016 09:43 AM PST

  





**
[Unicode]
Android Smartphone နဲ့ Selfie ပုံတွေရိုက်လေ့ရှိတဲ့သူတွေအတွက် Selfie ပုံ အမိုက်စားတွေရိုက်နိုင်တဲ့  Bestie - Insta Beauty Camera app ဖြစ်ပါတယ်... ကိုယ့်အသားအရေကို ဖြူဖွေးနေအောင် လုပ်ပေးတယ်ဆိုတာထက် အသားအရောင် ညက်ညောပြီး နဂိုအသားအရေရဲ့ လှပမှုကို ပိုမိုထင်ဟပ်စေတာပါ.. ဓာတ်ပုံတစ်ပုံတည်းမှာ နှစ်နေရာရိုက်တဲ့စနစ်တွေ၊ အလင်းအားနည်းတဲ့အချိန်မှာ အလင်းကို ရယူအားကောင်းစေတဲ့စနစ်တွေ၊ နေရောင်အောက်မှာ ရိုက်ရင် မဲသွားစေတာကို ပြုပြင်ထိန်းညှိတဲ့ စနစ်တွေအများကြီးပါဝင်ပါတယ်.. အရင်က နာမည်ကြီး Camera 360 က ထုတ်တဲ့ App လေးဆိုတော့ Function ပိုင်းနဲ့ပတ်သက်ရင်တော့ အားသာချက်တွေအများကြီးတွေ့ရမှာပါ... Android Version 4.1 နဲ့အထက်မှာပဲ အလုပ်လုပ်တာမို့ သိပ်နိမ့်လွန်းတဲ့ Device တွေမှာတော့ အဆင်ပြေမှာမဟုတ်ပါဘူး...
နောက်ဆုံးထွက် ဗားရှင်း 3.8.6 ကိုရယူနိုင်ပါပြီ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



 Bestie - Insta Beauty Camera v3.8.6 : 31.2 Mb

pCloud Download Link




ဖုန်း အဝင်/အထွက် ပြောဆိုမှုကို အလိုအလျောက် အသံဖမ်းပေးနိုင်တဲ့ Automatic Call Recorder Pro v5.23

Posted: 18 Nov 2016 09:38 AM PST

  


Android ဖုန်းတွေမှာ ဖုန်း အဝင်/အထွက် ပြောဆိုမှုကို အလိုအလျောက် အသံဖမ်းပေးနိုင်တဲ့ Automatic Call Recorder Pro v5.23 ဖြစ်ပါတယ်.. အသံကြည်လင်ပြတ်သားစွာ ဖမ်းပေးနိုင်ပြီး ဖုန်းနံပါတ်၊ အချိန် အတိအကျနဲ့တကွ သိမ်းထားပေးပါတယ်.. နောက်ဆုံးထွက် Official Version ပါ...

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Messenger Official Update v.97.0.0.13.71

Posted: 18 Nov 2016 09:29 AM PST


Facebook Messenger Official Update ဖြစ်ပါတယ်.. Facebook Version မြင့်လာတိုင်း Version အသစ်ထုတ်ပေးလေ့ရှိပါတယ်.. လိုချင်သူတွေ ရယူနိုင်ပါပြီ..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Android Playe ထဲမှာ အကောင်းဆုံး MX Player Update version 1.8.10

Posted: 18 Nov 2016 09:24 AM PST


Android Player ထဲမှာ လူကြိုက်အများဆုံးနှင့်အကောင်းဆုံး Player တစ်မျိုးဖြစ်တဲ့ MX Player Update လေးကို တင်ပေးလိုက်ပါတယ်.. ရုပ်ထွက်ကြည်လင်ပြီး သီးခြား စာတမ်းထိုးစနစ်ကိုလည်း ဖတ်ပေးနိုင်ပါတယ်.. Video Format မျိုးစုံကိုလည်း Play နိုင်တဲ့အတွက် လူကြိုက်များပါတယ်.. လိုချင်သူတွေ ဒေါင်းနိုင်ပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Facebook Official Update version 103.0.0.20.72

Posted: 18 Nov 2016 09:19 AM PST

 


November 14 ရက်နေ့က နောက်ဆုံး ထုတ်ပေးလိုက်တဲ့ Facebook ရဲ့ Official Update Version 103.0.0.20.72 ဖြစ်ပါတယ်.. Google Play က Update လုပ်လို့ အဆင်မပြေသူတွေရော၊ Update ထွက်တာကို အမြဲမပြတ် စောင့်မျှော် Update လုပ်လေ့ရှိသူတွေအတွက်ရော တင်ပေးလိုက်ပါတယ်...


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


သူငယ်ချင်းအချစ်( Yar hu feat.saw htet) ~~ တိတ်တခိုးချစ်နေသော သူငယ်ချင်းများအတွက်...

Posted: 18 Nov 2016 12:40 AM PST



Song Title:သူငယ်ချင်းအချစ်(Friend Love)
Song Artist:Saw Htet + Yar Hu
 Post by Thiha Htike
ဒုတိယမြောက်သီချင်းလေးပါ သီချင်းလေးတွေကြိုက်တယ်ဆိုရင် မိမိတို့ဖုန်းနဲ့ Zapya လေးတွေနဲ့ သူငယ်ချင်းလေးတွေကို ကူးပေးနော် ဆက်သွယ်ဖို့ facebook Page လေးနဲ့ ဖုန်းနံပါတ်လေးများ 
မတင်ပေးဖြစ်သေးတာ စိတ်မကောင်းသေးပါဘူး နောက်တော့ တင်ပေးပါ့မယ် ပရိတ်သတ်တွေရဲ့
Feedback လေးကိုသိချင်လို့ အကယ်လို့ ဒီအချိန်မှာ Feedback လေးတွေပေးချင်ရင်တော့ (26.11.2016) အချိန် 10 နာရီဝန်းကျင်မှာ ရွှေဒဂုံ အေ၇ှ့ဘက်မုဒ်မှာ ကျွန်တော်တို့ရှိပါမယ် ရင်းရင်းနှီးနှီးစကားပြောပါ့မယ်ခင်ဗျ သူငယ်ချင်းတွေလို သဘောထားပြီးတော့ပေါ့ အဓိကတော့ အားပေးသူရဲ့ Feedback လေးတွေလိုချင်လို့ပါ။ ။
ကဲ သင်ဘာလုပ်နေလဲ ချိတ်လိုက်တော့............

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



0 comments:

Post a Comment